ဒေါ် အောင် ဆန်း စု ကြည် ကို မနှစ်သက်၊ မလေးစား တတ်တဲ့ မြန်မာဟေ့ ဆိုသူ မျိုးချစ်များ
လူတွေ ပြောပြောနေတာ တစ်ခုရှိတယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်က တကယ် နိုင်ငံနဲ့ လူမျိုး ချစ်တယ်ဆိုရင် ဘာလို့ နိုင်ငံခြားသားကို ယူရသလဲပေါ့။ နိုင်ငံခြားသားကို ယူတာနဲ့ နိုင်ငံနဲ့ လူမျိုးကို မချစ်တာ သက်သက်ဆီပါ။ ဒီလိုဆို ပြောလိုက်ပါရစေ။ နိုင်ငံနဲ့ လူမျိုးကိုပဲ ချစ်တဲ့ မိန်းမတွေ ဒေါ်အောင်ဆန်းစုကြည် တသွေမတိမ်း (အမြဲတမ်း နေ့စဉ်ရက်ဆက်) ၀တ်စားဆင်ယင်နေတဲ့ မြန်မာမှု မြန်မာဟန် အပြည့်ရှိတဲ့ မြန်မာ့ရိုးရာ ၀တ်စုံမျိုး နေ့တိုင်း ၀တ်နိုင်ပါ့မလား။ ဒါ အခုမှ ၀တ်တာ မဟုတ်ဘူးနော်။ အပျိုအရွယ်၊ အိမ်ထောင်ကျတဲ့အရွယ် အခု အဖွားကြီး ဖြစ်တဲ့ အရွယ် တောက်လျှောက် (တသက်လုံး) ၀တ်လာတာ။ သူ ခဏ ခဏ စကားထဲ ထည့်ပြောတာက မိခင် ဒေါ်ခင်ကြည်က ဒီလိုနေဖို့ ထိုင်ဖို့ ဆုံးမ သွန်သင်တယ်တဲ့။ ကြည့်စမ်း ဒီ ခေတ် အမေ ဘယ်လောက်ကများ ဒါမျိုး သွန်သင်နိုင်လဲ။ ဒီလို အမျိုးကောင်း သမီးကို ငါတို့ အမေ ခေါ်တာ ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံလို့ ဟိုဘက်တောင် လွန်နေသေး။ နိုင်ငံခြား တိုင်းပြည် ရောက်တာတောင် မဟုတ်ဘဲ ကိုယ့်နိုင်ငံမှာကို ဘောင်းဘီ ဖင်ကျပ်၊ နို့ မပေါ်တပေါ် အင်္ကျီတွေ ၀တ်နေတဲ့ မြန်မာ မ တွေ ဒီစကားပြောရဲတာ အံ့သြတယ်။
ထား လိုက် .. ဒါ အပေါ်ယံ အ၀တ်အစား ကိစ္စ…
နိုင်ငံခြားသားကို အိမ်ထောင်ပြုတဲ့ ကိစ္စ။ နိုင်ငံနဲ့ လူမျိုးကို ချစ်ပါပြီ မြန်မာ ယောင်္ကျားကိုပဲ ယူပါ့မယ်၊ ယူပါပြီ ဆိုတဲ့ မိန်းမတွေ ကိုယ့်ယောင်္ကျားကို ဘုရားသွား ကျောင်းတက်လာအောင်၊ အပြောအဆို ယဉ်ကျေးလာ အောင် ပြောဆို စည်းရုံးနိုင်ပါ့မလား။ ဟိုမှာ ဒေါ်အောင်ဆန်းစုကြည်ယူတဲ့ နိုင်ငံခြားသားက မင်းကွန်းဆရာတော် ဘုရားကြီးနဲ့ ပါဠိလိုတွေ ပြောဆို ဆွေးနွေးနိုင်တဲ့အထိ မြန်မာ့ယဉ်ကျေးမှုဘက်ရောက်အောင် ဆွဲဆောင် စည်းရုံး နိုင်ခဲ့တာ။ မင်္ဂလာဆောင်တာတောင် ဘိသိတ် သွန်းပြီး ဆောင်ခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်ကို ကလော်တုတ် ချင်နေတဲ့ မျိုးချစ် မြန်မာ မ တွေ ကိုယ့် ယောင်္ကျား၊ ကိုယ့်ရည်းစားကို ပါဠိလို တစ်ကြောင်း ပြောလာအောင် ကြိုးစားဖူးလား။
နောက်တစ်ခု .. ယောင်္ကျား မိန်းမ ဆက်ဆံရေးမှာ သိပ်ရဲတင်းလွန်း၊ ပေါ်တင် ကျလွန်းတဲ့ အနောက်နိုင်ငံသား တစ်ယောက်ကို ယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် သူ့ယောင်္ကျားနဲ့ နမ်းနေတာမျိုး၊ sex အသားပေးတဲ့ ပို့စ်တွေနဲ့ များ ဓာတ်ပုံ တစ်ပုံ တွေ့ဖူးလား။ ဒါတောင် သမီး ရည်းစား ပဲ ဖြစ်ခဲ့တာ မဟုတ်ဘူးနော်။ အိမ်ထောင်ကျပြီး ကလေး တွေပါ မွေးခဲ့တဲ့ လင်နဲ့ မယား။ မြန်မာ့ ယဉ်ကျေးမှု ဆိုတဲ့ ဘောင်နဲ့ ချိန်ထိုးပြီး ဆင်ခြင် နိုင်ခဲ့တဲ့ တကယ့် မြန်မာအမျိုးသမီးဗျ။
နောက်တစ်ခု .. ယောင်္ကျား မိန်းမ ဆက်ဆံရေးမှာ သိပ်ရဲတင်းလွန်း၊ ပေါ်တင် ကျလွန်းတဲ့ အနောက်နိုင်ငံသား တစ်ယောက်ကို ယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် သူ့ယောင်္ကျားနဲ့ နမ်းနေတာမျိုး၊ sex အသားပေးတဲ့ ပို့စ်တွေနဲ့ များ ဓာတ်ပုံ တစ်ပုံ တွေ့ဖူးလား။ ဒါတောင် သမီး ရည်းစား ပဲ ဖြစ်ခဲ့တာ မဟုတ်ဘူးနော်။ အိမ်ထောင်ကျပြီး ကလေး တွေပါ မွေးခဲ့တဲ့ လင်နဲ့ မယား။ မြန်မာ့ ယဉ်ကျေးမှု ဆိုတဲ့ ဘောင်နဲ့ ချိန်ထိုးပြီး ဆင်ခြင် နိုင်ခဲ့တဲ့ တကယ့် မြန်မာအမျိုးသမီးဗျ။
မြန်မာ မိန်း က လေး ပါလို့ ကိုယ့်ကိုကိုယ် ပြောနေတဲ့ မြန်မာမတွေ ဘယ်နဲ့တုန်း လူသိရှင်ကြား လင်တရူး၊ မယားတ ရူးကြတာများ မြင်လို့ မကောင်းဘူး။ ဒီလိုဆို ပြောကြလိမ့်ဦးမယ်။ အဲ့ ခေတ်က ကြာခဲ့ပြီကိုး အခုခေတ်ဆို လုပ်ချင် လုပ်မှာပေါ့လို့။ ဗြိတိန်လို နိုင်ငံမျိုးမှာ ယောင်္ကျား မိန်းမ ဆက်ဆံရေး ရဲတင်း ပွင့်လင်းခဲ့တာ မြန်မာပြည် ဘိုးတော် ဘုရား လက်ထက် မတိုင်ခင် ကကိုပဲ ပလူး ပလဲ နေကြပြီ။
နောက်တစ်ခု ဘာသာရေး .. ကုလားဘက် လိုက်ပါတယ်၊ တရုတ်ဘက်လိုက်ပါတယ် တို့ ဘာသာ သာသနာ တော့ ဒေါ်အောင်ဆန်းစုကြည် များ အာဏာရရင် ပျက်ပါပြီဆိုတဲ့ ဒင်းတို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြား တိုင်းပြည်တွေ ရောက်ရင် အင်္ဂလိပ် လို ပြောတဲ့ မိန်းခွန်းတွေများ နားထောင်ဖူးရဲ့လား။ (နားမလည်လို့ သို့မဟုတ် နားထောင်နေလည်း အပိုပါပဲ စိတ်မ၀င်စားပါဘူးဆိုပြီး နားမထောင်ဖူးဘဲ ပြောနေရင်တော့ နားလည်အောင် ပြောရရင် ပိုးသာကုန် မောင်ပုံ စောင်းမတတ် ဖြစ်တော့မယ်။) ဘယ်နိုင်ငံ ရောက်ရောက် (မေးမေး မ မေး မေး) ပြောလိုက်တဲ့ မိန်းခွန့်တိုင်း လိုလိုမှာ ကျမတို့ ဗုဒ္ဓဘာသာမှာ ဒီလိုလေး လမ်းညွှန် သင်ကြားမှု ရှိပါတယ်ဆိုပြီး အမြဲ ထည့်ထည့် ပြောလေ့ ရှိတယ်။ ကိုယ့်ရဲ့ ဘာသာ သာသနာကို လူထု ပရိသတ် အလည်မှာ Promotion လုပ်လေ့ ရှိတယ်။
အပျို အရွယ်လေး အိန္ဒိယမှာ မိခင်ဖြစ်သူနဲ့ အတူနေစဉ်က ဒေသခံ တွေ နှစ်ပေါင်းများစွာ စွန့်ပစ်ထားလို့ ပျက်စီး ယိုယွင်းနေတဲ့ ဘုရားကျောင်း အဟောင်းကြီးကို ရံပုံငွေ ရအောင် ရှာပြီး ပြန်လည် အသက်ဝင်စေခဲ့တယ်။
ကမ္ဘာနဲ့ ချီပြီး ပေးတဲ့ ဆုတစ်ဆု ဖြစ်တဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကြီး ရခဲ့တာ၊ ကမ္ဘာ့အရပ်ရပ် ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးတွေက ပေးတဲ့ ဂုဏ်ပြု ဆုပေါင်း ရာနဲ့ ချီ ရခဲ့တာက ဒေါ်အောင်ဆန်းစုကြည် ငုတ်တုတ်ထိုင်နေတာ ကိုများ ပေးတာလို့ ထင်နေကြသလား ဗျာ။ မြန်မာ မျိုးချစ်မ တွေ ပြပါဦး ဆု တစ် ဆုလောက်။
ဒီ ဆုတွေကို ကမ္ဘာပတ်ပြီး လျှောက်ယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နိုင်ငံကများ ဗြိတိသျှမကြီးလို့ ပြောလို့တုန်း။ မြန်မာ (ဘားမား) ဆိုတဲ့ နာမည် ကမ္ဘာက မေ့နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဆုတွေ ယူရင်း၊ မြန်မာဆိုတဲ့ နာမည်ကို အသက် သွင်းနေတာ။
ဒီ ဆုတွေကို ကမ္ဘာပတ်ပြီး လျှောက်ယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နိုင်ငံကများ ဗြိတိသျှမကြီးလို့ ပြောလို့တုန်း။ မြန်မာ (ဘားမား) ဆိုတဲ့ နာမည် ကမ္ဘာက မေ့နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဆုတွေ ယူရင်း၊ မြန်မာဆိုတဲ့ နာမည်ကို အသက် သွင်းနေတာ။
ဒီလို ဒီလို လေးစား ဂုဏ်ယူစရာတွေ ပြည့်နေတဲ့ မြန်မာ အမျိုးကောင်းသမီးကြီးကို ငါက အမေ ဆိုတဲ့ ဂုဏ်ပုဒ် တပ်ပြီး ခေါ်တာကိုလေ ငါ့ကို မွေးထုတ်လိုက်တဲ့ အမေ အရင်းက နှစ်သက် ရုံတင် မကဘူး။ ပြုံးပြုံးလေးနဲ့တောင် အားပေးသေး။ အမေစု ပုသိမ် လာတုန်းက ကြိုဆိုခဲ့တဲ့ ဗီနိုင်း တွေကို ငါ့ အမေက ငါ့ အိပ်ခန်းထဲမှာ ကျကျနန ချိတ်တောင် ချိတ်ဆွဲ ထားပေးတယ်။ ဘာလို့ဆိုတော့ ငါ့ အမေက ပညာရှိကို သိတတ် မြင်တတ်၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြု တတ်တဲ့ အမေ မို့လို့ပဲ။
အမေ အရွယ်မို့ ငါ့သားက အမေ ခေါ်တာ ဘာဖြစ်တုန်း။ ငါ့ယောက်ျား ပေးရတာမှတ်လို့ ဆိုပြီးတောင် ငါ့ အမေက ပြောနေဦးမှာ …
အမေ အရွယ်မို့ ငါ့သားက အမေ ခေါ်တာ ဘာဖြစ်တုန်း။ ငါ့ယောက်ျား ပေးရတာမှတ်လို့ ဆိုပြီးတောင် ငါ့ အမေက ပြောနေဦးမှာ …
ခွက်ဒစ် အောင်ကျော်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။