Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 15, 2014

ညိုကြည်နှင့် ဘိုသီဆွေးနွေးခန်း (၁)

ညိုကြည်နှင့် ဘိုသီဆွေးနွေးခန်း (၁)
---------------------------------------
မတွေ့တာကြာတော့ ကိုဘိုသီတို့များ စုတ်ပြတ်သတ်နေတာပဲဗျာ။ ဟာဗျာ ခင်ဗျားကလည်း လှလို့ဝလို့လုပ်စမ်းပါဗျ။ အိုဗျာ သူတောင်းစားချင်းအတူတူ စုတ်ပြတ်တာ စုတ်ပြတ်တာပေါ့ဗျာ။ဒါနဲ့ခင်ဗျားလယ်လေးစီမံကိန်းထဲပါသွားတာလားဗျ။ ဘယ်ကလာဗျာစီမံကိန်းဆိုရင်တောင် လျော်ကြေးလေးဘာလေးရဦးမယ်။အခုကတပ်
ပိုင်မြေဆိုပြီး သိမ်းသွားတော့ ဘာတစ်ပြားမှမရပါဘူးဗျာ။

သြော်ဒါနဲ့ ခင်ဗျားအိမ်ဝိုင်းလေး ဘယ်သူ့ရောင်းလိုက်တာတုန်းဗျ။ အခုကမြေဈေးတွေ
တက်နေတဲ့အချိန်ဆိုတော့ ခင်ဗျားပြောင်ပြောင်ရောင်ရောင်ရှိရမှာဘယ်နှယ့်ခွက်စွဲနေ
ရတာတုန်း။ ရှိတဲ့အိမ်ဝိုင်းလေးလည်း ကျူးကျော်ထဲပါတယ်ဆိုပြီး အတင်းဖယ်ခိုင်တာ
ဘိုးစဉ်ဘောင်ဆက်နေလာတာ ဖယ်မပေးဘူးဆိုပြီး လုပ်လို့ ညဘက်အချိန်မတော် တပ်
ကမီးဝင်ရှို့လို့ ရှိတာလေးပါပြောင်ပြီး အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ လမ်းပေါ်ထွက်
တောင်းစားနေရတာဗျို့။
ပြောတော့ သမ္မတကြီးကဆင်းရဲသားပပျောက်ရေး လုပ်မယ်ပြောပြီး လုပ်တော့ဘာ
တွေလည်းနားလည်လို့မရဘူးကိုဘိုသီရယ်။ ဟာ... ကိုညိုကြည်ကလည်း ပြောတဲ့အ
တိုင်းလုပ်တာပဲလေကိုညိုကြည်ရယ်။ ဆင်းရဲသားလူတန်းစားတွေ ပပျောက်သွားအောင်
မြေလှန်မီးရှို့မောင်းထုတ်ပစ်တော့ ဆင်ရဲသားတွေ သူတောင်းစားတွေဖြစ်ပြီး ခွက်ဆွဲ
ကုန်ကြပြီလေ။
ပြောတော့လက်မှုလယ်ယာကနေစက်မှုလယ်ယာပြောင်းမယ်ဆိုဗျ။ ဟုတ်တယ်လေဗျာ
အဲ့ဒါစေတနာနဲ့ ပြောင်းဖို့ကြိုးစားပေးတာပဲဗျ။ ဒါပေမဲ့ဗျာ ကျုပ်တို့က လယ်ထဲနွားနဲ့ ဖက်
ရုန်းရတဲ့စနစ်ကနေ ထွန်စက်တွေ၊ ချွေလှေ့စက်တွေကိုင်နေရရင် လက်ညောင်းမှာစိုး
လို့ တစ်ခါထဲအပိုင်သိမ်းပစ်လိုက်တာဗျ။ ကျုပ်တို့ပင်ပမ်းမှာစိုးလို့ဗျ။ သမ္မတကြီးကျေးဇူး။
ဒါနဲ့ခင်ဗျားသမီးလေးအိတုံလုံးကြီးပေါက်လှ အရွယ်တောင်ရောက်နေပြီ ဘာတွေများ
လုပ်နေသလဲဗျ။ နေစရာမရှိမှတော့ မလုံခြုံဘူးလေဗျာ။ နေစရာတစ်နေရရအောင်
သမီးကိုမြို့တက်အလုပ်ရှာခိုင်းတာ နိုက်ကလပ်မှာ စရိတ်ငြိမ်းနေစရာပါရလို့ လုပ်နေ
ရဲ့ဗျ။ သူတို့များကျတော့လည်း နေစရာမပူရဘူးဗျ။ ညညဆို အိပ်စရာမရှိမှာဆိုးလို့
ကိုကိုသကောင့်သား မောင်မောင်သကောင့်သားတွေ လာခေါ်တာ အိပ်စရာနေရာကို ပုံလို့ပဲဗျ။ ကျုပ်သမီးကအခုဆို ရန်ကုန်မြို့ကတည်းခိုခန်း နိုက်ကလပ်အစုံ မအိပ်ဖူးတဲ့နေ
ရာမရှိသလောက်ပဲဗျ။
ဒါနဲ့ ခင်ဗျားသားလေး တက်တူကော ဘာတွေများလုပ်နေလဲဗျ။ လယ်အသိမ်းခံရတာ
ပြန်ရလိုလို့ ဆန္ဒပြတာ ခွင့်ပြုမိန့်မတင်လို့ ပုဒ်မ(၁၈)နဲ့ထောင်ထဲရောက်သွားတယ်ဗျ။
သမ္မတကြီးကျေးဇူးပေါ့ဗျာ။ အပြင်မှာထမင်းတစ်နပ်ရှာစားရတာလွယ်တာမှတ်လို့။
ထောင်ထဲကျတော့ နေစရာစားစရာကရှိတယ်လေဗျာ။ ကျုပ်တို့ရွာက ရွာသားတွေအ
ကုန် ထောင်ထဲထည့် ကယ်ဆယ်ပြီး နေစရာစားစရာပေးထားတာ ကျေးဇူးကြီးပါပေ့ဗျာ။
ဒါဆိုခင်ဗျားတို့ရွာကလယ်တွေ ဘယ်ရောက်သွားလည်း။ ကုလားတွေလာထိပါးမှာစိုးလို့
အစိုးရက မကျူးကျော်ရဆိုင်းဘုတ်တပ်ပြီး အကုန်သိမ်းပေးထားတယ်ဗျ။ ကဲ.. ဘယ်
လောက်လုံခြုံလည်း။
ဒါနဲ့ ငါတို့ရွာဦးကျောင်းက ဆရာတော်ဦးဥတ္တရကောကွ။ သြော်... ဆရာတော်လား။
ဆရာတော်က ဗုဒ္ဓဘာသာပြန့်ပွားရေး ကိစ္စတွေ အတိုင်းတိုင်း အပြည်ပြည် လုပ်နေရ
တာ သမ္မတကြီးကသနားလွန်းလို့ဆိုလား လူဝတ်လဲပြီး ထောင်ထဲထည့်လိုက်တာ ငါး
ပါးကြီးများတောင်ကွ။ ဆရာတော်အနားယူရတာပေါ့ကွာ။ ခမျာမှာ နိုင်ငံခြားတိုင်းပြည်
တွေအထိသွားပြီး သာသနာပြုလုပ်ငန်းတွေ လုပ်နေရတော့ ပင်းပမ်းမှာကို မကြည့်ရက်
လို့ လူဝတ်လဲပြီး ထောင်ထဲမှာအေးဆေးအနားယူခိုင်းလိုက်တာပေါ့။
ဟာ... မေ့နေလို့ ဘိုသီရ။ တို့နိုင်ငံမှာ အမျိုးဘာသာစောင့်ရှောက်မဲ့ အဖွဲ့ကြီးပေါ်နေပြီ
ကွ။ (မဘသ) ဆိုလား။ ၉၆၉ ဆိုလား။ အားကိုလို့ရမယ်ထင်တယ်ကွ။ သံဃာ ငါးသိန်း
အင်အားတောင်ရှိတယ်ဆိုပဲ။ အကူညီတောင်းကြည့်ပါ့လား။ အမျိုးကော ဘာသာသာ
သနာကောချစ်တဲ့အဖွဲ့ကြီးဆိုပဲ။ အာကွာ.... မင်းပြောတာထက်တောင်ငါကမြန်သေးကွ
။ သွားအကူညီတောင်းတာ သူတို့ကကုလားမုဒိန်းမှုလိုက်တဲ့အဖွဲ့ကွ။ special army
ပေါ့ကွာ။ ကုလားနဲ့ ဗမာမနဲ့ ကုလားကိစ္စပဲကိုင်တွယ်တာ ကျန်တာဆို လက်ရှောင်တယ်
ဟ။ ငါတို့ဘ၀က ကုလားကမုဒိန်းကျင့်မှ သူတို့ဆီက အကူအညီရမဲ့ပုံမျိုးဖြစ်နေတော့ မစွံ
ပါဘူးကွာ။
မုဒိန်းမှုဆိုလို့ ဟိုတစ်ခေါက်က ရွှေပြည်သာတံတားပေါ်မှာ (၁၆) နှစ်အရွယ်အမျိုးသမီး
ကို ရဲကမုဒိန်းကျင့်လိုက်တာ ကူညီတဲ့ ဆိုင်ကယ်ကယ်ရီသမား ငါးယောက်ကို ၀တ္တရား
နှောက်ယှက်မှုနဲ့ တောင်ဖမ်းလိုက်တယ်တဲ့ကွာ။ အခုထိအမှုရင်ဆိုင်နေရတုန်းတဲ့။ မတ
ရားလိုက်တာကွာ။ အဲ့ (မဘသ) ကဘာပြောသေးတုန်းကွ။ အာကွာ...။ ငါပြောတာရှင်း
နေပြီပဲ။ အဲ့အဖွဲ့က ကုလားမဒိန်းပဲကိုင်တာကွ။ ရဲမုဒိန်းမကိုင်ရဲဘူး။ မတော်လို့ ရဲကသ
င်္ဃန်းချွတ်ပြီး ထောင်ထဲထည့်လိုက်မှဖြင့် ဆွမ်းငတ်နေကြပါဦးမယ်ကွာ။
ညိုကြည်မင်းကချည်းမေးမနေနဲ့ကွာ.... မင်း (၉၆၉) ထဲဝင်ပြီးပြီလား။ အမ်..ဘာလို့။
မင်းကလည်းကွာ... အပါ့နပါ့။ နီးစပ်ရာ ကြံ့ဖွတ်ရုံးတိုင်းမှာ (၉၆၉)ထဲဝင်လို့ရတယ်ဆို
လား။ နေစမ်းပါဦးကွ အဲ့ဒီ (မဘသ/ ၉၆၉) ၀င်တော့ ဘာတွေလုပ်ရမှာလဲ။ ဒေါ်စုကု
လားမ။ ကုလားမယားအော်ပြီး (၄၃၆) ကိုထောက်ခံပါတယ်။ ၅၉/စ ထောက်ခံပါတယ်
အော်ရင် နေ့စားပေးတယ်ဆိုလား။ ငါကတော့ ဆန္ဒပြစရာမရှိတဲ့နေ့ ဘူတာတွေမှာ
လိုက်တောင်းတယ်။ (၄၃၆) နဲ့ ၅၉/စ ထောက်ခံတဲ့နေ့ဆို နေ့စားရလို့ သွားပြီးဆန္ဒပြ
တယ်။ အမျိုးဘာသာအတွက် ထောက်ခံရတာ ကုသိုလ်လည်းရ ၀မ်းလည်းဝပေါ့ကွာ။
မဟုတ်သေးဘူး ဘိုသီ။ ငါကြားတာတော့ (၄၃၆) ဆိုတာ မြန်မာပြည်ကို စစ်ကျွန်အဖြစ်
နွံနစ်စေဖို့ ဆွဲထားတဲ့ ဥပဒေလို့ ကြားတယ်။ ၅၉(စ) ဆိုတာလည်း ဒေါ်အောင်ဆန်းစု
ကြည်တစ်ယောက်ထဲအတွက် သီးသန့်ရည်ရွယ်ရေးပြီး တမင်ကန့်သတ်ထားတာလို့
ကြားတယ်။ အသိခေါက်ခက် အ၀င်မနက်စမ်းပါနဲ့ ညိုကြည်ရာ။ ဟရောင်ညိုကြည်....
ထမင်းတစ်နပ်စားရဖို့ဆိုတာ လွယ်တယ်မှတ်လို့လား။ လမ်းဘေးမှာ တောင်းတိုင်း
ထမင်းဝတဲ့နေ့ပဲ မကြည့်နဲ့ကွ။ လမ်းဘေးကသူတောင်းစားလည်း အမြင်မတော်ရင်
အာဝါဒါးမှုနဲ့ အမခံရတယ်ကွ။ ကိုယ့်ထမင်းဝဖို့ထက် ဘာမှအတိုက်ခံ မလုပ်နိုင်ဘူး။
ထောက်ခံရင် နေ့စားရမယ်။ ထမင်းစားရမယ်။ ဒါပဲသိတယ်။
မင်းကနိုင်ငံရေး အကြောင်းတွေ ပုဒ်မအကြောင်းတွေ ပြောတော့ မေးဦးမယ်ကွာ လက်
ရှိနိုင်ငံရေးအကြောင်းလေးမျှစမ်းပါဦးကွ။ လက်ရှိနိုင်ငံရေးလို့ မပြောစမ်းပါနဲ့ ကွာ။
လက်မဲ့နိုင်ငံရေးလို့ပြောစမ်းပါ။ ဘာလဲကွ လက်မဲ့နိုင်ငံရေး ကြားဖူးပေါင်ကွာ။ မြေမဲ့၊
ယာမဲ့၊ လယ်မဲ့၊ အလုပ်လက်မဲ့တွေ ပေါများနေတော့ လက်မဲ့နိုင်ငံရေးပေါ့ကွ။ လက်ရှိ
လို့ပြောရအောင် ပြည်သူတွေလက်ထဲမှာ ဘာအာဏာမှမရှိတာ။ အကုန်လုံး သူတို့
လက်ထဲမှာ။ ပြည်သူဆိုတာ ကိုယ့်ခြံထဲကကြက် အချိန်မရွေးရိုက်သတ်သတ်။ သူတို့
လက်ခုပ်ထဲကရေ သွန်လိုသွန် မှောက်လိုမှောက်။ ဘယ်အချိန်ခြေဆေးဆေး။ အဲ့ဒီ
လောက်ပြည်သူကို ချစ်တာကွ။ အဖေနဲ့သားများဇာတ်လမ်းထဲက ဦးညွှန်ဝင်းကြီးထက်
တောင်စေတနာပြည့်ပါ့။ လိုအပ်ရင်တောင် တိုင်းပြည်အတွက် အချိန်မရွေး အာဏာပြန်
သိမ်းမတဲ့ကွ။ အမ်...!
ဒါနဲ့ ဘိုသီရေ US က စံရှင်တစ်နှစ်ပိတ်လိုက်ပြန်တယ်ဆိုပဲကွ။ အဲ့ဒါဒေါ်စုကြောင့်ဆို။
ဟုတ်တာပေါ့ကွာ။ ဒေါ်စုက US လိုနိုင်ငံမှာ ပိတ်ဆိုပိတ်။ ဖွင့်ဆိုဖွင့် လုပ်နိုင်တဲ့ သူလေ။
အမေရိကန်က အာဏာရအစိုးရဖြစ်နေတာကြာပြီကွ။ တိန်...!
အခုလည်း မြန်မာပြည်က စံရှင်ဖွင့်လိုက်တော့ နိုင်ငံခြားရင်းနှီးမြှုတ်နှံသူတွေအတွက်
ရင်းနှီးမြှုတ်နှံမှုဥပဒေကြီးကလည်း ထီးထီးထားပေးထားတယ်ကွာ။ စက်ရုံတွေ အတွက်
ရေ၊ မီး အပြည့်အစုံနဲ့ လုပ်ငန်းဝန်ဆောင်မှု အာမခံချက်ကောင်းတွေ အစိုးရကလုပ်ပေး
ထားတာ လာပြီးမရင်းနှီးကြဘူး။ မြေဈေးတွေကလည်း သက်သာအောင်အစိုးရကချပေး
ထားတာ ဘယ်နိုင်ငံမှာမှမရတဲ့ဈေးတွေ။ လာပြီးရင်းနှီးမြှုတ်နှံရင်လည်း အစိုးရက ၀န်
ဆောင်မှုတွေအပြည့်ပေးထားနိုင်တော့ မြတ်မှာကိုသိတဲ့ကုမ္မဏီတွေ လာကြည့်ပြီး ပြန်
ပြန်လှည့်သွားကြတာ ငါတို့အစိုးရကို မခန့်တာကွ။ မခန့်တာ။ အေးကွာ... ဒေါ်စုက
ကမ္ဘာ့စီးပွားရေးပညာရှင်ကြီးတွေ မြတ်မှာကိုသိပြီး လာပြီးရင်းနှီးမမြှုတ်နှံနိုင်အောင်
ကုမ္မဏီကြီးတွေကို တားနိုင်တာ နည်းတဲ့အာဏာမဟုတ်ဘူးကွ။
ကမ္ဘာပတ်ပြီးစီးပွားရေးလုပ်နေတဲ့သူတွေက ဒေါ်စုကစံရှင်ဖွင့်ပေးပါ လာရင်းနှီးမြှုတ်နှံ
ကြပါပြောတာနဲ့ မျက်စိမှိတ် ၀င်လာပြီး အရှုံးခံရင်းနှီးမြှုတ်နှံကြ။ ဒေါ်စုကမရင်းနှီးကြပါ
နဲ့ စံရှင် ပြန်ပိတ်ပါဆို ပြန်ထွက်သွားကြ။ ကမ္ဘာပတ်ရင်းနှီးမြှုတ်နှံနေတဲ့ စီးပွားရေးသ
မားတွေက ခပ်တုံးတုံး ခပ်ပြိန်းပြိန်းတွေပေါ့။ ဒါပေါ့ကွ။
ဟေ့... ဒါနဲ့တို့နိုင်ငံကတရုတ်အပါဝင် နိုင်င်ငံခြားတိုင်းပြည်တွေကို အိမ်ဖော်တွေစေ
လွှတ်တယ်ဆိုပဲကွ။ ပေါလို့လေကွာ....တို့နိုင်ငံမှာ အိမ်ဖော်တွေပေါသမှ ပညာတတ်ဘွဲ့
ရတွေချည်းပဲ။ သူများနိုင်ငံက အိမ်ဖော်ဆိုတာ တို့နိုင်ငံကလို ဘွဲ့ရတွေမပါဘူးကွ။ တို့
နိုင်ငံက အိမ်ဖော်တွေက ပညာတတ်ဘွဲ့ရတွေဆိုတော့ ဂုဏ်တောင်ယူရဦးမှာ။ တို့နိုင်
ငံက အိမ်ဖော်တွေဟာ ပညာတတ်ဘွဲ့ရတွေဆိုတာကမ္ဘာကဖိန့်ဖိန့်တုန်သွားစေရမယ်။ ဒါမှမြန်မာကွ။
ကဲကဲ... ညိုကြည် မင်းနဲ့ စကားပြောနေရတာအားရသကွ နေ့ဝက်တောင်ကျိုးပြီ။ ထမင်း
စားရဖို့ သွားတောင်းလိုက်ဦးမယ်ကွာ။ အေးအေး....ငါလည်း ဂုံတံးတာဘက်လစ်လိုက်
ဦးမယ်။
ဂ.....လောက်..... ဂ....လောက်
တိုကြီးမကြီးတို့ရေ အနော်တို့လယ်လေး အစိုးရကစောင့်ရှောက်လိုက်လို့ အလုပ်လက်မဲ့ဖြစ်ပြီး အခုလိုတောင်းနေရတာပါခည။ ထမင်းဖိုးလေးများ သနားကြပါခညာ... သနားခဲ့ကြပါ။
ဆက်ရန်.....
သံမဏိ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။