Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, June 19, 2014

တရုတ်ခံတွင်းထဲက မြန်မာ့ယဉ်ကျေးမှုမြို့


Kyaw Swar Myint added 2 new photos — with May May Kyawand 19 others.

တရုတ်ခံတွင်းထဲက မြန်မာ့ယဉ်ကျေးမှုမြို့
==============================
ကျော်ကြီး (MDY)
ပြီးခဲ့တဲ့အပတ်က မန္တလေးမြို့က ကြက်ဆီထမင်းဆိုင် တစ်ဆိုင်ရှေ့မှာ ဆိုင်ကထွက်လာတဲ့ တရုတ်နိုင်ငံသားပိုင်ကားနဲ့ မြန်မာလင်မယားစီးလာတဲ့ ဆိုင်ကယ် တိုက်မိမလို့ ဖြစ်ရာ
ကနေ စကားများကြရာ ပြည်ပ တရုတ်နိုင်ငံသား လေးဦးက မြန်မာ လင်မယား နှစ်ဦးကို လည်ပင်းညှစ်ပြီး လက်သီးနဲ့ ၀ိုင်းထိုးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီသတင်းက အင်တာနက် လူမှုကွန်ရက်တွေ၊ မီဒီယာတွေမှာလည်း ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့ပါတယ်။

အခုနောက်ပိုင်း မန္တလေးမြို့မှာ မြို့ခံမြန်မာတွေနဲ့ တရုတ်နိုင်ငံသားတွေ ပြသာနာဖြစ်တာ ခပ်စိပ်စိပ် တွေ့မြင်လာရပါတယ်။ အဲဒီလို ပြသနာဖြစ်တိုင်းမှာလည်း ကျွန်တော်တို့
အုပ်ချူပ်သူ အာဏာပိုင်တွေက ထိရောက်စွာ အရေးယူ ဆောင်ရွက်ခဲ့မှု လုံးဝ မရှိခဲ့ဘဲ
တရုတ်တွေ ဘက်ကပဲ အကာအကွယ် ပေးခဲ့ပါတယ်။ အခုဖြစ်ခဲ့တဲ့ ပြသာနာလည်း
သက်ဆိုင်ရာ ရဲစခန်းက တရုတ်တွေကို လာရောက်ခေါ်ဆောင်သွားပြီး အရေးယူ
ဆောင်ရွက်မှု မရှိဘဲ ချက်ချင်း ပြန်လွှတ်ပေး လိုက်တယ်လို့ သိရပါတယ်။
ဟိုအရင်ကလည်း မန္တလေး ကျောက်ဝိုင်းမှာ မြန်မာလူငယ် တစ်ယောက်ကို တရုတ်
နိုင်ငံသားတွေက သူတို့အခန်းထဲ ခေါ်ပြီး ၀ိုင်းထိုးကြိတ်ကြတဲ့အမှု၊ တရုတ်က စခန်းမှူးကို
သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အမှုတွေမှာလည်း တရုတ် နိုင်ငံသားတွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ခဲ့တာ လုံးဝမရှိခဲ့ ပါဘူး။ အဲဒီလို အုပ်ချုပ်သူ အစိုးရက ကိုယ့်နိုင်ငံသား
များ ဘက်ကနေ အကာအကွယ် မပေးခဲ့တဲ့အတွက် ဧည့်တရုတ်တွေဟာ အိမ်ရှင်တွေကို
စော်ကားလာရုံ သာမက အိမ်ဦးခန်းတက်ပြီး မစင်စွန့်နေကြပါပြီ။
တရုတ် အစိုးရကတော့ သူ့နိုင်ငံနဲ့ သူ့နိုင်ငံသားတွေကို ထိရင် ဘယ်လို လက်တုံ့ပြန်တယ်
ဆိုတာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကိုယ့်နိုင်ငံသား စိုင်းနော်ခမ်းကို သူတို့နိုင်ငံမှာ အရေးယူ ဆောင်ရွက် ခဲ့ပုံကို ကြည့်ရင်သိမှာပါ။ စိုင်းနော်ခမ်းရဲ့ တရုတ် ရဲအရာရှိတွေ
ရှေ့မှာ ဒူးထောက်ပြီး ထိုင်ခိုင်းတာ ကြိုးနဲ့တုပ်၊ ကားပေါ်တင်တာတွေ နောက်ဆုံး
ဆေးထိုး အသတ်ခံရခါနီး အချိန်ထိ လူ့သိက္ခာ တစ်ပြားသားမှ ထည့်မတွက်ဘဲ ရုပ်သံတွေ
ကနေ တိုက်ရိုက် တင်ဆက်ပြသ ခံခဲ့ရပြီး ကြက်လေး ငှက်လေး တစ်ကောင်လို
လွယ်လွယ်ကူကူ သတ်သွားတာဟာ သူတို့နိုင်ငံသားကို ထိရင်မရဘူး။ မြန်မာနိုင်ငံကို သူတို့ဘယ်လိုနိုင်ကြောင်း ကမ္ဘာကို ပြသွားတာပါပဲ။
အပြစ်ရှိလို့ အပြစ်ပေးခံရတာ မဆန်းပေမယ့် ကိုယ့်နိုင်ငံသား တစ်ဦး သူများနိုင်ငံရဲ့
တရားခွင်မှာ အကာအကွယ်မဲ့ စီရင်ခံရပြီး လူတစ်ယောက်ရဲ့ သိက္ခာကို တန်ဖိုးမထား နင်းခြေပစ်တဲ့ လုပ်ရပ်တွေဟာ အချုပ်အခြာ ပိုင်ဆိုင်တဲ့ နိုင်ငံ တစ်ခုကို စော်ကား
လိုက်တာပဲလို့ ခံစားမိပါတယ်။
သူတို့တွေနဲ့ စီးပွားရေး လုပ်ငန်းလုပ်တဲ့ နေရာမှာလည်း သူတို့ တွေရဲ့ အနိုင်ကျင့်
လွှမ်းမိုးချယ် လှယ်မှု၊ လူလည်ကျမှုကို ကျွန်တော် တို့မြန်မာလူမျိုးတွေ ခံနေရတာပါပဲ။ မန္တလေးကျောက်ဝိုင်းမှာ နယ်စပ် ကုန်သွယ်ရေးတွေမှာ၊ စီးပွားရေး နယ်ပယ် အသီးသီးမှာ သူတို့ရဲ့ လူပါးဝမှုကို ခံနေရပါတယ်။ ကိုယ့်နိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း အားလုံးကိုလည်း အားလုံးနီးပါးမှာ သူတို့က မတရား အသာစီးရယူထားတာချည်းပါပဲ။
မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတ ရာခိုင်နှုန်း ၇၀ ကျော်ကို တရားဝင်၊ တရားမ၀င်နည်းနဲ့ တူးဖော်သုံးစွဲ ခွင့်ရနေတာက တရုတ်နိုင်ငံပါ။ တိုင်းပြည်ရဲ့ အရေးကြီး လုပ်ငန်းတွေ
ဖြစ်တဲ့ လေဆိပ်မှန်သမျှ ဆိပ်ကမ်းမှန်သမျှ လမ်းလုပ်ငန်းတွေကို လုပ်ငန်း လုပ်ကိုင်ခွင့်
ရနေတာ သူတို့ပါပဲ။ သူတို့ စီမံကိန်းတွေကို ကြည့်ရင် ကိုယ့်တိုင်းပြည်ကို အကျိုးပြုတဲ့
စီမံကိန်း မပါသလောက်ပါပဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ သဘာဝ သယံဇာတတွေ
ဟာ နှစ်နိုင်ငံ ခွဲသုံးနေရသလို ဖြစ်နေတာပါ။
ဟိုတလောကပဲ တရုတ်နိုင်ငံက ကော်စေ့တွေ တင်သွင်းတာကို အိတ်တွေထဲမှာ
ကျောက်ခဲတွေ သဲတွေ ထည့်ပေးလိုက်တာတွေ၊ ကိုယ့်နိုင်ငံက သစ်တွေ တန်သောင်း
ချီပြီး ခိုးထုတ်တယ်။ သစ်ခုတ်ခ အတွက် ပိုက်ဆံပေးချေတဲ့အခါမှာလည်း ယွမ်ငွေ အတုတွေ ပေးချေနေတာတွေဟာ တရုတ်တွေဟာ မြန်မာပြည်ကို ဘယ်လောက်
အထိ အနိုင်ကျင့် စော်ကားနေတယ် ဆိုတာတွေ့ရမှာပါ။ ဒီလိုတွေ ပြုလုပ်လို့ တရုတ်
အစိုးရကို တိုင်တဲ့ အခါမှာလည်း လုံးဝ အရေးယူ ဆောင်ရွက်ပေးမှု မရှိခဲ့သလို မိမိ
အစိုးရကလည်း ၀င်ရောက် ဆောင်ရွက်ပေးတာမျိုး မရှိပါဘူး။ တရုတ်တွေဟာ ကျွန်တော်တို့ နိုင်ငံကို ကမ္ဘာကျော် ငတုံးများအဖြစ် သတ်မှတ်ချိုးနှိမ်ပြီး ဆက်ဆံနေ
တာဟာ အသိဉာဏ်မရှိတဲ့ အုပ်ချုပ်သူ အစိုးရနဲ့ အသားထဲက လောက်ထွက်တဲ့ ခရိုနီ လူတန်းစားတွေကြောင့်ပဲ ဖြစ်ပါတယ်။
တရုတ်တွေက ကိုယ့်နိုင်ငံက မြေပေါ်မြေအောက် သဘာဝ သယံဇာတတွေကို မတရား
ခိုးယူ နေတာတွေကို ကိုယ့်နိုင်ငံသားတွေကို စော်ကားချင်တိုင်း စော်ကားနေတာတွေ၊ ကိုယ့်နိုင်ငံက အမျိုးသမီးတွေ အပျော်မယား အဖြစ် ၀ယ်ယူပေါင်းသင်းပြီး လိင်ကျွန်
အဖြစ် ဆက်ဆံနေတာတွေကို အုပ်ချုပ်သူ အစိုးရက အရေးယူ ဆောင်ရွက်မှု မရှိဘဲ
ပြည်သူတွေဟာ မိဘမဲ့ သားသမီးတွေလို လူမလေး ခွေးမခန့် ဘ၀ဖြစ်နေရတာ
အင်မတန် စိတ်နာစရာ ကောင်းလှပါတယ်။
အုပ်ချုပ်သူ အစိုးရကိုယ်၌က တရုတ်တွေကို အကာအကွယ်ပေး ထားတော့ အခုဆိုရင် မန္တလေးမြို့ ခံတွေဟာ တရုတ်လူမျိုးတွေရဲ့ မထီမဲ့မြင် စော်ကားမှုတွေ၊ ရန်ရှာမှုတွေကို ခံနေကြရပါတယ်။ အရင် တစ်ချိန်က အာရှမှာ ကျားရဲတစ်ကောင်လို နေထိုင်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံဟာ စစ်အာဏာရှင်တွေရဲ့ နှစ်ပေါင်း ၅၀ကျော် အမိန့်အာဏာနဲ့
ခေါင်းမဖော်နိုင်အောင် ဖိနှိပ်ခဲ့လို့ တိုင်းပြည်ဟာ ချွတ်ခြုံကျအောင် ဆင်းရဲမွဲတေ
သွားတယ်။ တိုင်းတစ်ပါးသားတွေရဲ့ နားရွက် တံတွေးဆွတ် အနိုင်ကျင့် စော်ကားတာ
ကိုလည်း ခံနေရပါပြီ။ ရောက်လေရာ နိုင်ငံမှာလည်း မျက်နှာအောက်ကျို့ နေရပြီး ကိုယ့်နိုင်ငံမှာ နေတော့လည်း သူတို့တွေရဲ့ အနိုင်ကျင့်ခံ၊ အစော်ကားခံ ဘ၀ဖြစ်နေပြီး
အရင်က ကျားက အခုတော့နွား ဖြစ်သွားပါပြီ။
မန္တလေးမြို့မှာ တရုတ်တွေ ဘယ်လောက်လွှမ်းမိုးဝါးမျိုသွား သလဲဆိုရင် တစ်မြို့လုံး
တရုတ်လူမျိုး၊ တရုတ်ဘုံကျောင်း တရုတ် စာသင်ကျောင်းတွေနဲ့ ပြည့်နေပါပြီ။ မြို့ထဲမှာ မန္တလေးသား စစ်စစ်ဆိုလို့ တောင်ပေါ်က မန္တလေး ဘိုးဘိုးကြီးပဲ ကျန်ပါတော့တယ်။
အစိုးရ အနေဖြင့် မွတ်စလင် လူမျိုးတွေရဲ့ ဗလီဆောက်ခွင့် စာသင်ကျောင်း တည်ဆောက်ခွင့်တွေကို လွတ်လပ်စွာ ခွင့်ပြုထားတာကိုလည်း နားမလည်အောင်
ဖြစ်ရပါတယ်။ မြန်မာကလေးတွေတောင် တရုတ် ကျောင်းတက်ကြ၊ တရုတ်စာ မဖြစ်မနေ သင်နေရတဲ့ အဖြစ်ဖြစ်နေပါပြီ။ နောက်ဆို ဘာသာစကား ပျောက်ကွယ်သွားပြီး လူမျိုးပါ
ပျောက်ကွယ် သွားပါလိမ့်မယ်။ မန္တလေးမှာဆိုရင် အလုပ်လုပ်ချင်တဲ့ လူငယ်တွေဟာ
တရုတ်စာ၊ စကားမတတ်ရင် အလုပ်ရဖို့ ခဲရင်းပါတယ်။ တစ်ချို့ အလုပ်ရတဲ့ မိန်းကလေး ကျပြန်တော့လည်း တရုတ်သူဌေးရဲ့ ခြေတော်တင်ခံရ ပြန်ပါတယ်။ မြန်မာ မိန်းမပျိုလေး
တွေဟာ တရုတ် အမျိုးသား သူဋ္ဌေးများရဲ့ “သားမွေးသည်မ”တွေ အဖြစ်နဲ့ ရင်နာနာနဲ့ ဖြတ်သန်းနေကြရတာ အင်မတန် ၀မ်းနည်း ရင်နာစရာ ဖြစ်ရပ်တွေပါ။
မန္တလေးမြို့ဆိုတာ မြန်မာကို ကိုယ်စားပြုထားတဲ့မြို့၊ မြန်မာ့ ယဉ်ကျေးမှုရဲ့ နောက်ဆုံး ခံတပ်ကြီးပါ။ ဘာသာ၊ သာသနာ၊ စာပေ၊ ဂီတ၊ သဘင်အနုပညာ၊ ယဉ်ကျေးမှု အင်မတန် အားကောင်းခဲ့တဲ့ မြို့ဖြစ်ပါတယ်။ မန္တလေး ကျဆုံးခြင်းဟာ မြန်မာပြည် ကျဆုံးခြင်းပါပဲ။
ဒါကြောင့် အစိုးရအနေနဲ့ ကိုယ့်နိုင်ငံ ကိုယ့်နိုင်ငံသားတွေ တိုင်းတစ်ပါးသား တရုတ်တွေရဲ့ အနိုင်ကျင့် ဂုတ်သွေးစုပ် ချယ်လှယ် နေမှုတွေ မတရား လုပ်နေတာတွေကို မျက်နှာလွှဲ ခဲပစ်မနေကြပါနဲ့တော့။ “အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေး” မြေမျိုလို့ လူမျိုးမပြုတ်
လူမျိုမှ လူမျိုးပြုတ်မယ်”ဆိုတဲ့ ဆောင်ပုဒ်တွေကို မစားရ ၀ခမန်း လူကြားကောင်းအောင်
အော်နေရုံနဲ့ မပြီးပါဘူး။ စနစ်တကျ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်
နေပါပြီလို့ ပြောချင်ပါတယ်။ အခုဆိုရင် မန္တလေးမြို့မှာ တရုတ် ဆန့်ကျင်ရေးတွေကြီး ထွားလာပါပြီ၊ အစိုးရပိုင်းက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှု ကိုယ့်နိုင်ငံသား
တွေကို အကာကွယ်ပေးမှု မလုပ်ပေးနိုင်ဘူး ဆိုရင် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်သွား
နိုင်ပါတယ်။ သည်းခံမှုရဲ့ အဆုံးစွန်က ပေါက်ကွဲမှုဟာ ပိုပြင်းထန်တတ်တယ်လို့ပဲ
ပြောချင်ပါတယ်။
ကျွန်တော်တို့ မန္တလေးသားတွေ အနေနဲ့လည်း ဘယ်သူကြောင့်၊ဘာကြောင့်ဆိုပြီး လက်ညှိုးထိုးနေရင်း ပြဿနာဖြစ်တိုင်း ကမ္ဘာမကြေ သီချင်းပဲ ဆိုနေလို့ မရတော့ပါဘူး။ မီးလောင်နေတာကို ဘယ်သူ့ကြောင့် ဘာကြောင့် အပြစ်ပြောနေလို့ မီးကငြိမ်းသွားမှာ မဟုတ်ပါဘူး။ တစ်ချိန်ကဆို တရုတ်တွေက ကျွန်တော်တို့ကို ဆရာကြီး ဆရာကြီး
လို့ခေါ်ခဲ့ရာက အခုဆို ကျွန်တော်တို့က“သာကေ” “လောပန်း”နဲ့ အောက်ကျို့ ဆက်ဆံ
နေရတဲ့ဘ၀ သူတို့ကြည်ဖြူမှ နေခွင့်ရတော့မယ့် ဘ၀ သူတို့သဒ္ဒါမှ စားရမယ့် ဘဝ
ရောက်သွားရတာ ရင်နာစရာ ကောင်းလှပါတယ်။
ဒီအတိုင်းငုံ့ခံ နေရင်တော့ ဒီထက်တိုး စော်ကားလာတော့မှာပဲ။ ကျွန်တော်တို့ မန္တလေးသား
တွေဆိုတာ ကိုယ့်သခင်၊ ကိုယ့်ဘုရင်၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့တဲ့သူတွေပါ။
ကိုယ့်ဘိုးဘွားတွေ ပိုင်ဆိုင်ခဲ့တဲ့မြို့ ပြန်လည် ကယ်ဆယ်ရေးအတွက် အားလုံး စုပေါင်း
တိုင်ပင်ပြီး နည်းမှန်လမ်းမှန်နဲ့ လုပ်ဆောင်ရမယ့် အချိန်အခါ ရောက်ပါပြီ။ မန္တလေးမြို့
ဆိုတာ ပြာပုံဘ၀ကနေ အကြိမ်ကြိမ် ရုန်းထွက်ခဲ့တဲ့ ဖီးနစ်ငှက်မြို့ပါ။ ကျွန်တော်တို့ မန္တလေးသားတွေ မညံ့ဘူးဆိုတာ သမိုင်းသက်သေ ရှိပြီးသားပါ။ အားလုံး ရေစုန်မျော မလိုက်နေကြဘဲ အားလုံး နိုးထကြပါတော့လို့ ပြောချင်ပါတယ်။
နောက်ဆုံးအနေနဲ့ ဘဘ ဦးကိုလေး(အင်းဝဂုဏ်ရည်) ကျွန်တော့်ကို ပြောခဲ့တဲ့ စကားလေး သတိတရ ပြန်ပြောချင်ပါသေးတယ်။
“ဒို့မြန်မာတွေ ဖက်ဆစ်ဂျပန်တွေရဲ့ လက်အောက်ခံ သူ့ကျွန်ဘ၀ကနေ ရုန်းထွက်ဖို့
အတွက် “ဖဆပလ”ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေးဆိုပြီး ဖွဲ့စည်းပြီး ငါတို့တွေကို ကျွန်လာပြုနေတဲ့ ဖက်ဆစ်ဂျပန်တွေကို တွန်းလှန်တိုက် ထုတ်ခဲ့သလို
အခုအချိန် အခါမှာလည်း ငါတို့နိုင်ငံကို မတရားလာလုပ် ဂုတ်သွေးစုတ်နေတဲ့ တရုတ်
နိုင်ငံသားတွေကို “တဆပလ” ဆိုပြီး “တရုတ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး”
ဆိုတာကို လုပ်ဖို့အချိန်တန်ပါပြီ”
ကျော်ကြီး (MDY)
( Tomorrow သတင်းဂျာနယ်အမှတ်(၁၆) မျက်နှာဖုံးဆောင်းပါး )

1 comment:

  1. မြန်မာတွေမျက်စိပိတ်နားပိတ်ဖြစ်နေတာနှစ်နဲ့ချီနေပါပြီ

    ReplyDelete

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။