အဆင့်မြင့်လူသားတယောက်ဖြစ်ေ အာင် မိမိကိုယ်ကိုပြုစုပျိုးထောင်နည်း
========================== ====================
(ရိုးရှင်းသောနည်းလမ်းများကိုစုစည်းတင်ဆက်ထားပါသည်)
ကျောင်းပညာရေးမှာ အားနည်းချက်တွေများစွာရှိပါ တယ်။ သင်ခန်းစာတွေသင်ယူခိုင်းပေမ ယ့်
တဦးချင်းရဲ့ဘ၀ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အသိဥာဏ်ကို မပေးနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း ကျောင်းပြီးသွားပေမယ့် ဘ၀ထဲကပြသနတွေကို ထိရောက်စွာမရှင်းနိုင်ကြတြာ ဖစ်တယ်။
ဥပမာ_ကိုယ့်ဦးနှောက်ကိုဘယ် လိုထိရောက်စွာအသုံးချပြီး အခြေခံပြသနာတွေဖြစ်တဲ့ ဒေါသကြီးတာ၊ အလုပ်မှာဖိစီးမှုများတာ၊ အချစ်ရေး စသည်ဖြင့် ဘယ်လိုကိုင်တွယ်မလဲဆိုတာတွေ မသင်ခဲ့ရပါဘူး။ဒါ့ကြောင့်လည်း
စိတ်ဓာတ်ကျလို့ သတ်သေတယ်ဆိုတာ ဘွဲ့ ရတွေမှာ အမြောက်အများတွေ
့နေရတာဖြစ်သလို အသည်းကွဲလို့ ဘ၀ပျက်ရတာတွေလည်း များစွာရှိနေတာဖြစ်ပါတယ်။
ဒီနေ့ မျှဝေမယ့်အကြောင်းအရာဟာ ကိုယ့်ဦးနှောက်ကို ထိရောက်စွာအသုံးချပြီး မိမိကိုယ်ကို အဆင့်မြင့်လူသားတယောက်ဖြစ်ေ အာင် ဘယ်လို ပြုစုပျိုးထောင်ရမလည်းဆိုတာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဦးနှောက်ကိုမှန်ကန်စွာအသုံးပြုပါမှလည်း မိမိရဲ့နေ့ စဉ်ဘ၀ပြဿနာတွေကိုကောင်းစွာ ဖြေရှင်းလာမှာဖြစ်ပါတယ်။
(၁) မိုးလင်းတာနဲ့ အိပ်မက်ကို ပြန်စဉ်းစားပါ။ တကယ်တော့ ကိုယ်ခန္ဓာဟာအိပ်ပျော်သွားပေ မယ့် မသိစိတ်ဟာ မအိပ်ပါဘူး။ တညလုံးအလုပ်လုပ်နေတာပါ။ အိပ်မက်ဟာ ကိုယ့်ပြသနာတွေဖြေရှင်းနိုင်မယ့်နည်းလမ်းတွေပါနေတတ်ပါတ ယ်။
(၂) အိပ်ရာသိမ်းပါ။ မိမိအိပ်ခန်းကိုသေသပ်အောင်လုပ်ပါ။အိပ်ရာသိမ်းလိုက်တဲ့အ ခါ ကိုယ့်ပတ်ဝန်းကျင်နေရာလေး အမြင်ရှင်းသွားတာမို့ စိတ်ကြည်လင်မှုကိုဖြစ်စေသလို မိမိကိုယ်ကိုလေးစားမှုလည်ြး ဖစ်စေပါတယ်။
(၃) ကိုယ်မသန်တဲ့လက်ကိုသုံးပြီး သွားတိုက်ပါ။ ကိုယ်ကညာသန်ဆိုရင် ဘယ်လက်နဲ့ သွားတိုက်ပါ။ မတူညီတဲ့ဦးနှောက်ရဲ့အစိတ်အ ပိုင်းတွေကို နှိုးဆွရာရောက်ပြီး ဦးနှောက်ကို ဟန်ချက်ညီစေပါတယ်။
(၄)ရေချိုးပါ။ ရေချိုးတဲ့ရလဒ်ကတော့အံ့မခခန်းပဲ။ စိတ်ကူးစိတ်သန်းကောင်းတွေများစွာဖြစ်စေပါတယ်။ ရေချိုးလိုက်စဉ်မှာ ကြွက်သားတွေ သက်သောင့်သက်တာဖြစ်သွားတဲ့အ တွက် ဦးနှောက်ဟာ မကောင်းတဲ့အတွေးတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။
(၅) Tea သောက်ပါ။ Green Tea အစရှိသဖြင့် ကျန်မာရေးအတွက်ကောင်းမွန်တဲ့  Tea သောက်ခြင်းဟာလည်း မှတ်ဥာဏ်ကို လှုံ့ ဆော်ပေးပါတယ်။
(၆)အနှောက်အယှက်တွေမဖြစ်ဖို့ မိုးလင်းတာနဲ့ ဖုန်းကိုစမကိုင်မိဖို့ အရေးကြီးပါတယ်။
ဘာ့ကြောင့်လည်းဆိုတော့ အာရုံနှောက်သွားရင်တနေကုန် စိတ်ဆင်းရဲနိုင်ပါတယ်။
ဆင်ခြင်ဥာဏ်ကိုသုံးပြီး ထိရောက်စွာ တုံ့ ပြန်တတ်ဖို့ သင်ယူပါ။ ခံစားချက်ဖြင့်တုံ့ ပြန်ခြင်းကိုရှောင်ပါ။
(၇) ထောပတ်သီး၊ ဘယ်ရီသီး၊ ဥအမျိုးမျိုး၊ ဆယ်လ်မွန်ငါး၊ ပန်းမုံလာ လတ်လတ်ဆတ်ဆတ်စားသုံးခြင်းဟာ မှတ်ဥာဏ်လုပ်ဆောင်ချက်ကို များစွာကောင်းမွန်စေပါတယ်။ ချောကလက်အမည်းရောင်ဟာလည်း ခံစားချက်ကောင်းစေပါတယ်။
(၈) မိမိဘ၀တိုးတက်စေမည့်စာကို တနာရီအချိန်ပေးပြီး နေ့ စဉ်ဖတ်ပါ။ အရေးကြီးသည့်အချက်များကို နောင်ပြန်သုံးနိုင်ရန်မှတ်စုထုတ်ထားပါ။ သင်ခန်းစာအသစ်များကိုလေ့လြာ ခင်းကြောင့် ဦးနှောက်မှတ်ဥာဏ်ဆဲလ်စ်များကို အသစ်မွေးဖွားပေးပါတယ်။
(၉) သတိပဌာန်နည်းဖြင့်တရားအားထု တ်ပါ။ Mindfulness အမည်ဖြင့် Album တခုစာ ကျွန်တော်ရေးပြီးဖြစ်ပါတယ်။ သတိပဌာန်ကိုနှစ်ပေါင်းများစွာအားထုတ်သူမှာ သောကတွေအလိုလို အရည်ပျော်သွားမှာဖြစ်ပါတယ်။
(၁၀) လေ့ကျင့်ခန်းလုပ်ပါ။ တကိုယ်လုံးချွေးထွက်အောင်လေ့ ကျင့်ခန်းလုပ်ခြင်းဖြင့် ဦးနှောက်ကိုပါ အောက်ဆီဂျင်ကောင်းစွာရောက်သွားစေလို့ ပါ။ ယောဂလုပ်ခြင်းဟာလည်း ကိုယ်စိတ်နှလုံးကို ဟန်ချက်ညီစေပါတယ်။
(၁၁) အပြုသဘောဆောင်သောမိတ်ဆွေများဖြင့်ဝန်းရံပါ။ လေ့လာမှုတွေအရာ ကိုယ့်ကိုပျော်ရွှင်မှုပေးမယ့် မိတ်ဆွေများနဲ့ ဝန်းရံခြင်းကြောင့် မိမိရဲ့တန်ဖိုးကိုမြင့်တင်ရာရောက်တယ်ဆိုပါတယ်။ ဘ၀ပြသနာများကိုလည်း ပူးပေါင်းအဖြေရှာဖြေရှင်းလို့ ရပါတယ်။
(၁၂) ကျေးဇူးတင်စိတ်မွေးပါ။ ကိုယ့်လောက်အဆင်ပြေတဲ့သူတွေ ကိုကြည့်ပြီး မနာလိုစိတ်ထားမယ့်အစား ကိုယ့်လိုမနေနိုင်တဲ့လူတွေကို
မေတ္တာပို့ ရင်း ကိုယ့်ရဲ့လက်ရှိအနေအထားကို ကျေးဇူးတင်စိတ်ထားပါ။
ရှိနှင့်ပြီးသားအရာတွေကို တန်ဖိုးထားခြင်းဟာလည်း
ဦးနှောက်စွမ်းအားကိုကောင်း မွန်စေပါတယ်။
(၁၃) အိပ်ရေးဝအောင်အိပ်ပေးပါ။ အိပ်ရေးမ၀တဲ့အခါ ဦးနှောက်ဆဲလ်တွေများစွာ ပျက်စီးသွားစေပါတယ်။ အသက်တိုခြင်း၊ မှတ်ဥာဏ်ချွတ်ယွင်းခြင်းကို လည်းဖြစ်စေပါတယ်။
(၁၄) အာရုံခံတွေကို တိုးတက်လာအောင်လေ့ကျင့်ပေးပါ။ အမြင်အာရုံကောင်းအောင် တခုခုကို စူးစိုက်ကြည့်တာမျိုး၊ ဥပမာ အဝေက သာယာတဲ့ရှုခင်းတွေကိုငေးကြည့်ပါ။အကြားအာရုံကောင်းအောင် ဂီတတွေကို စူးစိုက်နားထောင်တာမျိုးတွေ လုပ်ပေးပါ။
(၁၅) အပြုံးချိုချိုပန်ဆင်ပါ။ ပြုံးနေတာတခုထဲနဲ့ ပဲ Stress Hormones လျော့သွားစေသလို ကိုယ့်ကိုမြင်ရသူဟာလည်း စိတ်ထဲပေါ့ပါးလွတ်လပ်သွားစေ ပါတယ်။ မိမိကိုယ်ကိုကောင်းအောင်လုပ်ရာရောက်သလို ပတ်ဝန်းကျင်ကိုပါ တိုးတက်စေပါတယ်။ အပြုံးတွေချွေဖို့ မနှမြောပါနဲ့ ။
(၁၆) ကိုယ့်အရည်အချင်းကို အသုံးပြုပြီး လူတွေကို ကူညီစိတ်ထားပါ။ လူတွေကို စေတနာထားကူညီခြင်းကြောင့် ဘ၀အဓိပာယ်ကို ပိုလေးနက်လာစေသလို ရည်ရွယ်ရာတခုနဲ့ ရှင်သန်နေခြင်းကြောင့် မှတ်ဥာဏ်စွမ်းဆောင်ရည်ကိုမြ င့်တင်ရာရောက်ပါတယ်။
ဒီအလေ့အကျင့်တွေကို တသက်တာကျင့်သုံးလိုက်ပါ။
အဆင့်မြင့်လူသားတယောက်လိုနေ သွားလို့ ရပါပြီ။
ဆြာသိန်း (မှတ်စုတိုထွာများ)
From Jim Kwik's training
Photo Credit
==========================
(ရိုးရှင်းသောနည်းလမ်းများက
ကျောင်းပညာရေးမှာ အားနည်းချက်တွေများစွာရှိပါ
တဦးချင်းရဲ့ဘ၀ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အသိဥာဏ်ကို
ဥပမာ_ကိုယ့်ဦးနှောက်ကိုဘယ်
ဒီနေ့ မျှဝေမယ့်အကြောင်းအရာဟာ ကိုယ့်ဦးနှောက်ကို ထိရောက်စွာအသုံးချပြီး မိမိကိုယ်ကို အဆင့်မြင့်လူသားတယောက်ဖြစ်ေ
(၁) မိုးလင်းတာနဲ့ အိပ်မက်ကို ပြန်စဉ်းစားပါ။ တကယ်တော့ ကိုယ်ခန္ဓာဟာအိပ်ပျော်သွားပေ
(၂) အိပ်ရာသိမ်းပါ။ မိမိအိပ်ခန်းကိုသေသပ်အောင်လ
(၃) ကိုယ်မသန်တဲ့လက်ကိုသုံးပြီး
(၄)ရေချိုးပါ။ ရေချိုးတဲ့ရလဒ်ကတော့အံ့မခခန
(၅) Tea သောက်ပါ။ Green Tea အစရှိသဖြင့် ကျန်မာရေးအတွက်ကောင်းမွန်တဲ
(၆)အနှောက်အယှက်တွေမဖြစ်ဖို
ဘာ့ကြောင့်လည်းဆိုတော့ အာရုံနှောက်သွားရင်တနေကုန် စိတ်ဆင်းရဲနိုင်ပါတယ်။
ဆင်ခြင်ဥာဏ်ကိုသုံးပြီး ထိရောက်စွာ တုံ့ ပြန်တတ်ဖို့ သင်ယူပါ။ ခံစားချက်ဖြင့်တုံ့ ပြန်ခြင်းကိုရှောင်ပါ။
(၇) ထောပတ်သီး၊ ဘယ်ရီသီး၊ ဥအမျိုးမျိုး၊ ဆယ်လ်မွန်ငါး၊ ပန်းမုံလာ လတ်လတ်ဆတ်ဆတ်စားသုံးခြင်းဟာ
(၈) မိမိဘ၀တိုးတက်စေမည့်စာကို တနာရီအချိန်ပေးပြီး နေ့ စဉ်ဖတ်ပါ။ အရေးကြီးသည့်အချက်များကို နောင်ပြန်သုံးနိုင်ရန်မှတ်စ
(၉) သတိပဌာန်နည်းဖြင့်တရားအားထု
(၁၀) လေ့ကျင့်ခန်းလုပ်ပါ။ တကိုယ်လုံးချွေးထွက်အောင်လေ
(၁၁) အပြုသဘောဆောင်သောမိတ်ဆွေမျာ
(၁၂) ကျေးဇူးတင်စိတ်မွေးပါ။ ကိုယ့်လောက်အဆင်ပြေတဲ့သူတွေ
(၁၃) အိပ်ရေးဝအောင်အိပ်ပေးပါ။ အိပ်ရေးမ၀တဲ့အခါ ဦးနှောက်ဆဲလ်တွေများစွာ ပျက်စီးသွားစေပါတယ်။ အသက်တိုခြင်း၊ မှတ်ဥာဏ်ချွတ်ယွင်းခြင်းကို
(၁၄) အာရုံခံတွေကို တိုးတက်လာအောင်လေ့ကျင့်ပေးပ
(၁၅) အပြုံးချိုချိုပန်ဆင်ပါ။ ပြုံးနေတာတခုထဲနဲ့ ပဲ Stress Hormones လျော့သွားစေသလို ကိုယ့်ကိုမြင်ရသူဟာလည်း စိတ်ထဲပေါ့ပါးလွတ်လပ်သွားစေ
(၁၆) ကိုယ့်အရည်အချင်းကို အသုံးပြုပြီး လူတွေကို ကူညီစိတ်ထားပါ။ လူတွေကို စေတနာထားကူညီခြင်းကြောင့် ဘ၀အဓိပာယ်ကို ပိုလေးနက်လာစေသလို ရည်ရွယ်ရာတခုနဲ့ ရှင်သန်နေခြင်းကြောင့် မှတ်ဥာဏ်စွမ်းဆောင်ရည်ကိုမြ
ဒီအလေ့အကျင့်တွေကို တသက်တာကျင့်သုံးလိုက်ပါ။
အဆင့်မြင့်လူသားတယောက်လိုနေ
ဆြာသိန်း (မှတ်စုတိုထွာများ)
From Jim Kwik's training
Photo Credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။