ညီမလေးရေ🌼🌼🌼
ဝိပတ္တိတရားလေးပါးထဲက
နောက်ဆုံးဝိပတ္တိဖြစ်တဲ့ " ပယောဂ ဝိပတ္တိ " ဆိုတာ
အသိအလိမ္မာ ဉာဏ်ပညာမရှိ သတိဝီရိယလည်းမရှိ
ဘာလုပ်လုပ်အကုန်မှား ဆင်ခြင်နိုင်စွမ်းမရှိတဲ့ တရားကိုခေါ်တာ
အမြဲတမ်းဘုရားရှိခိုးပြီး ဆုတောင်းရင် အဲ့ဒီ ဝိပတ္တိတရားနဲ့လည်း
ကင်းရပါလို၏လို့ ဆုတောင်းတတ်ကြတယ် ။
ဆုတောင်းယုံနဲ့လည်းမပြီးဘူး ညီမလေးရဲ့
ကိုယ်ကိုယ်တိုင်က ကောင်းသောအမူအကျင့်နဲ့
ကောင်းသောစိတ်ဓာတ်မရှိရင် သင်ယူထားသလောက်
ဘာမှအသုံးချလို့မရ အသုံးမကျတဲ့လူပဲဖြစ်နေမှာပဲ ။
တစ်ချို့တွေက ကိုယ့်ကိုယ်ကို အားငယ်တတ်ကြတယ်
ငါသူ့လောက်ရုပ်မချော ငါသူ့လောက် ပညာမတတ်
ငါသူ့လောက် ငွေကြေးမရှိတော့ မျက်နှာငယ်ရပါတယ်ပေါ့
အားငယ်စိတ်တွေဝင်ပြီး လူတောထဲမတိုးရဲ
လောကကြီးကို အမြင်မကြည်ဖြစ်ပြီး
လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်မယ်ဆိုတဲ့
မဖြစ်သင့်တဲ့ အတွေးအမှားတွေ ဝင်လာတယ်
အတွေးမှား အသိမှားပြီဆိုတာနဲ့ လောကရဲ့ဆန့်ကျင်ဘက်
ကိုယ်အမူရာမထိန်းသိမ်း နှုတ်အမူအရာ မထိန်းသိမ်းနဲ့
ဆိုးမိုက်ချင်တဲ့ စရိုက်လေးတွေဖြစ်လာတတ်တယ် ။
တစ်ချို့ကျတော့လည်း
ငါကသိပ်လှတယ် ငွေကြေးလည်းရှိတယ်
ငါလုပ်ချင်တာအကုန်လုပ်မယ် ဘယ်သူမှလာမတားနဲ့
ငါလုပ်တာ အကုန်မှန်တယ်ဆိုတဲ့ စိတ်မျိုးတွေမွေးတတ်ကြပြန်ေ ရာ ။
ဒါတွေဘာကြောင့်ဖြစ်လည်းဆိုေ တာ့
မှန်ကန်တဲ့ အတွေးအခေါ်နဲ့ မှန်ကန်တဲ့ဝီရိယမရှိ
မှန်ကန်တဲ့ အသိပညာမရှိ မှန်ကန်တဲ့ဆင်ခြင်တုံတရားမရှိ
ကိုယ်တန်ဖိုးဆိုတာဘာမှန်းမသိတဲ့အဖြစ်ရောက်သွားတယ် ။
ညီမလေးရေ
ရွှေဟာလည်း သူ့ဟာနဲ့သူ တန်ဖိုးရှိနေသလို
ရွှံ့ဟာလည်း မျိုးစေ့လေးတွေအတွက်တန်ဖိုး မဖြတ်နိုင်ပါဘူး
ပညာတတ်မှ လောကကောင်းကျိုးပြုနိုင်တာမ ဟုတ်သလို
ပညာမတတ်လည်း ကိုယ်ရောက်တဲ့နေရာမှာ
ကောင်းမွန်အောင်လုပ်ဆောင်နိုင်ရင်အားလုံးအတူတူပါပဲ ။
ငွေရှိလို့ ရုပ်ချောလို့လည်း ဂုဏ်မမောက်နဲ့
ငွေမရှိလို့ ရုပ်မလှလို့လည်း အားမငယ်စိတ်မပျက်နဲ့
အရေးအကြီးဆုံးက ကိုယ့်နှလုံးသားထဲမှာ
မှန်ကန်တဲ့ အသိလေးရှိနေရင်
ကိုယ့်ဘဝလမ်းဟာ အမြဲတမ်းသာယာဖြောင့်ဖြူးနေမှာပါ ။
ခပ်မြင့်မြင့်ကလှပတဲ့ပန်းလေးတစ်ပွင့်ဖြစ်ပါစေ 🌼
#မယ်ဖွေး
ဝိပတ္တိတရားလေးပါးထဲက
နောက်ဆုံးဝိပတ္တိဖြစ်တဲ့ " ပယောဂ ဝိပတ္တိ " ဆိုတာ
အသိအလိမ္မာ ဉာဏ်ပညာမရှိ သတိဝီရိယလည်းမရှိ
ဘာလုပ်လုပ်အကုန်မှား ဆင်ခြင်နိုင်စွမ်းမရှိတဲ့ တရားကိုခေါ်တာ
အမြဲတမ်းဘုရားရှိခိုးပြီး ဆုတောင်းရင် အဲ့ဒီ ဝိပတ္တိတရားနဲ့လည်း
ကင်းရပါလို၏လို့ ဆုတောင်းတတ်ကြတယ် ။
ဆုတောင်းယုံနဲ့လည်းမပြီးဘူး
ကိုယ်ကိုယ်တိုင်က ကောင်းသောအမူအကျင့်နဲ့
ကောင်းသောစိတ်ဓာတ်မရှိရင် သင်ယူထားသလောက်
ဘာမှအသုံးချလို့မရ အသုံးမကျတဲ့လူပဲဖြစ်နေမှာပဲ
တစ်ချို့တွေက ကိုယ့်ကိုယ်ကို အားငယ်တတ်ကြတယ်
ငါသူ့လောက်ရုပ်မချော ငါသူ့လောက် ပညာမတတ်
ငါသူ့လောက် ငွေကြေးမရှိတော့ မျက်နှာငယ်ရပါတယ်ပေါ့
အားငယ်စိတ်တွေဝင်ပြီး လူတောထဲမတိုးရဲ
လောကကြီးကို အမြင်မကြည်ဖြစ်ပြီး
လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်မယ်ဆိုတဲ့
မဖြစ်သင့်တဲ့ အတွေးအမှားတွေ ဝင်လာတယ်
အတွေးမှား အသိမှားပြီဆိုတာနဲ့ လောကရဲ့ဆန့်ကျင်ဘက်
ကိုယ်အမူရာမထိန်းသိမ်း နှုတ်အမူအရာ မထိန်းသိမ်းနဲ့
ဆိုးမိုက်ချင်တဲ့ စရိုက်လေးတွေဖြစ်လာတတ်တယ် ။
တစ်ချို့ကျတော့လည်း
ငါကသိပ်လှတယ် ငွေကြေးလည်းရှိတယ်
ငါလုပ်ချင်တာအကုန်လုပ်မယ် ဘယ်သူမှလာမတားနဲ့
ငါလုပ်တာ အကုန်မှန်တယ်ဆိုတဲ့ စိတ်မျိုးတွေမွေးတတ်ကြပြန်ေ
ဒါတွေဘာကြောင့်ဖြစ်လည်းဆိုေ
မှန်ကန်တဲ့ အတွေးအခေါ်နဲ့ မှန်ကန်တဲ့ဝီရိယမရှိ
မှန်ကန်တဲ့ အသိပညာမရှိ မှန်ကန်တဲ့ဆင်ခြင်တုံတရားမရ
ကိုယ်တန်ဖိုးဆိုတာဘာမှန်းမသ
ညီမလေးရေ
ရွှေဟာလည်း သူ့ဟာနဲ့သူ တန်ဖိုးရှိနေသလို
ရွှံ့ဟာလည်း မျိုးစေ့လေးတွေအတွက်တန်ဖိုး
ပညာတတ်မှ လောကကောင်းကျိုးပြုနိုင်တာမ
ပညာမတတ်လည်း ကိုယ်ရောက်တဲ့နေရာမှာ
ကောင်းမွန်အောင်လုပ်ဆောင်နိ
ငွေရှိလို့ ရုပ်ချောလို့လည်း ဂုဏ်မမောက်နဲ့
ငွေမရှိလို့ ရုပ်မလှလို့လည်း အားမငယ်စိတ်မပျက်နဲ့
အရေးအကြီးဆုံးက ကိုယ့်နှလုံးသားထဲမှာ
မှန်ကန်တဲ့ အသိလေးရှိနေရင်
ကိုယ့်ဘဝလမ်းဟာ အမြဲတမ်းသာယာဖြောင့်ဖြူးနေမ
ခပ်မြင့်မြင့်ကလှပတဲ့ပန်းလေ
#မယ်ဖွေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။