ဟိုစပ်စပ်ဒီစပ်စပ် လုပ်သူတွေမအောင်မြင်နိုင်ဘူးတဲ့လား ???
(သို့) Elon Musk ရဲ့အောင်မြင်ခြင်းလျှို့ဝှက်ချက်
🔔🔔🔔☘️ 🔔🔔🔔☘️ 🔔🔔🔔
မင်္ဂလာပါ Red dot Network ပရိတ်သတ်ကြီးရေ....
ဘက်စုံထူးချွန်သူ "Elon Musk " အကြောင်းကို မျှဝေပေးချင်ပါတယ်။
Elon Musk အနေနဲ့ အသက် ၄၀ ကျော်အရွယ်မှာ ဆော့ဖ်ဝဲ ၊ စွမ်းအင် ၊ ပို့ဆောင်ဆက်သွယ်ရေး နဲ့ အာကာသယာဉ်တည်ဆောက်ခြင်း စတဲ့မတူညီတဲ့နယ်ပယ် ၄ ခုမှာအောင်မြင်မှုတွေရအောင် ဘယ်လိုတည်ဆောက်နိုင်ခဲ့တာလဲ ???
Musk ရဲ့အောင်မြင်မှုကနေ အတုယူစရာအချက်တွေကအများကြီး ပါ။ ဆောင်းပါးပေါင်းများစွာမှာလ ည်း သူဘယ်လောက်အလုပ်ကြိုးစားတာေ တွ(တစ်ပတ်မှာ
၈၅ နာရီအလုပ်လုပ်တယ်) ၊ အနာဂတ်အတွက် သူ့ရဲ့ခန့်မှန်းနိုင်မှုတွေ ၊
အံ့သြလောက်စရာ ဒူပေနာပေခံနိုင်မှုတွေ စတဲ့ စတဲ့ အကြောင်းအရာတွေ
အများကြီးကိုဖတ်ရမှာပါ။
ဒါတွေဟာ အောင်မြင်နေသူတွေတော်တော်များများမှာရှိနိုင်တဲ့အချက်ေ တွပါ။ Elon Musk နဲ့ပတ်သက်ပြီး နောက်ထပ်သိသင့်တာကတော့ အများနဲ့မတူတဲ့သူ့ရဲ့ ထူးခြားချက်တွေ ၊ အမူအကျင့်တွေ အကြောင်းပါပဲ။
လူတွေကပြောကြပါတယ်။ အောင်မြင်မှုရချင်ရင် တစ်ခုခုကိုပဲတစ်စိုက်မတ်မတ် လုပ်ပါတဲ့။ ဟိုစပ်စပ်ဒီစပ်စပ် လုပ်ရင်မအောင်မြင်နိုင်ဘူးလို့ ဆိုပါတယ်။
Elon Musk ကတော့ ဒီစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့သူပါ။ သူဟာ သိပ္ပံပညာရပ် ၊ အင်ဂျင်နီယာ ၊ ရူပဗေဒ ဘာသာရပ်နဲ့ AI မှတဆင့် နယ်ပယ်စုံမှာအောင်မြင်မှုတွေ ရအောင်
လုပ်ဆောင်နိုင်ခဲ့သူပါ။ သူ့လိုမျိုး နယ်ပယ်တစ်ခုထက်မက ကျွမ်းကျင်သူတွေကို
ဘက်စုံကျွမ်းကျင်သူလို့ ခေါ်နိုင်ပါတယ်။ ဒီလိုလူတွေဟာ မတူညီတဲ့နယ်ပယ်တွေကို
ကျယ်ကျယ်ပြန့်ပြန့်လေ့လာထား ရပါမယ်။ နက်နက်ရှိုင်းရှိုင်း သိအောင်လည်းလေ့လာဖို့လိုပါတ ယ်။ သိထားတဲ့အရာတွေကို ပြန်ပြီးကွက်တိကွက်ကျ အသုံးချတတ်ဖို့ ပေါင်းစပ်ဖန်တီးတတ်ဖို့လည်း လိုပါတယ်။
တကယ်လို့သင်က နည်းပညာနယ်ပယ်ကဆိုပါစို့ ဇီဝဗေဒဘာသာရပ်ကိုပါ စိတ်ဝင်စားပြီးလေ့လာထားသူဆိုရင် ဒီပညာရပ်နှစ်ခုကိုပေါင်းစပ် ပြီး ဘယ်သူနဲ့မှမတူတဲ့ အံ့မခန်းအရာတွေကို ဖန်တီးနိုင်ပါလိမ့်မယ်။ ဒါဟာနယ်ပယ် တစ်ခုထက်မက ကျွမ်းကျင်သူတွေရဲ့ အားသာချက်ပဲဖြစ်ပါတယ်။
Musk ရဲ့ ဘဝအကြောင်းကိုလေ့လာတာက သူ့လိုမျိုးနယ်ပယ်စုံကို စိတ်ဝင်စားတတ်သူတွေအတွက် အကောင်းဆုံးလမ်းညွှန်မှုပေးနိုင်ပါလိမ့်မယ်။
Musk ရဲ့စူပါပါဝါက သိထားတဲ့ပညာရပ်တစ်ခုကို လက်တွေ့နယ်ပယ်မှာ ပြန်အသုံးချနိုင်ခြင်းပါပဲ။ Musk ရဲ့အစ်ကိုဖြစ်သူ Kimbal Muskရဲ့ပြောပြချက်အရ သူဟာဆယ်ကျော်သက်အရွယ်မှာကတည်းက တစ်နေ့ကိုစာအုပ်နှစ်အုပ်ဖတ် တယ်လို့ သိရပါတယ်။ သာမန်လူတစ်ယောက်တစ်လမှာ စာအုပ်တစ်အုပ်ပဲဖတ်ပြီးတယ်ဆိုရင် သူကတော့ အဆ ၆၀ လောက်သာလွန်နေပြီပဲဖြစ်ပါတယ်။
Musk ဟာသိပ္ပံဆန်းကြယ် ၊ အတွေးအခေါ် ၊ ယဉ်ကျေးမှု ၊ Programming ၊ သိပ္ပံပညာရှင်တွေရဲ့ အတ္ထုပ္ပတ္တိ စတဲ့အကြောင်းအရာပေါင်းစုံကိုမွှေနှောက်ပြီး ဖြစ်နေပါပြီ။ သူအရွယ်ရောက်လာချိန်မှာတော့
သူ့ရဲ့စိတ်ဝင်စားမှုနယ်ပယ်က ရူပဗေဒ ၊ အင်ဂျင်နီယာ ၊ ထုတ်ကုန်ပစ္စည်းဒီဇိုင်း
၊ စီးပွားရေး ၊ နည်းပညာ နဲ့စွမ်းအင် ဘက်တွေကိုကျယ်ပြန့်လာခဲ့ပါတ ယ်။ ဗဟုသုတကိုဆာလောင်ခြင်းက သူ့ကိုနယ်ပယ်မျိုးစုံမှာ နှံ့စပ်စေခဲ့ပါတယ်။
သူပြောပြခဲ့တဲ့ သင်ယူခြင်းအတွက် အချက်နှစ်ချက်ရှိပါတယ်။
ပုံနှစ်ပုံကို ကြည့်ပါ။ ပထမပုံမှာက A ကိုဘယ်လိုတည်ဆောက်ထားသလဲဆို တာလေ့လာပြီး ဒုတိယပုံမှာက တူညီတဲ့အချက်တွေကို လေ့လာခြင်းပါ။
နေ့စဉ်ဘဝမှာလည်း နယ်ပယ်သစ်တစ်ခုကိုလေ့လာမယ်ဆိုရင် နည်းလမ်းတစ်ခုတည်းကိုသုံးပြီး အကြိမ်ကြိမ်လေ့လာတာထက် ကွဲပြားချက်တွေကိုလေ့လာမယ်။ တစ်ခုနဲ့တစ်ခုကို တိုက်ဆိုင်စစ်ဆေးမယ်။ နှိုင်းယှဉ်ကြည့်မယ် စတဲ့အချက်တွေက ပိုပြီးထိရောက်မှုရှိစေမှာဖြ စ်ပါတယ်။
ပြီးတော့ အခြေခံနိယာမတွေကို ပိုင်နိုင်ဖို့လိုပါတယ်။
သစ်ပင်တစ်ပင်နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် ပင်စည်နဲ့ အကိုင်းတွေဘယ်လိုတည်ဆောက်ထားသလဲဆိုတာ သေသေချာချာသိပြီးမှ ကိုင်းဖျားနဲ့အရွက်အပွင့်လေးတွေ ဘယ်လိုဖြစ်တည်နေသလဲဆိုတာ ဆက်ပြီးလေ့လာနိုင်လိမ့်မယ်လို့ သူကဆိုပါတယ်။
သူ့ရဲ့အားသာချက်နောက်တစ်ခုက သူသိထားတဲ့အရာတွေကနေ နောက်ထပ် နယ်ပယ်သစ်တစ်ခုအတွက်လည်း အခြေခံနိယာမတွေဖန်တီးနိုင်ြ ခင်းပဲဖြစ်ပါတယ်။
Aerospace ကနေ Space X ကိုဖန်တီးခဲ့တယ်။
Automotive ကနေ Tesla ကိုဖန်တီးခဲ့တယ်။
Trains တွေကနေ Hyperloop ကိုဖန်တီးနိုင်ခဲ့တယ်။
Technology ကနေ Neural Lace ၊ Pay Pal ၊ OpenAL တွေကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။
တကယ်တော့ Elon Musk ဟာမှော်အစွမ်းရှိနေသူမဟုတ်ပါဘူး။ လူထဲကလူပဲဖြစ်ပါတယ်။ လူအများနဲ့မတူ ခြားနားသွားတဲ့အချက်ကတော့ သူ့ရဲ့ လေ့လာပုံ လေ့လာနည်းတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အရာကိုပဲ လေ့လာသင်ယူပါစေ နှိုင်းယှဉ်တွေးဆတတ်ဖို့ ၊ ပြန်လည်ဖန်တီး အသုံးချနိုင်ဖို့ ကြိုးစားရပါမယ်။ဒီအချက်ဟာနယ်ပယ်တွေအများကြီးကို စိတ်ဝင်စားတတ်ပြီး ဘယ်နယ်ပယ်မှာမဆို အောင်မြင်မှုရရှိချင်သူတွေအတွက် အဓိကသိထားရမယ့် အချက်တွေပဲဖြစ်ပါတယ်။
သူငယ်ချင်းတွေပါ ဖတ်ရှုလို့ရအောင် Share လုပ်သွားဖို့လည်း မမေ့နဲ့နော်...
#Inspired #ReddotNetwork #ElonMusk
(သို့) Elon Musk ရဲ့အောင်မြင်ခြင်းလျှို့ဝှက
🔔🔔🔔☘️ 🔔🔔🔔☘️ 🔔🔔🔔
မင်္ဂလာပါ Red dot Network ပရိတ်သတ်ကြီးရေ....
ဘက်စုံထူးချွန်သူ "Elon Musk " အကြောင်းကို မျှဝေပေးချင်ပါတယ်။
Elon Musk အနေနဲ့ အသက် ၄၀ ကျော်အရွယ်မှာ ဆော့ဖ်ဝဲ ၊ စွမ်းအင် ၊ ပို့ဆောင်ဆက်သွယ်ရေး နဲ့ အာကာသယာဉ်တည်ဆောက်ခြင်း စတဲ့မတူညီတဲ့နယ်ပယ် ၄ ခုမှာအောင်မြင်မှုတွေရအောင် ဘယ်လိုတည်ဆောက်နိုင်ခဲ့တာလဲ
Musk ရဲ့အောင်မြင်မှုကနေ အတုယူစရာအချက်တွေကအများကြီး
ဒါတွေဟာ အောင်မြင်နေသူတွေတော်တော်မျ
လူတွေကပြောကြပါတယ်။ အောင်မြင်မှုရချင်ရင် တစ်ခုခုကိုပဲတစ်စိုက်မတ်မတ်
Elon Musk ကတော့ ဒီစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့သူပါ။ သူဟာ သိပ္ပံပညာရပ် ၊ အင်ဂျင်နီယာ ၊ ရူပဗေဒ ဘာသာရပ်နဲ့ AI မှတဆင့် နယ်ပယ်စုံမှာအောင်မြင်မှုတွေ
တကယ်လို့သင်က နည်းပညာနယ်ပယ်ကဆိုပါစို့ ဇီဝဗေဒဘာသာရပ်ကိုပါ စိတ်ဝင်စားပြီးလေ့လာထားသူဆိ
Musk ရဲ့ ဘဝအကြောင်းကိုလေ့လာတာက သူ့လိုမျိုးနယ်ပယ်စုံကို စိတ်ဝင်စားတတ်သူတွေအတွက် အကောင်းဆုံးလမ်းညွှန်မှုပေးနိ
Musk ရဲ့စူပါပါဝါက သိထားတဲ့ပညာရပ်တစ်ခုကို လက်တွေ့နယ်ပယ်မှာ ပြန်အသုံးချနိုင်ခြင်းပါပဲ။
Musk ဟာသိပ္ပံဆန်းကြယ် ၊ အတွေးအခေါ် ၊ ယဉ်ကျေးမှု ၊ Programming ၊ သိပ္ပံပညာရှင်တွေရဲ့ အတ္ထုပ္ပတ္တိ စတဲ့အကြောင်းအရာပေါင်းစုံကိ
သူပြောပြခဲ့တဲ့ သင်ယူခြင်းအတွက် အချက်နှစ်ချက်ရှိပါတယ်။
ပုံနှစ်ပုံကို ကြည့်ပါ။ ပထမပုံမှာက A ကိုဘယ်လိုတည်ဆောက်ထားသလဲဆို
နေ့စဉ်ဘဝမှာလည်း နယ်ပယ်သစ်တစ်ခုကိုလေ့လာမယ်ဆ
ပြီးတော့ အခြေခံနိယာမတွေကို ပိုင်နိုင်ဖို့လိုပါတယ်။
သစ်ပင်တစ်ပင်နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် ပင်စည်နဲ့ အကိုင်းတွေဘယ်လိုတည်ဆောက်ထာ
သူ့ရဲ့အားသာချက်နောက်တစ်ခုက
Aerospace ကနေ Space X ကိုဖန်တီးခဲ့တယ်။
Automotive ကနေ Tesla ကိုဖန်တီးခဲ့တယ်။
Trains တွေကနေ Hyperloop ကိုဖန်တီးနိုင်ခဲ့တယ်။
Technology ကနေ Neural Lace ၊ Pay Pal ၊ OpenAL တွေကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ
တကယ်တော့ Elon Musk ဟာမှော်အစွမ်းရှိနေသူမဟုတ်ပ
သူငယ်ချင်းတွေပါ ဖတ်ရှုလို့ရအောင် Share လုပ်သွားဖို့လည်း မမေ့နဲ့နော်...
#Inspired #ReddotNetwork #ElonMusk
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။