အမေ့ ဆီကဆုကို ပြန်သိမ်းခိုင်းနေတဲ့ နိုင်ငံတကာ ငပိန်းတွေကို နိုဘယ်ဆုကော်မတီဥက္ကဌ အပြတ်ပြောပြီ
======================
ငြိမ်းချမ်းရေး နိုဘယ်ဆု ပြန်ရုပ်သိမ်းဖို့ မရှိဘူးလို့ အဖွဲ့ ဥက္ကဌ ပြော
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက
မွတ်စလင်တွေ သိန်းချီ ဒုက္ခရောက်နေကြတာကို နှုတ်ဆိတ်နေတဲ့အတွက်
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆု
ပြန်ရုပ်သိမ်းဖို့ ကမ္ဘာတလွှားရှိ လူပေါင်း ၃ သိန်းခွဲကျော်ကျော်က
အင်တာနက်ကနေ ဆန္ဒပြုလက်မှတ်ထိုးထားပေမယ့် အဲသလိုလုပ်မှာ မဟုတ်ဘူးလို့ နော်ဝေးနိုင်ငံမှာရှိတဲ့ နိုဘယ်ဆု ကော်မတီ ဥက္ကဌက ပြောကြားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးဆိုပြီး ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေတာကို ဒေါ်အောင်ဆန်းစုကြည်က ဘာတခုမှ မလုပ်ပေးဘူးလို့ change.org အင်တာနက် ဝက်ဘ်စာမျက်နှာမှာ လူ ၃-သိန်း ၆-သောင်းကျော်က လက်မှတ်ထိုးပြီး ကန့်ကွက်ထားတာပါ။
နိုဘယ်ဆု ကော်မတီ ဥက္ကဌက သူတို့အဖွဲ့က ဆုပေးတာဟာ မရွေးချယ်ခင်ကာလက စွမ်းဆောင် လုပ်ကိုင်ခဲ့တာတွေအတွက် ပေးတာ ဖြစ်ပြီး နောက်ပိုင်းကာလကိစ္စတွေနဲ့ မသက်ဆိုင်ဘူး၊ ဘယ်ဘာသာရပ်အတွက် ပေးတာဖြစ်ဖြစ် ပြန်ရုပ်သိမ်းနိုင်တယ်ဆိုတဲ့  စည်းကမ်းချက်မပါဘူးလို့ ပြောပါတယ်။
Source: RFA
ZN.H
======================
ငြိမ်းချမ်းရေး နိုဘယ်ဆု ပြန်ရုပ်သိမ်းဖို့ မရှိဘူးလို့ အဖွဲ့ ဥက္ကဌ ပြော
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ
နိုဘယ်ဆု ကော်မတီ ဥက္ကဌက သူတို့အဖွဲ့က ဆုပေးတာဟာ မရွေးချယ်ခင်ကာလက စွမ်းဆောင် လုပ်ကိုင်ခဲ့တာတွေအတွက် ပေးတာ ဖြစ်ပြီး နောက်ပိုင်းကာလကိစ္စတွေနဲ့ မသက်ဆိုင်ဘူး၊ ဘယ်ဘာသာရပ်အတွက် ပေးတာဖြစ်ဖြစ် ပြန်ရုပ်သိမ်းနိုင်တယ်ဆိုတဲ
Source: RFA
ZN.H
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။