" အဖေ့အမှာစကားများ "
~~~~~~~~~~~~~~~
"အမှန်တိုင်းပြောရရင် ကျွန်တော်ဟာ
တချိန်က အင်မတန်မှ တကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်ရှိသူတယောက်ပါ ...
လိုချင်တာတခုကို ရအောင်တောင်းတယ်
တောင်းမရရင် လုယူတတ်တယ် ဘယ်သူတွေ
ဘာဖြစ်ဖြစ် ကိုယ်ရရင်ပြီးရောဆိုတဲ့စိတ် ဓာတ်နဲ့ပေါ့...
ဒါ့ကြောင့်လည်း အဖော်အပေါင်းက တယောက်ပြီး တယောက် ကျနော်ဘဝထဲက ထွက်ခွာသွားကြတယ်
ဘယ်သူမှ အဖက်မလုပ်ချင်ကြတော့ဘူး....
တနေ့ လယ်ကွင်းထဲမှာ အဖေ့ကို ဝိုင်းကူလုပ်ရင်း
အမေလာပို့တဲ့ ထမင်းကို အတူစားဖြစ်ကြတယ်..
အမေက ထမင်းပို့ပြီးပြန်သွားတော့ အဖေက ထမင်းချိုင့်ထဲက ထမင်းနှင့်ငါးဟင်းကိုယူပြီး
ကျနော်မတွေ့အောင် ပန်းကန်ထဲထည့်တယ်...ပြီးမှ. ...
"သားကြီးရေလာတော့ ထမင်းစားချိန်ရောက်ပြီးကွ
ဆက်လုပ်စရာရှိတာ စားပြီးမှ ဆက်လုပ်ကြတာပေါ့..
ဗိုက်ကလည်း အရမ်းဆာနေတော့ ရိုက်ပေးနေ
မအားတော့ပါ အားရပါးရဆွဲလိုက်ဦးမှဆိုပြီး
အဖေနားသွားထိုင်တယ် ထမင်းနှစ်ပုဂံက ဖြစ်ပုံဆန်းနေတယ် တလုံးမှာ ငါးနှစ်တုံးထည့်ပြီး
တလုံးမှာ တတုံးတည်းပါ...
"ကဲသားရေ မင်းကြိုက်တဲ့ ပုဂံသာရွေးကွာ..!
ဘယ်ရမှာလည်း ကျနော်လည်း စဉ်းစာမနေတော့ဘဲ
ငါးနှစ်တုံးရှိတဲ့ ပုဂံကိုကောက်ယူလိုက်တယ်
ပြီးမှ သားဖနှစ်ယောက် အားရပါးရ အတူဆွဲကြတယ်...
အဖေ့ကိုတော့အားနာပါတယ် တကိုယ်ကောင်းဆန်တာက
ဝါသနာမို့ ငါးနှစ်တုန်းနဲ့ အမုန်းဆွဲပစ်ဖို့ ကြံဆည်ခဲ့တယ်...
ထမင်းစားရင်း အဖေ့ပုဂံကို ချောင်းကြည့်မိတယ်
အဖေ့ပုဂံမှာက အပေါ်ကပြထားတာ ငါးတတုံးတည်း
ဆိုပေမယ့် အောက်မှာက နှစ်တုံးထပ်ရှိသေးတယ်
ကျနော့်ပုဂံက နှစ်တုံးထဲ အောက်မှာကြည့်လည်း
ထပ်မရှိတော့ပါ...စိတ်ထဲက ငါဆန္ဒစောသွားလို့ပေါ့ကွာ
ဆိုပြီး အဖေ့ကို မကျေမနပ်ဖြစ်နေမိသေးတယ်....
"အဖေက ကျတော်ကို ပြုံးပြီးပြောတယ်.."
သားရေ လောကကြီးမှာ ကိုယ်လိုချင်တာ ရဖို့
တခုတည်းနဲ့ ကိုယ်မြင်ရာကို အမှန်လို့ ထင်မရဘူးကွ..!
နောက်နေ့လည်း ငါးဟင်းပဲမို့ ပထမနေ့လိုပဲ
အဖေထည့်ကျွေးတယ် ကျနော်လည်း ပထမနေ့လို
အထင်နဲ့ ငါးတတုံးထဲရှိတဲ့ ပုဂံကိုကောက်ယူလိုက်တယ်...
ပုဂံကောက်ယူပြီးတာနဲ့ ကမန်းကတန်းမွှေကြည့်တယ်
ထမင်းအောက်မှာ ဘာမှမတွေ့တော့ပါ အဖေကပြုံးပြီး
ကျနော့်ကို ကြည့်နေတယ်...ပြီးတော့မှ..ေ ပြာတယ်
" သားရေ အတွေ့အကြုံဆိုတာလည်း အမြဲသုံးလို့ မရဘူးကွ မနေ့ကအတွေ့အကြုံနဲ့ ဒီနေ့ပြသနာကို
ဖြေရှင်းလို့မရဘူး အတွေ့အကြုံလည်းမယုံနဲ့
တခါတလေမှာ လွဲနေတာမျိုးလည်း ရှိတတ်ပါတယ်...
သုံးရက်မြှောက်လည်း ထိုနည်းတူပဲ အဖေက
ထည့်ထားပြန်တယ် ဒီတခါတော့ ကျနော့်စိတ်တွေ
အရင်ကလိုမဟုတ်တော့ဘူး...
" ဘာငိုင်နေတာလည်းသား ယူလေ...
"ကျနော် အရင်မရွေးပါရစေနဲ့တော့အဖေ
အဖေက ကျနော့်ရဲ့အဖေပါ အဖေကို ရိုသေတဲ့အနေနဲ့ အဖေသာအရင် ရွေးယူပါ...
အဖေက ဝမ်းသာပီတိဖြစ်တဲ့ မျက်လုံးတစုံနဲ့
ကျနော့်ကိုကြည့်ပြီး ငါးတတုံးတည်းပါတဲ့ ထမင်းပုဂံကို
ကောက်ယူလိုက်တယ်....အဖေကောက်ယူလိုက်တဲ့
ပုဂံလုံးက အခါတိုင်းလို တခြားငါးတုံးတွေ
ဖုံးထားခြင်းမရှိပါ...အဖေ့ေ စတနာကို နားလည်မိတာနဲ့
ကျနော်မျက်ရည်ပါဝဲမိတယ်...
အဲဒီနေ့က ကျနော့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ စကားတချို့ကိုလည်း အဖေ့ကို ပြောဖြစ်ခဲ့တယ်
ကျနော်လိုတာ ရဖို့အတွက် ဒီအတိုင်းဆက်ပြီး တကိုယ်ကောင်းဆန်တဲ့လူမျိုး မဖြစ်ချင်တော့ဘူး
မိဘမောင်နှမ အပေါင်းသင်းတွေအပေါ်
ကိုယ်လိုတာရဖို့ စစရာရာအနိုင်ယူခဲ့မိတဲ့အတွက်
သားနောင်တ ရပါပြီးအဖေရယ်...
" ဒါမှ ငါ့သားကွ လောကကြီးမှာ ကိုယ်လိုချင်တာ
ရဖို့အတွက် သူတပါးစိတ်ကိုမှ ဝင်ရောက်စာနာမတတ်ပဲ
ဒီအတိုင်းဆက်သွားနေလို့မရဘူးသား...
လိုချင်တာရှိရင် ပေးဆပ်နိုင်တဲ့စိတ်လည်း ရှိရမယ်
ရဖို့သက်သက်ကိုသာ မရည်ရွယ်နဲ့ လွယ်လွယ်နဲ့ရတဲ့ အရာမှန်သမျှဟာ ကြာကြာမနေဘူးကွယ့်
ပေးဆပ်ပြီးမှရယူပါ သူ့ကိုပေးဆပ်တယ်ဆိုတာ
ကိုယ့်ဘက်က နစ်နာစရာတွေနဲ့နိုင်းရင် ပြန်ရလိုက်တဲ့ အရာတွေက အဆပေါင်းများစွာ သာနေတတ်တယ်သား...
သူတပါးမပေးချင်တဲ့အရာကို ကိုယ့်ဘက်က
ရလိုစိတ်တခုတည်းနဲ့ ယူလိုက်ချင်းဟာ မီးစကို
ဖင်ဝတတ်ထားရလိုပဲသား တငွေ့ငွေ့နဲ့ ပူလောင်
သွားစေတယ်....
ဒါ့ကြောင့် လိုချင်တာတခုကို စေတနာရှေ့ထားပြီး
ရယူပါ အေးမြတဲ့ အမြတ်တွေ ပိုင်ဆိုင်ရလိမ့်မယ်..
တရားသောအလုပ် တရားသောအတွေးနဲ့ ရလာတဲ့
အရာတိုင်းဟာ အမှန်အကန်ရလဒ်တွေမို့လည်း
ဘယ်အချိန်မဆို အေးချမ်းနေတယ်သား....
" ဒီနေ့ဒီရက်ကစပြီး မတရားမူ့နဲ့ တကိုယ်ကောင်းဆန်တဲ့ လူတယောက်အဖြစ်ကို သားဘယ်တော့မှ မလုပ်တော့ဘဲ
အဖေမှာတဲ့စကားအတိုင်း လူဆင်းရဲရင်နေပါစေ စိတ်မဆင်းရဲဖို့အတွက် လောကကြီးမှာ တရားသော
ရယူခြင်းတွေနဲ့သာ သားဆက်ပြီး ရယူပါတော့မယ် အဖေရယ်..
#KKT
စွယ်စုံ-ကျွဲကျောင်းသား
Photo..credit..
~~~~~~~~~~~~~~~
"အမှန်တိုင်းပြောရရင် ကျွန်တော်ဟာ
တချိန်က အင်မတန်မှ တကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်ရှိသူတယောက်ပါ ...
လိုချင်တာတခုကို ရအောင်တောင်းတယ်
တောင်းမရရင် လုယူတတ်တယ် ဘယ်သူတွေ
ဘာဖြစ်ဖြစ် ကိုယ်ရရင်ပြီးရောဆိုတဲ့စိတ်
ဒါ့ကြောင့်လည်း အဖော်အပေါင်းက တယောက်ပြီး တယောက် ကျနော်ဘဝထဲက ထွက်ခွာသွားကြတယ်
ဘယ်သူမှ အဖက်မလုပ်ချင်ကြတော့ဘူး....
တနေ့ လယ်ကွင်းထဲမှာ အဖေ့ကို ဝိုင်းကူလုပ်ရင်း
အမေလာပို့တဲ့ ထမင်းကို အတူစားဖြစ်ကြတယ်..
အမေက ထမင်းပို့ပြီးပြန်သွားတော့ အဖေက ထမင်းချိုင့်ထဲက ထမင်းနှင့်ငါးဟင်းကိုယူပြီး
ကျနော်မတွေ့အောင် ပန်းကန်ထဲထည့်တယ်...ပြီးမှ.
"သားကြီးရေလာတော့ ထမင်းစားချိန်ရောက်ပြီးကွ
ဆက်လုပ်စရာရှိတာ စားပြီးမှ ဆက်လုပ်ကြတာပေါ့..
ဗိုက်ကလည်း အရမ်းဆာနေတော့ ရိုက်ပေးနေ
မအားတော့ပါ အားရပါးရဆွဲလိုက်ဦးမှဆိုပြ
အဖေနားသွားထိုင်တယ် ထမင်းနှစ်ပုဂံက ဖြစ်ပုံဆန်းနေတယ် တလုံးမှာ ငါးနှစ်တုံးထည့်ပြီး
တလုံးမှာ တတုံးတည်းပါ...
"ကဲသားရေ မင်းကြိုက်တဲ့ ပုဂံသာရွေးကွာ..!
ဘယ်ရမှာလည်း ကျနော်လည်း စဉ်းစာမနေတော့ဘဲ
ငါးနှစ်တုံးရှိတဲ့ ပုဂံကိုကောက်ယူလိုက်တယ်
ပြီးမှ သားဖနှစ်ယောက် အားရပါးရ အတူဆွဲကြတယ်...
အဖေ့ကိုတော့အားနာပါတယ် တကိုယ်ကောင်းဆန်တာက
ဝါသနာမို့ ငါးနှစ်တုန်းနဲ့ အမုန်းဆွဲပစ်ဖို့ ကြံဆည်ခဲ့တယ်...
ထမင်းစားရင်း အဖေ့ပုဂံကို ချောင်းကြည့်မိတယ်
အဖေ့ပုဂံမှာက အပေါ်ကပြထားတာ ငါးတတုံးတည်း
ဆိုပေမယ့် အောက်မှာက နှစ်တုံးထပ်ရှိသေးတယ်
ကျနော့်ပုဂံက နှစ်တုံးထဲ အောက်မှာကြည့်လည်း
ထပ်မရှိတော့ပါ...စိတ်ထဲက ငါဆန္ဒစောသွားလို့ပေါ့ကွာ
ဆိုပြီး အဖေ့ကို မကျေမနပ်ဖြစ်နေမိသေးတယ်....
"အဖေက ကျတော်ကို ပြုံးပြီးပြောတယ်.."
သားရေ လောကကြီးမှာ ကိုယ်လိုချင်တာ ရဖို့
တခုတည်းနဲ့ ကိုယ်မြင်ရာကို အမှန်လို့ ထင်မရဘူးကွ..!
နောက်နေ့လည်း ငါးဟင်းပဲမို့ ပထမနေ့လိုပဲ
အဖေထည့်ကျွေးတယ် ကျနော်လည်း ပထမနေ့လို
အထင်နဲ့ ငါးတတုံးထဲရှိတဲ့ ပုဂံကိုကောက်ယူလိုက်တယ်...
ပုဂံကောက်ယူပြီးတာနဲ့ ကမန်းကတန်းမွှေကြည့်တယ်
ထမင်းအောက်မှာ ဘာမှမတွေ့တော့ပါ အဖေကပြုံးပြီး
ကျနော့်ကို ကြည့်နေတယ်...ပြီးတော့မှ..ေ
" သားရေ အတွေ့အကြုံဆိုတာလည်း အမြဲသုံးလို့ မရဘူးကွ မနေ့ကအတွေ့အကြုံနဲ့ ဒီနေ့ပြသနာကို
ဖြေရှင်းလို့မရဘူး အတွေ့အကြုံလည်းမယုံနဲ့
တခါတလေမှာ လွဲနေတာမျိုးလည်း ရှိတတ်ပါတယ်...
သုံးရက်မြှောက်လည်း ထိုနည်းတူပဲ အဖေက
ထည့်ထားပြန်တယ် ဒီတခါတော့ ကျနော့်စိတ်တွေ
အရင်ကလိုမဟုတ်တော့ဘူး...
" ဘာငိုင်နေတာလည်းသား ယူလေ...
"ကျနော် အရင်မရွေးပါရစေနဲ့တော့အဖေ
အဖေက ကျနော့်ရဲ့အဖေပါ အဖေကို ရိုသေတဲ့အနေနဲ့ အဖေသာအရင် ရွေးယူပါ...
အဖေက ဝမ်းသာပီတိဖြစ်တဲ့ မျက်လုံးတစုံနဲ့
ကျနော့်ကိုကြည့်ပြီး ငါးတတုံးတည်းပါတဲ့ ထမင်းပုဂံကို
ကောက်ယူလိုက်တယ်....အဖေကောက
ပုဂံလုံးက အခါတိုင်းလို တခြားငါးတုံးတွေ
ဖုံးထားခြင်းမရှိပါ...အဖေ့ေ
ကျနော်မျက်ရည်ပါဝဲမိတယ်...
အဲဒီနေ့က ကျနော့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ စကားတချို့ကိုလည်း အဖေ့ကို ပြောဖြစ်ခဲ့တယ်
ကျနော်လိုတာ ရဖို့အတွက် ဒီအတိုင်းဆက်ပြီး တကိုယ်ကောင်းဆန်တဲ့လူမျိုး မဖြစ်ချင်တော့ဘူး
မိဘမောင်နှမ အပေါင်းသင်းတွေအပေါ်
ကိုယ်လိုတာရဖို့ စစရာရာအနိုင်ယူခဲ့မိတဲ့အတွက
သားနောင်တ ရပါပြီးအဖေရယ်...
" ဒါမှ ငါ့သားကွ လောကကြီးမှာ ကိုယ်လိုချင်တာ
ရဖို့အတွက် သူတပါးစိတ်ကိုမှ ဝင်ရောက်စာနာမတတ်ပဲ
ဒီအတိုင်းဆက်သွားနေလို့မရဘူ
လိုချင်တာရှိရင် ပေးဆပ်နိုင်တဲ့စိတ်လည်း ရှိရမယ်
ရဖို့သက်သက်ကိုသာ မရည်ရွယ်နဲ့ လွယ်လွယ်နဲ့ရတဲ့ အရာမှန်သမျှဟာ ကြာကြာမနေဘူးကွယ့်
ပေးဆပ်ပြီးမှရယူပါ သူ့ကိုပေးဆပ်တယ်ဆိုတာ
ကိုယ့်ဘက်က နစ်နာစရာတွေနဲ့နိုင်းရင် ပြန်ရလိုက်တဲ့ အရာတွေက အဆပေါင်းများစွာ သာနေတတ်တယ်သား...
သူတပါးမပေးချင်တဲ့အရာကို ကိုယ့်ဘက်က
ရလိုစိတ်တခုတည်းနဲ့ ယူလိုက်ချင်းဟာ မီးစကို
ဖင်ဝတတ်ထားရလိုပဲသား တငွေ့ငွေ့နဲ့ ပူလောင်
သွားစေတယ်....
ဒါ့ကြောင့် လိုချင်တာတခုကို စေတနာရှေ့ထားပြီး
ရယူပါ အေးမြတဲ့ အမြတ်တွေ ပိုင်ဆိုင်ရလိမ့်မယ်..
တရားသောအလုပ် တရားသောအတွေးနဲ့ ရလာတဲ့
အရာတိုင်းဟာ အမှန်အကန်ရလဒ်တွေမို့လည်း
ဘယ်အချိန်မဆို အေးချမ်းနေတယ်သား....
" ဒီနေ့ဒီရက်ကစပြီး မတရားမူ့နဲ့ တကိုယ်ကောင်းဆန်တဲ့ လူတယောက်အဖြစ်ကို သားဘယ်တော့မှ မလုပ်တော့ဘဲ
အဖေမှာတဲ့စကားအတိုင်း လူဆင်းရဲရင်နေပါစေ စိတ်မဆင်းရဲဖို့အတွက် လောကကြီးမှာ တရားသော
ရယူခြင်းတွေနဲ့သာ သားဆက်ပြီး ရယူပါတော့မယ် အဖေရယ်..
#KKT
စွယ်စုံ-ကျွဲကျောင်းသား
Photo..credit..
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။