အစ္စရေးလ်ဆီက ဘာတွေအတုယူသင့်သလဲ?
အစ္စရေးလ် နှင့် မြန်မာက ရင်ဆိုင်နေရတဲ့ ပြဿ နာ တော်တော်များများ တူညီလာတယ်။ ဒီလိုအခြေအနေမှာ မြန်မာအနေနှင့် အစ္စရေးလ်ထံမှ အတုယူသင့်သည်အချို့ကို ဖော်ပြလိုပါတယ်။
အစ္စရေးလ်သည်လည်း ပါလက်စတိုင်းတွေ အကြမ်းဖက်တာကို ခံရတာတွေ မနည်းလှဘူး။ သို့သော် အတွေ့အကြုံများတဲ့အခါမှာ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတဲ့စန စ်၊ မဟာဗျူဟာ၊ နည်းဗျူဟာ ပြင်ဆင်ထားပြီးဖြစ်တယ်။
အစ္စရေးလ်သည် လက်ရှိနိုင်ငံရပ်တည်နေရသော အခြေအနေအရ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရေးသည် ပထမဦးစားပေးဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုပင် လစ်ဘရယ်လ်ဝါဒရှိတယ်လို့ ကြေငြာစေကာမူ အာဏာရပါတီရော၊ အတိုက်အခံပါတီပါ အမျိုးသားရေးဝါဒီများသာ ဖြစ်ပါတယ်။
အစ္စရေးလ်ရဲ့ နိုင်ငံရေးသည်လည်း ရှုပ်ထွေးပါတယ်။ လက်ရှိအာဏာရပါတီနှင့် အတိုက်အခံပါတီသည် အင်မတန်ကြီးမားသော ပြိုင်ဆိုင်မှု၊ အငြိုးအတေးများ ရှိပါတယ်။ ဘယ်လိုပဲရှိသည်ဆိုစေ မူဆလင်အသိုင်းအဝန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ -- ထိုပြဿ နာသည် အာဏာရပါတီကြောင့် ဖြစ်ရသည်ဖြစ်စေ၊ အတိုက်အခံပါတီကြောင့် ဖြစ်ရသည်ဖြစ်စေ -- ကိုယ်ကိုယ်ချင်း ပြဿ နာကို နောက်ထားပြီး စည်းလုံးကြပါတယ်။
အစ္စရေးလ်ကို ပြင်သစ်၊ ဗြိတိန်က တော်တော်မကျေနပ်ဘူး။ ရုရှကလည်း ပြိုင်ဖက်အမေရိကန်ရဲ့လူအနေနှင့်
လုံးဝမကြည်ဘူး။ ဒီလို အခြေအနေမှာ အစ္စရေးလ်သည် အမေရိကန်ကို
အပိုင်ကပ်ထားတယ်။ ဟိုနိုင်ငံလိုလို - ဒီနိုင်ငံလိုလို မပြတ်မသား မလုပ်ဘူး။
ဆိုလိုတာက မြန်မာဆိုရင် -- တစ်ဖက်မှာ အနောက်ကို အားကိုးသလိုလို၊ တစ်ဖက်မှာက
ရုရှ-တရုတ်က အထောက်အပံ့ရှိ၊ ဒီအခြေအနေမှာ အရေးပေါ်လာတော့
အနောက်အားကိုးရမလိုလို၊ ရုရှ-တရုတ် အားကိုးရမလို ဝေဝေဝါးဝါး ဖြစ်။
တစ်ဖက်မှာလည်း စစ်အင်အားကို ဖြည့်တင်းထားတယ်။ အကယ်၍ အစ္စရေးလ်မှာသာ ICBM ရှိရင် သူ့အနေနဲ့ ပြင်သစ်၊ ဗြိတိန်ကိုတောင် မှုစရာမလိုဘူး။ ဒါကို အစ္စရေးလ်ပြည်သူတိုင်းကလည်း နားလည်သလို အစိုးရကလည်း နားလည်တယ်။ ဘယ်ပါတီအစိုးရဖြစ်ဖြစ် အစိုးရကို မကျေနပ်တာနဲ့ နိုင်ငံရဲ့ လက်နက်စနစ်ကို နိုင်ငံခြားထွက်ပြီး ဖွင့်ဟတဲ့သူ မရှိဘူး။ ဆိုလိုတာက အမျိုးသားရေး နှင့် ပါတီနိုင်ငံရေးကို ခွဲခြားနားလည်တယ်။
အစ္စရေးလ်မီဒီယာတွေသည် ၈၅% အမျိုးသားရေးဦးစားပေး မီဒီယာများ ဖြစ်ကြပါတယ်။ အမှန်တော့ အာရပ် နှင့် မူဆလင်မီဒီယာတွေသည်လည်း အမျိုးသားရေးမီဒီယာတွေချည်း ပါပဲ။
အီရန်ဆိုလျှင်လည်း Fars News, Press TV တို့နှင့် ပြန်ကြားရေး၊
သတင်းဖြန့်ချီရေး နှင့် ဝါဒဖြန့်မှုပိုင်းတွေမှာ သေသေချာချာ
ပြင်ဆင်ထားကြတယ်။ တူရကီလည်း အတူတူ။ ထို့အတူ အာရပ်နိုင်ငံများလည်း အတူတူ။
အထူးသဖြင့် ကာတာက အယ်လ်ဂျားဇီးရား ဖြစ်ပါတယ်။ အစ္စရေးလ်လည်း ထို့အတူပဲ
ပြင်ဆင်ထားတယ်။ မူဆလင်မီဒီယာတွေ ဘယ်လောက်အင်အားကောင်းတယ်ပြောပြော
အစ္စရေးလ်မီဒီယာတွေက အထိုက်အလျောက် တုံ့ပြန်နိုင်စွမ်း ရှိပါတယ်။
အစ္စရေးလ်မီဒီယာတွေကို ချီးကျူးဖို့ကောင်းတာက မည်သို့သော
အခြေအနေမှာဖြစ်ဖြစ်၊ အမျိုးသားရေးသာအဓိက ဝါ နိုင်ငံတော်လုံခြုံရေး နှင့်
အမျိုးသားအကျိုးစီးပွားသာ အဓိက ဆိုတဲ့ ခံယူချက်မူ ရှိကြတာကိုပါပဲ။
ဝန်ကြီးချုပ်ဖြစ်စေ၊ သမ္မတဖြစ်စေ၊ စစ်တပ်အကြီးအကဲဖြစ်စေ အစဉ်အဆက် အစ္စရေးလ်ခေါင်းဆောင်တွေသည် တစ်ယောက်မှ မပျော့ညံ့ကြပါဘူး။ UN မှာ အစ္စရေးလ်ကို ဖိအားပေးရင် ငုံ့မခံပါဘူး။ UN ကို သွားဖို့လည်း ကြောက်မနေပါဘူး။ သွားလေသူ အစ္စရေးလ်သမ္မတကြီး ရှီမွန် ပဲရိစ်ဟာ လက်ထဲက စာအုပ်ကို စားပွဲပေါ်ဘုန်းကနဲ ပစ်ချပြီး ကုလဆွေးနွေးပွဲခန်းမထဲက ထွက်သွားခဲ့ဖူးပါတယ်။ အမေရိကန်အားကိုးနှင့်ဒီလိုမာထန်နိုင်တာလို့
တစ်ချို့ထင်မြင်ကြပေမယ့် သမ္မတအိုဘားမား လက်ထက်တုန်းက အစ္စရေးလ်နှင့်
အမေရိကန်ဆက်ဆံရေး မကောင်းပါဘူး။ ဒါပေမယ့် အစ္စရေးလ်သည် UN, EU, HRW,
amnesty, OIC တို့က ethnic cleansing, crimes against humanity, war
crimes, mass killings of civilians စသည် ဘယ်လိုပင် စွပ်စွဲကြလင့်ကစား
ဂရုမစိုက်ဘဲ ပါလက်စတိုင်းဟားမာ့စ်သူပုန် တွေကို ပြတ်ပြတ်သားသား ချေမှုန်းခဲ့ပါတယ်။
အစ္စရေးလ်မှာ အတုယူစရာ အကောင်းဆုံးက NGO, INGOs များ နှင့် ပတ်သက်တဲ့ ပြတ်သားတဲ့ သဘောထားပါ။ ပါလက်စတိုင်းတွေကို ကူညီဖို့လာတဲ့ တူရကီဖလော်တီလာသင်္ဘောပေါ်ကို သဘောင်္ကမ်းမကပ်ခင်မှာပဲ အစ္စရေးလ်တပ်ဖွဲ့ဝင်တွေ ကုန်းပတ်ပေါ်ကိုတက်ပြီး သင်္ဘောသားတွေကို ရိုက်နှက်ပစ်ခဲ့ဖူးတာမျိုး ရှိပါတယ်။ UN အဖွဲ့များအပါအဝင် HRW, Amnesty တို့ဟာ အစ္စရေးလ်အစိုးရရဲ့ ညွှန်ကြားချက်၊ စည်းကမ်းချက်များအတိုင်းသာ လုပ်ဆောင်ခွင့်ရှိပါတယ်။ Affected area များကို ဘယ် NGO ကိုမှ ဘယ်သတင်းသမားကိုမှ ဝင်ခွင့်မပေးပါဘူး။
မြန်မာအစိုးရ၊ အတိုက်အခံပါတီများ၊ မြန်မာ့အာဏာပိုင်များ၊ မြန်မာ့မီဒီယာများ နှင့် မြန်မာပြည်သူများသည် အစ္စရေးလ်နိုင်ငံကျင့်သုံးလု ပ်ဆောင်နေတဲ့ စနစ်၊ မူ များထဲမှ နှစ်လိုဖွယ် အချို့ကို အတုယူ လိုက်နာကျင့်သုံးမယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံရင်ဆိုင်နေရသော ပြဿ နာများကို၊ ဖိအားများကို အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်ဖြေရှင်းနိုင်လိမ့် မယ်လို့ ယူဆမိပါတယ်။
Copy from Sayar Thant
အစ္စရေးလ် နှင့် မြန်မာက ရင်ဆိုင်နေရတဲ့ ပြဿ နာ တော်တော်များများ တူညီလာတယ်။ ဒီလိုအခြေအနေမှာ မြန်မာအနေနှင့် အစ္စရေးလ်ထံမှ အတုယူသင့်သည်အချို့ကို ဖော်ပြလိုပါတယ်။
အစ္စရေးလ်သည်လည်း ပါလက်စတိုင်းတွေ အကြမ်းဖက်တာကို ခံရတာတွေ မနည်းလှဘူး။ သို့သော် အတွေ့အကြုံများတဲ့အခါမှာ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတဲ့စန
အစ္စရေးလ်သည် လက်ရှိနိုင်ငံရပ်တည်နေရသော အခြေအနေအရ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရေးသည် ပထမဦးစားပေးဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုပင် လစ်ဘရယ်လ်ဝါဒရှိတယ်လို့ ကြေငြာစေကာမူ အာဏာရပါတီရော၊ အတိုက်အခံပါတီပါ အမျိုးသားရေးဝါဒီများသာ ဖြစ်ပါတယ်။
အစ္စရေးလ်ရဲ့ နိုင်ငံရေးသည်လည်း ရှုပ်ထွေးပါတယ်။ လက်ရှိအာဏာရပါတီနှင့် အတိုက်အခံပါတီသည် အင်မတန်ကြီးမားသော ပြိုင်ဆိုင်မှု၊ အငြိုးအတေးများ ရှိပါတယ်။ ဘယ်လိုပဲရှိသည်ဆိုစေ မူဆလင်အသိုင်းအဝန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ -- ထိုပြဿ နာသည် အာဏာရပါတီကြောင့် ဖြစ်ရသည်ဖြစ်စေ၊ အတိုက်အခံပါတီကြောင့် ဖြစ်ရသည်ဖြစ်စေ -- ကိုယ်ကိုယ်ချင်း ပြဿ နာကို နောက်ထားပြီး စည်းလုံးကြပါတယ်။
အစ္စရေးလ်ကို ပြင်သစ်၊ ဗြိတိန်က တော်တော်မကျေနပ်ဘူး။ ရုရှကလည်း ပြိုင်ဖက်အမေရိကန်ရဲ့လူအနေန
တစ်ဖက်မှာလည်း စစ်အင်အားကို ဖြည့်တင်းထားတယ်။ အကယ်၍ အစ္စရေးလ်မှာသာ ICBM ရှိရင် သူ့အနေနဲ့ ပြင်သစ်၊ ဗြိတိန်ကိုတောင် မှုစရာမလိုဘူး။ ဒါကို အစ္စရေးလ်ပြည်သူတိုင်းကလည်း နားလည်သလို အစိုးရကလည်း နားလည်တယ်။ ဘယ်ပါတီအစိုးရဖြစ်ဖြစ် အစိုးရကို မကျေနပ်တာနဲ့ နိုင်ငံရဲ့ လက်နက်စနစ်ကို နိုင်ငံခြားထွက်ပြီး ဖွင့်ဟတဲ့သူ မရှိဘူး။ ဆိုလိုတာက အမျိုးသားရေး နှင့် ပါတီနိုင်ငံရေးကို ခွဲခြားနားလည်တယ်။
အစ္စရေးလ်မီဒီယာတွေသည် ၈၅% အမျိုးသားရေးဦးစားပေး မီဒီယာများ ဖြစ်ကြပါတယ်။ အမှန်တော့ အာရပ် နှင့် မူဆလင်မီဒီယာတွေသည်လည်း အမျိုးသားရေးမီဒီယာတွေချည်း
ဝန်ကြီးချုပ်ဖြစ်စေ၊ သမ္မတဖြစ်စေ၊ စစ်တပ်အကြီးအကဲဖြစ်စေ အစဉ်အဆက် အစ္စရေးလ်ခေါင်းဆောင်တွေသည် တစ်ယောက်မှ မပျော့ညံ့ကြပါဘူး။ UN မှာ အစ္စရေးလ်ကို ဖိအားပေးရင် ငုံ့မခံပါဘူး။ UN ကို သွားဖို့လည်း ကြောက်မနေပါဘူး။ သွားလေသူ အစ္စရေးလ်သမ္မတကြီး ရှီမွန် ပဲရိစ်ဟာ လက်ထဲက စာအုပ်ကို စားပွဲပေါ်ဘုန်းကနဲ ပစ်ချပြီး ကုလဆွေးနွေးပွဲခန်းမထဲက ထွက်သွားခဲ့ဖူးပါတယ်။ အမေရိကန်အားကိုးနှင့်ဒီလိုမ
အစ္စရေးလ်မှာ အတုယူစရာ အကောင်းဆုံးက NGO, INGOs များ နှင့် ပတ်သက်တဲ့ ပြတ်သားတဲ့ သဘောထားပါ။ ပါလက်စတိုင်းတွေကို ကူညီဖို့လာတဲ့ တူရကီဖလော်တီလာသင်္ဘောပေါ်ကို သဘောင်္ကမ်းမကပ်ခင်မှာပဲ အစ္စရေးလ်တပ်ဖွဲ့ဝင်တွေ ကုန်းပတ်ပေါ်ကိုတက်ပြီး သင်္ဘောသားတွေကို ရိုက်နှက်ပစ်ခဲ့ဖူးတာမျိုး ရှိပါတယ်။ UN အဖွဲ့များအပါအဝင် HRW, Amnesty တို့ဟာ အစ္စရေးလ်အစိုးရရဲ့ ညွှန်ကြားချက်၊ စည်းကမ်းချက်များအတိုင်းသာ လုပ်ဆောင်ခွင့်ရှိပါတယ်။ Affected area များကို ဘယ် NGO ကိုမှ ဘယ်သတင်းသမားကိုမှ ဝင်ခွင့်မပေးပါဘူး။
မြန်မာအစိုးရ၊ အတိုက်အခံပါတီများ၊ မြန်မာ့အာဏာပိုင်များ၊ မြန်မာ့မီဒီယာများ နှင့် မြန်မာပြည်သူများသည် အစ္စရေးလ်နိုင်ငံကျင့်သုံးလု
Copy from Sayar Thant
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။