Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 5, 2017

ကိုစိုးဂျုလှိုင်ရေးလာတဲ့ မာလာသို့ပေးစာ


Martin Swe added 3 new photos.

ကိုစိုးဂျုလှိုင်ရေးလာတဲ့ မာလာသို့ပေးစာ
===============================
သို့
ချစ်ရတဲ့..မာလာ
ရေမြေခြားပေမဲ့မင်းရဲ့ရွှေပေလွှာကိုဖတ်ရတဲ့အခါကိုယ့်မှာစိတ်ထိခိုက်ရတယ်...
လူသားဖြစ်တည်မှုဝါဒကိုဗဟိုပြုပါတယ်ဆိုတဲ့ မာလာတစ်ယောက်ခုတော့ရခိုင်အရေး
မှာနှစ်ဖက်မတွေးပဲရတက်မအေးဖြစ်နေပုံရပါတယ်။
မင်းအနေနဲ့ရခိုင်မြေကိုလာပါ...ကြည့်လှည့်...မြင်လှည့်ပါ
မင်းရဲ့ခံစားထိရှတတ်တဲ့နှလုံးသားကိုနှစ်ဖက်ရင်ခွင်တွေထဲတိုးဝင်ကြည့်လှည့်ပါ။
ပကတိအမှန်တရားကိုထင်စွာလင်းစွာမြင်ရပါလိမ့်မယ်။
မင်းရဲ့ဘိလပ်လိုရေးသားဖွဲ့နွဲ့ထားတဲ့ရွှေပေလွှာထဲမှာ -
အချိန်တိုင်းတွေ့နေမြင်နေရတဲ့သတင်းတွေထဲကအကြမ်းဖက်ခံနေရတဲ့ရိုဟင်ဂျာ
မွတ်ဆလင်တွေကြောင့်အသည်းနှလုံးတွေပျက်သုဉ်းရမတတ်ဖြစ်နေမိတယ်လို့
ဖတ်ရပါတယ်။
☆ဆူပူအကြမ်းဖက်သတ်ဖြတ်မှုတွေချက်ခြင်းရပ်တန့်ပါ။

မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကအပြစ်မဲ့ကလေးငယ်တွေသတ်ဖြတ်နေကြတဲ့ပုံတွေ
မြင်ရကြားရဖတ်ရတယ်...ဒီသူတို့ကဘာအပြစ်တွေကျူးလွန်မိခဲ့လို့လဲ...ဘယ်သူ
တစ်ဦးတစ်ယောက်ကိုတိုက်ခိုက်ကြလို့လဲ...သူတို့နေအိမ်အဆောက်အဦးတွေမီးရှို့
ဖျက်ဆီးခံနေရဆဲပါပဲလို့ဆိုပါတယ်။
☆ရိုဟင်ဂျာတွေနှစ်ပေါင်းများစွာမျိုးရိုးစဉ်ဆက်နေထိုင်လာခဲ့တဲ့အရပ်ဒေသနိုင်ငံ
ဖြစ်တဲ့မြန်မာနိုင်ငံကသူတို့နိုင်ငံမဟုတ်ဘူးဆိုရင်သူတို့မူရင်းနိုင်ငံကဘယ်မှာလဲ...
သူတို့(ရိုဟင်ဂျာ)တွေမွေးဖွားချိန်ကစအစဉ်အဆက်နေထိုင်လာခဲ့တဲ့မြန်မာနိုင်ငံကပဲ
သူတို့ကိုနိုင်ငံသားအဖြစ်အသိအမှတ်ပြုပေးသင့်တာပေါ့...။ကျွန်မရဲ့မူရင်းနိုင်ငံ
ပါကစ္စတန်ကအစအခြားနိုင်ငံတွေကပါဝိုင်းဝန်းပြီးတော့ဆူပူအကြမ်းဖက်မှုအမျိုးမျိုး
ကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ရိုဟင်ဂျာမိသားစုဝင်တွေကိုစားနပ်ရိက္ခာတွေ၊
ရွက်ထည်တဲတွေကအစစားစရာကျွေး၊နေစရာပေးတဲ့အပြင်ပညာရေးထောက်ပံ့မှုတွေ
ကိုပါလုပ်ဆောင်ပေးနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုစံနမူနာပြုအတုယူကြရမယ်။
လွန်ခဲ့သောနှစ်ကာလများစွာထဲကဒီလိုရှက်ရွံ့ဖွယ်၊အော့နှလုံးနာဖွယ်ရာဖြစ်ရပ်တွေကို
ကျွန်မထပ်ကာထပ်ကာကြိမ်ဖန်များစွာရှုံ့ချဝေဖန်ခဲ့ပါတယ်...ကျွန်မလိုပဲငြိမ်းချမ်းရေး
နိုဘယ်ဆုရှင်တစ်ယောက်ဖြစ်တဲ့အောင်ဆန်းစုကြည်အနေနဲ့လည်းအလားတူဝေဖန်ရှုံ့ချ
လာမှာကိုစောင့်မျှော်နေပါတယ်။ ဒီလိုပါပဲကမ္ဘာကြီးတစ်ခုလုံးရောရိုဟင်ဂျာမွတ်ဆလင်
အသိုင်းအဝိုင်းကပါစောင့်မျှော်နေပါတယ်...တဲ့.................
ဖတ်လို့တော့ကောင်းပါတယ် မာလာ
ခံစားမှုကတော့မကောင်းပါဘူး။
မင်းရဲ့ရွှေပေလွှာထဲမှာတစ်ဖက်အမြင်ကိုပဲအသားပေးရေးသားထားတာတွေ့ရပါတယ်။
ကိုယ်တို့မြေကသတ်ဖြတ်ခံနေရတဲ့၊မီးရှို့ဖျက်ဆီးခံနေလို့ကစင့်ကလျားထွက်ပြေးတိမ်းရှောင်
နေရတဲ့အိုးမဲ့အိမ်မဲ့ရခိုင်မိသားစုဝင်တွေရဲ့အကြောင်း၊ဖျက်ဆီးခံရုပ်ပွားတော်တွေ၊စေတီ
ကျောင်းကန်ဘုရားအပါအဝင်ဘာသာရေးအဆောက်အဦးတွေအကြောင်းတစ်လုံးမှပါဝင်
လာတာမတွေ့ရပါဘူး...ရိုဟင်ဂျာဆိုတဲ့စကားလုံး(၄)လုံးတိတိပါဝင်လာတဲ့ဒီရွှေပေလွှာမှာ
ရခိုင် ဆိုတဲ့စကားရပ် အသုံးအနှုန်းတစ်လုံးမှကိုယ်ရှာလို့ဖွေလို့မတွေ့ခဲ့ပါဘူး။
စေ့စေ့ငုငုလေ့လာကြည့်ရင်ရခိုင်အရေးအခင်းဟာအကြမ်းဖက်သူနဲ့အကြမ်းဖက်ခံရသူကြား
ကကြီးမားထိတ်လန့်ဖွယ်ရာနယ်မြေချဲ့ထွင်လို့ဖြစ်ပွားလာတဲ့ပဋိပက္ခဘာသာရေး၊လူမျိုးရေး
ပဋိပက္ခမဟုတ်ပါ။
မင်းကိုယ်တိုင်ဘိလပ်ကိုရောက်နေရတဲ့အကြောင်းရင်းကိုကတာလီဘန်အကြမ်းဖက်လူသတ်
သမားတွေလက်ကလွတ်မြောက်အောင်တိမ်းရှောင်ခဲ့ရလို့မဟုတ်ပါလား..မင်းရဲ့ဇာတိမြေ
ပါကစ္စတန်မြောက်ပိုင်းဆွတ်တောင်ကြားဒေသက"ခူရှားစာသင်ကျောင်းလေး"၊မင်းတို့
ပက်ရှ်တွန်မျိုးနွယ်စုတွေနေထိုင်ရာအေးချမ်းတဲ့နယ်မြေဖြစ်တဲ့မင်ဂိုရာမြို့ကလေး၊အဝေးက
ဟိန္ဒူကွတ်ရှ်တောင်တန်းတွေ၊စပျစ်၊မာလကာ၊ဇီးသီးနဲ့သဖန်းသီးတွေပေါတဲ့မင်းနေထိုင်ခဲ့ရာ
ခြံဝန်းလေးကိုတာလီဘန်တွေကြောင့်သာမဟုတ်ခဲ့ရင်မင်းစွန့်လွှတ်ချင်ခဲ့မှာမဟုတ်ပါဘူး။
မင်းတို့ပက်ရှ်တွန်မျိုးနွယ်စုတွေရဲ့အကြောင်းမင်းရေးခဲ့ဖူးပါတယ်။
"ကျွန်မတို့သည်ကျွန်မတို့နယ်မြေကိုတိုက်ခိုက်လာသောပြင်ပမှရန်သူများကိုအမြဲအတူတကွ
တိုက်ဖျက်တတ်ကြ၏လို့ဆိုတယ်...၁၈၈၀ခုနှစ်ဒုတိယအကြိမ်အင်္ဂလိပ်-အာဖဂန်စစ်ပွဲမှာ
ကျူးကျော်သူနယ်ချဲ့တွေကိုတိုက်ထုတ်ခဲ့တဲ့သူရဲကောင်းမကြီး"မာလာလေ"ဆိုတဲ့အမျိုးသမီး
ကြီးရဲ့နံမည်ကိုအစွဲပြုပြီးမင်းအမည်"မာလာလာ"လို့မင်းအဖေ"ဇီယာအူဒင်"ကပေးခဲ့တယ်
လို့လည်းဖတ်ခဲ့ရဖူးပါတယ်။
မင်းအဖေဇီယာအူဒင်ကစာတတ်ပေတတ်၊ခေတ်ကိုမျှော်မြင်တတ်တဲ့ဖခင်ကောင်းတစ်ယောက်
လည်းဖြစ်တယ်...သားသမီးတွေကိုဆင်ခြင်တုံတရားပြည့်ဝအောင်လမ်းညွှန်ပေးတတ်သူ
တစ်ယောက်လို့လည်းယုံကြည်ပါတယ်။
မင်းအဖေရေးခဲ့ဖူးတဲ့"ဘူခါရာ၏ပုံရိပ်များ"ဆိုတဲ့ကဗျာရှည်ကြီးထဲမှာဗုဒ္ဓဘာသာဘုရား
ကျောင်းကန်တွေနဲ့ဗလီတွေ၊ဝတ်ပြုဆောင်တွေယှဉ်တွဲဆောက်လုပ်ထားပုံတွေရေးဖူးတယ်လို့
ဆိုပါတယ်။
ဒီတော့မင်းဖြတ်သန်းလာရတဲ့မိသားစုပတ်ဝန်းကျင်ဟာအကြမ်းဖက်မှုကိုမလိုလားတဲ့ရပ်ဝန်း
ဆိုတာယုံမှားသံသယဖြစ်စရာမရှိ။ရခိုင်ပဋိပက္ခရဲ့အရင်းအမြစ်ဟာအကြမ်းဖက်သူတွေ
နယ်မြေချဲ့ထွင်လို့ဖြစ်ရတဲ့အရေးအခင်းပါ။
လူမျိုးရေးလည်းမဟုတ်၊ဘာသာရေးလည်းမဟုတ်ပါ။
ဒီတော့အကြမ်းဖက်သမားဖက်ကရပ်တည်မလား၊အကြမ်းဖက်ခံရသူတွေဖက်ကရပ်တည်
မလားစဉ်းစားစေချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဆီကမဖြစ်နိုင်တဲ့သတင်းစကားကိုမမျှော်လင့်ပါနဲ့တော့
မင်းလိုပဲငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦးဖြစ်တဲ့ရခိုင်က်ေမရှင်အကြီးအကဲမစ္စတာအာနမ်
ကိုပဲသွားမေးပါ သွားလေ့လာပါ။
ကော်မရှင်အစီရင်ခံစာကိုသေသေချာချာဖတ်ရှုပါလို့ပဲအကြံပြုပါရစေ။
ခုဆိုမင်းတစ်ယောက်ဘိလပ်ရွှေမြို့တော်ကြီးမှာအေးချမ်းတည်ငြိမ်အနှောင့်အယှက်
ကင်းစွာနဲ့မင်းပညာတွေဆက်သင်နေနိုင်ပါပြီ...အောက်စဖို့ဒ်ကျောင်းတော်ကြီးကိုလည်း
ဝင်ခွင့်ရခဲ့ပါပြီ။အကြမ်းဖက်မှုကိုဆန့်ကျင်လို့ရခဲ့တဲ့အသက်အငယ်ဆုံးငြိမ်းချမ်းရေး
နိုဘယ်ဆု၊ဆာခါရော့လူ့အခွင့်အရေးဆု(ဒေါ်အောင်ဆန်းစုကြည်နဲ့မင်ဒဲလားလည်းရခဲ့ဖူး
ပါတယ်)လွတ်လပ်တွေးခေါ်မျှော်မြင်ဆုစတဲ့ဆုများရှင်လည်းဖြစ်မာလာလာရံပုံငွေအဖွဲ့
ဦးစီးပဲ့ကိုင်လည်းဖြစ်တဲ့မာလာတစ်ယောက်အမှန်မြင်၍အမြင်မှန်စေဖို့
ဆုတောင်းလိုက်ပါတယ်...။
မေတ္တာများစွာဖြင့်
Soe July
.
ပြန်​လည်​မျှ​ဝေ​ပေးပါတယ်
လေးစားလျှက်
Martin Swe
05-09-2017

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။