Dream Lab
Smart people တွေ ဘယ်လိုမျိုး အမှားတွေ အရှုံးတွေကို ရင်ဆိုင်လဲ
အမှားတွေ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ အရေးကြီးသလို ဘယ်လို စိတ်သဘောထားမျိုးထားရမယ်ဆိုတာဟာလဲ အရေးကြီးပါတယ်။
၁။ ကိုယ့်အမှားကို ကိုယ်ကိုယ်တိုင် ထုတ်ဖော်ပါ။
တကယ်လို့ မင်းအမှားတစ်ခု ကျူးလွန်ခဲ့တယ်ဆိုရင် ဒါကို ဘယ်သူမှသိမှာမဟုတ်ဘူးလို့ မထင်ပါနဲ့။ တစ်ယောက်ယောက်ကတော့ ဒါကို ထုက်ဖော်ပါလိမ့်မယ်။ မင်းရဲ့ အမှားကို တစ်ယောက်ယောက်က ထောက်ပြလိုက်ရင်တော့ မင်းအတွက် အရှုံး နှစ်ခုဖြစ်သွားပါပြီ။ မင်းငြိမ်နေမယ်ဆိုရင်တော့ လူတွေက မင်းကို သူရဲဘောကြောင်တဲ့သူ တာဝန်မယူတတ်တဲ့သူအဖြစ်သတ်မှတ်ပါလိမ့်မယ်။
၂။ ရှင်းလင်းချက်ပေးပါ။ ဆင်ခြေမပေးပါနဲ့။
ကိုဟ့်အမှားကိုယ်တာဝန်ယူတတ်တာဟာ မင်းရဲ့ပုံရိပ်ကို ကောင်းမွန်စေမှာပါ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု တာဝန်ယူတတ်မှု ရိုးသားဖြောင့်မတ်မှုတွေကို ပြသပေးနိုင်ပါတယ်။ ဆင်ခြေမပေးမိပါစေနဲ့။
၃။ ဖြေရှင်းပါ။
အမှားကို တာဝန်ယူလိုက်ရုံနဲ့ ပြီးမသွားပါဘူး။ ဖြေရှင်းဖို့က အရေးကြီးပါတယ်။ မင်းလုပ်ခဲ့တဲ့ ကိစ္စကို တစ်စုံတစ်ယောက်က လာပြီးဖြေရှင်းပေးဖို့ စောင့်နေလို့မရပါဘူး။ မင်းကိုယ်တိုင် ဖြေရှင်းရပါလိမ့်မယ်။
၎။ နောက်ထပ် ဒီလိုအမှားမျိုးမဖြစ်အောင် သတိထားရပါမယ်။
ဒါဟာ အရေးကြီးဆုံးအရာဖြစ်ပါတယ်။ အမှားတွေ ကျူးလွန်ပြီး အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့ထဲက အကောင်းဆုံးအရာတွေ ယူနိုင်တယ်ဆိုတာ ဒီလိုပုံစံနဲ့ပါ။ နောက်ထပ် ပုံစံတူအမှားမျိုး မလုပ်မိအောင် သင်ခန်းစာယူရပါမယ်။ သတိထားရပါမယ်။
၅။ အမှားတွေ အရှုံးတွေက မင်းကို မကြောက်ရွံ့စေပါနဲ့။
လူတော်တော်များများဟာ အမှားတွေကို လုပ်မိရင်ပဲဖြစ်ဖြစ် ကျရှုံးခဲ့ရင်ပဲဖြစ်ဖြစ် နောက်ထပ် စတင်ဖို့ ကြောက်ရွံ့တတ်ကြပါတယ်။ ကိုယ့်ရဲ့အမှားတွေက သင်ခန်းစာယူပါ။ ပြီးရင်တော့ ပြန်လည်စတင်ပါ။ ထပ်ကြိုးစားပါ။
၆။ အရှုံးတွေအပေါ် မှန်ကန်တဲ့အမြင်ရှိပါ။
အရှုံးတွေ ရင်ဆိုင်ရတဲ့အခါ မင်းထားရမဲ့ စိတ်နေသဘောထားဟာ ဖြေရှင်းနိုင်ဖို့မင်းလုပ်ရမဲ့အရာတွေလိုပဲ အရေးကြီးပါတယ်။
အရှုံးတွေ ရင်ဆိုင်ပြီးတဲ့နောက်မှာ တစ်ချို့လူတွေကတော့ အမှားတွေ အရှုံးတွေဟာ သူတို့ရဲ့ personal quality ပြီးတာ့ intelligence စတဲ့ အရာတွေကို အပြစ်ပုံချပါလိမ့်မယ်။ ဒီလိုအခြေအနေတွေအပေါ် မထိန်းချုပ်နိုင်ဘူးဆိုပြီး လွယ်လွယ်ကူကူ အလျော့ပေးတတ်ပါတယ်။ ဒါဟာ မှားယွင်းတဲ့အမြင်တစ်ခုပါ။
၇။ အကောင်းမြင်စိတ်ရှိပါ။
အကောင်းမြင်စိတ်ရှိတယ်ဆိုတာဟာ ဒီအရှုံးတွေ အမှားတွေဟာ permanent condition အဖြစ် ထင်မြင်နေခြင်းက ကာကွယ်ပေးပါလိမ့်မယ်။ အဲ့ဒီအစား အရှုံးတွေကို အောင်မြင်မှုအတွက် လှေကားထစ်များသဖွယ် အသုံးချစေမှာပါ။
၈။ မဆုတ်မနစ်ကြိုးစားမှု
အရှုံးတွေကတော့ အမြဲကြုံတွေ့ရနိုင်ပါတယ်။ ကိုယ့်မှာ မဆုတ်မနစ်ကြိုးပမ်းမှုမရှိရင်တော့ သူများတွေလို လွယ်လွယ်နဲ့ အလျော့ပေးလိုက်ပြီး ဘယ်တော့မှ အောင်မြင်မှု ရနိုင်မှာမဟုတ်ပါဘူး။
အောင်မြင်တဲ့သူနဲ့ မအောင်မြင်တဲ့သူတွေကို ကွဲပြားစေတာကတော့ အရှုံးဆိုတဲ့အရာပေါ်မှာ မြင်တဲ့အမြင်ပဲ ဖြစ်ပါတယ်။ ရှုံးနိမ့်မဲ့သူတွေကတော့ အရှုံးတွေ အမှားတွေကို မကျော်လွှားနိုင်တဲ့ အရာအဖြစ် ထင်မြင်ကြပြီး အောင်မြင်သူတွေကတော့ အရှုံးတွေကနေ သင်ခန်းစာယူပြီး စိတ်ဓာတ်ခွန်အားအပြည့်နဲ့ အလွယ်တကူ ကျော်လွှားနိုင်ကြပါလိမ့်မယ်။
reference : forbes.com
Chit Su Moe Oo
Content Distributor
Dream Lab(Y.E.C learning center)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။