ဘ၀မှာ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်စေနိုင်မည့် အမူအကျင့်များ
************************** **********************
အောင်မြင်မှုဆိုတဲ့အရာက စိတ်ရောကိုယ်ပါနှစ်မြုပ်ပြီး မလုပ်ဆောင်ပဲ အလွယ်တကူရောက်ရှိလာမယ့်အရာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သင်အနေနဲ့ အမူအကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ သင့်ရရှိလာမယ့် အကျိုးရလဒ်တွေနဲ့ အောင်မြင်မှုတွေကို တားဆီးပိတ်ပင်နိုင်မယ့်သူ ဒီကမ္ဘာမှာရှိမှာမဟုတ်ပါဘူး။ ဒ့ါကြောင့် သင့်ရဲ့ဘ၀မှာ စောစောစီးစီးအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့အတွက် နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ သတိပြုဆင်ခြင်ရ မယ့် အမူအကျင့်(၂၀)ကို ဖော်ပြလိုက်ပါတယ်။
၁။ အချိန်စီမံခန့်ခွဲမှုကောင်းပါစေ
***********************
အချိန်စီမံခန့်ခွဲမှုကို အရင်ဆုံးလေ့လာရမယ့် အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်လေ့လာပါ။့ သင့်ရဲ့ အလုပ်တွေကို ဦးစားပေးသတ်မှတ်ပြီး၊ မှန်ကန်တဲ့အချိန်နဲ့ နေရာမှာ အင်အားကိုစိုက်ထုတ်တတ်ခြင်း အားဖြင့် အလုပ်မှန်သမျှကို နောက်ဆုံးချိန်မတိုင်ခင် အပြီးသတ်ဆောင်ရွက်နိုင်မြှာ ဖစ်ပါတယ်။
၂။ အရေးပါတဲ့လူတစ်ယောက်ဖြစ်နေပါစေ
************************** ***
သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူ တွေ တစ်ခုခုလိုအပ်ချိန်မှာ သင်ကအမြဲတမ်းအသင့်ရှိနေတတ်ြ ပီး အားလုံးက သင်မရှိရင် မဖြစ်ဘူးဆိုတာမျိုး တွေးမိနေပါစေ။ အထူးသဖြင့် သင့်ရဲ့အလုပ်ရှင်က တွေးမိနေဖို့လိုပါတယ်။
၃။ အရမ်းမကြွားပါနဲ့
***************
သင့်ရဲ့အောင်မြင်မှု၊ စွမ်းဆောင်နိုင်မှုတွေကို အားလုံးသိအောင် ထုတ်ဖော်ကြေညာနေဖို့တော့ အရမ်းစိတ်အား ထက်သန်နေလို့ မဖြစ်ပါဘူး။ အခြားလူတွေမလုပ်နိုင်အောင် ခက်ခဲတဲ့အရေးကိစ္စတစ်ခုခုကို
စွမ်းဆောင်နိုင်မှသာ အောင်ပွဲခံသင့်ပါတယ်။ လုပ်စရာရှိတာကို
အရင်လုပ်ပြလိုက်ပါ။ ပြီးမှာ အားလုံးသိအောင် ပြောပြပါ။ တကယ်တော့
သင့်ရဲ့ကြိုးစားအားထုတ်မှုနဲ့  ပတ်သက်ပြီး တိတ်တိတ်နေလေလေ၊ ရလဒ်ထွက်ပေါ် လာချိန်မှာ အခြားလူတွေအတွက် ပိုပြီး အံ့အားသင့်ရလေဖြစ်ပါတယ်။
၎။ အပြောလျှော့ပြီး ပိုနားထောင်ပါ
************************
အစည်းအဝေးတိုင်းမှာ စိတ်ဝင်တစားရှိပါ။ အခြားသူတွေရဲ့စိတ်ကူးက သင့်အတွက် အသုံးမ၀င်ဘူးဆိုရင် တောင်မှ သေချာနားထောင်ပါ။ သူတို့ရဲ့စိတ်ကူးတွေက သင့်အတွက် အကြံသစ်တွေဖြစ်လာစေနိုင်ပါတ ယ်။ ဒါ့အပြင် စကားနည်းနည်းပဲပြောတဲ့အတွက် ကြောင့် အမှားတွေပြောမိနိုင်ချေနည်း သွားမှာဖြစ်ပါတယ်။ ဒီအတွက် သင့်ရဲ့စကားကိုကြားရဖို့အတွ က်ကိုလည်း လူတွေက စိတ်ဝင်တစားစောင့်နေကြမှာဖြ စ်ပါတယ်။
၅။ ရည်မှန်းချက်ကြီးကြီးထားပြီး ကိစ္စသေးသေးတွေကို လုပ်ဆောင်ပါ
************************** *
ဟုတ်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်အိပ်မက် ကို ဖြစ်နိုင်သမျှ အဆုံးစွန်အထိ တွေးထားဖို့လိုပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကိုရောက်ရှိဖို့ အတွက် လိုအပ်တဲ့ ရေတိုပန်းတိုင်းတွေကို အစီအစဉ်ချလျှောက်လှမ်းသွားရ မှာ ဖြစ်ပါတယ်။ ဒါမှ သင့်ရဲ့ရည်မှန်းချက်ကနေ လမ်းကြောင်းလွဲမသွားစေပဲ အမြဲတမ်းဦးတည်လျှောက်လှမ်း နေနိုင်မှာ ဖြစ်ပါတယ်။
၆။ ပါးနပ်မှုရှိပါ
************
တစ်ခါတစ်ရံမှာ တကယ်ဆိုးဝါးတဲ့လူတွေနဲ့ အလုပ်အတူလုပ်ရလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ကို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး ဆက်ဆံနိုင်ဖို့လိုပါတယ်။ သူတို့နဲ့ ပဋိပက္ခတွေကို ရန်ဖြစ်ရတာမျိုးမဟုတ်ပဲ ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ သဘောထားကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေရှိနေပေမယ့် ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်တာ ဟာ ရေရှည်မှာ သင့်အတွက် အကျိုးရှိစေမှာပါ။
၇။ အရမ်းအလျှော့မပေးမိပါစေနဲ့
**********************
တခါတစ်ရံမှာ သင့်အတွက် အရမ်းစိတ်ပျက်စရာဖြစ်လာပြီဆိုရင်တော့
ရင်ဆိုင်ဖြေရှင်းတတ်ဖို့ လိုပါတယ်။ သင့်အတွက် သင်ရပ်တည်နိုင်
တဲ့နေ့ကနေစပြီး လူတွေက သင့်ကို ခေါင်းဆောင်တစ်ယောက်အဖြစ် မြင်လာ
ကြမှာဖြစ်ပါတယ်။
၈။ စနစ်တကျအလုပ်လုပ်ပါ
*******************
အလုပ်ကို ကြိုးကြိုးစားစားလုပ်တိုင်း အောင်မြင်မယ်ဆိုရင် လူတိုင်းအလုပ်ချည်းပဲလုပ်နေ ကြမှာဖြစ်ပါတယ်။
တကယ်တော့ အလုပ်ကို ပင်ပန်းတကြီး ကြိုးစားလုပ်ဆောင်နေတာထက်
စနစ်တကျမှန်မှန်ကန်ကန် လုပ်တတ်ဖို့ လိုပါတယ်။ ပြဿနာတိုင်းအတွက်
အလွယ်ကူအထိရောက်ဆုံးနည်းလမ်းကို ရှာဖွေဖြေရှင်းပါ။ ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲဆိုတာကို အံ့သြစရာကောင်းလောက်အောင် သိရှိလာပါလိမ့်မယ်။
၉။ စကားလုံးအသုံးအနှုန်း ဂရုစိုက်ပါ
*************************
ဘာပြောမယ်၊ ဘယ်အချိန်မှာပြောမယ်ဆိုတာကို သိဖို့လိုပါတယ်။ စကားလုံးအသုံးအနှုန်းမှန်တာက
အခြေအနေအရပ်ရပ်ကို သင့်အတွက် အသာရရှိစေပြီး သင့်ရဲ့သိက္ခာကိုလည်း
မြင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ စကားပြောကျွမ်းကျင်သူတွေဟာ
ကုမ္ပဏီလုပ်ငန်းတစ်ခုအတွက် အရေးပါတဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ် ။ ဒီလိုလူမျိုးကိုပဲ ကုမ္ပဏီရဲ့မျက်နှာစာအဖြစ် ထုတ်သုံးတတ်ပါတယ်။
၁၀။ တစ်ရွာတစ်ကျီဆောက်ပါ
*********************
သင့်ဘ၀မှာ ဘယ်သူကလိုတယ်၊ ဘယ်သူကတော့ မလိုအပ်ဘူးဆိုတာကို ကြိုမသိနိုင်ပါဘူး။ ဒါ့ကြောင့် အားလုံးက မှတ်မိခင်မင်နေသူတစ်ယောက်ဖြ စ်ပြီး အလုပ်တွဲလုပ်ချင်စိတ်ရှိသူတ စ်ယောက် ဖြစ်အောင် ကြိုးစားပါ။ လူတွေနဲ့ ခင်မင်ရင်းနှီးမှုတည်ဆောက်တာ က အခုလတ်တလောအချိန်မှာ အသုံးတည့်မှာ မဟုတ်ပေမယ့် ရေရည်မှာ သင့်ရဲ့အောင်မြင်မှုအတွက် အထောက်အကူဖြစ်မလာနိုင်ဘူးလို့ ပြောလို့ မရပါဘူး။
၁၁။ စိတ်ဝင်စားတက်ကြွမှုရှိပါ
********************
လူ့သမိုင်းကြောင်းတစ်လျှောက် အောင်မြင်ခဲ့သူတွေအများစုအတွက် အခြေခံတူညီမှုတစ်ခုက စိတ်ဝင်စား တက်ကြွမှုရှိခြင်းပဲဖြစ်ပါတယ်။ သင်က စိတ်ဝင်စားမှုအပြည့်ရှိတဲ့ အရာကို လုပ်ဆောင်နေမယ်ဆိုရင် အောင်မြင်မှုက သိပ်ဝေးမှာမဟုတ်ပါဘူး။
၁၂။ အောင်မြင်သူတွေဆီက ပညာယူပါ
************************** *
တကယ်ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်နေသူတွေကို လေ့လာပါ။ သူတို့ရဲ့ကောင်းကွက်တွေ ဆိုးကွက်တွေကို ရှာဖွေပါ။ သူတို့အတွက် အလုပ်ဖြစ်တဲ့နည်းလမ်းတိုင်း က သင့်အတွက် အလုပ်ဖြစ်ချင်မှဖြစ်ပါလိမ့် မယ်။ ဒါပေမယ့် အောင်မြင်သူတွေကို လေ့လာခြင်းအားဖြင့် အောင်မြင်မှုကို ရယူဖို့ လိုအပ်ချက်တွေကို သင်နားလည် လာပါလိမ့်မယ်။
၁၃။ သင့်ရဲ့တိုးတက်မှုကို ဆင်ခြင်ပါ
*************************
သင့်ရဲ့နေ့စဉ်ဘ၀မှာ ဘာတွေတိုးတက်မှုရှိပါသလဲ၊ ဘာတွေဆုတ်ယုတ်နေပါသလဲ အမြဲတမ်း ဆင်ခြင်နေဖို့ လိုအပ်ပါတယ်။ အခုလုပ်နေတဲ့အရေးကိစ္စတွေက သင့်ရောက်ချင်တဲ့နေရာရောက်ဖို့အတွက် အထောက်အကူ ဖြစ်ပါသလား။ သင်လုပ်သမျှအရာအားလုံးအတွက် သတိရှိပါ။ ဒါမှသာ သင့်ရဲ့ရည်မှန်းချက်ဆီကို မျက်ခြေမပြတ် သွားနိုင်မှာဖြစ်ပါတယ်။
၁၄။ ယုံကြည်မှုရှိပါ
*************
ယုံကြည်မှုဟာ အရာအားလုံးကို စွမ်းဆောင်နိုင်စေပါတယ်။ သင်လုပ်နိုင်တယ်လို့ ယုံကြည်တဲ့အရာအားလုံးကို သင်စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်သင် ယုံကြည်ပါ။ တစ်လောကလုံးကလည်း သင့်ကို ယုံကြည်လာပါလိမ့်မယ်။
၁၅။ ထိပ်ဆုံးမှာအမြဲရှိနေပါစေ
*********************
ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြ စ်
အကောင်းဆုံးလုပ်ဆောင်ပြီး အကောင်းဆုံးရလဒ်တွေကိုပဲ ရယူပါ။ သင်ပိုပြီး
အောင်မြင်လာတာနဲ့အမျှ သင်နဲ့ သင့်ရဲ့ပြိုင်ဘက်တွေအကြား
ကွာဟာချက်ကိုထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင် ဖို့ လိုပါတယ်။
၁၆။ ဆန်းသစ်တီထွင်မှုရှိပါစေ
********************
ထူးခြားဆန်းသစ်မှုတွေကို ယူမလာနိုင်ပဲ မလုပ်မရှုပ်မပြုတ်နေရင်တော့ သင်တည်ရှိနေတဲ့အကြောင်းကို အထူးတလည် ဂရုစိုက်ဖို့အကြောင်းရှိမှာ မဟုတ်ပါဘူး။ သင့်ရဲ့ထူးချွန်မှုတွေကိုရှာ ဖွေပြီး အခြားလူတွေ မလုပ်နိုင်တာ၊ မလုပ်ဖူးသေးတာတွေကို လုပ်ပြပါ။
၁၇။ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါစေ
************************
အခြေအနေနဲ့အချိန်အခါတွေက သင်စိတ်ကူးထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန်ပြောင်းလဲနို င်ပါတယ်။
ဒါ့ကြောင့် အမြဲတမ်း သတင်းအချက်အလက်တွေရယူပြီး ဈေးကွက်ပြောင်းလဲမှုတွေကို
လေ့လာနေဖို့ လိုအပ်ပါတယ်။ ဘာတွေလိုအပ်နေလဲ၊ ပြိုင်ဖက်တွေက
ဘာတွေလုပ်နေသလဲဆိုတာတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး
အလိုက်သင့်ပြောင်းလဲသင့်ပါတ ယ်။
၁၈။ ဘယ်တော့မှ အရှုံးမပေးပါနဲ့
**********************
အောင်မြင်မှုဆီကို ချီတက်ရာမှာ ဘယ်လောက်မြန်မြန်သွားလဲဆိုတာထက်
ဘယ်လောက်အထိ လျှောက်လှမ် နိုင်သလဲဆိုတာက အရေးကြီးပါတယ်။ သင်တစ်ကြိမ်လောက်
လက်လျှော့လိုက်တာနဲ့ သင့်ရဲ့ပြိုင်ဖက်တွေက ရှေ့ကို ကျော်တက်သွားမယ်ဆိုတာ
အမြဲမှတ်ထားပါ။
၁၉။ အခွင့်အလမ်းကို ရှာဖွေပါ
*********************
ထူးခြားတဲ့အခွင့်အလမ်းတွေဆိုတာ သင့်ဆီကိုအလိုလိုရောက်လာမှာ မဟုတ်ပါဘူး။
အမြဲတမ်းသတိထားစောင့် ကြည့်ပြီး တွေ့တာနဲ့ ရယူထားနိုင်ဖို့လိုပါတယ်။
အခွင့်အလမ်းမှန်သမျှကို ဦးဆုံးရယူနိုင်သူဖြစ်ပါစေ။ အမြဲတမ်း
စိတ်အားတက်ကြွနေပြီး သင့်ရဲ့အလုပ်ရှင်က ကိစ္စတစ်ခုခုတာဝန်ပေးဖို့ရှိ တိုင်းမှာ သင့်ကိုအရင်ဆုံးတွေးမိ နေပါစေ။
၂၀။ အလုပ်မှာကျွမ်းကျင်မှုရှိပါေ စ
***********************
သင်အမှန်တကယ်အောင်မြင်ချင်တဲ့ဆိုရင်
သင်လုပ်တဲ့အလုပ်မှာ ကျွမ်းကျင်ရမှာဖြစ်ပါတယ်။ အခြားလူတွေထက်
စောစီးစွာအောင်မြင်ချင်ရင် သူတို့ထက်ပိုပြီး ကျွမ်းကျင်နေဖို့လိုပါတယ်။
လူတိုင်းရဲ့ အလုပ်ကို လေ့လာပါ။ အစကနေအဆုံးအထိ ဘာတွေလုပ်သွားလဲဆိုတာ
မှတ်သားပါ။ ဘယ်ကိစ္စမဆို တခြားသူတွေအပေါ်မှီခိုနေစရာမ လိုပဲ ကိုယ်တိုင်လုပ်ဆောင်နိုင်အောင် ကြိုးစားပါ။ တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့ဆိုတာလိုမျိုး တစ်ယောက်တည်းဆိုပေမယ့် အင်အားအပြည့်ဖြစ်နေပါစေ။
ကျေးဇူးတင်စွာဖြင့် -
Ref : Gentelman Magazine
#Boy Lay
https://www.facebook.com/ permalink.php?story_fbid=32 4255044701290&id=100013503 909398
Credit. ပေတူး ရာမညမြေ
**************************
အောင်မြင်မှုဆိုတဲ့အရာက စိတ်ရောကိုယ်ပါနှစ်မြုပ်ပြီ
၁။ အချိန်စီမံခန့်ခွဲမှုကောင်းပ
***********************
အချိန်စီမံခန့်ခွဲမှုကို အရင်ဆုံးလေ့လာရမယ့် အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်လေ့လာပါ။့ သင့်ရဲ့ အလုပ်တွေကို ဦးစားပေးသတ်မှတ်ပြီး၊ မှန်ကန်တဲ့အချိန်နဲ့ နေရာမှာ အင်အားကိုစိုက်ထုတ်တတ်ခြင်း
၂။ အရေးပါတဲ့လူတစ်ယောက်ဖြစ်နေပ
**************************
သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူ
၃။ အရမ်းမကြွားပါနဲ့
***************
သင့်ရဲ့အောင်မြင်မှု၊ စွမ်းဆောင်နိုင်မှုတွေကို အားလုံးသိအောင် ထုတ်ဖော်ကြေညာနေဖို့တော့ အရမ်းစိတ်အား ထက်သန်နေလို့ မဖြစ်ပါဘူး။ အခြားလူတွေမလုပ်နိုင်အောင် ခက်ခဲတဲ့အရေးကိစ္စတစ်ခုခုကို
၎။ အပြောလျှော့ပြီး ပိုနားထောင်ပါ
************************
အစည်းအဝေးတိုင်းမှာ စိတ်ဝင်တစားရှိပါ။ အခြားသူတွေရဲ့စိတ်ကူးက သင့်အတွက် အသုံးမ၀င်ဘူးဆိုရင် တောင်မှ သေချာနားထောင်ပါ။ သူတို့ရဲ့စိတ်ကူးတွေက သင့်အတွက် အကြံသစ်တွေဖြစ်လာစေနိုင်ပါတ
၅။ ရည်မှန်းချက်ကြီးကြီးထားပြီ
**************************
ဟုတ်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်အိပ်မက်
၆။ ပါးနပ်မှုရှိပါ
************
တစ်ခါတစ်ရံမှာ တကယ်ဆိုးဝါးတဲ့လူတွေနဲ့ အလုပ်အတူလုပ်ရလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ကို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး ဆက်ဆံနိုင်ဖို့လိုပါတယ်။ သူတို့နဲ့ ပဋိပက္ခတွေကို ရန်ဖြစ်ရတာမျိုးမဟုတ်ပဲ ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ သဘောထားကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေရှိနေပေမယ့်
၇။ အရမ်းအလျှော့မပေးမိပါစေနဲ့
**********************
တခါတစ်ရံမှာ သင့်အတွက် အရမ်းစိတ်ပျက်စရာဖြစ်လာပြီဆ
၈။ စနစ်တကျအလုပ်လုပ်ပါ
*******************
အလုပ်ကို ကြိုးကြိုးစားစားလုပ်တိုင်း
၉။ စကားလုံးအသုံးအနှုန်း ဂရုစိုက်ပါ
*************************
ဘာပြောမယ်၊ ဘယ်အချိန်မှာပြောမယ်ဆိုတာကိ
၁၀။ တစ်ရွာတစ်ကျီဆောက်ပါ
*********************
သင့်ဘ၀မှာ ဘယ်သူကလိုတယ်၊ ဘယ်သူကတော့ မလိုအပ်ဘူးဆိုတာကို ကြိုမသိနိုင်ပါဘူး။ ဒါ့ကြောင့် အားလုံးက မှတ်မိခင်မင်နေသူတစ်ယောက်ဖြ
၁၁။ စိတ်ဝင်စားတက်ကြွမှုရှိပါ
********************
လူ့သမိုင်းကြောင်းတစ်လျှောက
၁၂။ အောင်မြင်သူတွေဆီက ပညာယူပါ
**************************
တကယ်ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်နေသူတွေကို လေ့လာပါ။ သူတို့ရဲ့ကောင်းကွက်တွေ ဆိုးကွက်တွေကို ရှာဖွေပါ။ သူတို့အတွက် အလုပ်ဖြစ်တဲ့နည်းလမ်းတိုင်း
၁၃။ သင့်ရဲ့တိုးတက်မှုကို ဆင်ခြင်ပါ
*************************
သင့်ရဲ့နေ့စဉ်ဘ၀မှာ ဘာတွေတိုးတက်မှုရှိပါသလဲ၊ ဘာတွေဆုတ်ယုတ်နေပါသလဲ အမြဲတမ်း ဆင်ခြင်နေဖို့ လိုအပ်ပါတယ်။ အခုလုပ်နေတဲ့အရေးကိစ္စတွေက သင့်ရောက်ချင်တဲ့နေရာရောက်ဖ
၁၄။ ယုံကြည်မှုရှိပါ
*************
ယုံကြည်မှုဟာ အရာအားလုံးကို စွမ်းဆောင်နိုင်စေပါတယ်။ သင်လုပ်နိုင်တယ်လို့ ယုံကြည်တဲ့အရာအားလုံးကို သင်စွမ်းဆောင်နိုင်မှာဖြစ်ပ
၁၅။ ထိပ်ဆုံးမှာအမြဲရှိနေပါစေ
*********************
ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြ
၁၆။ ဆန်းသစ်တီထွင်မှုရှိပါစေ
********************
ထူးခြားဆန်းသစ်မှုတွေကို ယူမလာနိုင်ပဲ မလုပ်မရှုပ်မပြုတ်နေရင်တော့ သင်တည်ရှိနေတဲ့အကြောင်းကို အထူးတလည် ဂရုစိုက်ဖို့အကြောင်းရှိမှာ
၁၇။ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါစေ
************************
အခြေအနေနဲ့အချိန်အခါတွေက သင်စိတ်ကူးထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန်ပြောင်းလဲနို
၁၈။ ဘယ်တော့မှ အရှုံးမပေးပါနဲ့
**********************
အောင်မြင်မှုဆီကို ချီတက်ရာမှာ ဘယ်လောက်မြန်မြန်သွားလဲဆိုတ
၁၉။ အခွင့်အလမ်းကို ရှာဖွေပါ
*********************
ထူးခြားတဲ့အခွင့်အလမ်းတွေဆိ
၂၀။ အလုပ်မှာကျွမ်းကျင်မှုရှိပါေ
***********************
သင်အမှန်တကယ်အောင်မြင်ချင်တ
ကျေးဇူးတင်စွာဖြင့် -
Ref : Gentelman Magazine
#Boy Lay
https://www.facebook.com/
Credit. ပေတူး ရာမညမြေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။