ကြက်သီးတဖြန်းဖြန်းထသွား မယ်
ဒေါ်အောင်ဆန်းစုကြည်ကို အားကျတဲ့
မြန်မာ့သိပ္ပံပညာရှင်အတွက်
ပိုပြီး ဂုဏ်ယူလိုက်ပါ ရွှေမြန်မာတို့....
မြန်မာပြည်ဖွား သိပံ္ပပညာရှင် ဒေါက်တာရည်မွန်အေး ကင်ဆာသုတေသန ဆု ချီးမြှင့်ခံရ
-------------------------- -------------------------- ----------
အမေရိကန်ပြည်ထောင်စု Cornell တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခ တာဝန်အဖြစ် ထမ်းဆောင်နေသည့် မြန်မာပြည်ဖွား သိပံ္ပပညာရှင် ဒေါက်တာ ရည်မွန်အေး အနေဖြင့် ကင်ဆာသုတေသနနှင့် ပတ်သက်၍ Pershing Square Sohn ဆုရရှိကြောင်း သိရသည်။
ကင်ဆာရောဂါနှင့် ပတ်သက်ပြီး ယခင်ကဲ့သို့ ဓာတ်ကင်စရာမလိုဘဲ အခြားနည်းလမ်းနှင့် ပျောက်ကင်း သက်သာစေနိုင်မယ့် ဖြစ်နိုင်ချေ နည်းလမ်းတွေကို သူမ၏ သုတေသနပြုချက်ကနေ ရှာဖွေတွေ့ရှိထားသူ ဖြစ်သည်။
ယင်းအတွက် ကင်ဆာရောဂါနှင့် ပတ်သက်ပြီး ပျောက်ကင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေဖေါ်ထုတ် သုတေသန ပြုနေခြင်းကြောင့် ၂၀၁၇ ခုနှစ် Pershing Square Shon ဆုရှင် ၆ ဦးထဲမှာ တစ်ဦးအဖြစ် ချီးမြှင့်ခံရခြင်းဖြစ်ကြော င်း သိရသည်။
ဒေါက်တာရည်မွန်အေး အနေဖြင့် နိုဘယ်လ်ဆု ရထားသူများ အပါအဝင် အမေရိကန် ထိတ်တန်း ကင်ဆာ ဇီဝပညာရှင်များအား ကျော်ဖြတ်ပြီး Pershing Square Sohn ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆုရရှိသူများသည် သုတေသနလုပ်ငန်း ဆောင်ရွက်ရန်အတွက် တစ်နှစ်လျှင် ဒေါ်လာ နှစ်သိန်းဖြင့် သုံးနှစ်ဆက်တိုက် ချီးမြှင့်ခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။
သူမအနေဖြင့် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် တစ်နိုင်ငံလုံး တတိယအဆင့်ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ၁၉၉၈ မှ ၂၀၀၀ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ ရဲ့ Cambridge Tutors College (CTC) တွင် တက်ရောက်ရန် ပညာတော်သင်ဆု ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၀၀ ခုနှစ် ဇွန်လတွင် A-Level စာမေးပွဲအတွင်း ဓာတုဗေဒ ဘာသာရပ်တွင် တစ်ကမ္ဘာ့လုံးအဆင့် အမြင်ဆုံးအမှတ် နှင့် တော်ဝင်ဓာတုဗေဒ အသင်း၏ အမျိုးသားအဆင့်ဆုကို ရရှိခဲ့သူဖြစ်သည်။ ယင်းနောက် အောက်စဖို့ တက္ကသိုလ်သို့ ဓာတုဗေဒ ဘာသာရပ်ကို ပညာဆည်းပူးခွင့်ရခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ပထမတန်းစား ဂုဏ်ထူးဘွဲ့ ရရှိခဲ့ကြောင်း သိရသည်။
သူမအနေဖြင့် Oxford တက္ကသိုလ်ကို အဓိက တက်ခဲ့ရသည့် အကြောင်း အရင်းအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ကို အားကျခဲ့သည့်အတွက် ရွေးချယ်ရခြင်း ဖြစ်ကြောင်း ကိုလည်း ဗွီအိုအေ သတင်းဌာန အင်တာဗျူးတွင် ဖြေဆိုခဲ့ခြင်းများ ရှိသည်။
သူမအနေဖြင့် အမေရိကန်ပြည်ထောင်စု ဟားဗက်တက္ကသိုလ်တွင် ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒကို ပညာဆက်လက် သင်ကြားပြီး ၂၀၀၉ ခုနှစ်တွင် ဟားဗက်တက္ကသိုလ်မှ ဒေါက်တာ ဘွဲ့ကိုရရှိခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် အမေရိကန် ရဲ့ နာမည်ကြီး Massachusetts Institute of Technology (MIT) တွင် Damon Runyun Cancer Research Postdoctoral Fellow တစ်ဦးအဖြစ် cellular and biochemical regulatorymechanisms of the enzyme ribonucleotide reductase ကို သုတေသန ပြုခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သူမအနေဖြင့် ၂၀၁၂ ခုနှစ်မှ စတင်ပြီး Cornell University တွင် ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒ ဌာန၌ တွဲဖက်ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။ ဇီဝဗေဒနှင့် ဓာတုဗေဒ ပညာရပ် များ၏ ပေါင်းစပ်သုတေသန လုပ်ထားသည့် ထူးခြားဆန်းသစ်သော သုတေသန လုပ်ငန်းကြောင့် ဒေါက်တာရည်မွန်အေးကို ၂၀၁၄ ခုနှစ်တွင် အမေရိကန် အမျိုးသားကျန်းမာရေး တက္ကသိုလ်က New Innovator Award ဆု ပေးအပ်ခဲ့ခြင်းများ ရှိသည်။ ဆုကြေးငွေအဖြစ် သူ့မ၏ သုတေသနလုပ်ငန်းများ အတွက် ၅ နှစ်စာ အမေရိကန်ဒေါ်လာ ၂.၂၉ သန်း ချီးမြှင့်ခံရကြောင်း သိရသည်။
စိုင်းဟန် (The Ladies News)
Ven Pinnyarvamsa
2.8.2017
ဒေါ်အောင်ဆန်းစုကြည်ကို
မြန်မာ့သိပ္ပံပညာရှင်အတွက်
ပိုပြီး ဂုဏ်ယူလိုက်ပါ ရွှေမြန်မာတို့....
မြန်မာပြည်ဖွား သိပံ္ပပညာရှင် ဒေါက်တာရည်မွန်အေး ကင်ဆာသုတေသန ဆု ချီးမြှင့်ခံရ
--------------------------
အမေရိကန်ပြည်ထောင်စု Cornell တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခ တာဝန်အဖြစ် ထမ်းဆောင်နေသည့် မြန်မာပြည်ဖွား သိပံ္ပပညာရှင် ဒေါက်တာ ရည်မွန်အေး အနေဖြင့် ကင်ဆာသုတေသနနှင့် ပတ်သက်၍ Pershing Square Sohn ဆုရရှိကြောင်း သိရသည်။
ကင်ဆာရောဂါနှင့် ပတ်သက်ပြီး ယခင်ကဲ့သို့ ဓာတ်ကင်စရာမလိုဘဲ အခြားနည်းလမ်းနှင့် ပျောက်ကင်း သက်သာစေနိုင်မယ့် ဖြစ်နိုင်ချေ နည်းလမ်းတွေကို သူမ၏ သုတေသနပြုချက်ကနေ ရှာဖွေတွေ့ရှိထားသူ ဖြစ်သည်။
ယင်းအတွက် ကင်ဆာရောဂါနှင့် ပတ်သက်ပြီး ပျောက်ကင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေဖေါ်ထုတ် သုတေသန ပြုနေခြင်းကြောင့် ၂၀၁၇ ခုနှစ် Pershing Square Shon ဆုရှင် ၆ ဦးထဲမှာ တစ်ဦးအဖြစ် ချီးမြှင့်ခံရခြင်းဖြစ်ကြော
ဒေါက်တာရည်မွန်အေး အနေဖြင့် နိုဘယ်လ်ဆု ရထားသူများ အပါအဝင် အမေရိကန် ထိတ်တန်း ကင်ဆာ ဇီဝပညာရှင်များအား ကျော်ဖြတ်ပြီး Pershing Square Sohn ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆုရရှိသူများသည် သုတေသနလုပ်ငန်း ဆောင်ရွက်ရန်အတွက် တစ်နှစ်လျှင် ဒေါ်လာ နှစ်သိန်းဖြင့် သုံးနှစ်ဆက်တိုက် ချီးမြှင့်ခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။
သူမအနေဖြင့် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် တစ်နိုင်ငံလုံး တတိယအဆင့်ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ၁၉၉၈ မှ ၂၀၀၀ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ ရဲ့ Cambridge Tutors College (CTC) တွင် တက်ရောက်ရန် ပညာတော်သင်ဆု ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၀၀ ခုနှစ် ဇွန်လတွင် A-Level စာမေးပွဲအတွင်း ဓာတုဗေဒ ဘာသာရပ်တွင် တစ်ကမ္ဘာ့လုံးအဆင့် အမြင်ဆုံးအမှတ် နှင့် တော်ဝင်ဓာတုဗေဒ အသင်း၏ အမျိုးသားအဆင့်ဆုကို ရရှိခဲ့သူဖြစ်သည်။ ယင်းနောက် အောက်စဖို့ တက္ကသိုလ်သို့ ဓာတုဗေဒ ဘာသာရပ်ကို ပညာဆည်းပူးခွင့်ရခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ပထမတန်းစား ဂုဏ်ထူးဘွဲ့ ရရှိခဲ့ကြောင်း သိရသည်။
သူမအနေဖြင့် Oxford တက္ကသိုလ်ကို အဓိက တက်ခဲ့ရသည့် အကြောင်း အရင်းအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ကို အားကျခဲ့သည့်အတွက် ရွေးချယ်ရခြင်း ဖြစ်ကြောင်း ကိုလည်း ဗွီအိုအေ သတင်းဌာန အင်တာဗျူးတွင် ဖြေဆိုခဲ့ခြင်းများ ရှိသည်။
သူမအနေဖြင့် အမေရိကန်ပြည်ထောင်စု ဟားဗက်တက္ကသိုလ်တွင် ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒကို ပညာဆက်လက် သင်ကြားပြီး ၂၀၀၉ ခုနှစ်တွင် ဟားဗက်တက္ကသိုလ်မှ ဒေါက်တာ ဘွဲ့ကိုရရှိခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် အမေရိကန် ရဲ့ နာမည်ကြီး Massachusetts Institute of Technology (MIT) တွင် Damon Runyun Cancer Research Postdoctoral Fellow တစ်ဦးအဖြစ် cellular and biochemical regulatorymechanisms of the enzyme ribonucleotide reductase ကို သုတေသန ပြုခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သူမအနေဖြင့် ၂၀၁၂ ခုနှစ်မှ စတင်ပြီး Cornell University တွင် ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒ ဌာန၌ တွဲဖက်ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။ ဇီဝဗေဒနှင့် ဓာတုဗေဒ ပညာရပ် များ၏ ပေါင်းစပ်သုတေသန လုပ်ထားသည့် ထူးခြားဆန်းသစ်သော သုတေသန လုပ်ငန်းကြောင့် ဒေါက်တာရည်မွန်အေးကို ၂၀၁၄ ခုနှစ်တွင် အမေရိကန် အမျိုးသားကျန်းမာရေး တက္ကသိုလ်က New Innovator Award ဆု ပေးအပ်ခဲ့ခြင်းများ ရှိသည်။ ဆုကြေးငွေအဖြစ် သူ့မ၏ သုတေသနလုပ်ငန်းများ အတွက် ၅ နှစ်စာ အမေရိကန်ဒေါ်လာ ၂.၂၉ သန်း ချီးမြှင့်ခံရကြောင်း သိရသည်။
စိုင်းဟန် (The Ladies News)
Ven Pinnyarvamsa
2.8.2017
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။