ဦးသန့်(U Thant)
***************
ဦးသန့်ကို ယနေ့မြန်မာလူငယ်တွေ သိပ်မသိကြတော့ပေမဲ့ မြန်မာလူကြီးပိုင်းတွေကတော့ တော်တော်များများ သိကြပါတယ်။ကမ္ဘာတစ်လွှားကလူတွေကလည်းသူ့ကို
“ယူသန့်” ဆိုပြီးသိကြပါတယ်။သူတို့က ဦးသန့်နာမည်မှာ (U Thant) “U”ကို ဦး
လို့ခေါ်ရမှန်းမသိလို့ “ယူ” လို့ခေါ်ကြတာပါ။အဲ့ဒီခေတ်က ကမ္ဘာက
သိတဲ့မြန်မာလူမျိုးနှစ်ဦးတ ည်းရှိပါတယ်။လွတ်လပ်ရေးဖခင် ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့ ကုလသမဂအတွင်းရေးမှူးချုပ် ဦးသန့်တို့ပါပဲ။
ဦးသန့်ကို ကမ္ဘာက ဘာကြောင့်သိကြတာလဲ။သူဟာ တတိယမြောက် ကုလသမဂအတွင်းရေးမှူးချုပ်ထမ်းဆောင်စဉ်ကာလ (၁၉၆၂-၁၉၇၁ ခုနှစ်)မှာ သူ့ရဲ့ သံတမန်ရေးရာ ကျွမ်းကျင်မှု၊ ကမ္ဘာ့အရေးခင်းကြီးတွေဖြစ်ကြ တဲ့ ကျူးဘားအရေးအခင်း၊ကွန်ဂိုနိုင်ငံအရေးအခင်းတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးခဲ့လို့ပါ။
ဦးသန့်ကို ၁၉၀၉ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ပန်းတနော်မြို့မှာ မွေးဖွားခဲ့ပါတယ်။သားလေးယော က်မှာ အကြီးဆုံးသားဖြစ်ပါတယ်။သူ့အ ဖေဟာ ပညာတတ်တစ်ယောက်ဖြစ်ပြီး ငွေကြေးအတော်အတန်ချမ်းသာတဲ့ ကုန်သည်တစ်ယောက်လဲဖြစ်ပါတယ် ။ သူ့အဖေက သူတို့ညီအစ်ကိုတွေကို ပညာကြိုးစားဖို့အမြဲဆုံးမတယ်။ပညာရေးကိုလဲ အရမ်းအားပေးတယ်။ဦးသန့်ဟာ ငယ်စဉ်ကတည်းက စာဖတ်တာ အရမ်းဝါသနာပါတယ်။စာဖတ်လွန်း လို့ ဗဟုသုတကြွဝပြီး စကားပြောလဲကောင်းတယ်။သူငယ်ချင်းတွေက သူ့ကို အတေါးအခေါ်ပညာရှင်လို့ခေါ်ကြတ ယ်။
ဦးသန့်ဟာ ကြီးလာရင် သတင်းစာ ဂျာနယ်သမားဖြစ်ချင်လို့ ငယ်စဉ်ကတည်းက မဂဇင်းဂျာနယ်တွေကို ဆောင်းပါးတွေရေးပြီးပို့လေ့ ရှိတယ်။
သူ ၁၄ နှစ်သားအရွယ်မှာသူ့အဖေဆုံးသွားတယ်။
သူ့အိမ်မှာ ငွေရေးကြေးရေး ကြပ်တည်းလာတာကြောင့် ဦးသန့်ဟာ ၁၉၂၆ ခုနှစ်
ဆယ်တန်းအောင်ပြီး ၁၉၂၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ
ဥပစာတန်းအောင်မြင်ပါတယ်။
၁၉၃၀ ပြည့်နှစ် မတ်လ ၂၈ ရက်တွင် အထက်တန်းဆရာဖြစ်လက်မှတ်ရ စာမေးပွဲ၌ တစ်ပြည်လုံးမှာ ပထမရခဲ့ပါတယ်။ပန်းတနော်မြို့ ကိုပြန်လာပြီး ပန်းတနော် အထက်တန်းကျောင်းမှာ အထက်တန်းပြဆရာ ဝင်လုပ်တယ်။သုံးနှစ်ကြာတော့ အဲ့ဒီကျောင်းရဲ့ကျောင်းအုပ် ကြီးဖြစ်လာခဲ့တယ်။
ဦးသန့်ဟာ အင်္ဂလိပ်အရေးအသားနဲ့ စကားပြောတွေအရမ်းကောင်းတယ်။ အထက်တန်းကျောင်းသားဘဝမှာ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်ချင်တော့ ဘာလုပ်သလဲသိလား။အိမ်နီးနားချင်းတွေဆီက အင်္ဂလိပ်သတင်းစာ အဟောင်းတွေ လိုက်လံတောင်းတယ်။ရလာတဲ့ သတင်းစာအဟောင်းတွေကို ညနက်သန်းခေါင်ထိ နေ့စဉ်ဖတ်တယ်။သတင်းဆောင်းပါ အတိုအစကအစ အကုန်ဖတ်တယ်။
၁၉၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ် ဗြိတိသျှအစိုးရ အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ လွတ်လပ်ရေးတောင်းဆိုပွဲတွေ ပေါ်ပေါက်လာခဲ့တယ်။ဦးသန့်ဟာ ငြိမ်းချမ်းရေးသမားမို့ ဆန္ဒပြပွဲမှာ ဦးဆောင်သူနေရာက မပါဘဲ ဆန္ဒပြသူနောက်လိုက်အဖြစ်ပဲပါ ဝင်ခဲ့တယ်။
၁၉၄၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ဖက်ဆစ်ဂျပန်တွေ သိမ်းပိုက်လိုက်ပြန်တယ်။ဂျပ န်ခေတ်ကာလမှာ ဂျပန်စစ်တပ်က ကျောင်းတွေမှာ ဂျပန်စာကို မသင်မနေရ ဘာသာတစ်ခုအဖြစ် ပြဌာန်းဥပဒေထုတ်တာကို ကန့်ကွက်ဆန္ဒပြခဲ့တယ်။
၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှအစိုးရလက်အောက်ကနေ လွတ်လပ်ရေးရခဲ့ပြီး ဦးနုဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်။အသစ်
စတင်ဖွဲ့စည်းတဲ့ မြန်မာအစိုးရဟာ အုပ်ချုပ်ရေးအတွက် ပညာတတ်တွေလိုလာတယ်။
ဒီတော့ဦးနုက ရန်ကုန်တက္ကသိုလ်တုန်းက သူ့သူငယ်ချင်းလဲ ဖြစ်ခဲ့ပြီး
စာပေပညာမှာတော်တဲ့ ဦးသန့်ကို အစိုးရ အုပ်ချုပ်ရေးပိုင်းမှာ
ဝင်လုပ်ဖို့ကမ်းလှမ်းတယ်။ဒါ ကြောင့် ဦးသန့်ဟာ အုပ်ချုပ်ရေးပိုင်းမှာ ဝင်လုပ်တယ်။လွတ်လပ်ရေးရပြီး စ မြန်မာနိုင်ငံဟာ ရောင်စုံသူပုန်သောင်းကျန်းမှုတွေကြောင့် ပြည်တွင်းစစ်ဖြစ်လာခဲ့တယ်။ြ ပဿနာကို ငြိမ်းချမ်းစွာဖြေရှင်းတတ်တဲ့ ဦးသန့်ဟာ ဦးနုရဲ့ တာဝန်ပေးချက်အရ ကရင်သူပုန်တွေစခန်းချတဲ့နေရာအထိ သွားပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့တ ယ်။ဒါပမေဲ့ ၁၉၄၉ ခုနှစ်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲေ တွ ပျက်ပြားပြီး ပြည်တွင်းစစ်ဟာ ပိုကြီးလာခဲ့တယ်။သူ့ဇာတိ ပန်းတနော်မြို့ဟာ သူပုန်တွေရဲ့မီးရှို့တာခံလို က်ရပြီး သူ့အိမ်လဲ မီးထဲပါသွားခဲ့တယ်။
၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်ထိ ဦးသန့်ဟာ ဝန်ကြီးချုပ်ဦးနုရဲ့ အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့တယ်။ဦးနုပြောမဲ့ မိန့်ခွန်းတွေ ရေးပေးခြင်း၊ ဦးနုကို အကြံပေးခြင်း စတာတွေလုပ်ခဲ့တယ်။
၁၉၅၇ ခုနှစ်မှာ ဦးသန့်ဟာ ကုလသမဂ္ဂကြီးမှာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ်ခ န့်အပ်ခံရပြီး ကုလသမဂ ရုံးစိုက်တဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရ တယ်။အဲ့ဒီမှာ နိုင်ငံတကာက ခေါင်းဆောင်တွေ သံတမန်တွေနဲ့ ပေါင်းသင်းဆက်ဆံရတယ်။ဆက်ဆံေ ရးကောင်းပြီး စကားပြောကောင်းတဲ့ ဦးသန့်ဟာ သံတမန်လောကမှာ ရေပန်းစားလာခဲ့တယ်။
၁၉၆၁ ခုနှစ်မှာ လက်ရှိကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ ဒက်ဟမ်းမားရှုးဟာ ခရီးသွားရင်းလေယာဉ်ပျက်ကျသေ ဆုံးတယ်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နေရာ လစ်လပ်နေလို့ အစားထိုးမဲ့သူတစ်ယောက်ရွေးချယ်တဲ့ကိစ္စမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတြွေ ဖစ်ကြတဲ့ အမေရိကန်နဲ့ ရုရှားတို့ကြား သဘောတူညီမှုမရဘဲဖြစ်နေကြတယ်။ နောက်ကျတော့ ကြားနေနိုင်ငံတစ်ခုက ကိုယ်စားလှယ်တစ်ယောက်ရွေးချ ယ်ဖို့ ဆုံးဖြတ်လိုက်ပြီး သံတမန်တွေ သဘောကျတဲ့ ဦးသန့်ကို ဒက်ဟမ်းမားရှိုးရဲ့တာဝန်ပြီး ဆုံးချိန်ထိ ခေတ္တအတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်လိုက်ပါတယ်။
၁၉၆၂ ခုနှစ်ကျတော့် ခေတ္တအတွင်းရေးမှူးချုပ်ကနေ အချိန်ပြည့် အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံရတယ်။သူအတွင်းရေး မှူးချုပ်တာဝန်ထမ်းဆောင်လို့  တစ်နှစ်မပြည့်ခင်မှာ တတိယကမ္ဘာစစ်ကြီးဖြစ်မဲ့ အခြေနေ ရုတ်တရက်ပေါ်လာခဲ့တယ်။အဲဒါက ကျူးဘားဒုံးပျံအရေးခင်းပါ။ရုရှားအစိုးရဟာ အမေရိကန်ရဲ့ ကပ်ရက် ကျူးဘားနိုင်ငံက ကျွန်းတစ်ခုမှာ အနုမြူထိပ်ဖူးတပ်ထားတဲ့ ဒုံပျံတွေ လာတပ်ဆင်လိုက်တယ်။ဒုံးပျံေ တွကိုလည်း
အမေရိကန်ဘက်ကို ချိန်ရွယ်ထားတယ်။အမေရိကန်က အဲ့ဒီဒုံးပျံတွေကို
သုံးရက်အတွင်း မဖယ်ရှားရင် စစ်လေယာဉ်တွေနဲ့ ဗုံးကြဲမယ်လို့
ခြိမ်းခြောက်တယ်။ အမေရိကန်စစ်သင်္ဘောတွေကို ကျူးဘားကို စေလွှတ်လိုက်သလို
ရုရှားကလဲ သူတို့စစ်သင်္ဘောတွေကို စေလွှတ်လို့ တတိယကမ္ဘာစစ်ကြီးဖြစ်တော့မဲ့
အခြေနေပါပဲ။အဲဒီအချိန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ဟာ အမေရိကန်သမ္မတ
ကနေဒီနဲ့ ရုရှားသမ္မတ ကရူးရှက်တို့အကြား လေယာဉ်နဲ့ အသွားအပြန်လုပ်ပြီး
ညှိနှိုင်းပေးခဲ့တယ်။နောက်ဆုံးမှာ
အမေရိကန်က ဗုံးကြဲမယ်လို့ ရာဇသံပေးထားတဲ့ အချိန်ပြည့်ဖို့
နာရီအနည်းငယ်အလိုလေးမှာ ရုရှားဟာကျူးဘားကျွန်းပေါ်က
နျူးကလီးယားဒုံးပျံတွေကို ဖယ်ရှားလိုက်လို့ ဦးသန့်ရဲ့အရည်အချင်းကို
နိုင်ငံတကာက ခေါင်းဆောင်တွေရဲ့ ချီးကျူးလေးစားခြင်းခံလိုက် ရပါတယ်။
နောက်တစ်ကြိမ်အရေးအခင်းတစ်ခု ထပ်ဖြစ်လာပြန်တယ်။၁၉၆၂ ခုနှစ် ဒီဇင်ဘာလမှာပါ။ကွန်ဂိုနိုင် ငံမှာ
အစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ ကွန်ဂိုသူပုန်တွေက ကွန်ဂိုမှာ
စခန်းချနေတဲ့ ကုလသမဂ္ဂတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပစ်ခတ်
သတ်ဖြတ်လိုက်ကြတယ်။ဦးသန့်က ကုလသမဂ္ဂတပ်ဖွဲ့တွေအများကြီး ကွန်ဂိုကိုစေလွှတ်ပြီး သူပုန်တွေကို နှိမ်နင်းလိုက်လို့ ကွန်ဂိုပြည်တွင်းစစ်ကြီးပြီ ဆုံးသွားခဲ့တယ်။
၁၉၆၅ခုနှစ်မှာ နိုဘယ်ဆုချီးမြှင့်ရေးအဖွဲ့ က ကျူးဘားအရေးခင်းနဲ့ ကွန်ဂိုအရေးခင်းတွေမှာ အောင်မြင်အောင်ဆောင်ရွက်ပေး ခဲ့တဲ့ ဦးသန့်ကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုကြီး ချီးမြှင့်ချင်တယ်။ဒါပေမဲ့ နိုဘယ်ဆုချီးမြှင့်ရေး အဖွဲ့ဥက္ကဌက ဗီတိုအာဏာနဲ့ ပယ်ချလိုက်လို့ မပေးဖြစ်ပါဘူး။
၁၉၆၆ခုနှစ် ဒီဇင်ဘာလမှာ ဦးသန့်ဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်အားလုံးရဲ့ ကန့်ကွက်မဲမရှိ သဘောတူညီချက်နဲ့ ဒုတိယအကြိမ် ထပ်မံအရွေးချယ်ခံရပြန်တယ်။သူ့ရဲ့ဒုတိယသက်တမ်းအတွင်းမှာ အာရှနဲ့ အာဖရိကနိုင်ငံ အများအပြားကို ကုလသမဂ္ဂအဖွဲ့ကြီးထဲဝင်ဖို့ စည်းရုံးနိုင်ခဲ့တယ်။ကုလသမဂ္ဂကို ကမ္ဘာကြီးရဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။
ဒုတိယသက်တမ်းကုန်ခါနီးလေးမှာပဲ အာရပ်-အစ္စရေးစစ်ပွဲနဲ့ ဗီယက်နမ်စစ်ပွဲတွေဖြစ်ပွားလာလို့ ဦးသန့်ဟာ အဲ့းဒီအရေးခင်းတွေမှာလဲ ဝင်ပြီးဖြေရှင်းပေးခဲ့ရတယ်။ သူ့ကို ကုလသမဂ္ဂအဖွဲ့ကြီးက တတိယအကြိမ် ဆက်အရွေးခံဖို့ ကမ်းလှမ်းတာကိုငြင်းပယ်လိုက်တယ်။
ဦးသန့်ဟာအတွင်းရေးမှူးချုပ်ရာထူးကနေ အနားယယူပြီးနောက် နယူးယောက်ခိမြို့မှာပဲ ဆက်လက်နေထိုင်ရင်း ဆောင်းပါးလေးတွေရေးရင် အေးအေးဆေးဆေး အနားယူပါတော့တယ်။
၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဦးသန့်ဟာ အဆုတ်ကင်ဆာ ရောဂါနဲ့ သူ့ရဲ့ နယူးယောက်ခ်မြို့ကနေအိမ်မှာ ပဲ ကွယ်လွန်သွားခဲ့ပါတယ်။
ကမ္ဘာ့အမြင့်ဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကို မြန်မာနိုင်ငံသားတစ်ယောက်အေ နနဲ့ ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ကို လူငယ်တွေအားကျ အတုယူနိုင်ကြပါစေ။
ယခုအကြောင်းအရာအား ဆရာဗန်းမော်သိန်းဖေ ရေးသားသော သူတို့ဘာကြောင့်ကမ္ဘာကျော်တာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။
#NCA
credit -org writter.
photo cd.
#WW.
Credit. To. Wine Wine
***************
ဦးသန့်ကို ယနေ့မြန်မာလူငယ်တွေ သိပ်မသိကြတော့ပေမဲ့ မြန်မာလူကြီးပိုင်းတွေကတော့
ဦးသန့်ကို ကမ္ဘာက ဘာကြောင့်သိကြတာလဲ။သူဟာ တတိယမြောက် ကုလသမဂအတွင်းရေးမှူးချုပ်ထမ
ဦးသန့်ကို ၁၉၀၉ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ပန်းတနော်မြို့မှာ မွေးဖွားခဲ့ပါတယ်။သားလေးယော
ဦးသန့်ဟာ ကြီးလာရင် သတင်းစာ ဂျာနယ်သမားဖြစ်ချင်လို့ ငယ်စဉ်ကတည်းက မဂဇင်းဂျာနယ်တွေကို ဆောင်းပါးတွေရေးပြီးပို့လေ့
သူ ၁၄ နှစ်သားအရွယ်မှာသူ့အဖေဆုံးသ
၁၉၃၀ ပြည့်နှစ် မတ်လ ၂၈ ရက်တွင် အထက်တန်းဆရာဖြစ်လက်မှတ်ရ စာမေးပွဲ၌ တစ်ပြည်လုံးမှာ ပထမရခဲ့ပါတယ်။ပန်းတနော်မြို
ဦးသန့်ဟာ အင်္ဂလိပ်အရေးအသားနဲ့ စကားပြောတွေအရမ်းကောင်းတယ်။
၁၉၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ် ဗြိတိသျှအစိုးရ အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ လွတ်လပ်ရေးတောင်းဆိုပွဲတွေ ပေါ်ပေါက်လာခဲ့တယ်။ဦးသန့်ဟာ
၁၉၄၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ဖက်ဆစ်ဂျပန်တွေ သိမ်းပိုက်လိုက်ပြန်တယ်။ဂျပ
၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှအစိုးရလက်အောက်ကနေ လွတ်လပ်ရေးရခဲ့ပြီး ဦးနုဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခ
၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်ထိ ဦးသန့်ဟာ ဝန်ကြီးချုပ်ဦးနုရဲ့ အတွင်းရေးမှူးတာဝန်ထမ်းဆောင
၁၉၅၇ ခုနှစ်မှာ ဦးသန့်ဟာ ကုလသမဂ္ဂကြီးမှာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ်ခ
၁၉၆၁ ခုနှစ်မှာ လက်ရှိကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ ဒက်ဟမ်းမားရှုးဟာ ခရီးသွားရင်းလေယာဉ်ပျက်ကျသေ
၁၉၆၂ ခုနှစ်ကျတော့် ခေတ္တအတွင်းရေးမှူးချုပ်ကနေ အချိန်ပြည့် အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံရတယ်။သူအတွင်းရေး
နောက်တစ်ကြိမ်အရေးအခင်းတစ်ခ
၁၉၆၅ခုနှစ်မှာ နိုဘယ်ဆုချီးမြှင့်ရေးအဖွဲ့
၁၉၆၆ခုနှစ် ဒီဇင်ဘာလမှာ ဦးသန့်ဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်အားလုံးရဲ့ ကန့်ကွက်မဲမရှိ သဘောတူညီချက်နဲ့ ဒုတိယအကြိမ် ထပ်မံအရွေးချယ်ခံရပြန်တယ်။သ
ဒုတိယသက်တမ်းကုန်ခါနီးလေးမှ
ဦးသန့်ဟာအတွင်းရေးမှူးချုပ
၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဦးသန့်ဟာ အဆုတ်ကင်ဆာ ရောဂါနဲ့ သူ့ရဲ့ နယူးယောက်ခ်မြို့ကနေအိမ်မှာ
ကမ္ဘာ့အမြင့်ဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရ
ယခုအကြောင်းအရာအား ဆရာဗန်းမော်သိန်းဖေ ရေးသားသော သူတို့ဘာကြောင့်ကမ္ဘာကျော
#NCA
credit -org writter.
photo cd.
#WW.
Credit. To. Wine Wine
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။