Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 10, 2017

# ကြီးပွားအောင်မြင်ဖို့ တက်လှမ်းရမယ့် လှေကားထစ် (၅၂) ခု #

# ကြီးပွားအောင်မြင်ဖို့ တက်လှမ်းရမယ့် လှေကားထစ် (၅၂) ခု #

လှေကားထစ် (၁၂)။ မိမိကိုယ်မိမိ ယုံကြည်မှု (Self-Confidence)

၁၈၇၇ ခုနှစ်မှာတုန်းက သောမတ်စ်အယ်ဒီဆင် (Thomas Edison) ဟာ တရက်မှာ စိတ်ကူးတစ်ခုရလိုက်တယ်။ သူ့စိတ်ကူးက အသံဖမ်းပြီး အသံကို ပြန်ဖွင့်ပြနိုင်တဲ့ စက်တစ်မျိုးကို တီထွင်ဖို့ပါ။ သူက ဒီဇိုင်းပုံစံရေးဆွဲသူ တစ်ယောက်ကို ခေါ်ပြီး အဲဒီစက်ကို ဒီဇိုင်းရေးဆွဲဖို့ ပြောလိုက်တယ်။ သူလိုချင်တဲ့ ဒီဇိုင်းကို စာရွက်တစ်ရွက်ပေါ်မှာ ပုံကြမ်းရေးဆွဲပြလိုက်တယ်။

ဒီဇိုင်းသမားက အယ်ဒီဆင် ဆွဲပြတဲ့ ပုံကြမ်းကို ကြည့်ပြီး ခေါင်းခါတယ်။ အယ်ဒီဆင်က မေးတယ်။ ဘာဖြစ်လို့လဲတဲ့။ သူက “ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီစက်ဟာ လုံးဝအလုပ်လုပ်မှာ မဟုတ်ပါဘူး”တဲ့။

အယ်ဒီဆင်က “မင်း ဘာလို့ ဒီစက်ဟာ အလုပ်မလုပ်ဘူးလို့ ထင်ရတာလဲ” လို့ မေးလိုက်တယ်။

ဒီဇိုင်းသမားက “ဒီလို စက်မျိုးကို အရင်က ဘယ်သူကမှ မထွင်ခဲ့ဖူးဘူးလို့ပါ ဆရာ” လို့ ပြန်ဖြေတယ်။

အယ်ဒီဆင်ဟာ အတွေ့အကြုံများတဲ့ ဒီဇိုင်းသမားရဲ့ စကားကို နားထောင်ပြီး သူ့စိတ်ကူးအကြံကို လက်လျှော့လိုက်နိုင်ပါတယ်။ ဒါပေမဲ့ သူဟာ တစ်ခုခုကို ဆုံးဖြတ်ချက်ချပြီးရင် ဘယ်တော့မှ နောက်ဆုတ်လေ့ရှိသူ မဟုတ်ပါ။ ဒါကြောင့် သူက ဒီဇိုင်းသမားကို ပြန်ပြောလိုက်တယ်။

“ငါအခု ဆွဲပြတဲ့ ပုံစံအတိုင်းသာ ဒီဇိုင်းဆွဲလိုက်ပါ။ အလုပ်မဖြစ်တော့လည်း မင်း ငါ့ကို အရှုံးသမားတစ်ယောက်လို့ သတ်မှတ်လိုက်ပေါ့ကွာ” တဲ့။

အယ်ဒီဆင်ဟာ ဘာကြောင့် ခုလို ပြောလိုက်ရတာလဲ။ သူ့စိတ်ထဲမှာ အဲဒီစက်ဟာ ဖြစ်ကိုဖြစ်ရမယ်လို့ လုံးဝယုံကြည်နေလို့ပါ။ အဲဒါကို မိမိကိုယ်မိမိ ယုံကြည်မှု (Self-Confidence) လို့ ခေါ်ပါတယ်။

ဒီဇိုင်းသမားလည်း အယ်ဒီဆင် လိုချင်တဲ့ ပုံစံရအောင် အတိအကျ ဒီဇိုင်းရေးဆွဲလိုက်တယ်။ ဒီဖိုင်းပြီးတော့ လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို အယ်ဒီဆင်ရဲ့ အလုပ်ရုံကနေ ထုတ်လုပ်တယ်။ စက်ပစ္စည်းတွေကို တပ်ဆင်ပြီး စက်ကို ထုတ်လုပ်တယ်။ စက်ကို ပထမဆုံး စမ်းသပ်တာနဲ့ပဲ အလုပ်ဖြစ်သွားတယ်။ ဒီဇိုင်းသမားလည်း အကြီးအကျယ် အံ့သြသွားတယ်။ အဲဒီစက်ဟာ နောင် ကမ္ဘာတစ်ဝန်းမှာ ခေတ်စားလာမယ့် ဓါတ်ပြားထဲ့ပြီး သီချင်းနားထောင်တဲ့ ဓါတ်စက် (phonograph)ရဲ့ အစပါ။

မိမိကိုယ်မိမိ ယုံကြည်မှု (Self-Confidence) မရှိသူဟာ ဘယ်တော့မှ အောင်မြင်မှု မရနိုင်ပါဘူး။ အောင်မြင်မှုကို မိမိ ဘာဖြစ်ချင်တယ်၊ ဘာလိုချင်တယ်ဆိုတာ ကိုယ်တိုင်အတိအကျသိနေပြီး အဲဒါကို မဖြစ်ဖြစ်အောင် လုပ်တတ်သူတွေသာ ရနိုင်ပါတယ် အဲဒီလို လူမျိုးတွေအတွက် “မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားလုံး သူတို့အဘိဓါန်ထဲမှာ မရှိပါဘူး။

အရောင်းကုမ္ပဏီတစ်ခုဟာ သူ့ရဲ့အရောင်းမန်နေဂျာတွေကို အလုပ်မစခင်မှာ ၅ မိနစ်စာလောက် မလုပ်မနေရ အလုပ်တစ်ခု ခိုင်းတယ်။ အဲဒါက ဘာလဲဆိုတော့ရုံးခန်းထဲက ကြည့်မှန်တွေ ရှေ့မှာ ရပ်ပြီး သူတို့ကို ခုလို အသံထွက်စကားပြောခိုင်းတယ်။

“ငါဟာ အတော်ဆုံး အရောင်းသမား တစ်ယောက်ပါ။ အဲဒါမှန်ကန်ကြောင်း ဒီနေ့ လုပ်ပြမယ်။ အရောင်းစံချိန်တင်စေရမယ်။ နက်ဖြန်ရော နောင်ကိုရော အမြဲ အရောင်းစံချိန်တင်စေရမယ်”တဲ့။ အဲဒါတင်မကသေးပဲ သူတို့အိမ်က အလုပ်ကို ထွက်လာတဲ့အခါ သူတို့မိန်းမနဲ့ (ကလေးတွေ) က “ရှင်ဟာ (ဒယ်ဒီဟာ) အကြီးကျယ်ဆုံး အရောင်းသမားတစ်ယောက်ပါ။ အဲဒါကို ဒီနေ့သက်သေပြမှာပါ”လို့ လက်ပြနူတ်ဆက်ပြောကြတယ်။

အဲဒီတော့ မထူးဆန်းပါဘူး။ ဒီကုမ္ပဏီက အရောင်းမန်နေဂျာတွေဟာ နှစ်တိုင်း တနိုင်ငံလုံးမှာ အရောင်းစံချိန် တင်နေခဲ့ပါတယ်။ ဒါဟာ ဘာကို ပြသလဲဆိုတော့ သူတို့ကိုယ်သူတို့ ယုံကြည်မှု ရှိနေကြလို့ အောင်မြင်တာပါ။

စောစောက ပြောသလို မိမိကိုယ်မိမိ စကားပြောတာနဲ့ ဘာကြောင့် အောင်မြင်ရမယ်လို့ ယုံကြည်မှုတွေ ဖြစ်လာရတာလဲ။ အဲဒီလို ပြောစကားဟာ လူရဲ့ မသိစိတ်ထဲမှာ ကိန်းအောင်းဝင်ရောက်သွားလို့ပါ။ မသိစိတ်ဟာ သူ့ထဲဝင်ရောက်လာတဲ့ စကားကို အကောင်း၊ အဆိုး မခွဲခြားတတ်ပဲ လူကို အဲဒီစကားအတိုင်း အတိအကျလုပ်ဖို့ စေ့ဆော်ခိုင်းစေတတ်တယ်။

မိမိ ဖြစ်ချင်တာကို မသိစိတ်ထဲရောက်အောင် ဘယ်လို လုပ်ရမလဲ။ ခက်တဲ့အလုပ် မဟုတ်ပါ။ မိမိဖြစ်ချင်တာကို အသံထွက်ပြီး တကယ်ဖြစ်မယ်ဆိုတဲ့ ယုံကြည်ပြီး ခံစားချက်နဲ့ ပြောပေးပါ။ နေ့စဉ် မပျက်မကွက် ပြောပေးပါ။ အထိရောက်ဆုံးအချိန်ကတော့ ည အိပ်ယာမဝင်ခင်မှာ ပြောပေးပါ။ လူဟာ ညအိပ်ပျော်နေတုန်းမှာ သိစိတ်ဟာ အလုပ်မလုပ်တော့ပဲ မသိစိတ်က နိုးကြားနေတာမို့ မအိပ်ခင်က ပြောလိုက်တဲ့စကားတွေကို မသိစိတ်က မှတ်မိလွယ်သွားပါပြီ။ မသိစိတ်က မှတ်မိသွားပြီဆိုရင် ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် သင့်ခန္ဓာကိုယ်ကို လုပ်ခိုင်းပါလိမ့်မယ်။

ဒီနည်းဟာ သိသူဖေါ်စား မသိသူကျော်သွားတဲ့ Napoleon Hill ရဲ့ နည်းလေးပါ။ auto-suggestion လို့ ခေါ်ပါတယ်။ ဒီနည်းကို သုံးပြီး အမေရိကန်နိုင်ငံမှာ မီလျံနာသူဋ္ဌေး ဖြစ်သွားကြသူတွေ ရာထောင်ချီ ရှိနေပါတယ်။

အချုပ်အားဖြင့် ပြန်ပြောရရင် သင်ဖြစ်ချင်တာ ဖြစ်စေဖို့ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ လုံးဝယုံကြည်မှု ရှိဖို့ လိုတယ်။ အဲဒီ ယုံကြည်မှုရှိလာအောင် auto-suggestion နည်းနဲ့ လုပ်ယူလို့ ရပါတယ်။

အခုလို ပြောလိုက်လို့လည်း အရမ်းမယုံလိုက်ပါနဲ့။ စမ်းကြည့်လိုက်ပါ။ အကျိုးရှိ မရှိဆိုတာ စမ်းမကြည့်ပဲ မသိနိုင်ပါဘူး။

ဗန်းမော်သိန်းဖေ
၁၀-၀၈-၂၀၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။