Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 14, 2017

Microsoft ရဲ့ ပဲ့ကိုင်ရှင် Bill Gates ရဲ့ ဘ၀အချိုးအကွေ့များ


Microsoft ပိုင်ရှင် Bill Gates ကိုတော့ လူတိုင်းသိကြမှာပါ။ Harvard က နေ ကျောင်းထွက်ပြီးနောက်မှာ Microsoft ကို တည်ထောင်ပြီး အချမ်းသာဆုံး စာရင်းဝင်ဖြစ်ခဲ့တဲ့ Gates ရဲ့ သမိုင်းဝင်ပုံရိပ် တစ်ချို့ကို အခရာ ပရိတ်သတ်တွေ အတွက်ဖော်ပြပေးလိုက်ပါတယ်။
၁။ William Henry Gates III ကို အောက်တိုဘာ ၂၈ ၁၉၅၅ Washington City ၊ Seattle မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့မိဘတွေဟာ ရှေ့နေနဲ့ ဘဏ်လုပ်ငန်းလုပ်ကိုင်သူတွေပါ။ သူ့ရဲ့ငယ်ဘ၀ နာမည်ကတော့ “Trey” ဖြစ်ပါတယ်။


၂။ Gates ရဲ့မိဘတွေဟာ သူ့ကို ရှေ့နေတစ်ယောက်ဖြစ်လာဖို့ စိတ်အားထက်သန်ခဲ့ကြဟန်တူပါတယ်။ သူ့ကို Seattle မှာရှိတဲ့ Lakeside School မှာ ကျာင်းအပ်ခဲ့ပါတယ်။ ဒီကျောင်းဟာ Microsoft Cofounder တစ်ယောက်ဖြစ်တဲ့ Paul Allen တက်ခဲ့တဲ့ ကျောင်းလည်းဖြစ်ပါတယ်။

၃။ Lakeside School ဟာ Gate’s ရဲ့ဘ၀ကို ပြောင်းလဲပေးခဲ့တဲ့ကျောင်းတစ်ခု ဖြစ်ပါတယ်။ ၈တန်းနှစ်မှာ Lakeside မိခင်များကလပ်က ကျောင်းသားတွေအတွက် Teletype 30 Model Computer သုံးနိုင်အောင် ကျောင်းကိုပေးခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး Gates မှာ ကွန်ပျူတာနဲ့ ပတ်သတ်ပြီး တီထွင်ချင်တဲ့ စိတ်ကူးတွေစဖြစ်လာတာပါပဲ။

၎။ သိရတဲ့ သတင်းအရကတော့ Gates နဲ့ Allen ဟာ ငယ်စဉ်ကတည်းက ကွန်ပျူတာ Programming ကို သာမာန်ကလေးတွေ ထက်စိတ်ဝင်စားမှုရှိခဲ့ပါတယ်။ သူတိုက နှစ်ယောက်ဟာ ကွန်ပျူတာသင်တဲ့အချိန်မှာ Bugs ကို အသုံးပြုပြီး Computer Center Corporation Mainframe ထဲမှာ သူတို့ကိုယ်သူတို့Banned ခဲ့ပါတယ်။

၅။ Gates အတွက် ကွန်ပျူတာက ဘာတွေလုပ်ဆောင်နိုင်လည်းဆိုတာကို သိရဖို့ အချိန်သိပ်မလိုပါဘူး။ ဘာလို့လည်းဆိုတော့ Gates ကို ကျောင်းမှာ Computer နဲ့ အတန်းချိန်ဇယားတွေ ဆွဲပေးဖို့ Lakeside’s Administration ရဲ့ တာဝန်ပေးခြင်းခံရပါတယ်။ အဲ့ဒီအခါမှာ Gates ဟာ သူ့ရဲ့ အချိန်ဇယားကို ဘယ်သူမှမသိအောင် ပြန်ပြင်ရေးတဲ့အခါ သူတက်မယ့်ဘာသာရပ်ဆိုင်ရာ အတန်းတွေမှာ သူစိတ်ဝင်စားတဲ့မိန်းကလေးတွေ နဲ့ တစ်တန်းတည်းကျအောင်ပြန်ပြင်ရေးဆွဲခဲ့ပါတယ်။

၆။ Lakeside က နေ မထွက်ခင်မှာ Gates နဲ့ Allen ဟာသူတို့ရဲ့ ပထမဆုံးစီးပွားရေးကိုစတင်ခဲ့ပါတယ်။ အဲ့ဒါကတော့ Traf-O-Data လို့ခေါ်တဲ့ မြို့တွင်းအသွားအလာ ယာဉ်ကြောပိတ်ဆို့မှု အချက်အလက်တွေကို City Traffic Counters က နေ ဖတ်ရှုနိုင်တဲ့စက်ပဲဖြစ်ပါတယ်။  အဲ့ဒီ ကရတဲ့ သတင်းတွေကို Traffic Engineer တွေဆီပို့ပေးတာဖြစ်ပါတယ်။ ဒီအလုပ်ဟာ အောင်မြင်တယ်လို့ပြောလို့ရတဲ့အပြင် Microsoft ကုမ္ပဏီ ဖြစ်လာဖို့ အခြေခံအုပ်မြစ် တစ်ချက်လည်းဖြစ်ပါတယ်။

၇။ ၁၉၇၃ ခုနှစ်မှာ Gates ဟာ SAT စာမေးပွဲအမှတ်ပြည့် ၁၆၀၀ ပေးရာမှာ ၁၉၅၀ရရှိခဲ့ပြီး သူဟာ Harvard မှာ ကျောင်းအပ်ခဲ့ပါတယ်။ ဒါပေမယ့် အနာဂတ်အတွက်ရယ်လို့စီစဉ်ပြီး မေဂျာတွေကို ရွေးချယ်ခဲ့ခြင်းမရှိပါဘူး။ သူဟာ ကျောင်းရဲ့ ကွန်ပျူတာတွေ နားမှာ အချိန်တော်တော်ကြာ တစ်ဝဲလည်လည်လုပ်နေတာကို အဆုံးသတ်ခဲ့ပါတယ်။

၈။ Gates ဟာ Harvard မှာ ကျောင်းနေတဲ့အချိန်အတွင်း အဆက်အသွယ်အတော်များများ ရအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင်တော့ သူ့အပေါင်းအဖော်ဖြစ်တဲ့ Steve Ballmer လိုပေါ့။ သူတို့နှစ်ယောက်ဟာ အိပ်ဆောင်ချင်းတူပေမယ့် ဆုံခဲ့တာကတော့ Economic အတန်းမှာ ဖြစ်ပါတယ်။

၉။ ၁၉၇၄မှာ MITS လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုဟာ Altair 8800 ကိုထုတ်လုပ်လိုက်ပါတယ်။ Intel 8080 Procesor ကို အခြေခံထားတဲ့ ဒီPC ရဲ့ ချို့ယွင်းချက်တွေကို ပြန်လည်ပြင်ဆင်ပြီးထုတ်လုပ်လိုက်တာဖြစ်သလို ၀ါသနာရှင်တွေနဲ့ အပျော်တမ်းသမားတွေအတွက် Code Software ပါဝင်ပါတယ်။

၁၀။ Gates နဲ့ Allen ဟာ MITS ကို Altair 8800 အတွက် အခြေခံ Programming Language ကို စိတ်ဝင်စားမှုရှိမရှိကိုမေးမြန်းခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ Altair 8800 နဲ့ Programming Laguage ပေါင်းစပ်တဲ့အခါ ဘာဖြစ်နိုင်မလည်းဆိုတာကိုမြင်ချင် ခဲ့တာကြောင့်ဖြစ်ပါတယ်။

၁၁။ Gates နဲ့ Allen ဟာ Altair အတွက် အခြေခံ Prgoramming ကို ရက်သတ္တတ်ပတ်အနည်းငယ်အကြာ ရေးဆွဲပြီးနောက်မှာတော့  သူတို့ရဲ့ လုပ်ဆောင်ချက်ကိုပြသဖို့ MITS ရုံးခန်းတည်ရှိရာ Albuquerque ကိုသွားရောက်ခဲ့ပါတယ်။ MITS ဟာ Gates နဲ့ Allen တို့ပြုလုပ်ထားတဲ့ စက်ပစ္စည်းကို စိတ်ဝင်စားပြီး အခကြေးငွေနဲ့ငှားရမ်းဖို့လုပ်ခဲ့တယ်လို့သိရပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ New Mexico ကို ပြောင်းသွားခဲ့ပါတယ်။ Gates ဟာ Harvard က ကျောင်းပြီးခြင်းမရှိသေးပါဘူး။

၁၂။ Gates နဲ့ Allen ဟာ ၁၉၇၅ ဧပရယ် ၄ရက်မှာ နည်းပညာ လောကမှာ နာမည်ကြီးလာမယ့် Microsoft ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ ၁၉၇၆ နှောင်းပိုင်းမှာတော့ MITS နဲ့လက်တွဲဖြူတ်ခဲ့ပြီး Microsoft ကို သီးသန့်အနေနဲ့သာ ရှိစေခဲ့ပါတယ်။

၁၃။ ဒီပုံကတော့ Gates ရဲ့ နာမည်ကြီးကိုယ်တစ်ပိုင်းပုံအဖြစ်ကျော်ကြားခဲ့တဲ့ ပုံဖြစ်ပါတယ်။ Gates ဟာ ၁၉၇၅ မှာကားကို လိုင်စင်မဲ့မောင်းနှင်မှု ၊ သတ်မှတ်ထားတဲ့မြန်နှုန်းထက်ပိုမို မောင်းနှင်မှု တို့ကြောင့် ရဲအဖွဲ့ရဲ့ ထိန်းသိမ်းခြင်းကိုခံခဲ့ရပြီးနောက် မှတ်တမ်းတင်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ၁၉၇၉ မှာ ကုမ္ပဏီကို Washington ၊ Bellevue ကို ပြောင်းရွှေုခဲ့ပါတယ်။

၁၄။ ၁၉၈၀ မှာတော့ Gates ရဲ့ Harvard အတန်းဖော်ဖြစ်တဲ့ Ballmer ဟာ Micorsoft ကို ရောက်ရှိလာပါတယ်။ ၁၉၉၈ မှာတော့ Gates ဟာ Ballmer ကိုယုံကြည်တဲ့အတွက်ကြောင့် ကုမ္ပဏီရဲ့ Executive Vice President Of Sales ရာထူးကိုပေးခဲ့ပါတယ်။

၁၅။ Microsoft ရဲ့ အစောပိုင်းကာလတွေမှာတော့ ကုမ္ပဏီဟာ PC ဈေးကွက်အသစ်အတွက် Programming Language အသစ်ရေးဆွဲနိုင်ဖို့ကိုသာ အာရုံစိုက်ခဲ့ကြပါတယ်။ Gates ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိန်းချုပ်နိုင်စွမ်းရှိပြီး ကြင်နာတတ်တဲ့သူတစ်ဦး ဖြစ်တယ်လို့ အစောပိုင်းဝန်ထမ်းတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

၁၆။ ၁၉၈၀ မှာ Gates ဟာ စီးပွားရေးစူပါစတားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ IBM ကုမ္ပဏီဟာ သူတို့ရဲ့ အဆင်သင့်ထုတ်လုပ်ဖို့ဖြစ်နေတဲ့ PC အတွက် Operating System လိုအပ်နေတာကြောင့် Microsoft ဆီက၀ယ်ယူဖို့ ချဉ်းကပ်လာခဲ့လို့ပါပဲ။

၁၇။ Gates ဟာ Microsoft ရဲ့ အစအဖြစ် 86-DOS ဒါမှမဟုတ် “ Disk Operating System” ကို ကတိုက်ကရိုက်ပြင်ဆင်ပါတော့တယ်။ နောက်ပိုင်းမှာတော့ ဒီ Software ကို PC DOS လို့ပြောင်းလဲခေါ်ခဲ့ပြီး IBM ကို ဒေါ်လာ ၅၀,၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။

၁၈။ IBM ဟာ ဒီ Software အတွက်မူပိုင်ခွင့်ကို မေးမြန်းခဲ့ခြင်းမရှိသလို Gates က လည်း မူပိုင်ခွင့်နဲ့ပတ်သတ်ပြီးကမ်းလှမ်းခဲ့တာမျိုးမရှိခဲ့ပါဘူး။ သဘောကကတော့ Microsoft ဟာ သူတို့ရဲ့ ကိုင်ပိုင် Version ဖြစ်တဲ့ MS-DOS ကို လွပ်လပ်စွာရောင်းချခဲ့တယ်ဆိုတာပါပဲ။

၁၉။ IBM PC ဟာ အောင်မြင်ခဲ့ပြီး အခြာနည်းပညာကုမ္ပဏီတွေကိုပါ IBM ရဲ့ Programs နဲ့ အဆင်ပြေစေမယ့်  ကိုယ်ပိုင်ကွန်ပျူတာတည်ဆောက်နိုင်ဖို့ထိ လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ IBM ဟာ Gates ရဲ့ Microsoft နဲ့ ညှိနှိုင်းဖို့လိုအပ်လာပါတော့တယ်။

၂၀။ IBM ၊ Compaq ၊ Dell စတဲ့ ကုမ္ပဏီတွေဟာလည်း ကိုယ်ပိုင်ကွန်ပျူတာကို တည်ဆောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီကုမ္ပဏီ တွေအားလုံး DOS Software ကိုလိုအပ်ပါတယ်။ နောက်ပိုင်းမှာတော့ ကွန်ပျူတာစနစ်ကို လည်ပတ်စေမယ့် Windows Software ကို လိုအပ်လာကြပါတယ်။ ဒါဟာ Microsoft ရဲ့ တိုးတက်အောင်မြင်မှု အစပဲဖြစ်ပါတယ်။

၂၁။၁၉၈၃ မှာ Microsoft ဟာ ကွန်ပျူတာစီးပွားရေးလုပ်ငန်းမှာ ဒေါ်လာ ၅၅မီလီယံ ထိ ရောင်းရခဲ့ပါတယ်။ ၁၉၈၃ မတ် ၁၃မှာ Microsoft ဟာ ရှယ်ယာတစ်စုကို ၂၁ ဒေါ်လာနဲ့ ရောင်းချခဲ့ပြီး ပထမနေ့မှာပဲ ၂၈ ဒေါ်လာ ထိ ဈေးတက်သွားခဲ့ပါတယ်။ Gates ဟာ ၁၉၈၇ အသက် ၃၁ နှစ်မှာပဲ ဘီလီယံနာ တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။

၂၂။ ၁၉၉၅ ကနေ ၂၀၀၇ အထိ ကမ္ဘာ့အချမ်းသာဆုံးလူစာရင်းရဲ့ နံပါတ်၁နေရာမှာ ရပ်တည်ခဲ့ပါတယ်။ အဲ့နောက်မှာ နံပါတ်၁နေရာက ပြန်လည်ဖယ်ရှားပေးခဲ့ရပေမယ့် ၂၀၀၉ ခုနှစ်မှာ ပြန်လည်ရယူနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

၂၃။ Windos 1.0 ကို ၁၉၈၅ မှာ ပထမဆုံးထုတ်လုပ်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်ကတည်းက Gates နဲ့ Apple တည်ထောင်သူ Steve Jobs တို့ရဲ့ ကာလကြာရှည်တဲ့ ပြိုင်ပွဲ တစ်ရပ် စတင်ခဲ့တာလည်းဖြစ်ပါတယ်။ Jobs ဟာ Microsoft က  Apple ရဲ့ Graphical User Interface ကို ကူးယူသုံးစွဲတယ်လို့ စွပ်စွဲခဲ့ပြီး မူပိုင်ခွင့်ချိုးဖောက်မှု အတွက် တရားဆွဲဆိုခဲ့ပါတယ်။ ၁၉၉၃ မှာ တော့ Microsoft ဟာဒီတရားဆွဲဆိုမှု မှာ အနိုင်ရရှိခဲ့ပါတယ်။

၂၄။ Gates ကို နိုင်လိုစိတ်ပြင်းပြပြီး ရှုံးနိမ့်တာကို မနှစ်သက်သူတစ်ဦးလို့ လူသိများကြပါတယ်။ သူ့ရဲ့ဦးဆောင်မှုအောက်မှာ Microsoft ဟာပိုမိုကြီးထွားလာပြီး ရုံးသုံး Software ကိုလည်းထပ်မံထုတ်လုပ်ခဲ့ပါတယ်။ Microsoft ရဲ့ Windows နဲ့ ရုံးသုံး Software တွေဟာ  ကွန်ပျူတာ PC ဈေးကွက်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၂၅။ သတင်းအရကတော့ Gates ဟာ သူ့ရဲ့ Executives တွေကို အစည်းအဝေးလုပ်တဲ့အခါ တစ်ချို့ ဆုံးဖြတ်ချက်တွေကို ဖိအားပေးတတ်တယ်လို့သိရပါတယ်။

၂၆။ Apple နဲ့ Microsoft ရဲ့ ကာလကြာရှည်ယှဉ်ပြိုင်မှုက တစ်ခန်းရပ်သွားတယ်လို့ပြောလို့ရပါတယ်။ 1997 မှာ Appleကို CEO အဖြစ် Steve Jobs ပြန်ရောက်လာတဲ့အခါမှာ Gates ဟာ Apple ကို ဒေါ်လာ ၁၅၀မီလီယံ ရင်းနှီးမြုပ်နှံမှုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီတော့ Jobs အနေနဲ့ Microsoft နဲ့ ဆက်လက် ယှဉ်ပြိုင်ခြင်းမရှိခဲ့တာပါ။

၂၇။ Gates ရဲ့ “ The Road Ahead “ ဟာ ၁၉၉၅ နိုဝင်ဘာ ၂၄ မှာထွက်ရှိခဲ့ပါတယ်။ ဒီစာအုပ်ကိုအတူ တကွရေးသားခဲ့သူတွေကတော့ Microsoft Executive တစ်ယောက်ဖြစ်တဲ့ Nathan Myhrvold နဲ့ သတင်းထောက် Peter Rinearson တို့ဖြစ်ပါတယ်။

၂၈။ ၁၉၉၈ မှာ အမေရိကန်ပြည်ထောင်စုက Microsoft ကို ဆန်ကျင့်တဲ့ ကုမ္ပဏီ စီးပွားရေးဆိုင်ရာ ပြသနာတစ်ချို့ဖြစ်ခဲ့ပါတယ်။ ဒီ ပြသနာကို နှစ်အနည်းငယ်ကြာပြီးနောက်မှာ တော့ဖြေရှင်းနိုင်ခဲ့ပြီး Microsoft ဟာ စီးပွားရေး တစ်ချို့ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ဖို့ သဘောတူညီခဲ့ပါတယ်။

၂၉။ ၂၀၀ ခုနှစ်မှာတော့ Gates ဟာ Ballmer ကို Chief Executive Officer ရာထူးပြောင်းပေးလိုက်ပြီး သူကတော့ Chief Software Architect နဲ့ CEO အဖြစ်တာဝန်ယူခဲ့ပါတယ်။

၃၀။ အချက်အလက်တွေအရ Gates နဲ့ Ballmer ဟာ Microsoft က ၀န်ထမ်းတွေအတွက် ရည်ရွယ်တဲ့ “ Comedy” မှာ သရုပ်ဆောင်မယ် ဆိုပြီးလုပ်ခဲ့တယ်လို့သိရပါတယ်။

၃၁။ ၂၀၀၆ မှာ Gates ဟာ Chief Software Architect ရာထူးကနေ Microsoft ရဲ့ အချိန်ပိုင်း Chairman အဖြစ်လုပ်ဆောင်မယ်လို့ကြေငြာခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့သူတည်ထောင်ထားတဲ့ Bill & Melinda Gates Foundation ကို အာရုံစိုက်ချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါပဲ။ ဒီ Foundation ဟာ ပုဂ္ဂလိက ကမ္ဘာ့အကြီးဆုံး လှူဒါန်းရေးအဖွဲ့အစည်းလည်းဖြစ်ပြီး နာမည်ကြီး ရင်းနှီးမြုပ်နှံသူ Warren Buffett နဲ့ Bill Gates တို့ ဇနီးမောင်နှံ ဖွဲ့စည်းထားတာပါ။

၃၂။ ရာထူးပြောင်းလဲယူပြီးတဲ့ အချိန်ကစပြီးတော့ Gates ဟာ ဖွံ့ဖြိုးဆဲ နို်င်ငံတွေ မှာ ရင်ဆိုင်နေရတဲ့ သန့်ရှင်းတဲ့ရေ ရရှိရေး ၊ ကမ္ဘာ့ငတ်မွန်ခေါင်းပါးမှုပြသနာနဲ့ စွမ်းအင်လုံလောက်စွာရရှိရေးစတဲ့ပြသနာတွေမှာ သူ့ရဲ့ ငွေကြေးကိုသုံးပြီး ကူညီနိုင်ဖို့ကိုသာ အာရုံစိုက်ပါတော့တယ်။

၃၃။ Gates ဟာ တခြားရင်းနှီးမြုပ်နှံမှု လုပ်ထားသေးပါတယ်။ အဲဒါကတော့ Four Seasons ဟိုတယ်ပဲဖြစ်ပါတယ်။

၃၄။ ကုသိုလ်ဖြစ် လှုဒါန်းမှုတွေအတွက် Bill Gates ရဲ့ လူမှုအရေးအရ လုပ်ဆောင်ချက်တွေဟာ အကြမ်းဖျင်း ဒေါ်လာ ၈၇ဘီလီယံ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

၃၅။ ၂၀၁၄ ခုနှစ်မှာတော့ Gates ဟာ Chairman ရာထူးက ဆင်းဖို့ ကိုယ်တိုင်ဆုံးဖြတ်ခဲ့ပြီး Technology Advisor ကိုယူခဲ့ပါတယ်။   အဲ့ဒီနှစ်မှာ ပဲ Ballmer ဟာ Microsoft ကိုစွန့်ခွာသွားခဲ့ပါတယ်။ Ballmer နေရာကို ဆက်ခံသူကတော့ Satya Nadella ဖြစ်ပါတယ်။ ကျန်တဲ့ အကြောင်းအရာတွေကတော့ သမိုင်းတစ်ခုအဖြစ်သာ ရှိခဲ့ပါတော့တယ်။


Jan ( Akhayar)
Ref : BusinessInsider , Google
https://www.akhayar.com/microsoft_the_rise_of_bill_gates/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။