Shwe Nyar Thu added 5 new photos — with Mi Mi Tun and Mi Mi Tun.
****************
ငါးခြောက်ဖုတ်မယ်ဆိုရင်အရင်ဆုံးဆားရည်ထဲငါးခြောက်ကိုနာရီဝက်လောက်စိမ်ထားပါ
ပြီးမှရေ၃ထပ်လောက်ဆေးပြီးဖုတ်လို့ရပါပြီ
ဆားရည်စိမ်ခြင်းကငါးခြောက်ရဲ့အငံကို
လဲနည်းသွားအောင်စုပ်ယူသ
လိုငါးခြောက်လှန်းတဲ့အခါအခုသုံးနေကြတဲ့
ယင်မနားဆေးရဲ့
အန္တရာယ်လဲနည်းသွားပါတယ်။
ငါးရံ့ခြောက်လိုဖုတ်လိုက်ရင်မာနေတတ်တဲ့ငါးခြောက်အတွတ်တော့
ရေဇလုံလေးတစ်လုံးငါးခြောက်ထုမယ့်စင့်တီတုံးနားအသင့်ထားထားပါ။
ငါးခြောက်ကိုကြွပ်ကြွပ်မကြိုက်ပဲပျော့ပျော့လေးစားချင်ရင်တော့ဆီထည့်ထားတဲ့ပန်းကန်လေးလဲအဆင်သင့်လုပ်ထားပါ
ငါးခြောက်ကိုစဖုတ်လို့မီးအပူနဲ့တွေ့ရင်ငါးခြောက်သားလေးစပြီးပျော့
ပျောင်းလာပါမယ်
အဲ့ဒီ့်အချိန်ငါးခြောက်ကိုပြန်ဆယ်ပြီးဖွဖွလေးအသားပွလာအောင်ထု
ပြီးမှပြန်ဖုတ်ပါ
ငါးခြောက်ကကျက်လာပြီးတူးစပြုလာရင်အသင့်ထားထားတဲ့ရေဇလုံ
ထဲထည့်ပြီးချက်ချင်းပြန်ဆယ်ပါ
မီးလေးခဏပြန်ပြပြီးဖွဖွလေးထုပါ
ထုထားတဲ့ငါးခြောက်ကိုချက်ချင်း
အပူဓာတ်မကုန်ခင်ဆီစိမ်ပါ
ဒါဆိုရင်တော့ငါးခြောက်ပျော့ပျော့ပျောင်းပျောင်းလေးရပါပြီ
အသက်ကြီးရွယ်သူမိဘတွေလဲ
အဆင်ပြေပြေဝါးလို့ရပါတယ်
ကြွပ်တာကြိုက်ရင်တော့ထုလိုက်
ဆီစိမ်လိုက်မလုပ်ပဲထုထားတဲ့ငါး
ခြောက်တွေကိုအေးသွားမှဆီစိမ်ပါ
ဒါဆိုရင်တော့ငါးခြောက်ကြွပ်ကြွပ်လေးရပါပြီ
ပန်းခရေသိသမျှလောက်ပါရှင်
Credit ပန်းခရေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။