မြန်မာ့သတင်းထူးသတင်းဦးများ added 2 new photos.
ကားထဲမှာဒီလိုပစ္စည်းထားရင် သင့်ကို ၁၅စက္ကန့်အတွင်းသေစေနိုင်တယ်ဆိုတာ သင်သိပါသလား။
------------------------------------------------------------------
အခုဗီဒီယိုကိုကြည့်ပြီး အော်သံတွေကိုကြားရတာနဲ့ ဘယ်လောက်တောင်ကြောက်ဖို့ ကောင်းလိုက်သလဲဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။ ဘာဖြစ်လို့ဒီလိုဖြစ်ရတာပါသလဲ။ ဒီဗီဒီယိုထဲမှာ လူငယ်လေးတစ်ယောက်မီးခြစ်ခြစ်လိုက်တာနဲ့ ဘာလို့ဒီလိုဆိုးဆိုးရွားရွားဖြစ် သွားရပါသလဲ။
တရားခံကတော့ ကားထဲမှာအသုံးပြုတဲ့ ရေမွှေးပုလင်းပါ။ လူအတော်များများ
ကားအတွင်းခန်းမွှေးစေရန်အတွက် ကားရေမွှေးပုလင်းကို
နှစ်သက်စွာအသုံးပြုကြပါတယ်။ ဒါဟာ ချိန်ကိုက်ဗုံးတစ်လုံးဆိုတာ
သိတဲ့လူအင်မတန်နည်းပါတယ်။ သင်ကိုယ်တိုင်လည်း ဒီကားရေမွှေးပုလင်းက
ဘာလို့ပေါက်ကွဲနိုင်တဲ့အထိဖြစ်စေနိုင်တာသလဲဆိုတာ သိချင်နေမှာပါ။
အကြောင်းရင်းကတော့ ယခုလိုပူပြင်းလှတဲ့ရာသီဥတုဟာ ကားအတွင်းပိုင်းရှိအပူချိန်ကို ၅၆ဒီဂရီစင်တီဂရိတ်အထက် မြင့်တက်စေပါတယ်။ အပြင်ကအပူချိန် ၄၀ဆိုသော်လည်း အလုံပိတ်ထားတဲ့ ကားအတွင်းပိုင်းရှိအပူချိန်ဟာ အလွန်ကိုမြင့်မားလွန်းလှပါတယ်။ သာမန်ကားရေမွှေးပုလင်းများရဲ့ အပူချိန်ကိုခံနိုင်စွမ်းအား တနည်းအားဖြင့် မီးလောင်မှတ်က ၄၅ ဒီဂရီစင်တီဂရိတ်အထိသာဖြစ်ပါတယ်။ ဒါကြောင့် အလုံပိတ်ထားတဲ့ ကားထဲ အပူချိန်မြင့်နေချိန် ၀င်ဝင်ခြင်း မီးခြစ်ခြစ်လိုက်တဲ့အတွက် ပေါက်ကွဲမှုကြီးဖြစ်ပေါ်ရတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကားအတွင်းအနံ့အသက် ကောင်းစေဖို့ ဂျယ်လီလို အမွှေးခဲ နှင့် အမွှေးထုတ်လေးများက ပိုမိုလုံခြုံစေပါတယ်လို့ ပရိသတ်ကြီးများအတွက် စေတနာကောင်းနဲ့တင်ဆက်ပေးလိုက်ရပါတယ်။
ပရိသတ်ကြီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။
Unicode
(ဗဟုသုတ)
Crd
*အိ*
"Thank for all reader"

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။