♥ ♥ ♥
ဖေဖေဘာလို့ မေမေ့ကိုကြောက်တာလဲ?
……………………………
ဖေဖေ ဘာလို့ မေမေ့ကို ကြောက်တာလဲ?
ကျွန်မငယ်ငယ်ကစဉ်းစားတယ်
ဖေဖေဟာတစ်ခုခုဆို မေမေ့ကိုသိပ်အလျှော့ပေးလွန်းတယ်
မေမေဟာ သူစားချင်တဲ့မုန့် တစ်ခုခု
ဆိုင်မှာမရှိတော့တာကို
မဆီမဆိုင်ဖေဖေ့ကိုစိတ်ကောက် တယ်
အဲ့ဒီ့အချိန်ကျ ဖေဖေက တစ်မြို့ လုံးပတ်ပြီး
မရ ရ အောင်လိုက်ဝယ်ပေးတယ်
ကျွန်မလေ ဖေဖေ့ကိုနားမလည်ဘူး
သူ ကိုင်ပေါက်မယ်ဆို လက်တစ်ဖက်တည်းနဲ့ ဆွဲ မ လို့ ရတဲ့မေမေ့ကို
ဘာ့ကြောင့်များ ကြောက်နေပါလိမ့်?
တစ်စုံတစ်ရာအချင်းအရာနဲ့ ပတ်သတ်ပြီး
ဖေဖေနဲ့ မေမေငြင်းခုံကြတဲ့အခါ
ကိုယ်မှန်တဲ့ကိစ္စတွေမှာတောင်
ဖေဖေဟာ ဆက်မငြင်းပဲအရှူံးပေးလိုက်တ ယ်
ကျွန်မလေ ဖေဖေ့ဘက်ကသိပ်ခံပြင်းတာပဲ
လူကောင်အကြီးကြီးနဲ့ ဖေဖေက
ဘာကြောင့်ဘာ့ကြောင့်များ
အရပ်ငါးပေ မပြည့်တဲ့မေမေ့ကိုကြောက်နေရ တာလဲ?
ဖေဖေက ချစ်သူ ဘဝမှာတည်းကအလျှော့ပေးခဲ့တယ်
ကြင်စဦးဘဝမှာလည်းအရှုံးပေးတ ယ်
ကျွန်မမမွေးခင်
ကျွန်မ ကျောင်းနေတဲ့အရွယ်
တက္ကသိုလ်ရောက်တဲ့အရွယ်အထိ လည်း အရင်အတိုင်းပဲ
အရှုံးပေးမြဲပေးနေတယ်
အလျှော့ပေးမြဲပေးနေဆဲ
ကျွန်မကတော့
အလျှော့ပေးလွန်းတဲ့ဖေဖေ့ကို အသဲယားလိုက်
အလျှော့ပေးတယ်ဆိုပြီးရောင့် တက်လွန်းတဲ့ မေမေ့ကိုအသဲယားလိုက်နဲ့ ပေါ့ နေလာခဲ့တာ
နောက်တော့
ဖေဖေ့ဆီကစကားတစ်ခွန်းကြောင့် 
"ဖေဖေဘာလို့ မေမေ့ကို ကြောက်တာလဲ ?”ဆိုတဲ့
ကျွန်မရဲ့ မေးခွန်းဟာ မှားယွင်းနေမှန်းသိလိုက်ရတယ်
ဖေဖေက
"မင်း တစ်ယောက်တည့်း မွေးထားတဲ့အတွက်
ဖေဖေတို့ မင်းကိုပဲအားကိုးရလိမ့်မယ်
အသက်ကြီးလာရင် သားမက်တွေ မြေးတွေနဲ့ နေရတော့မယ်အဲ့ဒီအခါကျ
ဖေဖေက ဘယ်သူနဲ့ မဆိုအဆင်ပြေအောင်နေတတ်လို့ ပြသနာမရှိပေမယ့်
ဇီဇာကြောင်တတ်တဲ့ မင်း မေမေကို ပို ပိုပြီးဂရုစိုက်ပေးပါ
ကြေးများတတ်တဲ့မင်းမေမေကို သူကြိုက်တာလေးတွေ ချက်ကျွေးပါ
ပဇိပဇာများလွန်းတဲ့မင်းမေမေ ကို အပြစ်မမြင်ပဲ နေပေးပါ
ဖေဖေ့ထက်ပိုပြီး ဂရုစိုက်ပေးပါ"တဲ့
ကျွန်မလေ သိပ်အံ့သြသွားတယ်
နောက်ပြီးသိပ်ကြည်နူးသွားတယ်
ကျွန်မအရင်တုန်းကထင်ခဲ့မိတာ
ဖေဖေဟာ မေမေ့ကိုကြောက်လို့ 
မကျေနပ်တဲ့အရာတွေမျိုသိပ်ပြီး
မတတ်သာတဲ့အဆုံးအလျှော့ပေးခဲ့ တယ်ပေါ့
ဒါပေမယ့်
အမှန်က ဖေဖေဟာ မေမေ့ကိုသိပ်ချစ်လွန်းတာ
သိပ်ချစ်လွန်းလို့ တစ်ဘဝလုံးအလျှော့ပေးခဲ့မှန်း သိလိုက်ရပြီ
မေမေ့ဆန္ဒတွေကိုတစ်ဘဝလုံးဖြည့်ဆည်းပေးခဲ့တဲ့ဖေဖေဟာ
အသက်ကြီးလာလို့ အိုမင်းမစွမ်းဖြစ်တဲ့အခါ
မေမေ့အပေါ်သူပျက်ကွက်မယ့်တာဝ န်တွေအတွက်
သမီးပုခုံးပေါ်ကိုလွှဲပြောင်း ပေးတာပဲ
အချစ်ဆိုတာ
ချစ်ရတဲ့သူစိတ်ချမ်းသာဖို့ အမြဲတမ်းအလျှော့ပေး ဖြည့်ဆည်းပေးတတ်တဲ့သဘောလား
အချစ်ဆိုတာ
ကိုယ်ကိုယ်တိုင်ထက်ချစ်ရတဲ့ သူကို ပိုပြီးကောင်းစားစေချင်တဲ့သ ဘောများလား?
ဒီတော့ သိပ်ချစ်တတ်တဲ့ဖေဖေ့အတွက်
ကျွန်မမေးတဲ့မေးခွန်းကို ပြန်လည်ပြင်ဆင်လိုက်တယ်
"ဖေဖေဘာလို့ မေမေ့ကို သိပ်ချစ်တာလဲ?”
Credit-#မေဦး(YUFL)
ဖေဖေဘာလို့ မေမေ့ကိုကြောက်တာလဲ?
……………………………
ဖေဖေ ဘာလို့ မေမေ့ကို ကြောက်တာလဲ?
ကျွန်မငယ်ငယ်ကစဉ်းစားတယ်
ဖေဖေဟာတစ်ခုခုဆို မေမေ့ကိုသိပ်အလျှော့ပေးလွန်
မေမေဟာ သူစားချင်တဲ့မုန့် တစ်ခုခု
ဆိုင်မှာမရှိတော့တာကို
မဆီမဆိုင်ဖေဖေ့ကိုစိတ်ကောက်
အဲ့ဒီ့အချိန်ကျ ဖေဖေက တစ်မြို့ လုံးပတ်ပြီး
မရ ရ အောင်လိုက်ဝယ်ပေးတယ်
ကျွန်မလေ ဖေဖေ့ကိုနားမလည်ဘူး
သူ ကိုင်ပေါက်မယ်ဆို လက်တစ်ဖက်တည်းနဲ့ ဆွဲ မ လို့ ရတဲ့မေမေ့ကို
ဘာ့ကြောင့်များ ကြောက်နေပါလိမ့်?
တစ်စုံတစ်ရာအချင်းအရာနဲ့ ပတ်သတ်ပြီး
ဖေဖေနဲ့ မေမေငြင်းခုံကြတဲ့အခါ
ကိုယ်မှန်တဲ့ကိစ္စတွေမှာတောင
ဖေဖေဟာ ဆက်မငြင်းပဲအရှူံးပေးလိုက်တ
ကျွန်မလေ ဖေဖေ့ဘက်ကသိပ်ခံပြင်းတာပဲ
လူကောင်အကြီးကြီးနဲ့ ဖေဖေက
ဘာကြောင့်ဘာ့ကြောင့်များ
အရပ်ငါးပေ မပြည့်တဲ့မေမေ့ကိုကြောက်နေရ
ဖေဖေက ချစ်သူ ဘဝမှာတည်းကအလျှော့ပေးခဲ့တယ်
ကြင်စဦးဘဝမှာလည်းအရှုံးပေးတ
ကျွန်မမမွေးခင်
ကျွန်မ ကျောင်းနေတဲ့အရွယ်
တက္ကသိုလ်ရောက်တဲ့အရွယ်အထိ လည်း အရင်အတိုင်းပဲ
အရှုံးပေးမြဲပေးနေတယ်
အလျှော့ပေးမြဲပေးနေဆဲ
ကျွန်မကတော့
အလျှော့ပေးလွန်းတဲ့ဖေဖေ့ကို
အလျှော့ပေးတယ်ဆိုပြီးရောင့်
နောက်တော့
ဖေဖေ့ဆီကစကားတစ်ခွန်းကြောင်
"ဖေဖေဘာလို့ မေမေ့ကို ကြောက်တာလဲ ?”ဆိုတဲ့
ကျွန်မရဲ့ မေးခွန်းဟာ မှားယွင်းနေမှန်းသိလိုက်ရတယ
ဖေဖေက
"မင်း တစ်ယောက်တည့်း မွေးထားတဲ့အတွက်
ဖေဖေတို့ မင်းကိုပဲအားကိုးရလိမ့်မယ
အသက်ကြီးလာရင် သားမက်တွေ မြေးတွေနဲ့ နေရတော့မယ်အဲ့ဒီအခါကျ
ဖေဖေက ဘယ်သူနဲ့ မဆိုအဆင်ပြေအောင်နေတတ်လို့ ပြသနာမရှိပေမယ့်
ဇီဇာကြောင်တတ်တဲ့ မင်း မေမေကို ပို ပိုပြီးဂရုစိုက်ပေးပါ
ကြေးများတတ်တဲ့မင်းမေမေကို သူကြိုက်တာလေးတွေ ချက်ကျွေးပါ
ပဇိပဇာများလွန်းတဲ့မင်းမေမေ
ဖေဖေ့ထက်ပိုပြီး ဂရုစိုက်ပေးပါ"တဲ့
ကျွန်မလေ သိပ်အံ့သြသွားတယ်
နောက်ပြီးသိပ်ကြည်နူးသွားတယ
ကျွန်မအရင်တုန်းကထင်ခဲ့မိတာ
ဖေဖေဟာ မေမေ့ကိုကြောက်လို့ 
မကျေနပ်တဲ့အရာတွေမျိုသိပ်ပြ
မတတ်သာတဲ့အဆုံးအလျှော့ပေးခဲ
ဒါပေမယ့်
အမှန်က ဖေဖေဟာ မေမေ့ကိုသိပ်ချစ်လွန်းတာ
သိပ်ချစ်လွန်းလို့ တစ်ဘဝလုံးအလျှော့ပေးခဲ့မှန
မေမေ့ဆန္ဒတွေကိုတစ်ဘဝလုံးဖြည
အသက်ကြီးလာလို့ အိုမင်းမစွမ်းဖြစ်တဲ့အခါ
မေမေ့အပေါ်သူပျက်ကွက်မယ့်တာဝ
သမီးပုခုံးပေါ်ကိုလွှဲပြောင်း
အချစ်ဆိုတာ
ချစ်ရတဲ့သူစိတ်ချမ်းသာဖို့ အမြဲတမ်းအလျှော့ပေး ဖြည့်ဆည်းပေးတတ်တဲ့သဘောလား
အချစ်ဆိုတာ
ကိုယ်ကိုယ်တိုင်ထက်ချစ်ရတဲ
ဒီတော့ သိပ်ချစ်တတ်တဲ့ဖေဖေ့အတွက်
ကျွန်မမေးတဲ့မေးခွန်းကို ပြန်လည်ပြင်ဆင်လိုက်တယ်
"ဖေဖေဘာလို့ မေမေ့ကို သိပ်ချစ်တာလဲ?”
Credit-#မေဦး(YUFL)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။