ချမ်းသာအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့အချက်များ
ကိုယ့်အားကိုယ်ကိုးပြီးချမ်းသာလာဖို့ ဆိုတာတကယ်မလွယ်တဲ့ကိစ္စပါ။လူကြီးမင်းတို့ ကျွန်တော်တို့ အခုတင်ပြမယ့်အချက်တွေကိုအရ င်က ကျင့်သုံးခဲ့မယ်ဆိုရင်တော့ လူကြီးမင်းတို့ ဘယ်လိုစီးပွားရေးနယ်ပယ်ထဲမှာဘဲရောက်နေစေကာမူ နေရာတစ်ရာ ရမှာအသေအချာပါဘဲ။သင်ချမ်းသာ ချင်ပြီလား? အောင်မြင်ချင်ပြီလား? ဒီအချက်တွေကိုသေချာအာရုံစို က်ပါ
💰 မိမိလုပ်ရမယ့်အလုပ်ကိုစိန်ခေါ်ပြီးလုပ်ပါ
သင် မိမိဘာသာကြိုးစားအောင်မြင်လာတဲ့မီလီယျံနာတယောက်ကို ဘာ့ကြောင့်လုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့တာလဲလို့ မေးရင် သူတို့ ငွေတွေသန်းနဲ့ ချီပြီးရှာဖို့ အခွင့်အရေးတွေလိုချင်လို့ လို့ ဖြေကြမှာမဟုတ်ပါဘူး။အောင်ြ မင်တဲ့သူတွေဟာ သူတို့ ရဲ့အိမ်မက်တွေ အနာဂတ်တွေရဲ့စိန်ခေါ်မှုတွေကိုလိုလိုလားလားလက်ခံပြီးရင်ဆိုင်ချင်ကြတယ်။သူတို့ အခက်အခဲတွေကိုကျော်ဖြတ်ပြီး အောင်မြင်အောင်ကြိုးစားချင် ကြတယ်
💰ဘယ်တော့မှသက်တောင့်သက်သာဖြစ်တယ်ဆိုတာမရှိဘူး
သင့်ဘဝမှာ , " ငါအားလုံးကိုပြီးသွားပြီ, ငါအလုပ်ကြိုးစားနေတာတွေရပ်ေ တာ့မယ်" ဆိုတဲ့အတွေးတွေလုံးဝမရှိသင့် ပါဘူး။ထိပ်ဆုံးကိုရောက်ဖို့ အမြဲကြိုးစားနေကြရမယ်။ဥပမာ သင့်ရည်မှန်းချက်က အမေရိကန်ဒေါ်လာ၁သန်းဆိုကြပါစို့ ။သင်ရည်မှန်းချက်ပြည့်မြော က်သွားရင် အခြားရည်မှန်းချက်တစ်ခုကိုချမှတ်ပြီးဆက်လက်ကြိုးစားရမှာပါဘဲ။သင်ဘယ်တော့မှ သက်တောင့်သက်သာမဖြစ်သင့်ပါဘူး။အမြဲ အကောင်းဆုံးကြိုးစားနေရပါမယ်
💰အခြားသူတွေ ပြိုင်ဘက်တွေထက် အလုပ်ကိုပိုကြိုးစားပါ
သင်ဘယ်လောက်ဘဲမွေးရာပါဗီဇက တော်နေပါစေ အလုပ်ကြိုးစားချင်စိတ်မရှိဘူးဆိုရင်တော့ သင့်ရည်မှန်းချက်ဆီဘယ်တော့မှရောက်မှာမဟုတ်ပါဘူး။အောင်ြ မင်ချင်ရင် အခြားသူတွေထက်အလုပ်ပိုကြိုး စားကြရမယ်။ဒီထက်ကောင်းတဲ့နည်းလမ်းဆိုတာမရှိပါဘူး။
💰အတိတ်ကအမှားတွေ , ရှုံးနိမ့်မှုတွေဆီကနေ သင်ခန်းစာယူကြရမယ်
ကျွန်တော်တို့ စီးပွားရေးတစ်ခုစတင်ပြီဆို တာနဲ့ အမှားတွေ ကြုံရမယ်။ရှုံးနိမ့်မှုတြွေ ကုံရမယ်ဆိုတာအသေအချာပါဘဲ။သင်အဲ့အရာတွေကြုံလာရင်ဘယ်လိုကိုင်တွယ်မလဲ? ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့အချက်တွေက သင့်ရဲ့အောင်မြင်မှုကိုဆုံး ဖြတ်ပေးသွားတာပါ။သင်ကျရှုံး ရင် ဘယ်တော့မှစိတ်ဓတ်မကျပါနဲ့ ။ဒါပေမယ့် ဘာ့ကြောင့်ကျရှုံးခဲ့ရတာလဲဆိုတာ ဆန်းစစ်ပါ။အတွေ့ အကြုံယူပါ။ပြီးမေ့ဖျောက်ပစ်ပြီး ရှေ့ ကိုခရီးဆက်ပါ
💰စာနေ့ တိုင်းဖတ်ပါ
စည်းမျဉ်းစည်းကမ်းတွေလိုက်နာနေရုံနဲ့ မလုံလောက်ပါဘူး။ကျွန်တော်တို့ စာဖတ်ကြရမယ်။အမြဲဘဲစာဖတ်ပါ ။အမြဲဘဲခေါင်းစဉ်အသစ်တွေကို ရှာဖွေပြီးဖတ်နေပါ။ဒါမှသာ လက်ရှိဖြစ်ပေါ်နေတဲ့အရာတွေနဲ့ အဆက်မပြတ်ဘဲ ခေတ်ရေစီးကြောင်းနဲ့ အညီလိုက်နေနိုင်မှာပါ
💰စိတ်ကိုအေးဆေးထားရမယ်။ခန္တာကိုယ်ကိုလဲ ကျန်းမာအောင်နေရမယ်
နေ့ စဉ်အားကစားလုပ်ပါ။မှန်မှန် ကန်ကန်စားပါ။အိပ်ရေးဝဝအိပ်ပါ
💰အနားမှာ အောင်မြင်လိုစိတ်ရှိတဲ့သူတွေ အောင်မြင်သူတွေနဲ့ ဝန်းရံထားပါ
သင့်ဘေးမှာ မကောင်းတဲ့သူတွေနဲ့ ဝန်းရံထားရင်တော့ ဘာမှတိုးတတ်လာမှာမဟုတ်ပါဘူး ။သင်နဲ့ ရည်မှန်းချက်တူတဲ့သူတွေ စိတ်ကူးတူတဲ့သူတွေနဲ့ ဝန်းရံထားရမယ်။သင့်အလုပ်ကိုဂရုမစိုက်တဲ့သူတွေ
အပြစ်တင်တဲ့သူတွေ ကဲ့ရဲ့တဲ့သူတွေ ကိုရှောင်ကြဉ်ရမယ်။ အားရက်တွေတိုင်း
ကလပ်တတ် ပါတီတတ်နေရင်တော့ အောင်မြင်ဖို့ ကြိုးစားရာမှာထိခိုက်လာနို င်ပါတယ်
💰ချစ်တဲ့သူတွေကိုဂရုစိုက်ရမယ်
ကျွန်တော်တို့ ခံစားချက် တွေ စိတ်ခွန်အားတွေရှင်သန်ဖို့ ဆိုရင် ကျွန်တော်တို့ ချစ်တဲ့သူတွေက အရေးကြီးတဲ့အပိုင်းကနေ ပါဝင်လာပါတယ်။ မိမိထက်နိမ့်ကျတဲ့သူတွေ အားနည်းတဲ့သူတွေကိုကူညီပါ။ေ ပးကမ်းပါ။စွန့် ကြဲပါ
💰ရိုးသားရမယ်။ပွင့်လင်းမြင်သာမှုရှိရမယ်
အမြဲဘဲလိမ်ညာနေတဲ့သူတွေ ကောက်ကျစ်နေတဲ့သူတွေ ဟာ ဘယ်တော့မှအောင်မြင်မှာမဟုတ် ပါဘူး။ကျွန်တော်တို့ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ရိုးသားဖို့ ပွင့်လင်းဖို့ အရမ်းလိုအပ်ပါတယ်။သင်ရေရှည်အောင်မြင်ဖို့ ဆိုရင် ဒီအချက်တွေလိုက်နာဖို့ အထူးလိုအပ်ပါတယ်
💰ရေရှည်အောင်မြင်ချင်ရင် ရေတိုအောင်မြင်ဖို့ ဆိုတဲ့အတွေးတွေကိုလုံးဝမတွေးပါနဲ့ 
လူအများစုဟာရေတိုအတွေးလေးတွေဘဲတွေးကြတယ်။ဒါဟာသိပ်ပြီးမ ကောင်းလှပါဘူး။သင်ဖြစ်ချင်တဲ့ဘဝပုံစံကိုစိတ်ကူးထဲမှာရေးဆွဲပြီးရေရှည်အတွက် ကြိုးစားနေကြရမှာပါ။ဒီလိုရည်မှန်းချက်တွေရှိလာရင် သင်ဟာ ပိုပြီးမိမိကိုယ်ကိုယုံကြည် မှုရှိလာမယ်။သင့်အတွက်ကော သင့်မိသားစုအတွက်ကောပါ ချမ်းသာအောင်လုပ်ဆောင်လာနို င်မှာလဲဖြစ်ပါတယ်။
ဒီအချက်တွေကိုအမြဲဘဲခေါင်းထဲမှာထည့်ထားပြီးကြိုးစားပါ။ လိုက်နာပါ
#Rulestobefollowed
#Toptenteam
Credit. To. TopTen
ကိုယ့်အားကိုယ်ကိုးပြီးချမ
💰 မိမိလုပ်ရမယ့်အလုပ်ကိုစိန်ခေါ်ပြီးလုပ်ပါ
သင် မိမိဘာသာကြိုးစားအောင်မြင်လ
💰ဘယ်တော့မှသက်တောင့်သက်သာဖြစ
သင့်ဘဝမှာ , " ငါအားလုံးကိုပြီးသွားပြီ, ငါအလုပ်ကြိုးစားနေတာတွေရပ်ေ
💰အခြားသူတွေ ပြိုင်ဘက်တွေထက် အလုပ်ကိုပိုကြိုးစားပါ
သင်ဘယ်လောက်ဘဲမွေးရာပါဗီဇက တော်နေပါစေ အလုပ်ကြိုးစားချင်စိတ်မရှိဘ
💰အတိတ်ကအမှားတွေ , ရှုံးနိမ့်မှုတွေဆီကနေ သင်ခန်းစာယူကြရမယ်
ကျွန်တော်တို့ စီးပွားရေးတစ်ခုစတင်ပြီဆို
💰စာနေ့ တိုင်းဖတ်ပါ
စည်းမျဉ်းစည်းကမ်းတွေလိုက်န
💰စိတ်ကိုအေးဆေးထားရမယ်။ခန္တာက
နေ့ စဉ်အားကစားလုပ်ပါ။မှန်မှန်
💰အနားမှာ အောင်မြင်လိုစိတ်ရှိတဲ့သူတေ
သင့်ဘေးမှာ မကောင်းတဲ့သူတွေနဲ့ ဝန်းရံထားရင်တော့ ဘာမှတိုးတတ်လာမှာမဟုတ်ပါဘူး
💰ချစ်တဲ့သူတွေကိုဂရုစိုက်ရမယ
ကျွန်တော်တို့ ခံစားချက် တွေ စိတ်ခွန်အားတွေရှင်သန်ဖို့ ဆိုရင် ကျွန်တော်တို့ ချစ်တဲ့သူတွေက အရေးကြီးတဲ့အပိုင်းကနေ ပါဝင်လာပါတယ်။ မိမိထက်နိမ့်ကျတဲ့သူတွေ အားနည်းတဲ့သူတွေကိုကူညီပါ။ေ
💰ရိုးသားရမယ်။ပွင့်လင်းမြင်သ
အမြဲဘဲလိမ်ညာနေတဲ့သူတွေ ကောက်ကျစ်နေတဲ့သူတွေ ဟာ ဘယ်တော့မှအောင်မြင်မှာမဟုတ်
💰ရေရှည်အောင်မြင်ချင်ရင် ရေတိုအောင်မြင်ဖို့ ဆိုတဲ့အတွေးတွေကိုလုံးဝမတေ
လူအများစုဟာရေတိုအတွေးလေးတေ
ဒီအချက်တွေကိုအမြဲဘဲခေါင်းထ
#Rulestobefollowed
#Toptenteam
Credit. To. TopTen
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။