Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 5, 2017

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဆင်းရဲသားဘ၀မှ ရုရှားသမ္မတ ဖြစ်လာပုံဘ၀ဇာတ်ကြောင်း


shared by knight on 06/03/17  -  shwemom.com  -  News
ဗလာဒီမာ ဗလာဒီမီရို ဗစ် ပူတင်ကို ၁၉၅၂ အောက်တိုဘာ ၇ ရက်နေ့မှာ လီနင်ဂရက် ( ယခု – စိန့်ပီတာစဘတ်ဂ်ျ) မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ပူတင်ရဲ့ မိသားစုဟာ အများပိုင်အဆောက်အအုံ တစ်ခုမှာ စုပေါင်းနေထိုင်ကြပြီး ပူတင်တို့ ငယ်စဉ်က နေထိုင်တဲ့အများပိုင်အိမ်များဟာ နံရံများကို ကတ်ထူစက္ကူနဲ့ ကာရံထားတဲ့အဆောက်အအုံတွေ ဖြစ်ပြီး အိမ်သာတစ်လုံးတည်းကို အားလုံး ၀ိုင်းပြီး အသုံးပြုကြတာ ဖြစ်ပါတယ်။


ဒီလိုဆင်းရဲသားရပ်ကွက်မှာ ပူတင်မွေးဖွားလာတဲ့ အချိန် လူမိုက်ဂိုဏ်းတွေလည်း စုဖွဲ့သောင်းကျန်းနေကြပြီး ပူတင်လည်း လူဆိုးဂိုဏ်းအဖွဲ့သားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ပူတင်ရဲ့ ထိုစဉ်က သူငယ်ချင်းတစ်ယောက်ကတော့ ” လမ်းပေါ်မှာ ပူတင်ဟာ ဘယ်လိုရှင်သန်အောင် နေထိုင်ရမလဲဆိုတာ သင်ကြားခဲ့ရတယ်။လူဆိုးဂိုဏ်းများဟာ ကြမ်းတမ်းခဲ့ပြီး အသန်မာဆုံးသော သူသာ ရှင်သန်နိုင်တဲ့ အခြေအနေတွေ ဖြစ်ခဲ့တာပါလို့ “လို့ပြောဆိုခဲ့ပါတယ်။ပူတင်ကိုမွေးဖွားချိန်မှာ ပူတင်အမေဟာ အသက် ၄၁ နှစ်ရှိနေပြီဖြစ်ပြီး ပူတင်က သားအငယ်ဆုံး ဖြစ်ပါတယ်။ပူတင်ရဲ့ အစ်ကို နှစ်ယောက်ဖြစ်တဲ့ ဗစ်တာနဲ့ အဲဘတ်ကတော့ ပူတင်ကို မမွေးဖွားခင်ကပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပူတင်ရဲ့ ငယ်စဉ်က လုပ်နေကျ အလုပ်တစ်ခုကတော့အိမ်နားတစ်ဝိုက်က ကြွက်များကို လိုက်ပြီး သတ်ရတာ ဖြစ်ပါတယ်။ရုရှားသမ္မတ ဖြစ်လာတဲ့အခါမှာလည်း ပူတင်ဟာအနောက်အုပ်စုနဲ့ ဆန့်ကျင်ဘက်များ ပြုလုပ်ခဲ့ပြီး ဆီးရီးယား အာဏာရှင် ဘာရှာလ်း အယ်အာဆတ်ကိုထောက်ခံခဲ့ခြင်း၊ယူကရိန်းနိုင်ငံ ကရိုင်းမီးယား ဒေသ ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ခြင်း စတဲ့ ကိစ္စများကို ပြုလုပ်ခဲ့ပါတယ်။ပူတင်ရဲ့ ငယ်စဉ်က သူငယ်ချင်းတစ်ယောက် ဖြစ်သူကတော့ ” လူတိုင်း အဲ့ဒီအချိန်တုန်းက ဘုံ ပိုင်အဆောက်အဦးတွေမှာ စုပေါင်းပြီး နေထိုင်ကြတယ်။ပူတင်တို့ နေတဲ့နေရာမှာ လူအမျိုးမျိုး နေထိုင်ကြတော့ ရန်ပွဲတွေ ခဏခဏ ဖြစ်ကြတယ်။ကျွန်တော်တို့ ငယ်စဉ်က ပူတင်နဲ့ ရန်ဖြစ်တော့ သူ့ကို ကျွန်တော် တစ်ခါထိုးဖူးတယ်။အနာဂတ် ရုရှား သမ္မတ တစ်ယောက်ကို ကျွန်တော် ထိုးခဲ့တယ် ဆိုတာ အခုချိန်ပြန်တွေးမိရင်ကျောချမ်းစရာကြီးဗျာ ” လို့ပြောဆိုခဲ့ပါတယ်။


ပူတင်ဟာ သမ္မတ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ သူငယ်စဉ်က နေထိုင်ခဲ့တဲ့ အများဘုံပိုင်တိုက်ခန်းတွေဆီ ဘယ်တော့မှ ပြန်မသွားတော့ ပါဘူး။ပူတင်ဟာ အခုဆိုရင် ပိုင်ဆိုင်မှုပေါင်း ဒေါ်လာဘီလီယံ ၁၅၀ ကျော်နဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ထက်တောင် ပိုပြီးချမ်းသာနေပါတယ်။ပူတင်ဟာ ရုရှား ဆီကုမ္ပဏီ ဖြစ်တဲ့Surgutneftegas ကုမ္ပဏီရဲ့ ၃၇ % နဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီ Gazprom ရဲ့ ၄.၅ % ကို လည်း ပိုင်ဆိုင်ပြီး ပူတင်ရဲ့ အဖိုးဟာ စတာလင်နဲ့ လီနင်တို့ဆီမှာ စားဖိုမှူးအဖြစ် လုပ်ခဲ့ ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ပူတင်ရဲ့ ဖခင်ဖြစ်သူဟာ စစ်အတွင်းက ရေငုတ်သဘောင်္တစ်စင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ KGB (Komitet gosudarstvennoy bezopasnosti)(နိုင်ငံတော်လုံခြုံရေး အေဂျင်စီ) မှာ အရာရှိတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။


ပူတင်ဟာ နောက်ပိုင်းမှာ ပညာသင်ကြားခဲ့ပြီး စိန့်ပီတာ စဘတ်ဂ်ျက ကျောင်းတစ်ကျောင်းမှာ ဂျာမန်ဘာသာစကားကို သင်ကြားခဲ့ပါတယ်။၁၉၇၀ တစ်ဝိုက်မှာ ပူတင်ဟာ လီနင်ဂရတ် တက္ကသိုလ်မှာ ဥပေဒ အထူးပြု ဘာသာရပ်နဲ့ သင်ကြားခဲ့ပြီး စစ်အေးတိုက်ပွဲအတွင်းက လျှို့ဝှက်လုံခြုံရေးအဖွဲ့မှာ သူလျှိုအဖြစ်နဲ့ လုပ်ကိုင်ခဲ့ပါသေးတယ်။ပူတင်ဟာ KGB မှာ ဒုတိယ ဗိုလ်မှူးကြီးရာထူးအထိလုပ်ကိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေး လောကထဲကို ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ရုရှားသမ္မတ အဖြစ် ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ ရုရှား သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ပြီး လက်ရှိအချိန်ထိ တာဝန်ယူ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

Arkar Hein (Shwemom)
 http://www.searchmyanmar.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။