Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 17, 2017

ဘယ်တော့မှ အရှုံးမပေးခဲ့သူ (သို့) အင်္ဂလန်သမိုင်းအားပြောင်းသွားစေခဲ့သူ (သို့) ဝင်စတန်ချာချီ

 
ဘယ်တော့မှ အရှုံးမပေးခဲ့သူ (သို့) အင်္ဂလန်သမိုင်းအားပြောင်းသွားစေခဲ့သူ (သို့) ဝင်စတန်ချာချီ
=====================
အမေရိကန်သူမိန်းမချောလေး ဂျင်နီဂျာရွန်နှင့် အင်္ဂလန်သား `လော့၇င်းချာချီ´ တို့မှ အင်္ဂလန်သမိုင်းအား ပြောင်းသွားစေနိုင်သူတစ်ဦးကို ၁၈၇၄ နိုဝင်ဘာလ ၃၀ ၇က်နေ့တွင် မွေးဖွားခဲ့သည်။ထို့ကြောင့် ချာချီသည် အမေရိကန်သွေး တစ်ဝက်ပါသူဟု ပြောနိုင်သော်လည်း သူသည် အင်္ဂလိပ်ဟန်ကိုသာ ပိုမိုမက်မောလေသည်။

စစ်သားဖြစ်ချင်သူ
ချာချီသည် ငယ်စဉ်ကတည်းက စစ်သားလုပ်ဖို့ စိတ်ကူးခဲ့လေသည်။တစ်နေ့ လုံး ကစားစ၇ာများနှင့် စစ်သားလုပ်တန်းကစားသည်ကို ပျော်မွေ့ သူတစ်ဦးဖြစ်သည်။အရွယ်ရောက်သော် ဆင်းဒ်ဟစ် စစ်ကျောင်းတွင် ဘွဲ့ရလာပြီးနောက် အင်္ဂလိပ်တပ်မတော်တွင် ကြေးစားစစ်သားအဖြစ် တစ်နှစ်ကြာကြာထမ်းခဲ့ဖူးသည်။
စစ်သတင်းထောက်
-----------------
၁၈၉၉ တွင် သူသည် တောင်အာဖရိက စစ်ပွဲသို့ စစ်သတင်းထောက်အဖြစ် သွားရောက်အမှုထမ်းခဲ့လေသည်။The Morning Post သတင်းစာက သူ့အားတစ်လပေါင် ၂၅၀ ပေး၍ ထိုဒေသရှိ ဘိုးဝါးစစ်ပွဲကို သွားရောက်ထောက်လှန်းရသည်။ပေးထားသောလစာနှင့်အညီ ရန်သူနယ်တွင်းသို့ ကိုယ်တိုင်ထိုးဖောက်၍ သံချပ်ကားဖြင့် ရန်သူအမြောက်ဒဏ်ကြားမှ သွားလာလှူပ်ရှားကာ သတင်းဖြစ်အောင် ဖန်တီးခဲ့ရသည်။ တစ်ကြိမ်တွင် ဘိုးဝါးများ သူ့ကိုဖမ်းမိသွားပြီး အကျဉ်းစခန်းသို့ပို့လိုက်လေသည်။
သို့ပေမဲ့ ချာချီသည် ရန်သူ့လက်တွင်းမှ သည်းထိတ်ရင်ဖိုလွတ်မြောက်ကာ ထိုအကြောင်းအရာသည်ပင် သတင်းဖြစ်လေတော့သည်။ ရန်သူများက ချာချီကို အသေရရ အရှင်ရရ ဖမ်းပေးနိုင်လျင် ဆုကြီးထိုက်ထိုက်တန်တန်ပေးမည်ဟု ကြေညာခဲ့ဖူးသည်။စစ်သတင်းထောက်ဘဝသည် ကြမ်းတမ်းမှူများနှင့် ပြည့်စုံနေသည်။ခြေကျင်ခရီး၊ ကန္တာရခရီးစသဖြင့် အကြမ်းအတမ်းများ ပြည့်နှက်နေလေသည်။သူ၏ ဆောင်းပါးသည် ရင်သပ်ရူမောဖွယ်များနှင့် ပြည့်နှက်နေသည့်အတွက် အင်္ဂလန်ပြည်သူတစ်ရပ်လုံး The Morning Post ကို မျှော်လင့်ဖတ်ရူဖူးကြလေသည်။ပြည်တော်ပြန်ခရီးတွင် ချာချီ၏ အတွေ့အကြုံကို နားထောင်လိုကြသော ပရိသတ်ထုနှင့်ဒေး ရှိနေသည်။ထိုပ၇ိသတ်ကို အသုံးချခြင်း၏ အကျိုးဆက်ကြောင့် ချာချီသည် ပါလီမန်မှ ရွေးကောက်တင်မြောက်ခြင်းကို ခံခဲ့၇သည်။
စာတော်သူမဟုတ်
-------------------
သူသည် နိုင်ငံခြားဘာသာ၇ပ်များနှင့် သင်္ချာစာ၇င်းအင်းဘာသာ၇ပ်များကို လေ့လာလိုက်စားမှူနည်းပါးသဖြင့် စာတော်သောကျောင်းသားများတွင် မပါချေ။ဆင်းဒ်ဟပ်စ်တက္ကသိုလ်တကေ်၇ာက်သင်ကြား၇န် စာမေးပွဲဖြေဆိုရာတွင် သုံးကြိမ်မျှ ကျရှုံး ခဲ့လေသည်။လေးကြိမ်မြောက်မှ လွတ်လွတ်ကင်းကင်း အောင်မြင်ခဲ့သည်။
ကြိုးစားသူ
--------------
အောင်မြင်သောလူများတွင် ရှိသင့်သည့် ဝီရိယရှိခြင်းဟူသော အချက်သည် သူ့ထံတွင် ပြည့်စုံလေသည်။သဲကန္တာရတိုက်ပွဲတွင် သူ့ ရဲဘော်ရဲဘက်များ ပူပြင်းချိန်တွင် အဆီယစ်ပြီး အိပ်နေချိန်တွင် သူသည် ပလေတို မှအစ ရှိတ်စပီးယားအဆုံး စာရေးဆရာကြီးများ၏ စာများကို အငမ်းမ၇ ဖတ်ရူလေ့လာ လေသည်။သူတို့၏ စကားပြောဟန်များကို ဆည်းပူးသည်။သူ၏ မြူးမြူးကြွကြွပြောဟန်များသည် လူထုကို ဖမ်းစားနိုင်ခဲ့လေဂယ ထိုမှတစ်ဆင့် အမြင့်သို့ လှမ်းနိုင်ခဲ့လေသည်။
အလုပ်သိပ်လုပ်တဲ့ ဝန်ကြီးချုပ်
----------------------
စစ်တွင်းကာလ ချာချီဝန်ကြီးချုပ်ဘဝတွင် တစ်နေ့ ၁၄ နာရီမှ ၁၇နာရီထိ အလုပ်လုပ်ခဲ့သည်။တစ်ပတ်တွင် (၇) ရက် (၇) လီ အလုပ်နှင့်လက် ပြတ်သည်မရှိခဲ့ပေ။အသက်ကြီးသော်လည်း အလုပ်ကို မရပ်နားပေ။ကြိုးစားပန်းစားနှင့် အလုပ်ကို မရပ်မနား လက်ထောက်အများအပြားထားကာ လုပ်ကိုင်နေခဲ့သည်။ အခုလို လက်ထောက်အများအပြားထားကာ လုပ်ကိုင်နိုင်ခဲ့ခြင်းမှာလည်း သူသည် အလုပ်လုပ်ယင်း စိတ်အေးချမ်းသာစွာ နေတတ်ထိုင်တတ်ပြီး ပင်ပန်းနွမ်းနယ်ခြင်းမဖြစ်မီ အလုပ်မှ ခေတ္တနားနားနေနေ နေလိုက်လေ့ရှိခြင်းပင် ဖြစ်သည်။သူသည် မနက်၁၀နာရီ မခွဲမချင်း အိပ်ရာမှ ထလေ့မရှိပေ။သို့သော် အကြောလျော့၍ သက်တောင့်သက်သာ အနေအထားဖြင့် အိပ်၇ာပေါ်တွင် ကြီးမားသည့်ဆေးပြင်းလိပ်ကို ခဲကာ တယ်လီဖုန်းပြောခြင်း နားထောင်ခြင်း။ နူတ်မှပြောပြီး တစ်စုံတစ်ယောက်ကို ရေးသားစေခြင်း၊ ကြေးနန်းစာပေးခြင်းများကို ပြုလုပ်သည်။ထိုကိစ္စများပြီးလျင် ကိုယ်လက်သန့် ရှင်းရေးလုပ်သည်။နေ့လည်စာကို စားသုံးပြီးနောက် တစ်နာရီခန့်တွင် ပြန်လည်အနားယူလေသည်။ထိုအချိန်ပြီးနောက် သူသည် မွန်းလွဲပိုင်းတွင် အလုပ်အကုန်လုပ်သည်။ညနေငါးနာရီခန့်တွင် ပြန်လည်အနားယူလေသည်။ ညစာစားပြီးသည့်နောက်တွင် ချာချီသည် ညနက်သန်းခေါင်ထိ အလုပ်လုပ်လေတော့သည်။
စစ်အတွင်း နှင့် စစ်ကြီးပြီးနောက်
---------------------------
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသော အခါ ချာချီသည် ရေတပ်ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရ ပြန်သည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဝန်ကြီးချုပ် အဖြစ်ဖြင့် ထမ်းရွက်သည်။ ထိုစဉ်က ညွန့်ပေါင်းအစိုးရကို ဦးစီးရွက်ဆောင်ခဲ့သော ချာချီအား စစ်ဆင်မှုရေးရာ၌ ကျွမ်းကျင်သူ နိုင်ငံရေးသုခမိန်အဖြစ် ကမ္ဘာက အသိအမှတ် ပြု ခဲ့ရလေသည်။ မဟာမိတ်တို့ စစ်အောင်နိုင် ရေးတွင် ချာချီသည် အရေးပါဆုံး ဆောင်ရွက်ခဲ့သည်ဟုပင် အဆိုရှိလေသည်။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတ ရူးဇဗဲ့၊ စတာလင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုနှစ် မေလ ၈ ရက်နေ့တွင် ဂျာမနီသည် ခြွင်းချက်မရှိ လက်နက်ချကြောင်း ကျေညာခဲ့၏။
၁၉၅ဝ ပြည့်နှစ် ရွေးကောက်ပွဲကြီးတွင် ချာချီခေါင်း ဆောင်သော ကွန်ဆားဗေးတစ်ပါတီသည် ပွတ်ကာသီကာဖြင့် တစ်ဖန် ရှုံးနိမ့်ခဲ့ရသော်လည်း ၁၉၅၁ ခုနှစ်တွင်ကား အနိုင်ရ ခဲ့သဖြင့် ချာချီသည် ဝန်ကြီးချုပ် ဖြစ်ပြန်လေသည်။ ၁၉၅၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ချာချီသည် ဆာဘွဲ့ဖြင့် သူကောင်းပြု ခြင်းကို ခံရသည်။ ချာချီသည် ၁၉၅၃ ခုနှစ် နိုဗယ်လ်ဆုကို လက်ခံ ရရှိသည်။ အသက် ၈၁ နှစ်ရှိပြီးဖြစ်သော ချာချီသည် ၁၉၅၅ ခု၊ ဧပြီလ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက် အနားယူလိုက်လေသည်။
ချာချီ၏ စွမ်းရည်များ
-------------------
ချာချီသည် နိုင်ငံပြုသုခမိန်အဖြစ်လည်းကောင်း၊ အပြော အဟောကောင်းသူအဖြစ်လည်းကောင်း၊ ထင်ရှားရုံမျှမက စာရေး ဆရာအဖြစ်နှင့်လည်း ရှေ့တန်းမှလိုက်ခဲ့သူ ဖြစ်လေသည်။ ချာချီသည် ပန်းချီပညာတွင်လည်း လက်မြောက်သူတစ်ဦး ဖြစ်ရကား ၁၉၄၇ ခုနှစ်တွင် သူရေးဆွဲသော ပန်းချီကား ၂ ချပ်၊ ၁၉၄၈ ခုနှစ်တွင် ၃ ချပ် တော်ဝင်အနုပညာတံခွန်အသင်း တွင် ချိတ်ဆွဲခံရ၍ ချာချီအား လည်း ၁၉၄၈ ခုနှစ်တွင်ပင် ယင်းအသင်းသို့ ဂုဏ်ထူးဆောင်တော်ဝင်အနုပညာကျော်အဖြစ် ရွေးချယ် တင်မြှောက်၍ ချီးကျူးခြင်းခံရလေသည်။
ချာချီ၏ မိန့်ခွန်း
--------------
ဝင်စတန်ချာချီသည် အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ်မှ အနားယူ သောအခါ သူ့အား အောက်စဖို့ဒ်တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်း အနားတွင် မိန့်ခွန်းတစ်ရပ် ပြောကြားရန် ဖိတ်ကြားခဲ့ပါသည်။ အခမ်းအနားတွင် ဗြိတိန်နိုင်ငံ၏ လူကြီးလူကောင်းများ အောက်စဖို့ဒ် တက္ကသိုလ်၏ အကြီးအကဲများ၊ နိုင်ငံရေး၊ စီးပွားရေး လောကမှ လူကြီးများ တက်ရောက်ကြပါ၏။ ချာချီသည် အခမ်းအနားတွင် ထိပ်ဆုံးစားပွဲမှ ထိုင်၍ သူ၏ ဦးထုပ်၊ တုတ်ကောက်၊ ဆေးပြင်းလိပ် တို့ဖြင့် သာမန်လိုပင် ဝတ်စားထားပါသည်။ အောက်စဖို့ဒ် အသိုင်းအဝိုင်းသည် ထိုအခမ်းအနားကို အချိန်ယူ၍ အလေးအနက်ထားကာ စီစဉ်ကြခြင်း ဖြစ်သည်။ မကြာမီ အခမ်းအနားမှူးက အခမ်းအနားစတင်ကြောင်း ပြောကြားပြီး ချာချီ၏ အကြောင်းကို ရှည်လျားစွာ ရှင်းလင်းမိတ်ဆက် ပြောကြား ပါ၏။ ထို့နောက် ချာချီအား မိန့်ခွန်းပြောကြားရန် စင်မြင့်ပေါ်သို့ ဖိတ်ခေါ်လိုက်ပါ၏။
ချာချီသည် စင်မြင့်ပေါ်သို့ တက်လာပြီး စားပွဲစောင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ သူသည် စက္ကန့်အတော်ကြာ ပရိသတ်များကို စိုက်ကြည့်လိုက်ပါ၏။ ချာချီသည် သူ၏ ထူးခြားသော ကိုယ်ပိုင်ဟန်ဖြင့် ပရိသတ်အား စူးစိုက် ကြည့်ပြီးနောက်
"ဘယ်တော့မှ...ဘယ်တော့မှ...ဘယ်တော့မှ...ဇွဲမလျှော့ပါနဲ့"
ဟု ပြောကြားလိုက်ပါ၏။ ထို့နောက်သူသည် ယခင်အတိုင်း ဘာမှမပြောဘဲ အတန်ကြာ ရပ်နေပြီး ယခင်ကထက် လေးနက်သော အသံဖြင့်
"ဘယ်တော့မှ...ဘယ်တော့မှ...ဘယ်တော့မှ...ဇွဲမလျှော့ပါနဲ့"
ဟု ထပ်မံ ဆိုလိုက်ပြီး စင်မြင့်ပေါ်မှ ဆင်းကာ သူ့နေရာသူ ထိုင်လိုက်လေ သည်။
ဝန်ကြီးချုပ်ချာချီသည် ၁၉၆၅ခုနှစ် အသက် ၉၀ အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သူ၏ဈာပနသည် ထိုခေတ်အခါက အကြီးကျယ်ဆုံးဈာပနဖြစ်ခဲ့ပြီး နိုင်ငံပေါင်း ၁၀ဝ ကျော်မှ ကိုယ်စားလှယ်များတက်ရောက်ကြသလို ကမ္ဘာတစ်ဝန်းမှလူသန်းပေါင်း ၃၆၀ကျော်တို့ကလည်း ရုပ်သံတွင် ဂရုတစိုက်စောင့်ကြည့်ခဲ့ကြသည်။
Ref;
ဘဝကိုစိန်ခေါ်၍ ကမ္ဘာကျော်ခဲ့ကြသူများ
ဝန်စတန်ချာချီ၏မိန့်ခွန်း - ချစ်စံဝင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။