ခိုင်မာတဲ့ ၀င်ငွေတစ်ခု ရှိနေပါလျှက် ဘာကြောင့် ချောင်ချောင်လည်လည် မရှိတာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ ငွေကို မိမိရရ မစုဆောင်းနိုင်ခြင်းက အဓိက အချက်ဖြစ်ပါတယ်။ တစ်ချို့တွေက ငါတို့က ၀င်ငွေနည်းတယ်၊ ရတာလေးနဲ့
လောက်အောင်သုံးနေရတာ ဘယ်လိုလုပ် အဆင်ပြေမှာလဲဆိုပြီး စောဒက တက်ကြပါလိမ့်မယ်။ ဒါပေမယ့် အဖြေကတော့ ဘယ်လောက်ပမာဏပဲ ရှိတဲ့ ၀င်ငွေဖြစ်ပါစေ စုဖြစ်အောင်စုရင် ချောင်လည်လာပါလိမ့်မယ်၊ ထိုမှတစ်ဆင့် ချမ်းသာလာပါလိ့မ်မယ်ဆိုတာကို Shwemom က အကြံပေးချင်ပါတယ်။
(၁) အိမ်အသုံးစာရိတ်ကို လျှော့ချပါ
မလိုအပ်တဲ့ အိမ်အသုံးစာရိတ်တွေကို လျှော့ချဖို့ လိုပါတယ်၊ ဥပမာအားဖြင့် တံမြတ်စည်း နှစ်ချောင်းဝယ်တာမျိုးတို့၊ လျှပ်
စစ် အလွန်အကျွံအသုံးပြုတာမျိုးတို့ပေါ့။ တစ်ချို့က ဈေးကို မသွားချင်လို့ နောက်လည်း ၀ယ်ရမှာပဲဆိုပြီး မလိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ထားတတ်ပါတယ်။ မီတာခ၊ အစားအသောက်စာရိတ်၊ အ၀တ်အစားနဲ့ ဇိမ်ခံပစ္စည်းဝယ်ယူခြင်းတွေကိုလည်း မလိုအပ်လျှင် မ၀ယ်ပါနဲ့။
(၂) ဈေးကြီးတဲ့ စူပါမားကတ်လိုနေရာတွေ ရှောင်ရှားပါ
စူပါမားကတ်၊ ဈေးဝယ်စင်တာလိုနေရာတွေမှာ ကုန်ကျစာရိတ်ဟာ သာမန်နေရာတွေထက် ဈေးပိုကြီးတယ်ဆိုတာ လူတိုင်း သိပါတယ်။ သိသိကြီးနဲ့ မကင်းနိုင်ကြပါဘူး။ တစ်ချို့က စူပါမားကတ်က ၀ယ်မှ ပိုပြီး ကျန်းမာရေးနဲ့ ညီညွှတ်တယ်၊ စတိုင်ပိုကျတယ်လို့ ထင်နေကြပါတယ်၊ လွဲမှားတဲ့ အတွေးတွေပါ၊ ငွေထွက်ပေါက်ကို ပိတ်မယ်ဆို ဒါကိုလည်း သတိထား
ရှောင်ပါ။
(၃) အသုံးကျမယ့်ဟာကိုပဲ ၀ယ်ပါ
သစ်သီးဖျော်စက်လိုဟာမျိုးပေါ့၊ တစ်ပတ်မှာ တစ်ခါလောက်သာ သစ်သီးဖျော်သောက်ဖြစ်ရင် ဒီစက်ဝယ်ရတာ မိမိဘာသာ Hand made ဖျော်ရည်ထက် ကုန်ကျစာရိတ် ပိုများနေတယ်ဆိုတာ မြင်သာစေပါတယ်၊ ဒီအတူပဲ ဖိနစ်နှစ်ရံဝယ်ခြင်းတို့၊ အ၀တ်အစား နှစ်စုံဝယ်ခြင်း စတာတွေကိုလည်း တက်နိုင်သမျှ ရှောင်ရှားရင် ငွေစုဖြစ်ဖို့ ငွေယားလေး ပိုလျှံဖို့ လမ်းစ
ုဖြစ်လာပါလိမ့်မယ်။
(၄) Credit Cards အသုံးမပြုပါနဲ့
စစ်တမ်းအရ အကြွေးဝယ်ကတ်လို့ ခေါ်တဲ့ Credit Cards အသုံးပြုတဲ့သူတွေဟာ 12% ပိုပြီး သာမန်လူတွေထက် ဈေးပို
ဝယ်ကြတယ်လို့ သိရပါတယ်။ ဒါကလည်း လက်ထဲမှာ အလွယ်တစ်ကူ ၀ယ်လို့ရတဲ့ အရာရှိနေခြင်းဟာ လူတွေရဲ့ လို
ချင်စိတ်နဲ့ စူစမ်းဆင်ခြင်မှုအားကို နည်းစေပြီး၊ အလွယ်တကူ ဈေးဝယ်မိခြင်း၊ ဖောဖောသီသီ သုံးမိခြင်းတွေ ဖြစ်စေပါ
တယ်။
(၅) အစားအသောက်
ငွေစုဖြစ်ဖို့အတွက် ပုံမှန်စားနေကျ ထမင်းတစ်နပ် လျှော့စားဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် တစ်ခါတလေ အစားအသောက်ကြောင့် မကုန်သင့်ပဲ ကုန်တာတွေကိုတော့ သတိထားဖို့ လိုပါတယ်။ လက်ဖက်ရည်ဆိုင် တစ်နေ့ သုံးလေးကြိမ် ထိုင်တာတို့၊ အိမ်မှာ ထမင်းဟင်းရှိပါလျှက် ပြင်ပကနေ ၀ယ်စားတာတို့တွေဟာ အစားအသောက်နဲ့ပတ်သက်ပြီး မကုန်သင့်တဲ့
ပိုက်ဆံတွေပါဘဲ။
(၆) စုဖြစ်အောင် စုဖို့လို
ငွေစုချင်တစ်ဆိုတဲ့ ဆန္ဒရှိရုံနဲ့ ငွေတွေက အလိုလို ဘဏ်စာရင်းထဲ ရောက်လာမှ မဟုတ်ပါဘူး။ ဒီလ ဘယ်လောက်စုမယ်၊ နောက်လ ဘယ်လောက်စုမယ်ဆိုတဲ့ ဆုံးဖြတ်စိတ်နဲ့အတူ အသုံးစာရိတ်တွေ လျှော့ချလိုက်ခြင်းကနေ ထွက်ပေါ်လာတဲ့
ငွေတွေကို စပြီးစုဖို့ လိုပါတယ်။ ဒါမှလည်း တဖြည်းဖြည်း ကျင့်သားရလာတဲ့အလျှောက် ချောင်လည်မှုတွေလည်း စ
တင်လာပါလိမ့်မယ်။
နတ်စည်တော် (Shwemom)
source : cfinancialfreedom.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။