Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 21, 2017

" သူများကို ပျော်စေသူတွေ ဝမ်းနည်းတော့ ဘယ်သူချော့ပေးသလဲ "

(သိပ်ကောင်းလို့ ဘာသာပြန်ပေးလိုက်ပါတယ်)

တစ်နေ့ လူတစ်ဦး ဆရာဝန်ဆီ ရောက်လာပါတယ်။

သူ့မျက်နှာက ညှိုးနွမ်းနေပြီး အဝတ်အစားတွေကလဲ သိပ် သပ်သပ်ရပ်ရပ် မရှိပါဘူး။ ဆောင်းထားတဲ့ ဦးထုတ်အဝိုင်းကလဲ ခပ်ကြေကြေနဲ့။ မိုးရွာထဲ ထီးဆောင်းလာခဲ့လို့လားမသိ၊ သူ့ကုတ်အင်္ကျီပေါ်မှာ စိုထိုင်းထိုင်း ရေစက်ရာတွေတောင် ရှိသေး။

အားလျော့နေတဲ့ မျက်လုံးတစ်စုံနဲ့ ဒီလူက ဆရာဝန်ကို ပြောပါတယ်။

" ဒေါက်တာ၊ ကျွန်တော် စိတ်ဓါတ်ကျပြီး အရမ်းထိုင်းမှိုင်းနေတယ်ဗျာ "

ဒီလိုဆိုတော့ ဆရာဝန်က ဆက်ပြောပါဆိုတဲ့ အထာနဲ့ ခေါင်းဆက်ပြတယ်။ သူက ထပ်ပြောတယ်။

" လူ့ပတ်ဝန်းကျင်က ကြင်နာမှုတွေ နည်းပါးသလိုပဲ၊ ကျွန်တော် ဒီလို ပတ်ဝန်းကျင်မှာ နေရတာ သိပ်အထီးကျန်တယ် ခံစားရပြီး အဓိပ္ပါယ်မဲ့နေတယ်။ ဒီစိတ်တွေနဲ့ လေးလံပြီး ညတွေလဲ အိပ်မပျော်ဘူး ဒေါက်တာ "

ဟိုး အတိုင်းအဆမရှိ ကျယ်ပြောတဲ့ ပင်လယ်ပြင်ကြီးမှာ ဦးတည်ရာမဲ့နေတဲ့ လှေငယ်တစ်စင်းအလားဖြစ်နေသူ သူ့ကို ဆရာဝန်က ပုခုံးပုတ်ပြီး အားတက်သရော ပြန်ပြောပါတယ်။

" အိုဗျား၊ ခင်များလို လူမျိုးအတွက် ကျုပ်မှာ သတင်းကောင်းရှိတယ်။ ခင်များ PAGLIACCI ဆိုတဲ့ လူရွှင်တော်ကြီးကို ကြားဖူးသလား။ ကျုပ်တို့မြို့ကို ရောက်နေတယ်ဆိုပဲဗျ။ ကျုပ်တောင် တစ်ခါမှ မကြည့်ဖူးပေမယ့် သိပ်ရယ်ရတယ် နာမည်ကြီးလို့ သွားကြည့်မယ် စိတ်ကူးထားတယ်။

ခင်များလည်း သွားကြည့်သင့်တယ်။ ဒါဆို သက်သာသွားမယ် ထင်တယ် "

ဆရာဝန်က သူ့စကားအဆုံးမှာ လူနာအခြေအနေကို အကဲခတ်လိုက်တယ်။ လူနာက

" အဲဒီ PAGLIACCI ဆိုတာ ကျွန်တော်ပါ ဒေါက်တာ "

ဆရာဝန် ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။ ဆက်လက် အကြံပေးဖို့လဲ ဆွံ့အလို့၊ တခြား စိတ်ပညာဆိုင်ရာ ဆရာဝန်ဆီ ညွှန်းရုံကလွဲပြီး ဆရာဝန်လဲ မပြောတတ်တော့။

ဒါနဲ့ပဲ နောင် နှစ်ရက်အကြာမှာ ဆရာဝန်ဟာ PAGLIACCI ရဲ့ပွဲကို သွားကြည့်ပါတယ်။ ဒီလူရွှင်တော်ကြီးဟာ စင်ပေါ်မှာ သိပ်တက်ကြွနေပြီး သူ့အနုပညာကြောင့် အောက်ကလူတွေလည်း တဝါးဝါးနဲ့ သဘောတွေကျလို့။

သူ့ကို ကုပေးတဲ့ ဆရာဝန်တစ်ယောက်သာ PAGLIACCI ရဲ့ မျက်နှာဖုံးအောက်က အထီးကျန်ခြင်းကို ခံစားရမယ်ထင်တယ်။

ဒီလိုနဲ့ လ အနည်းငယ်အကြာမှာ လူရွှင်တော်ကြီး စိတ်ကျရောဂါနဲ့ သေဆုံးသွားကြောင်း သတင်းတစ်ပုဒ်ကို ဆရာဝန်ဖတ်လိုက်ရပါတယ်။

" သူများကို ပျော်စေသူတွေ ဝမ်းနည်းတော့ ဘယ်သူချော့ပေးသလဲ "

ဒီမေးခွန်းနဲ့ အတူ ဖတ်လက်စ သတင်းစာကို ဆရာဝန်လဲ လက်က ချလိုက်ပါတော့တယ်။

***********

လူတိုင်းကို ပျော်အောင် ခင်များတို့ ထားပေမယ့် ခင်များတို့နောက်က ဝမ်းနည်းခြင်းကို ဘယ်သူများ သိသလဲ ???

ဒီနေ့ညတော့ ဒီမေးခွန်းလေးနဲ့တင် အတွေးလည်တော့မယ် ထင်ပါတယ်။

ကြိုက်နှစ်သက်ပါက ပြန်လည် ဝေမျှနိုင်ပါသည်။

Share if you love ❤️

Like the page for daily awesome contents

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။