Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 9, 2017

ခွေးကျင့်ခွေးကြံ


Tin Nyunt

ခွေးကျင့်ခွေးကြံ
ဒီမနက် လမ်းလျှောက်ထွက်ရာကပြန်လာပြီး သတင်းစာယူနေတုန်း ကားဂိတ်မှာ ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို
“နင် … ခွေးကျင့် ခွေးကြံ မလုပ်နဲ့” လို့ပြောလိုက်သံကြားလိုက်ရတယ်။
သတင်းစာကို ဖွင့်ကြည့်လိုက်တော့လည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရဲ့ ပခုံးပေါ်မှာ အကောင် တစ်ကောင်က မတ်တတ်ရပ် နေတာကို အံ့သြစွာတွေ့လိုက်ရတယ်။
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာပြည်မှာ ဘယ်လို ပုဂ္ဂိုလ်လဲဆိုတာ ပြောစရာတောင်လိုမယ် မထင်ပါဘူး။ ဒီလို တစ်နိုင်ငံလုံးက အလေးထား ကြည်ညိုရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို စော်ကားလာတာတွေ ခုတစ်လော အတော်လေး စိပ်လာတာ တွေ့ရတယ်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပေါ်ခွစီးတာတွေ၊ တက်တာတွေ၊ ဖျက်ဆီးတာတွေအားလုံးကို ဘယ်သူတွေက လုပ်နေသလဲဆိုတာကို အဖြေထုတ်ပေးကြတယ်။
“အရူးတွေ … အရူးတွေ … အရူးတွေ”
တိုက်ဆိုင်လိုက်တာဗျာ … ဗိုလ်ချုပ်အောင်ဆန်းကို အကြည်ညိုပျက်လောက်အောင် လိုက်လုပ်နေတာ အရူးတွေ ဆိုပါလား … အံ့သြလွန်းလို့
ဗိုလ်ချုပ်အောင်ဆန်းကို မှေးမှိန်အောင်လုပ်ခဲ့တဲ့ ခေတ်တွေကို ခင်ဗျားတို့ ကျွန်တော်တို့ မေ့နိုင်သေးတာမှ မဟုတ်တာ။ အာဏာရှင်တွေကြီးစိုးတဲ့ ခေတ်တစ်လျှောက် သူတို့ရဲ့ သိက္ခာမဲ့တဲ့ လုပ်ရပ်တွေအပေါ်ကို ဗိုလ်ချုပ် အောင်ဆန်းက သတိပေးသလိုဖြစ်နေလို့ အာဇာနည်နေ့ဆိုတာတောင် ပေးလုပ်ခဲ့တာ မဟုတ်ဘူးလေ။ မေ့နေကြပြီလား။
ခွေးကျင့် ခွေးကြံတွေ … ခွေးကျင့် ခွေးကြံတွေ … ဘာဖြစ်လို့ ခွေးကျင့် ခွေးကြံတွေနဲ့ တိုက်နေသလဲ။
ခွေးကျင့်ခွေးကြံဆိုတာ ဘုရားလက်ထက်ကတည်းက ဘယ်လို အကျင့်အကြံမျိုးလဲဆိုတာ ပြောခဲ့ဖူးပါသဗျ။ ဘုရားဟောမှာ ဒီလိုပြောထားတယ်။
ဗာရာဏသီပြည်မှာ ဣသိပတနဆိုတဲ့ အရပ်ရှိတယ်။ အဲဒီအရပ်မှာ ရေတွင်းတစ်တွင်းရှိတယ်။ ဣသိပတနအရပ်မှာ ရသေ့တွေစုဝေးပြီး နေထိုင်ကြတယ်။ ရသေ့အပေါင်းသူတော်ကောင်းတွေဟာ ရေတွင်း လေးကို အားကိုးပြီးတော့ သောက်သုံးနေထိုင်ကြတာပေါ့။
အဲဒီလို သူတော်ကောင်းတွေက ရေတွင်းကို အမှီပြုပြီးနေထိုင်ကြတာကို မြေခွေးတစ်ကောင်ကမြင်ပြီးတော့ ယုတ်မာတဲ့ အကြံနဲ့ ရေတွင်းကရေကို သောက်တယ်။ ပြီးတော့ ရေတွင်းထဲကို ကျင်ကြီး ကျင်ငယ်တွေ စွန့်ပြီးတော့ ထွက်ပြေးတယ်။
ရသေ့တွေက မြေခွေးယုတ်မာတာကိုတွေ့တော့ ဝိုင်းဖမ်းပြီး ဆရာရသေ့ကြီးဆီကို ခေါ်သွားကြတာပေါ့။ ဆရာ ရသေ့ကြီးက မေးတယ်
“မြေခွေး … ဒီရေတွင်းဟာ ရသေ့အပေါင်း ပင်ပန်းဆင်းရဲခံပြီး တူးဖော်ထားကြရတာ။ ဒီရေတွင်းကိုပဲ မှီခိုနေကြ ရတာ … အဘယ်ကြောင့် ဖျက်လိုဖျက်ဆီးလုပ်ရသနည်း”
ဒီတော့ မြေခွေးက ဘယ်လို ပြန်ပြောသလဲသိလား
“ရသေ့တို့ ငါတို့ ခွေးမျိုးတွေဆိုတာ ရေကိုသောက်၊ အစားကိုစား၊ ဗိုက်ဝသွားရင် အဲဒီနေရာမှာ ကျင်ကြီး ကျင်ငယ် စွန့်သွားတာ သဘာဝပဲ … ဒါ ငါတစ်ကောင်တည်း လုပ်နေတာ မဟုတ်ဘူး။ ငါတို့ အဘေးတွေရဲ့ အကျင့် … အဘိုးတွေရဲ့အကျင့် … အဘတွေရဲ့အကျင့် … ဒီအကျင့်ကို ငါ့ကျမှ ဘယ်လိုလုပ်ပြီး ဖျောက်နိုင်မှာနည်း” တဲ့ဗျာ။
ဒီတော့ ရသေ့ကြီးက
“ဒီနေရာ ဒီဝန်းကျင် ဒီတစ်ဝိုက်မှာ လူတွေနေကြတာ။ လူတွေက လူလိုကျင့်ပြီး လူလိုသောက်သုံးဖို့ စီမံ ဖန်တီးထားတာကို ခွေးတွေကလာပြီး ခွေးကျင့် ခွေးကြံ ကြံလို့မရဘူး။ ခွေးကျင့် ခွေးကြံ လုပ်ချင်ရင် ခွေးမျိုး ခွေးဇာတ်တွေထဲမှာပဲလုပ်။ လူတွေနေတဲ့နေရာမှာ လာမလုပ်ကြနဲ့” ဆိုပြီးတော့ နှင်ထုတ်ခဲ့ရပါတယ်ဗျာ။
ခွေးကျင့်ခွေးကြံ လုပ်ချင်တဲ့ကောင်တွေဆိုတာ ဟိုး … ဘုရားရှင် လက်ထက်ကတည်းက ရှိခဲ့ပါတယ်။
(ရည်ညွှန်း - ငါးရာ့ငါးဆယ်နိပါတ်၊ ဥဒပါနဒူသကဇာတ်)
၈.၄.၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။