Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 11, 2017

ဘုန်းကြီးကို ဘီးသွားရောင်းတဲ့ စိတ်ဝင်စားစရာပုံပြင်


shared by ThiThi on 11/04/17  -  shwemom.com  -  Education
ဒီပုံပြင်လေးဟာ Businessနဲ့ ပတ်သက်နေတဲ့ ပုံပြင်လေးဖြစ်ပါတယ်။ အထူးသဖြင့် Sales သမားတွေအတွက် အထူး
အသုံးဝင်မယ့် ပုံပြင်လေးဖြစ်ပါတယ်။

တစ်ခါတုန်းက Company အကြီးကြီးတစ်ခုမှာ Sales (အရောင်းဝန်ထမ်း) ရာထူးအတွက် အလုပ်လျှောက်တဲ့ ဝန်ထမ်း
(၃)ဦးရှိခဲ့ပါတယ်။ သူတို့၃ယောက်လုံးဟာ ရာထူးနေရာအတွက် သင့်တော်သူတွေမို့ အင်တာဗျူးမေးတဲ့သူက ခေါင်းခဲလာ
ပါတယ်။ နောက်တော့ အကြံရပြီး သူတို့သုံးယောက်လုံးကို အလုပ်တစ်ခု စေခိုင်းခဲ့ပါတယ်။



ခိုင်းလိုက်တဲ့ အလုပ်ကတော့ တောင်ကုန်းပေါ်မှာရှိတဲ့ ဘုန်းကြီးတွေဆီကို ဘီးသွားရောင်းခိုင်းခြင်းပဲ ဖြစ်ပါတယ်။ ၃ရက်
အချိန်ပေးလိုက်ပြီး အရောင်းရဆုံးသူကို အလုပ်ခန့်မယ်လို့ ပြောလိုက်ပါတယ်။ ၃ရက်ကုန်ဆုံးသွားတဲ့ အခါမှာတော့
သူတို့(၃)ယောက်လုံး အင်တာဗျူးမေးတဲ့ဆီကို ပြန်ရောက်လာကြပါတယ်။

ပထမလူက “ကျွန်တော်ဘီးတစ်ချောင်းပဲ ရောင်းထွက်ခဲ့ပါတယ်။ ဘုန်းကြီးဆူတာလဲ ခံလိုက်ရသေးတယ်ဗျာ။ ကျွန်တော်
က သူ့ကိုလှောင်ပါတယ်ဆိုပြီး တော်တော်ဒေါသထွက်လာလို့ ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ လှည့်ပြန်လာရတယ်။
ပြန်တဲ့လမ်းမှာ ကိုရင်လေးတစ်ပါး ခေါင်းကိုတောက်လျှောက်ကုတ်နေတာတွေ့လို့ သူ့ကို ဘီးနဲ့ကုတ်ရင် ဘယ်လောက်
သက်သာမယ်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ အဲ့ဒီဘီးတစ်ချောင်းပဲ ရောင်းထွက်ခဲ့ပါတယ်” လို့ အင်တာဗျူးမေးသူကို
ပြန်ပြောပြပါတယ်။

ဒုတိယလူက “မင်းတော်ပါတယ်ကွ၊ ဒါပေမယ့် ငါက ပိုတော်တယ်ကွ။ ငါက ဘီး၁၀ချောင်းတောင် ရောင်းထွက်ခဲ့တယ်။”
အင်တာဗျူးမေးတဲ့သူကလည်း “မင်းဘယ်လိုများရောင်းခဲ့တာလဲ?”လို့ စိတ်ဝင်တစားမေးတဲ့အခါမှာတော့ ဒုတိယလူက
“တောင်ပေါ်က ဘုန်းကြီးကျောင်းကိုလာတဲ့ သူတွေဟာ လေတိုက်တဲ့ဒဏ်ကြောင့် ဆံပင်တွေ ဖရိုဖရဲဖြစ်နေတာကို
ကျွန်တော် သတိထားမိခဲ့ပါတယ်။ ဒါနဲ့ကျွန်တော်လည်း ဘုန်းကြီးတစ်ပါးကို ကပ်ပြီး အကယ်၍ ဘုန်းကြီးကျောင်းမှာ
ဘီးသာရှိရင် လာရောက်သူတွေအနေနဲ့ သူတို့ကို သူတို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်နိုင်ပြီး ဘုန်းကြီးတွေကို
ရှိခိုးတဲ့ အခါမှာလည်း ပိုမိုလေးစားရာရောက်လိမ့်မယ် ဖြစ်ကြောင်းရှင်းပြလိုက်တယ်လေ။ ဒါနဲ့ဘုန်းကြီးလည်း ဘီး၁၀
ချောင်းဝယ်ထားလိုက်တယ်။” လို့ အင်တာဗျူးမေးသူကို ရှင်းပြပါတယ်။


တတိယလူက “သိပ်လည်း အလျင်မလိုကြပါနဲ့အုံးဗျ၊ သူတို့၂ယောက်လုံးထက်ပိုရောင်းခဲ့တဲ့ ကျွန်တော်ရှိပါသေး
တယ်” လို့ ဆိုလာပါတယ်။ အင်တာဗျူးမေးသူကလည်း စိတ်ဝင်စားလာပြီး “မင်း ဘယ်နှစ်ချောင်းတောင်ရောင်း
နိုင်ခဲ့တာလဲ”လို့ မေးတော့ တတိယလူက “အချောင်း ၁၀၀၀ ရောင်းနိုင်ခဲ့ပါတယ်”လို့ ဆိုလာပါတယ်။ အင်တာ
ဗျူးမေးသူလည်း အံ့သြသွားပြီး “အားပါးပါး..မင်းဘယ်လိုများ အဲ့လောက်တောင် ရောင်းရအောင် လုပ်ခဲ့တာလဲ”
ကွလို့ မေးလာပါတယ်။

တတိယလူက “ကျွန်တော် အရင်ဆုံးတောင်ကုန်းပေါ်က ဘုန်းကြီးကျောင်းတွေထဲက အကြီးဆုံး ဘုန်းကြီးကျောင်း
ကိုရွေးလိုက်ပါတယ်။ နောက်တော့ ကျောင်းထိုင်ဘုန်းကြီးနဲ့တွေ့ပြီး လူပေါင်းများစွာကို အေးချမ်းမှုပေးတဲ့အတွက်
ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ကျောင်းတိုင်ဘုန်းကြီးက သဘောကောင်းတဲ့ ဘုန်းကြီးတစ်ပါးဖြစ်ပြီး သူလည်း
သူ့ဆီလာရောက်တဲ့သူတွေကို ဘယ်လိုမျိုးကျေးဇူးတင်ကြောင်း ပြသရမှန်းမသိဖြစ်နေကြောင်း ကျွန်တော့်ကိုပြောပြ
ခဲ့ပါတယ်။ ကျေးဇူးတင်ကြောင်းပြသဖို့အကောင်းဆုံး နည်းလမ်းက ဗုဒ္ဓရဲ့အဆုံးအမတွေပါတဲ့ လက်ဆောင်ပစ္စည်း
တစ်မျိုးမျိုးပေးတာကောင်းမည်ဖြစ်ကြောင်း၊ နေ့တိုင်းအသုံးပြုတဲ့ ပစ္စည်းမျိုးဖြစ်ရင် ပိုကောင်းကြောင်း ပြန်လည်ရှင်းပြ
လိုက်ပါတယ်။ နောက်တော့ ကျွန်တော် သစ်သားထွင်းပြီး ဗုဒ္ဓအဆုံးအမတွေရေးထားတဲ့ ဘီးတစ်ချောင်းကို ဘုန်းကြီး
ကို ထုတ်ပြလိုက်ပါတယ်။ လူတွေဟာ ဘီးကို နေ့တိုင်းအသုံးပြုပြီး ဒီဘီးကိုမြင်တိုင်း ဗုဒ္ဓအဆုံးအမတွေကို သတိရနေ
မည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ကျောင်းထိုင်ဘုန်းကြီးလည်း သဘောကျပြီး ဘီး၁၀၀၀ မှာယူခဲ့ပါတယ်။”လို့
အင်တာဗျူးမေးသူကို ပြန်ပြောပြခဲ့ပါတယ်။

အခြား၂ယောက်ထဲက တစ်ယောက်က “မင်းကံကောင်းသွားတာပါကွာ”လို့ ပြောတဲ့အချိန်မှာတော့ အင်တာဗျူးမေးသူ
က “မဟုတ်ဘူး။ သူကံကောင်းတာမဟုတ်ဘူး။ သူက အစတည်းက Planရှိတာ။ အဲ့ဒါကြောင့် စာသားထွင်းထားတဲ့
ဘီးကို သူယူသွားတာပေါ့။ အကယ်၍ အဲ့ဒီဘုန်းကြီးကျောင်းက မလိုချင်ရင်တောင် အခြားကျောင်းတစ်ခုက လိုချင်မှာ
အသေအချာပဲ” လို့ ပြောလာပါတယ်။


တတိယလူက “ဒါတင်မကသေးဘူးဗျ။ နောက်နေ့ ကျွန်တော်ပြန်သွားပြီး အဆင်ပြေရဲ့လား သွားမေးတဲ့အချိန်မှာ
ဘုန်းကြီးက သူ့ကျောင်းကိုလာတဲ့သူတွေဟာ ဒီဘီးအကြောင်း ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေကို ပြောပြပြီး ဒီဘီး
သတင်းဟာ နာမည်ကြီးနေပြီဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းလာသူတွေလည်း ပိုမိုများပြားလာကြောင်း၊လူတိုင်း
ကလည်း ဘီးအကြောင်းပဲမေးနေကြောင်း၊ တစ်လအတွင်း ဘီးတွေကုန်သွားတော့မှာမို့ နောက်ထပ် ထပ်ပြီးမှာမည်
ဖြစ်ကြောင်း ကျွန်တော့်ကို ပြောခဲ့ပါသေးတယ်”လို့ ပြောပြလာပါတယ်။

သင်ခန်းစာယူသင့်သည်များ

အလုပ်လျှောက်သူ အားလုံးဟာ မတူညီတဲ့ အရည်အချင်းကို ပြသခဲ့ပါတယ်။

ပထမလူက ဝယ်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းဆိုတဲ့ အခြေခံအကျဆုံး အချက်ကို အသုံးချနိုင်ခဲ့ပါတယ်။
ခေါင်းကုတ်နေတဲ့ကိုရင်လေးကိုပဲ ရောင်းချနိုင်ခဲ့ပါတယ်။

ဒုတိယလူကတော့ ပထမလူထက် အဆင့်နည်းနည်းမြင့်ပါတယ်။ ဘုန်းကြီးက ဘီးမလိုတာကို သူသိပါတယ်။ ဒါပေမယ့်
ဘုန်းကြီးအတွက် ဘီးက အခြားတစ်နေရာရာမှာ ဘယ်လိုအသုံးဝင်နိုင်ကြောင်း ထောက်ပြနိုင်ခဲ့ပါတယ်။

တတိယလူကတော့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ တစ်ခါတည်းတောင်မဟုတ်ဘူး၊ ထပ်ခါထပ်ခါ
ရောင်းရမယ့် အနေအထားကို သူဖန်တီးနိုင်ခဲ့ပါတယ်။ သူလုပ်ခဲ့တဲ့ ဖြစ်စဉ်မှာ ဘုန်းကြီး၊ လာရောက်သောဧည့်သာများ၊
သူကိုယ်တိုင်၊ အင်တာဗျူးသူ စတဲ့သူတွေအားလုံးကို ကောင်းကျိုးပေးနိုင်ခဲ့ပါတယ်။ မိမိရဲ့ဖောက်သည်ကို ဘယ်တော့
မှ တစ်ခါသုံးဖောက်သည်အဖြစ် မကြည်သင့်ပါဘူး။ စေတနာပါပါ ကြိုတင်ပြင်ဆင်မှုရှိရှိနဲ့ မိမိရဲ့ဖောက်သည်အပြင် ထို
ဖောက်သည်ရဲ့ အသိုင်းအဝိုင်း တစ်ခုလုံး အကျိုးရှိမယ့် အလုပ်မျိုးလုပ်နိုင်ရင် မိမိလည်း စိတ်ချမ်းသာနိုင်မည်ဖြစ်ကြောင်း
ကို သူက ပြသခဲ့ပါတယ်။ မိမိရဲ့အကျိုးကျေးဇူး တစ်ခုတည်းနဲ့ စတင်လို့မရပါဘူး။ မိမိပစ္စည်း အသုံးပြုသူရဲ့ အသုံးဝင်မှု
စိတ်ချမ်းသာမှုတွေကို ထည့်တွက်သင့်ပါတယ်။

မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ အမြဲနည်းလမ်းရှိတယ်။ ခေါင်းအေးအေးနဲ့ စဉ်းစားဖို့တော့ လိုအပ်ပါတယ်။

မိုးရှင်း (I.M.T) ဘာာသာပြန်သည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။