နိုဘယ်ဆုလက်ခံယူရန် ဘော့ဒီလန် စတော့ဟုမ်းသို့ ရောက်ရှိ
Sunday, April 2, 2017
လနှင့်ချီ အငြင်းပွားမှုများဖြစ်ပြီးနောက် အဆိုတော်၊ ဂီတပညာရှင် ဘော့ဒီလန် သည် ဆွစ်အကယ်ဒမီနှင့် တွေ့ဆုံပြီး နိုဘယ်ဆုကို လက်ခံရယူရန် စတော့ ဟုမ်းသို့ သွားရောက်ခဲ့သည်။
နိုဘယ်ဆုရရှိသည့် ပထမဆုံး တေးရေးဆရာဖြစ်သည့် ဒီလန်သည် သောမက်စ်မန်း၊ အဲလ်ဘတ်ကမူး၊ ဆမ်မြူရယ်ဘက်ကက်၊ ဂါဘရီရယ်ဂါစီ ယာမားကွက်ဇ်နှင့် ဒေါ်ရက်စ်လက်ရှင်းတို့ ပါဝင်သည့် စာပေဆိုင်ရာ နိုဘယ်ဆုရှင်အဖွဲ့၌ ပါဝင်ခဲ့ပြီ ဖြစ်သည်။
ဒီလန်၏ ဆန္ဒအရ ဆုလက်ခံမည့် အခမ်းအနားကို အကျဉ်းပြုလုပ်ပြီး မီဒီယာများကို တက်ရောက်ခွင့်ပေးမည် မဟုတ်ကြောင်း၊ ယင်းအခမ်းအနား တွင် ဒီလန်နှင့် ဆွစ်အကယ်ဒမီအဖွဲ့ဝင်များသာ ရှိမည်ဖြစ်ကြောင်း နိုဘယ်ဆု ရွေးချယ်သည့် ဆွစ်အကယ်ဒမီ၏ အမြဲတမ်းအတွင်းဝန် Sara Danius က ပြောကြားခဲ့သည်။
သို့သော် အသက် ၇၅ နှစ်အရွယ်ရှိ ဒီလန်က ယင်းတွေ့ဆုံပွဲအတွင်း နိုဘယ်ဆုအတွက် ဟောပြောပို့ချချက် ပြုလုပ်မည်မဟုတ်ပေ။ ဒီလန်သည် ဧပြီ ၁ ရက်နှင့် ၂ ရက်တွင် စတော့ဟုမ်း၌ ဖျော်ဖြေပွဲများ ပြုလုပ်မည် ဖြစ်သည်။ ဒီလန်သည် As Time Goes By၊ Stormy Weather စသည့် အမေရိကန် ဂန္ထ၀င်သီချင်းများ ပါဝင်သည့် Triplicate အယ်လ်ဘမ်ကို မတ် ၃၁ ရက်တွင် ဖြန့်ချိခဲ့သည်။ စာပေဆိုင်ရာ နိုဘယ်ဆုရှင်ဘော့ဒီလန်သည် မိန့်ခွန်းအတိုတစ်ခု၊ ဖျော်ဖြေတင်ဆက်မှု၊ ဗီဒီယိုထုတ်လွှင့်မှု(သို့မဟု တ်)
သီချင်းတစ်ပုဒ် အပါအ၀င် မည်သည့်ပုံစံမျိုးမဆို ထည့်သွင်းနိုင်သည့်
အစဉ်အလာဖြစ်သော နိုဘယ်ဟောပြောချက်ကို ဇွန် ၁၀ ရက် မတိုင်မီ
ပို့ချရမည်ဖြစ်သည်။ Blowin' In The Wind၊ Hurricane၊ Mr. Tambourine Man
စသည့် သီချင်းများကို ရေးစပ်ခဲ့သည့် ဒီလန်ကို အမေရိကန်ဂီတ အတွင်းမှ
ဆန်းသစ်သော ကဗျာဆန်ဆန် ဖော်ပြမှုများ ဖန်တီးခဲ့မှုအတွက် နိုဘယ်ဆုဖြင့်
ဂုဏ်ပြုခြင်းဖြစ်သည်ဟု Swedish Academy က ထုတ်ပြန်ခဲ့သည်။
စာပေဆိုင်ရာ နိုဘယ်ဆုရှင်အဖြစ် ကြေညာခံခဲ့ရပြီးနောက် ဒီလန်က ယင်းဆုနှင့်ပတ်သက်ပြီး တုံ့ပြန်ပြောကြားခဲ့ခြင်း မရှိခဲ့သောကြောင့် Swedish Academy မှ ထင်ရှားသည့် အဖွဲ့ဝင်တစ်ဦးက ၎င်းကို စိတ်ကြီးဝင်နေသူဟု ဝေဖန်ခဲ့သည်။ သို့သော်လည်း ဒီလန်က နိုဘယ်ဆုရရှိသည့် သတင်းကြောင့် မှင်တက်ခဲ့ကြောင်း၊ ဒေါ်လာ ၈၇၀,၀၀၀ ချီးမြှင့်မည့် ယင်းဆုကိုလက်ခံ ကြောင်း ပြောကြားခဲ့ပြီးနောက် ဆုနှင့်ပတ်သက်ပြီး ၎င်း၏နှုတ်ဆိတ်နေမှုကို အဆုံးသတ်ခဲ့သည်။ ဒီလန်သည် ဂီတသက်တမ်း ၅၇ နှစ်အတွင်း ဂရမ်မီဆု ၁၁ ဆု၊ ရွှေကမ္ဘာလုံး တစ်ဆုနှင့် အော်စကာဆုတစ်ဆု အပါအ၀င် ဆုများစွာရရှိခဲ့ သည်။ ဒီလန်သည် ၂၀၀၈ ခုနှစ်တွင် ပူလစ်ဇာဆု၊ ဂျူရီအဖွဲ့က ချီးမြှင့်သည့် အထူးဆုနှင့် ၂၀၁၂ ခုနှစ်တွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးမြှင့်သည့် Presidential Medal of Freedom ကိုလည်း ရရှိခဲ့သည်။
Eleven Media Group
Sunday, April 2, 2017
လနှင့်ချီ အငြင်းပွားမှုများဖြစ်ပြီးနေ
နိုဘယ်ဆုရရှိသည့် ပထမဆုံး တေးရေးဆရာဖြစ်သည့် ဒီလန်သည် သောမက်စ်မန်း၊ အဲလ်ဘတ်ကမူး၊ ဆမ်မြူရယ်ဘက်ကက်၊ ဂါဘရီရယ်ဂါစီ ယာမားကွက်ဇ်နှင့် ဒေါ်ရက်စ်လက်ရှင်းတို့ ပါဝင်သည့် စာပေဆိုင်ရာ နိုဘယ်ဆုရှင်အဖွဲ့၌ ပါဝင်ခဲ့ပြီ ဖြစ်သည်။
ဒီလန်၏ ဆန္ဒအရ ဆုလက်ခံမည့် အခမ်းအနားကို အကျဉ်းပြုလုပ်ပြီး မီဒီယာများကို တက်ရောက်ခွင့်ပေးမည် မဟုတ်ကြောင်း၊ ယင်းအခမ်းအနား တွင် ဒီလန်နှင့် ဆွစ်အကယ်ဒမီအဖွဲ့ဝင်များသာ ရှိမည်ဖြစ်ကြောင်း နိုဘယ်ဆု ရွေးချယ်သည့် ဆွစ်အကယ်ဒမီ၏ အမြဲတမ်းအတွင်းဝန် Sara Danius က ပြောကြားခဲ့သည်။
သို့သော် အသက် ၇၅ နှစ်အရွယ်ရှိ ဒီလန်က ယင်းတွေ့ဆုံပွဲအတွင်း နိုဘယ်ဆုအတွက် ဟောပြောပို့ချချက် ပြုလုပ်မည်မဟုတ်ပေ။ ဒီလန်သည် ဧပြီ ၁ ရက်နှင့် ၂ ရက်တွင် စတော့ဟုမ်း၌ ဖျော်ဖြေပွဲများ ပြုလုပ်မည် ဖြစ်သည်။ ဒီလန်သည် As Time Goes By၊ Stormy Weather စသည့် အမေရိကန် ဂန္ထ၀င်သီချင်းများ ပါဝင်သည့် Triplicate အယ်လ်ဘမ်ကို မတ် ၃၁ ရက်တွင် ဖြန့်ချိခဲ့သည်။ စာပေဆိုင်ရာ နိုဘယ်ဆုရှင်ဘော့ဒီလန်သည် မိန့်ခွန်းအတိုတစ်ခု၊ ဖျော်ဖြေတင်ဆက်မှု၊ ဗီဒီယိုထုတ်လွှင့်မှု(သို့မဟု
စာပေဆိုင်ရာ နိုဘယ်ဆုရှင်အဖြစ် ကြေညာခံခဲ့ရပြီးနောက် ဒီလန်က ယင်းဆုနှင့်ပတ်သက်ပြီး တုံ့ပြန်ပြောကြားခဲ့ခြင်း မရှိခဲ့သောကြောင့် Swedish Academy မှ ထင်ရှားသည့် အဖွဲ့ဝင်တစ်ဦးက ၎င်းကို စိတ်ကြီးဝင်နေသူဟု ဝေဖန်ခဲ့သည်။ သို့သော်လည်း ဒီလန်က နိုဘယ်ဆုရရှိသည့် သတင်းကြောင့် မှင်တက်ခဲ့ကြောင်း၊ ဒေါ်လာ ၈၇၀,၀၀၀ ချီးမြှင့်မည့် ယင်းဆုကိုလက်ခံ ကြောင်း ပြောကြားခဲ့ပြီးနောက် ဆုနှင့်ပတ်သက်ပြီး ၎င်း၏နှုတ်ဆိတ်နေမှုကို အဆုံးသတ်ခဲ့သည်။ ဒီလန်သည် ဂီတသက်တမ်း ၅၇ နှစ်အတွင်း ဂရမ်မီဆု ၁၁ ဆု၊ ရွှေကမ္ဘာလုံး တစ်ဆုနှင့် အော်စကာဆုတစ်ဆု အပါအ၀င် ဆုများစွာရရှိခဲ့ သည်။ ဒီလန်သည် ၂၀၀၈ ခုနှစ်တွင် ပူလစ်ဇာဆု၊ ဂျူရီအဖွဲ့က ချီးမြှင့်သည့် အထူးဆုနှင့် ၂၀၁၂ ခုနှစ်တွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးမြှင့်သည့် Presidential Medal of Freedom ကိုလည်း ရရှိခဲ့သည်။
Eleven Media Group
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။