Unofficial: ကြေးမုံသတင်းစာ added 2 new photos.
မန်ယူမှာ နံပတ် ၇ ဂျာစီကို ရော်နယ်ဒို ဝတ်ခဲ့ရသည့် အကြောင်းရင်း
05.04.2017
အခုတော့ CR7 ဆိုတဲ့အမှတ်တံဆိပ်ကိုတောင် ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
မန်ယူအသင်းကို စတင်ရောက်ရှိလာတဲ့အချိန်မှာ ဘာကြောင့် နံပတ်-၇ ဂျာစီကို ဝတ်ဆင်ခဲ့ရသလဲဆိုတဲ့ အဖြေကို ရော်နယ်ဒို ဖြေကြားလိုက်ပြီဖြစ်ပါတယ်။
ပေါ်တူဂီကနေ မန်ယူအသင်းကိုရောက်ရှိလာတဲ့အချိန်မှာ ရော်နယ်ဒိုဟာ ဆယ်ကျော်သက်တစ်ဦးသာ ရှိသေးတဲ့ ဘောလုံးသမားလေးဖြစ်ပါတယ်။ အသင်းကိုစတင်ရောက်ရှိလာခါ ဂျူနီယာဘောလုံးသမားတစ်ဦးအနေနဲ့ သမိုင်းကြောင်းကောင်းတဲ့ နံပတ်-၇ ဂျာစီကိုချက်ခြင်းရွေးချယ်ခွင့် မရခဲ့ပါဘူး။
ဒါပေမယ့် ရော်နယ်ဒိုကို နံပတ်-၇ ဂျာစီဝတ်ဆင်ဖို့ ဖာဂူဆန်ကိုယ်တိုင် ပြောခဲ့တာလို့ သိရပါတယ်။
" မင်းနံပတ် ၇ ဂျာစီဝတ်တာ ငါမြင်ချင်တယ်" လို့ ဖာဂူဆန်ကိုယ်တိုင် ပြောခဲ့တာဖြစ်ကြောင်း ရော်နယ်ဒိုက ပြောပါတယ်။ " ကျွန်တော်အတော်လေး တုန်လှုပ်သွားတယ်။ မင်းနံပတ် ၇ ဝတ်တာ ငါလိုချင်တယ်လို့ သူကပြောတာ။ ဘာလို့လည်းဆိုတော့ နံပတ် ၇ ဂျာစီဆိုတာ ကြီးကျယ်တဲ့ကစားသမားတွေ ဝတ်ဆင်ခဲ့တဲ့ နံပတ်လေ" လို့ ရော်နယ်ဒိုက ပြောခဲ့တာဖြစ်ပါတယ်။
အခုတော့ ရော်နယ်ဒိုဟာ နံပတ် ၇ ကို ရီးရဲလ်မက်ဒရစ်အသင်းမှာလည်း ဝတ်ဆင်လျက်ရှိပြီး CR7 ဆိုတဲ့ အမှတ်တံဆိပ်ကိုလည်း ပိုင်ဆိုင်ထားပြီးသား ဖြစ်ပါတယ်။ ယနေ့ဘောလုံးပရိသတ်တွေက ရော်နယ်ဒိုဆိုရင် နံပတ် ၇ နဲ့ တွဲပြီးမြင်နေကြပြီဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပထမဆုံးအကြိမ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ မန်ယူအသင်းကို ၂၀၀၃ ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့သူဖြစ်ပြီး ပွဲပေါင်း ၁၉၆ ပွဲမှာ ၈၄ ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။
Source : Mirror
#Duwun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။