ကန့်သတ်ချက်တွေကို ချိုးဖျက်ပါ
==================
.
ဘရုစ်က ကျွန်တော့်ကို တစ်နေ့ ၃ မိုင် နေ့တိုင်း ပြေးခိုင်းလေ့ရှိတယ်။ ၃မိုင် ခရီးကို ပုံမှန်အားဖြင့် ၂၁မိနစ် - ၂၂မိနစ် အတွင်း ပြေးနိုင်ပါတယ်။ တစ်မိုင်ကိုတော့ ၈ မိနစ်လောက်ပေါ့။ ဒါဟာ ကျွန်တော်အားစိုက်ပြီးပြေးတဲ့နှုန်းပေါ့.။
.
တစ်ရက်တော့ ဘရုစ်က ကျွန်တော့်ကိုပြောတယ်။
"ဒီနေ့ ကျွန်တော်တို့ ၅ မိုင် ပြေးကြမယ်"
" ၅မိုင်တော့ မဖြစ်နိုင်ဘူးကွာ ၊ သေသွားလိမ့်မယ် ၊ အခု ၃ မိုင်တောင် မနည်းပြေးနေရတာ"
.
" ဖြစ်နိုင်ပါတယ် ၊ ၃မိုင်တောင် ပြေးနိုင်သေးတာပဲ ၊ အရှိန်ကို နည်းနည်းလျှော့ပြီး ၂မိုင် ပိုပြေးရုံပါပဲ"
" ဟုတ်ပြီလေ ၊ အဲဒါဆိုလည်း ပြေးကြည့်တာပေါ့"
.
တကယ်ပြေးကြတော့ ၃မိုင် ကျော်ကြာတဲ့အခါ ကျွန်တော်မဟန်တော့ဘူး သိလာတယ်။ ဒါနဲ့ ပြေးရင်း ပြေးရင် ၄မိုင်ရောက်လာတယ်။ ၄မိုင် ကျော်တဲ့အခါ ကျွန်တော် ဘရုစ်ကို
လှမ်းပြောလိုက်တယ်။
.
"ဘရုစ် ငါမပြေးနိုင်တော့ဘူးကွာ ၊ နှလုံးခုန်မြန်လာပြီး ၊ မလှုပ်နှိုင်တော့ဘူး ၊ ဒီထက်ပိုပြေးရင် သေဖို့ပဲ ရှိတယ်"
" ဒါဆိုရင်လည်းသေလိုက်ပါ"
.
ဘရုစ်က ရှေ့ကပြေးနေရင်း ကျွန်တော့်ကိုပြောလိုက်တဲ့ စကားပါ။ ကျွန်တော် မခံချင်စိတ်နဲ့ အတူဒေါသ ထွက်သွားတယ်။ အားတင်းပြီးပြေးတဲ့အခါ ၅မိုင်ခရီးကိုပြည့်အောင် ပြေးနိုင်ခဲ့တယ်။
.
ဘရုစ်ကို ကျွန်တော်မကျေနပ်ဘူး။ မိတ်ဆွေအချင်းချင်း သေလိုက်လို့ပြောတဲ့ အပေါ်မှာပေါ့။ ဒါနဲ့ သူ့ကိုမေးမယ်။
"ဘရုစ်..မင်းနဲ့ ငါမိတ်ဆွေ အချင်းချင်း ဘာလို့ မင်းအဲလိုပြောရတာလဲ"
.
ဘရုစ် ရဲ့ အဖြေကြောင့် သူအပေါ်ရှိနေတဲ့ ဒေါသ ပျောက်ပြီး ကျေးဇူးတင်နေမိတယ်။ ဘရုစ်ပြောတာက-
.
" သေချင်လည်း သေသွားနိုင်ပါတယ် ။ ဒါပေမယ့် လူသေတာထက်ဆိုးတာက စိတ်သေသွားတာပဲ။ ခင်ဗျားဘ၀ကို ကန့်သတ်ချက်တွေထားနေမယ်ဆိုရ င် ခင်ဗျားဟာ ဒီထက်ပိုပြီး ဘာမှလုပ်နိုင်လာမှာ မဟုတ်ဘူး။ ခင်ဗျားဘ၀မှာ ဒီကန့်သတ်ချက်တွေက လွှမ်းမိုးနေလိမ့်မယ် ။
.
ဒီကနေပြီးတော့ ခင်ဗျားရဲ့ အလုပ် ၊ ခင်ဗျားရဲ့ အကျင့်စရိုက် ၊ ဘ၀တွေပေါ်မှာ ကန့်သတ်ချက်တွေ ဖုံးသွားလိမ့်မယ်။ တကယ်တော့ ကန့်သတ်ချက်ဆိုတာ မရှိပါဘူး။ လူဆိုတာ အမြဲတိုးတက်နေရမယ် မဟုတ်လား..၊ ဒီလိုတိုးတက်ဖို့ဆိုတာကလည်း
ကိုယ့်ကိုယ်ကို တွန်းတင်မှရမယ် ၊ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်မှ ရမယ်
၊ ကန့်သတ်ချက်တွေ ထားနေရင်တော့ ခင်ဗျားရှင်လျက်နဲ့ သေနေမှာပဲ ၊ ဒါကြောင့်
ကျွန်တော် ဒီလိုပြောလိုက်တာ"
.
# သုတဇုန်
=======
==================
.
ဘရုစ်က ကျွန်တော့်ကို တစ်နေ့ ၃ မိုင် နေ့တိုင်း ပြေးခိုင်းလေ့ရှိတယ်။ ၃မိုင် ခရီးကို ပုံမှန်အားဖြင့် ၂၁မိနစ် - ၂၂မိနစ် အတွင်း ပြေးနိုင်ပါတယ်။ တစ်မိုင်ကိုတော့ ၈ မိနစ်လောက်ပေါ့။ ဒါဟာ ကျွန်တော်အားစိုက်ပြီးပြေးတ
.
တစ်ရက်တော့ ဘရုစ်က ကျွန်တော့်ကိုပြောတယ်။
"ဒီနေ့ ကျွန်တော်တို့ ၅ မိုင် ပြေးကြမယ်"
" ၅မိုင်တော့ မဖြစ်နိုင်ဘူးကွာ ၊ သေသွားလိမ့်မယ် ၊ အခု ၃ မိုင်တောင် မနည်းပြေးနေရတာ"
.
" ဖြစ်နိုင်ပါတယ် ၊ ၃မိုင်တောင် ပြေးနိုင်သေးတာပဲ ၊ အရှိန်ကို နည်းနည်းလျှော့ပြီး ၂မိုင် ပိုပြေးရုံပါပဲ"
" ဟုတ်ပြီလေ ၊ အဲဒါဆိုလည်း ပြေးကြည့်တာပေါ့"
.
တကယ်ပြေးကြတော့ ၃မိုင် ကျော်ကြာတဲ့အခါ ကျွန်တော်မဟန်တော့ဘူး သိလာတယ်။ ဒါနဲ့ ပြေးရင်း ပြေးရင် ၄မိုင်ရောက်လာတယ်။ ၄မိုင် ကျော်တဲ့အခါ ကျွန်တော် ဘရုစ်ကို
လှမ်းပြောလိုက်တယ်။
.
"ဘရုစ် ငါမပြေးနိုင်တော့ဘူးကွာ ၊ နှလုံးခုန်မြန်လာပြီး ၊ မလှုပ်နှိုင်တော့ဘူး ၊ ဒီထက်ပိုပြေးရင် သေဖို့ပဲ ရှိတယ်"
" ဒါဆိုရင်လည်းသေလိုက်ပါ"
.
ဘရုစ်က ရှေ့ကပြေးနေရင်း ကျွန်တော့်ကိုပြောလိုက်တဲ့ စကားပါ။ ကျွန်တော် မခံချင်စိတ်နဲ့ အတူဒေါသ ထွက်သွားတယ်။ အားတင်းပြီးပြေးတဲ့အခါ ၅မိုင်ခရီးကိုပြည့်အောင် ပြေးနိုင်ခဲ့တယ်။
.
ဘရုစ်ကို ကျွန်တော်မကျေနပ်ဘူး။ မိတ်ဆွေအချင်းချင်း သေလိုက်လို့ပြောတဲ့ အပေါ်မှာပေါ့။ ဒါနဲ့ သူ့ကိုမေးမယ်။
"ဘရုစ်..မင်းနဲ့ ငါမိတ်ဆွေ အချင်းချင်း ဘာလို့ မင်းအဲလိုပြောရတာလဲ"
.
ဘရုစ် ရဲ့ အဖြေကြောင့် သူအပေါ်ရှိနေတဲ့ ဒေါသ ပျောက်ပြီး ကျေးဇူးတင်နေမိတယ်။ ဘရုစ်ပြောတာက-
.
" သေချင်လည်း သေသွားနိုင်ပါတယ် ။ ဒါပေမယ့် လူသေတာထက်ဆိုးတာက စိတ်သေသွားတာပဲ။ ခင်ဗျားဘ၀ကို ကန့်သတ်ချက်တွေထားနေမယ်ဆိုရ
.
ဒီကနေပြီးတော့ ခင်ဗျားရဲ့ အလုပ် ၊ ခင်ဗျားရဲ့ အကျင့်စရိုက် ၊ ဘ၀တွေပေါ်မှာ ကန့်သတ်ချက်တွေ ဖုံးသွားလိမ့်မယ်။ တကယ်တော့ ကန့်သတ်ချက်ဆိုတာ မရှိပါဘူး။ လူဆိုတာ အမြဲတိုးတက်နေရမယ် မဟုတ်လား..၊ ဒီလိုတိုးတက်ဖို့ဆိုတာကလည်း
.
# သုတဇုန်
=======
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။