Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 7, 2017

ဘဝမှာရည်မှန်းချက်တွေ ချမှတ်တဲ့အခါ...

ဘဝမှာရည်မှန်းချက်တွေ ချမှတ်တဲ့အခါ...

ဒီ S.M.A.R.T ဆိုတဲ့ စကားလုံးလေး ရင်းနှီးခဲ့တာ ၂နှစ်
၃နှစ်ခန့်ရှိခဲ့ပါပြီ။ မိမိဘဝမှာ ရည်မှန်းချက်တွေ ချတိုင်း
လည်း S.M.A.R.T ဖြစ်ရဲ့လား အမြဲတမ်း ချိန်ကြည့်ခဲ့
ပါတယ်။ လူဆိုတာ ဖြစ်ချင်တာတွေ အများကြီးရှိတတ်
တဲ့ သတ္တဝါပါ။ ဒါတင်မကသေးဘူး ဖြစ်ချင်တာတွေက
လည်း ခဏခဏ ပြောင်းလဲတတ်ပါတယ်။အကပြိုင်ပွဲ
တွေကြည့်ရင် အကသမားဖြစ်ချင်လာ၊ အဆိုပြိုင်ပွဲတွေ
ကြည့်ရင် အဆိုတော်ဖြစ်ချင်လာ၊ ဘောလုံးပွဲတွေ
ကြည့်ပြီး ဘောလုံးသမားကလည်း တစ်ခါတစ်လေ
ဖြစ်ချင်သေး၊ ဖြစ်ချင်တာတွေက စုံလို့။ ဒါပေမယ့်
ဘဝက ဖြစ်ချင်တာတွေ အားလုံးဖြစ်အောင်လုပ်ဖို့
အချိန်တွေအများကြီး မရှိပါဘူး။ မိမိရရှိတဲ့ဘဝအချိန်
လေးအတွင်းမှာ ပါးပါးနပ်နပ် ရည်မှန်းချက်တွေကို
ရွေးချယ်တတ်ဖို့လိုပါတယ်။ S.M.A.R.T ဆိုတဲ့
အတိုကောက်လေးက ဒီနေရာမှာ အသုံးဝင်လာပါ
တယ်။

👉 S= Specific

သင့်ရဲ့ ရည်မှန်းချက်က တိကျပြတ်သားဖို့လိုတယ်။
ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ၊ သိကိုသိရ
မယ်။ ယောင်တောင်တောင်နဲ့ သူများလုပ်တာလိုက်
လုပ်နေသရွေ့၊ တိတိကျကျ ရည်မှန်းချက်မရှိသရွေ့
လေနှင်ရာမျောနေတဲ့ လှေတစ်စီးလိုပဲ ဖြစ်နေမှာပါ။
Goal(ရည်မှန်းချက်) ချတယ်ဆိုတာ တစ်ခုတည်း
ချတာကို ပြောတာမဟုတ်ပါဘူး။ Goal ဆိုတာ
ကြိုက်သလောက် ချလို့ရပါတယ်။ သေးသေးလေး
တွေလည်း ချထားလို့ရပါတယ်။ ဥပမာ ကျွန်တော်
ဆိုရင် Yearly Goal, Monthly Goal တွေရှိတယ်။
ကိုယ်ကပိန်လို့ ဒီလ ၁၀ပေါင်တက်ရမယ်ဆိုတာမျိုး၊
ဒီနှစ်ကုန်မှာ Monthly Income xxxx Kyats
ရနေရမယ် ဆိုတာမျိုး ၊ မိဘကို ဒီနှစ်ထဲမှာအနည်း
ဆုံး ဘယ်လောက် ထောက်ပံ့နိုင်ရမယ်ဆိုတာမျိုး
စသဖြင့်ပေါ့။ ဒါပေမယ့် ဒီ Goal တွေကို ယောင်တိ
ယောင်ချာ ချမှတ်ထားတာမဟုတ်ပါဘူး။ ဖြစ်ချင်ဖြစ်
မဖြစ်ချင်နေဆိုပြီး လုပ်ထားတာတွေမဟုတ်ဘူး။
ရအောင်ကို လုပ်မယ့်ဟာတွေ၊ ကြိုးစားရဲ့သားနဲ့
မရရင် ငါဘာမှားနေလဲ ပြန်ကြည့်မယ်။ ဒါပေမယ့်
ချမှတ်တဲ့အချိန်မှာတော့ တိတိကျကျကို ချမှတ်
ထားတာ။ စီးပွားရေး လုပ်ငန်းတစ်ခုလုပ်တော့
မယ်ဆိုလည်း အဲ့ဒီလို ရည်မှန်းချက် ချသင့်တယ်။

👉M= Measurable

တိုင်းတာလို့ရရမယ်။ ကိုယ်ချမှတ်ထားတဲ့ ရည်မှန်း
ချက်ဟာ အမြဲ Tracking လိုက်နေပြီး တိုင်းတာလို့
ရတဲ့ ရည်မှန်းချက်မျိုး ဖြစ်ရမယ်။ ရည်မှန်းချက်တော့
ချထားပါရဲ့။ ဖြစ်ချင်တဲ့အချိန်ဖြစ်၊ မဖြစ်လဲနေဆိုတာ
မျိုး မဖြစ်သင့်ဘူး။ ဥပမာ ဆိုပါစို့။ သင်က 2017
အကုန်မှာ လစာ ၁၀သိန်းရနေတဲ့ သူဖြစ်ချင်တယ်
ဆိုပါစို့။ ဒါဟာ Measurable ဖြစ်တဲ့ ရည်မှန်းချက်
ပါ။ လစာဆိုတာ လတိုင်း Trackလုပ်လို့ရတယ်။
ကိုယ့်ရည်မှန်းချက်နဲ့ ဘယ်လောက်နီးနေပြီလဲဆို
တာ ခြေရာခံလို့ရတယ်။ အဓိက ပြောချင်တဲ့အချက်
က ဘယ်လို Goal မျိုးပဲချချ၊ ငါအဲ့ဒီ Goalနဲ့ ဘယ်
လောက် နီးနေပြီလဲဆိုတာကို Track (ခြေရာခံ)
လုပ်နိုင်ရမယ်။

👉A= Attainable

ယုတ္တိရှိရဲ့လား...ရနိုင်တဲ့ရည်မှန်းချက်တစ်ခုရော
ဟုတ်ရဲ့လား။ ဒီနေရာမှာ ရည်မှန်းချက် မြင့်မြင့်
မထားရဘူးလို့ ဆိုလိုချင်တာ မဟုတ်ဘူး။ ပြောချင်
တာက ယုတ္တိလွန်တဲ့ ရည်မှန်းချက်တွေကို မထား
မိဖို့ပါ။ ဥပမာ ဆိုကြပါစို့၊ ကိုယ်ကလည်း အသံလုံးဝ
မကောင်း၊ သီချင်းကလည်း မဆိုတတ်၊ ဂီတနဲ့
ပတ်သက်ရင် လုံးဝမထူးချွန်၊ ကိုယ့်ကိုယ်ကိုလည်း
အသိဆုံး။ အဲ့ဒါမျိုးဆိုရင်တော့ ဒီနှစ်ကုန်ရင် နိုင်ငံ
ကျော်အဆိုတော်ဖြစ်ရမယ်ဆိုတဲ့ Target မျိုးတော့
မထားနဲ့ပေါ့။ ထားချင်တဲ့သူရှိရင်လည်း မတားပါဘူး။
ဒါပေမယ့် ထားပြီးရင်တော့ ဖြစ်အောင်လုပ်ပါ။

ကိုယ်က ဘောလုံးကစားတာတော်လို့ ကမ္ဘာကျော်
ဘောလုံးသမားဖြစ်ချင်တာမျိုးကတော့ယုတ္တိရှိပါတယ်။
ဒါဆို မတော်တိုင်း မလုပ်ရတော့ဘူးလား ဆိုတဲ့မေးခွန်း
ရှိလာပါတယ်။ အဖြေကတော့ လုပ်ချင်ရင် လုပ်ပါ။
ကိုယ်ဖြစ်ရင်လည်း ကိုယ်ခံပါ။ ကိုယ့်ဘဝ ကိုယ်ပိုင်တဲ့
အတွက် တားလိုခြင်းတော့ မရှိပါ။ နောက်တစ်ခုက
အချိန်ပါ။ (နောက်ဆုံးအချက်မှာလည်း ပြောပြသွားပါ
အုံးမယ်) ကိုယ်မတော်တဲ့အရာတစ်ခုကို လုပ်တော့
မယ်ဆိုရင် မိမိဘဝရဲ့ လက်ကျန်အချိန်တွေကိုလည်း
တွက်ရပါသေးတယ်။ မိမိဘဝရဲ့ မိသားစု အခြေအနေ
တွေကိုလည်း တွက်ရပါသေးတယ်။ မိမိရဲ့ အစွမ်းအစ
ကိုလည်း ထည့်တွက်ရပါတယ်။ မိမိရဲ့ ဝါဿနာပြင်းထန်
မှုကိုလည်း ထည့်တွက်ရပါတယ်။

👉R= Relevant

ဆိုကြပါစို့..သင်က လခစားတစ်ယောက်..တစ်လ ၃သိန်းခန့်
ဝင်တယ်။ သင့်ရည်မှန်းချက်က တစ်နေ့မှာ သူဌေးဖြစ်ချင်
တယ်။ ဒါပေမယ့်သင့်ရဲ့ Target က iPhoneကို 8လအတွင်း
ကိုင်ချင်တာ ဖြစ်နေရင် သင့်ရည်မှန်းချက်နဲ့ Relevant
မဖြစ်ပါဘူး။ သင်က လစာတိုးပြီး ပိုကောင်းတဲ့ဘဝလေး
ရချင်လို့ တစ်လကို တစ်သိန်းလောက်ပိုအောင်စုမယ်
သုံးလနေရင် ၃သိန်းတန်တဲ့ သင်တန်းတစ်ခုတက်ဖြစ်
အောင် တက်မယ်။ ဒါမျိုးဆိုရင်တော့ Relevant ဖြစ်
ပါတယ်။ ဒါဟာ ဥပမာ တစ်ခုသာဖြစ်ပါတယ်။ မိမိက
ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ချင်ပြီး လုပ်နေတာတွေ
က ပိုက်ဆံဖြုန်းနေခြင်းဆိုရင် လိုချင်တာနဲ့ လုပ်နေတာ
တစ်လွဲဖြစ်နေပါလိမ့်မယ်။ ဝိတ်ကျချင်တယ်ဆိုပြီး စာအုပ်
ဖတ်နေလို့ မရပါဘူး။ မိမိလိုချင်တဲ့အရာနဲ့ မိမိလုပ်နေ
တဲ့ အရာ ဆက်နွယ်ပတ်သက်နေမှု ရှိရပါမယ်။

👉T=Time-Based/ Time Frame

အချိန်သတ်မှတ်မှုတစ်ခုရှိရမယ်။ ဝိတ်တော့ကျချင်ပါရဲ့။
အချိန်အကန့်အသတ်လည်း မထား၊ နေချင်သလိုနေ
ဆိုရင်တော့ နှစ်ပေါင်းများစွာနေလည်း ဝိတ်ကကျလာ
မှာ မဟုတ်ပါဘူး။ မိမိရဲ့ Goal ကို Deadline ပေးထား
ရပါမယ်။ ဒါမှ မိမိပိုလုပ်ဖြစ်မှာပါ။ ကျွန်တော် နှစ်တိုင်း
ဖြစ်ချင်တာတွေကို အမြဲမြင်ယောင်တယ်။ ချမှတ်တယ်။
တစ်ခါတစ်လေ ၉၀% လောက်အောင်မြင်တယ်။ ကျန်တဲ့
၁၀% ဘာလို့ မအောင်မြင်လဲ ပြန်စဉ်းစားတယ်။ နောက်
နှစ်မှာ ပြန်ပြီးတိုးတက်အောင်လုပ်တယ်။ Monthly
Goal တွေကိုလည်း ဒီအတိုင်းပဲလုပ်လေ့ရှိတယ်။
လုပ်တော့ လုပ်မယ်။ ဖြစ်ချင်တဲ့ အချိန်မှ ဖြစ်ပါစေ
ဆိုတာကြီးက လူကို ပျင်းရိစေပါတယ်။ စာမေးပွဲနီးလို့
စာကျက်ရတာနဲ့ စာမေးပွဲဖြေဖို့ လပေါင်းများစွာလိုသေး
တဲ့အချိန် စာကျက်ရတာ မတူပါဘူး။ ဘာလို့စာမေးပွဲ
နီးမှ အသည်းအသန်လုပ်ဖြစ်တာလဲဆိုတော့
Deadline ရှိနေလို့ပါ။ စာမေးပွဲက နောက်ဆုတ်ပြီး
ဖြေလို့မှ မရတာ။ ရရင်ဖြေ မရရင်ကျ။ ဒါပဲရှိပါတယ်။
ဒါပေမယ့် စာမေးပွဲမတိုင်ခင်တော့ ဟိုနေ့ကျက်မယ်
ဒီနေ့ကျက်မယ်နဲ့ ယောင်ချာဆိုင်းနေလေ့ရှိပါတယ်။
အဲ့ဒါ Deadline ရဲ့ တန်ခိုးစွမ်းအင်ပါ။ Deadline မရှိ
တဲ့အလုပ်၊ Deadline အဝေးကြီးမှာ ရှိနေတဲ့အလုပ်
စတာတွေဟာ လူကို ပျင်းရိစေလေ့ရှိပါတယ်။

Goal တွေ ချမှတ်တဲ့အခါ S.M.A.R.T ကျကျ
ချမှတ်နိုင်ကြပါစေ။

#မိုးရှင်း (I.M.T) ရေးသားသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။