#မစွန့်စားရဲရင် ကျရှုံးမယ်
သစ်စေ့ ၂ စေ့ဟာ မြေကြီးပေါ်မှာ ယှဉ်လျက်သား ကျနေကြတယ်။
ပထမသစ်စေ့က ပြောတယ်။
- "ငါ သစ်ပင်ပေါက်ချင်တယ်။ ငါ့ အမြစ်ကို မြေကြီးထဲ နက်နိုင်သမျှနက်အောင် ဆင်းသွားချင်တယ်။ မြေကြီးပေါ်မှာလည်း အစို့အညှောင့်ထွက်လာချင်တယ် ။
အဲဒီကနေ ပင်စည်ဖြစ်လာပြီး အသီးအပွင့်တွေ ဝေဝေဆာဆာ သီးပွင့်ချင်တယ်။
ငါ့မျက်နှာကို နွေဦးပေါက်မှာ နေရောင်ခြည်လေးနဲ့ ဖြန်းပက်ချင်သလို
ဆောင်းတွင်းကျရင်လည်း ငါ့သစ်ရွက်လေးတွေပေါ်မှာ နှင်းမှုန်လေးတွေ
တင်ကျန်နေချင်တယ်ကွာ"
ဒုတိယသစ်စေ့က ပြောတယ်။
- "ငါကတော့ ကြောက်တယ်။ ငါ့အမြစ်ကို မြေကြီးအောက်ကို မချရဲဘူး။ မြေကြီးအောက်မှာ မှောင်မည်းမည်းနဲ့မို့ ဘာရှိမှန်း မသိဘူး။ ငါ့အစို့အညှောင့်တွေကို မြေကြီးပေါ်ကို တက်ခိုင်းလိုက်ရင် သူတို့ဟာ နူးညံ့လွန်းလို့ လေတိုက်ရင် ပျက်စီးသွားမယ်။ အဖူးအငုံတွေ ထွက်လာရင် ပိုးကောင်တွေ လာစားကြလိမ့်မယ်။ အပွင့်ပွင့်ပေးလိုက်ရင် ကလေးတွေ လာခူးကြလိမ့်မယ်။ ဒီတိုင်းနေတာက ငါ့အတွက် အလုံခြုံဆုံးဖြစ်မယ်"
ဒါကြောင့် ရက်အနည်းငယ်ကြာတော့ ပထမသစ်စေ့ကနေ အပင်ပေါက်လေး ဖြစ်လာတယ်။ ဒုတိယသစ်စေ့ကတော့ အစေ့အတိုင်းပဲ ရှိနေတယ်။ ကြက်မတစ်ကောင်ဟာ မြေကြီးကို ယက်ပြီး အစာရှာရင်း ဒုတိယသစ်စေ့ကို တွေ့လိုက်တော့ နူတ်သီးနဲ့ ဆိတ်ယူကောက်စားပစ်လိုက်တယ်။
မစွန့်စားရဲသူဟာ နောက်ဆုံးတော့ ဘဝရဲ့ဝါးမြိုခြင်းကို ခံရမှာပါ။
မှတ်ချက်။ "Chicken Soup for the Soul" စာအုပ်မှ ယူထားတာပါ။
ဗန်းမော်သိန်းဖေ
၀၄-၀၃-၂၀၁၇
သစ်စေ့ ၂ စေ့ဟာ မြေကြီးပေါ်မှာ ယှဉ်လျက်သား ကျနေကြတယ်။
ပထမသစ်စေ့က ပြောတယ်။
- "ငါ သစ်ပင်ပေါက်ချင်တယ်။ ငါ့ အမြစ်ကို မြေကြီးထဲ နက်နိုင်သမျှနက်အောင် ဆင်းသွားချင်တယ်။ မြေကြီးပေါ်မှာလည်း အစို့အညှောင့်ထွက်လာချင်တယ်
ဒုတိယသစ်စေ့က ပြောတယ်။
- "ငါကတော့ ကြောက်တယ်။ ငါ့အမြစ်ကို မြေကြီးအောက်ကို မချရဲဘူး။ မြေကြီးအောက်မှာ မှောင်မည်းမည်းနဲ့မို့ ဘာရှိမှန်း မသိဘူး။ ငါ့အစို့အညှောင့်တွေကို မြေကြီးပေါ်ကို တက်ခိုင်းလိုက်ရင် သူတို့ဟာ နူးညံ့လွန်းလို့ လေတိုက်ရင် ပျက်စီးသွားမယ်။ အဖူးအငုံတွေ ထွက်လာရင် ပိုးကောင်တွေ လာစားကြလိမ့်မယ်။ အပွင့်ပွင့်ပေးလိုက်ရင် ကလေးတွေ လာခူးကြလိမ့်မယ်။ ဒီတိုင်းနေတာက ငါ့အတွက် အလုံခြုံဆုံးဖြစ်မယ်"
ဒါကြောင့် ရက်အနည်းငယ်ကြာတော့ ပထမသစ်စေ့ကနေ အပင်ပေါက်လေး ဖြစ်လာတယ်။ ဒုတိယသစ်စေ့ကတော့ အစေ့အတိုင်းပဲ ရှိနေတယ်။ ကြက်မတစ်ကောင်ဟာ မြေကြီးကို ယက်ပြီး အစာရှာရင်း ဒုတိယသစ်စေ့ကို တွေ့လိုက်တော့ နူတ်သီးနဲ့ ဆိတ်ယူကောက်စားပစ်လိုက်တယ်။
မစွန့်စားရဲသူဟာ နောက်ဆုံးတော့ ဘဝရဲ့ဝါးမြိုခြင်းကို ခံရမှာပါ။
မှတ်ချက်။ "Chicken Soup for the Soul" စာအုပ်မှ ယူထားတာပါ။
ဗန်းမော်သိန်းဖေ
၀၄-၀၃-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။