Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 6, 2017

ဖရဲသီးတစ်ခြမ်းကပေးတဲ့သင်ခန်းစာ🍉🍉🍉🍉🍉🍉🍉


ဖရဲသီးတစ်ခြမ်းကပေးတဲ့သင်ခန်းစာ🍉🍉🍉🍉🍉🍉🍉

နေခင်းမှာ ကျွန်တော် အလုပ်က ပြန်လာတော့ အဲ့ဒီနေ့က
တအားပူတယ် အိမ်ရောက်တာနဲ့ ကျွန်တော်လည်းရေခဲ သေတ္တာဆီ တန်းသွားပြီးဖွင့်ကြည့်လိုက်တယ် ရေခဲသေတ္တာထဲ မှာ က ဖရဲသီး တခြမ်းထည့်စိမ်ထားတာ သွားတွေ့ တယ်“ မိုက်တာပဲ ” ဆိုပြီးကျွန်တော်လည်း အဲ့ဒီဖရဲသီးခြမ်းကို စိတ်လန်းဆန်းစွာနဲ့ ရှင်းပစ်လိုက်တယ်
........................
ခဏလောက်ကြာတော့ ကျွန်တော်မိန်းမလဲ အလုပ်ကနေ ပြန်ရောက်လာ
တယ် သူလည်းတော်တော်ပူလောင်လာပုံပဲ
“ဒီနေ့ ရာသီဥတုကလည်း ပူလိုက်တာ တစ်ကိုယ်လုံးအရည်ပျော်ကျတော့မဲ့ အတိုင်းပဲ ” လို့ပြောပြီး
ရေခဲသေတ္တာ ဆီလျှောက်သွားပြီး ဖွင့်ကြည့်ပြီး ပြန်ပိတ်လိုက်တယ် ပြီးတော့ ကျွန်တော့်ဆီကို စိုက်ကြည့်လာရော

ဒါနဲ့ ကျွန်တော်ကလည်း“ အော်ရေခဲသေတ္တာထဲက ဖရဲသီးလား ငါခုလေးတင်ပဲစားပစ်လိုက်ပြီ ” ဆိုတော့ သူမ ဘာမှမပြောဘူး

ဒါနဲ့သူ ရေခွက်ကိုင်ပြီးမနက်တိုင်းကျွန်တော်တို့ အတူကော်ဖီသောက်တဲ့အခါ တည်ထားတတ်ပြီး ညနေသောက်ဖို့ ရေကျက်အေး လုပ်ထားတတ်တဲ့ ရေဗူးဆီ သွားပြီးရေသောက်မလို့ မလိုက်တယ် ရေကျက်အေးကတစ်စက်မှမရှိတော့ပြန်ဘူး
“ရေ ကလည်း ကုန်နေပြန်ပြီ” သူမက စိတ်တိုတဲ့ လေသံနဲ့ပြောထွက်
လာတယ်
“ရှင်အိမ်ပြန်ရောက်လာတာကြာလှပြီဘာလို့ ရေ နွေးလေးတောင်တည်ထားဖို့ မသိတတ်တာလဲ ?”
“ ဟ..ဘာလို့ ငါချည်းပဲ ရေနွေးတည်နေ ရမှာလဲ
နင်ကကော ဘာလို့ မတည်လည်း ”
ကျွန်တော်လည်း စိတ်ရှုတ်ရှုတ်နဲ့ ပြန်ပြောပစ်လိုက်တယ်

အဲ့ဒီကိစ္စ ကြောင့်နဲ့ ပဲ ကျွန်တော် နဲ့ ကျွန်တော် ဇနီးဟာ အိမ်တွင်း စစ်အေး တိုက်ပွဲ ဖြစ်နေကြတော့တယ် တစ်ပတ်လောက်တိတိ စကား ကောင်းကောင်း မပြော ကြဘူး
...........................
စနေနေ့ကျတော့ ကျွန်တော်တစ်ယောက်တည်း အဖေအမေတို့
အိမ်သွားလည်ဖြစ်တယ်
“ သမီးလေး ငုဝါ ကဘာလို့ မလိုက်လာတာလဲ ?”
အမေ ကမေးရော
ဒါနဲ့ ကျွန်တော်လည်းအမေအမေတို့ ကို ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကိုပြောပြမိရော အမေက ကျွန်တော် ကို အပြစ်ပြောတယ်
“ သား ကဘာပဲ လုပ်လုပ် ကိုယ့်အတွက်ကိုယ်ပဲ မကြည့်သင့်ဘူး ”

“အာ အမေက လည်း ဖရဲသီးလေးတစ်ခြမ်းတည်းအတွက်နဲ့ သူ သားကို အဲ့လိုလာ စိတ်မဆိုးသင့်ဘူးလေ ဗျာ” သားကသူ့ ယောက်ျာလေ အမေကလည်း ....
ကျွန်တော် အမေ့ကို မိန်းမရဲ့ စိတ်ကိုနားမလည်နိုင်စွာနဲ့ ပြောပြလိုက်တယ်

“မင်း က မင်းဖက်ကိုမင်းယက်ပြီး တွေးပြီးပြောမနေနဲ့ ကွ မနက်ဖြန် မင်းမိန်းမရော မြေးလေးပါ ခေါ်ပြီး ပြန်လာခဲ့ ”

အဖေက ကျွန်တော်အမေ့ကိုပြန်ခံငြင်းနေ တဲ့လေသံ ကိုနားထောင်ပြီး
ဖြတ်ပြောလာတယ်
.............................
နောက်နေ့ ကျတော့ ကျွန်တော်လည်းမိန်းမ နဲ့ ဘော်ဒါဆောင်မှာသွားအပ်ထားတဲ့ သားကိုခေါ်ပြီး အဖေအမေ တို့ အိမ်ကိုသွားကြတော့တယ်
အမေတို့ အိမ် မှာ နားကြ ပြီးတော့ အဖေက ကျွန်တော် ကို မြို့ထဲ သွားပြီး ဆီသွားဝယ်ခိုင်းတယ် ကျွန်တော်ဆီသွားဝယ်ပြီး ပြန်လာတော့
အဖေကပြောတယ် “ ငုဝါ မြေးလေးနဲ့ သူ့အဖွားရယ် ခေါ်ပြီး လမ်းလျောက်
ထွက် သွားကြတယ် ပြန်မလာသေးဘူးတဲ့
.....................
ပြီးတော့ မင်းလည်းမောလာရောပေါ့ ကွာ ရော့ဒါစားလိုက် ဆိုပြီး
ကျွန်တော်ကို ဖရဲသီး တစ်ခြမ်းယူလာပေးတယ်
ဖရဲသီးက အလုံး တော်တော်ကြီး ပုံရတယ် တစ်ခြမ်းတည်းတောင်
အကြီးကြီးပဲ
“ အာ ... အဖေ ကလည်းဒီလောက်ကြီးတာ ကျွန်တော် ဘယ်လိုလုပ်စားလို့ ကုန်မှာလဲ ဗျ ”
ဆိုတော့
အဖေက ကုန်သလောက်စားပြီး မကုန်ရင်လဲ မင်းရဲ့ မိန်းမနဲ့ ခလေးအတွက်ချန်ထားလိုက်ပေါ့ ကွ တဲ့ ”
ဒါနဲ့ ကျွန်တော်လည်းဇွန်းယူ ပြီး ဖရဲသီးချိုချိုအေးအေးလေးကို အားရပါးရ
ခြစ်ပြီး ထိုင်စားလိုက်တော့ တယ် တစ်ဝက်လောက်ကုန်တော့
ကျွန်တော်လည်းဝ တာနဲ့ ကျန်တာကို ချန်ထားလိုက်တော့တယ်
......................
ညနေ ပိုင်းလူစုံတော့ အဖေက ဖရဲသီးနှစ်ခြမ်း သွားထုတ်လာပြီး
ကျွန်တော်ကိုပြတယ်
မင်းကြည့်စမ်းဒီဖရဲသီး၂ ခြမ်းက ဘာကွာခြားသလဲဆိုတာ ? တဲ့
ကျွန်တော် ဖရဲသီး ၂ခြမ်းကို ကြည့်ပြီး နားမလည်ဘူး ဘာမှမှ မကွာခြားတာ ၂ ခြမ်းလုံးညီညီညာညာ ခြမ်းထားတာပဲ တစ်ခြမ်းကစောစော ကကျွန်တော် စားထားတဲ့အခြမ်းဖြစ်ပြီးကျန်တစ်ခြမ်းကတော့ ဘယ်သူစားထားမှန်းမသိဘူး ကျွန်တော်ကြည့်ပြီးနားမလည်တာနဲ့ အဖေ့ကို ခေါင်းခါပြလိုက်တယ်
....................
အဖေဟာ ဖရဲသီးအခြမ်းဆီကိုလက်ညိုးထိုးပြပြီးပြောတာ “ ဒါ မင်းစားခဲ့တဲ့အခြမ်းပဲကွ ကျန်တစ်ခြမ်းက “ငုဝါ ” စားထားတဲ့ အခြမ်းပဲ အဖေ နှစ်ယောက်လုံးကို ပြောပြချင်တာက အကယ်လို့ ကိုယ်စားမကုန်လောက်ရင်လည်းတစ်ပါးသူအတွက်ချန်ထားပေးတတ်ရမယ်
ငုဝါ ရဲ့ ဖရဲသီးကို ကြည့်လိုက်စမ်းသူ ဘေးကနေ မှ အလယ်ဆီကို နည်းနည်းချင်းစီဖဲ့ ပြီးခပ်စားသွားတာ တစ်ချန်းစာတောင်မှ မင်းပြန်လာရင်စားလို့ ရအောင်ချန်ထားပေးတယ် ဒါပေမဲ့ မင်းရဲ့ အခြမ်းကျတော့ အလယ်ကနေ နိုက်စားထားတယ် တစ်ခြားလူအတွက်ကောင်းတာ ဘာမှချန်မထားပေးဘူး
“ ငုဝါ ” က ဖရဲသီးရဲ့ ဘယ်အပိုင်းက အရသာရှိတယ် ဆိုတာ မသိဘူး လို့များ မင်းထင်နေသလား တကယ်တမ်းတော့ ငုဝါ ကမင်းကိုပိုအလေးထားလို့ကွ
အဖေအဲ့လိုလဲ ပြောရော ကျွန်တော် အရှက်ရပြီးမျက်နှာတွေ ထူပူနေမိတော့တယ်
......................

“ လူနှစ်ယောက် တစ်သက်လုံးအတူတူ နေသွားကြ တဲ့အခါ ဘယ်သူတွေ များ ချစ်ချစ်ခင်ခင် နဲ့သေတဲ့အထိနေ နိုင်ကြလဲ တစ်ယောက်တစ်ဝမ်းစီကနေမွေးလာကြတဲ့ လင်မယားတွေ အတူတူနေသွားနိုင်ကြစေမဲ့ အချစ်ဆိုတာ အတူတူ လုပ်ဆောင်ကြတဲ့အရာအားလုံး ထဲမှာပါဝင်နေတတ် တယ် ထမင်းစားတာ ဟင်းချက်တာ ကအစ ပါတယ် မနေ့တုန်းကမင်း ငုဝါ နဲ့ ရန်ဖြစ်လာတာ လဲ ဒီဖရဲသီးစားတဲ့ကိစ္စကြောင့်ပဲ တကယ်တမ်းက မင်းကမှားတဲ့လူဖြစ်နေပြီး သူကိုသွားပြသနာ ရှာ ချင်နေသေးတယ်
...............
အဖေ သိနေတယ် တကယ်လို့ ငုဝါ သာ အိမ်အရင်ရောက်ရင် မင်း စားဖို့ အတွက် ဖရဲသီးတစ်ခြမ်းတော့ ချန်ထားပေးမှာဆိုတာ
ဒီလောက်သေးသေးမွားမွား ကိစ္စ လေးလို့ မင်းတွေးရင်တွေးလိမ့်မယ် ဒါပေမဲ့ ဒါဟာလည်း လူရဲ့ အတွင်းစိတ်ကိုပြနေ တာပဲ ဖရဲသီးလေးတစ်စိတ်ကလဲ စုံတွဲဘဝရဲ့ ရေးပါမှု့တွေ ရှိနေတယ် မင်းသေသေချာချာ စဉ်းစားကြည့်လိုက်ပေါ့ကွာ အကယ်လို့များ “ငုဝါ ” ကလည်းမင်းလိုပဲ ဖြစ်နေခဲ့မယ် ဘာပဲလုပ်လုပ်
မင်းအတွက်ထည့်မတွက်ခဲ့ဘူး ဆိုရင် ကြာလာရင် မင်းဘယ်လိုခံစားရမလဲ ?
.........................
အဖေ့ စကားဟာ ကျွန်တော်ကို လန့်ဖြန့် သွားအောင် နာရင်းအုပ်လိုက်သလိုပါပဲ
အဲ့နေ့ က ကျွန်တော် အလုပ်ပြန်လာတဲ့ပုံရိပ်တွေ တစ်ကွက်ချင်းစီ ပြန်မြင်ယောင်လာမိတော့တယ်
ကျွန်တော် အိမ်တံခါးဖွင့် ပြီးဝင်လာတော့ ရေနွေးအိုးထဲ မှာရေ က အဆင်သင့် ကျွန်တော်ပဲ ကုန်အောင်သောက်ပစ်တာ ဘယ်သူက အဆင်သင့်လုပ်ထားပေးတာလဲ ? မိုးတွင်းဆိုရင် လည်း အလုပ်သွား ဖို့ အိမ်ကထွက် တော့မယ်ဆိုရင် လဲ ထီးကအိမ်ရှေ့မှာ အဆင်သင့်ထောင်ထားပေးတယ် ကျွန်တော် ကောက်ဆွဲ ပြီးအိမ်ကတန်းထွက်လာ ပြီးအလုပ်သွားနှင့် ခဲ့တတ်တာပဲ ပြီးတော့ တစ်ခြားတစ်ခြားအများကြီး ပဲ သေးသေးမွားမွားလေးတွေ ဆိုပေမဲ့ အမြဲ အသင့်ဖြစ်နေအောင် ဒါတွေ ဘယ်သူပြင်ဆင်ထားပေးခဲ့တာလဲ ?
..........................
ဒါတွေ ဟာ “ငုဝါ ” ကျွန်တော်နဲ့ သားလေးတို့ အပေါ်မှာ ထားရှိခဲ့တဲ့ ချစ်ခြင်း ဂရုစိုက်ခြင်းလေးတွေ ပါလား ဒါပေမဲ့ကျွန်တော်က တစ်ခါမှ ကို အလေးမထားတန်ဖိုးမထားခဲ့မိဘူး တွေ့နေပေမဲ့ မမြင်ခဲ့ မိသလိုပါ ပဲ တကယ်တော့ကျွန်တော်ဟာ တော်တော် အသုံးမကျ ခဲ့တာပါလား...
..........................
ကျွန်တော်
ရေခွက်သွားယူ ရေအေးအေးလေးသွားခပ်ပြီး မယားလေးကို ယူသွားတိုက် လိုက်မိတော့တယ်
“ ဒီရေ အကိုမသောက်တော့ဘူး သဲလေး အရင်သောက်နော်”
ငုဝါ ကရီတယ် ပြီးတော့ “ ခုမှ အဖေ့ရှေမှာ ဟန်ဆောင်ပန်ဆောင် မျက်နှာလာလုပ်ပြမနေပါနဲ့ နော် ” လို့ပြောတယ် ပြီးတော့ရေကျွန်တော်ဆီကရေခွက်ကိုယူပြီးမော့သောက်လိုက်ပါတော့တယ်
“ တကယ်လို့ ဒီလိုတစ်သက်လုံးဟန်ဆောင်ပန်ဆောင် မျက်နှာလုပ်သွားတတ်ရင်လည်း မင်း လင်ကောင်းသားကောင်းဖြစ်နိုင်ပြီပေါ့ကွာ ” တဲ့
အဖေကထပြောတယ် ကျွန်တော်တို့ တစ်အိမ်သားလုံးအဖေ့ စကားကို သဘောကျစွာနဲ့ ရီကြပါတော့တယ် ခင်ဗျာ
.......................

စိတ်ထဲမှာ အချစ်ဆိုတာရှိတတ်ပါတယ်
အချစ်ဆိုတာ “ နားလည်မှု့ ရှိခြင်းပါပဲ”
ကိုယ့်ကြင်ဖော်ရဲ့ဘဝကို ကိုယ်နားလည် ပေးပြီး ခွင့်လွတ်ပေးတတ်ကြပါစေ
သူ/ သူမ တို့ ကိုယ့်အပေါ် လုပ်ဆောင်ပေးတဲ့အရာတွေ ကို သူတို့လုပ်ပေးသင့်လို့ လုပ်ပေးတာလို့ မတွက်ပါနဲ့ သင်သာဆိုရင် ကော သင်သူတို့ လိုလုပ်ပေးပါ့မလား?
..................................
ကံကြမ္မာကောင်းဆိုတာ အိမ်ကြီးအိမ်ကောင်းဘယ်လောက်ကြီးကြီးနဲ့ အိမ်တစ်ဆောင်မီးတစ်ပြောင်နေရ သလဲဆိုတာပေါ်မမူတည်ပါဘူး
အဲ့ဒီအိမ်မှာ ရီမောသံလေးတွေ ရှိသလားဆိုတာပေါ်မှာမူတည်တာပ
..........................
ကံကြမ္မာကောင်းဆိုတာ ဘယ်လိုဈေးကြီးတဲ့ကားအကောင်းစားကြီးတွေ မောင်းရသလဲ ဆိုတာပေါ်မှာမမူတည်ပါဘူး
အိမ်ပြန်လာတာ ဘယ်လောက်အန္တရာယ် ကင်းသလဲ ဆိုတာပေါ်မှာမူ တည်တာပါ
...........................
ကံကြမ္မာကောင်းဆိုတာ ချစ်သူစုံတွဲတွေ ဘယ်လောက်ချောသလဲ ခန်ညားသလဲ ဆိုတာပေါ် မှာမမူတည်ပါဘူး
ဒါပေမဲ့ သူတို့ မျက်နှာတွေ မှာ အပြုံးလေးတွေ တင်ကျန်နေ တတ်သလားဆိုတာ ပေါ်မှာပဲ မူတည်သွားတာပါ
........................
ကံကြမ္မာကောင်းဆိုတာ ပါးစပ်ကနေ အပြောချိုချိုလေးတွေ အများကြီး ပြောတတ်နေတဲ့အပေါ်မှာမမူတည်ပါ ဘူး
ဒါပေမဲ့ ခက်ခဲကြပ်တည်းတဲ့အချိန်မှာကိုယ့်ဘေးမှာ နေပြီးဘာမှမဖြစ်ပါဘူး ကိုယ်တစ်ယောက်လုံးမင်းဘေးမှာရှိနေသေးတာပဲ လို့ ပြောတတ်တဲ့လူ ရှိနေသေးရဲ့ လား ဆိုတာပေါ်မှာပဲ မူတည်တာပါ

++++++++++++++++++
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ..........
ဆိုတာမူတည်သွားပါတယ်.....

မေတ္တာ များစွာဖြင့်.....

Dar Li🍉

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။