ပြောင်းလဲပစ်လိုက်ဖို့ တွန့်ဆုတ်မနေပါနဲ့
-------------------------- --------
ပြောင်းလဲမှုတွေအောက်မှာ
ကောင်းတဲ့အရာတွေ ဆုံးရှုံးသွားတာတွေရှိနိုင်ေ ပမယ့်
ပိုပြီးကောင်းတဲ့အရာတွေ ပြန်ရလာတာလဲ ရှိမယ်။
သင့်အနေနဲ့ တကယ်တိုးတက်ချင်တယ်ဆိုရင် စွန့်ခွာသင့်တဲ့အရာတွေကို ရဲရဲရင့်ရင့် စွန့်ခွာချလိုက်ဖို့လိုသလို
ကိုယ်ဖြစ်ချင်တဲ့အရာတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသီးခံပြီး ကြိုးစားတတ်ဖို့လဲ လိုအပ်လာတယ်။
တစ်ဖက်ကတွေးကြည့်ရင် ခင်ဗျားအနေနဲ့ ကိုယ်မလုပ်ချင်တဲ့ မနှစ်သက်တဲ့အရာတစ်ခုကို လွှတ်ချလိုက်ခြင်းဟာ
ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာ တစ်ခုအတွက် အချိန်တို့ အတွေးအကြံတို့ ပိုမိုလမ်းဖွင့်၊ နေရာပေးနိုင်လာတာတော့ အမှန်ပဲ။
ပြောင်းလဲရမှာကို သင့်အနေနဲ့ ကြောက်လန့်နေသလား။
ကိုယ်မလုပ်ချင်တာတွေလုပ်ပြီး အကျိုးမဖြစ်ထွန်းနိုင်တဲ့ အခြေအနေတွေ၊ မပျော်ရွှင်တဲ့ အခိုက်အတန့်တွေကို ပြန်ကြည့်လိုက်ပါ။
ဒီအခါမျိုးမှာ ဘဝဆိုတာ ဘာလဲလို့ မေးကြည့်သင့်လာတယ်။
တကယ်တော့ ဘဝဆိုတာ ကိုယ်ဝါသနာပါရာ၊ စိတ်ဝင်စားရာကို သက်ဝင်လုပ်ဆောင်ရင်း ပျော်ရွှင်မှုနဲ့ အောင်မြင်မှုထပ်တူကျတဲ့ ဖြစ်ထွန်းခြင်းအတွက် အတိတ်ကို သင်ခန်းစာယူပြီး ပြောင်းလဲခြင်းတွေနဲ့သွေးယူ ဆည်းကပ်ရတဲ့ ခရီးတစ်ခုပဲ မဟုတ်လား။
ဘဝဆိုတာ တိုတိုလေးပါ။
ဘာကြောင့် ခင်ဗျားဘဝကို တခြားသူတွေရဲ့ အတွေးတွေနဲ့ ပုံဖော်နေမှာလဲ။
ကိုယ့်အတွင်းစိတ်ရဲ့ တောင့်တမှုနဲ့သာ ခင်ဗျားဘယ်လိုလူဆိုတာကို ပုံဖော်လိုက်စမ်းပါ။
စကားပုံတစ်ခုရှိတယ်။
ကြောက်ရွံ့မှုကိုသာ ပိုအလေးစိုက်နေမယ်ဆိုရင်
ခင်ဗျား ပိုကြောက်တတ်တဲ့လူတစ်ဦးဖြစ်လာလိမ့်မယ်။
သတ္တိရှိရှိ ရှေ့ဆက်နေမယ်ဆိုရင်တော့
ခင်ဗျား ပိုရဲရင့်တဲ့လူတစ်ဦး ဖြစ်လာပါလိမ့်မယ်။
- မှတ်စုကြမ်း #nayaung
--------------------------
ပြောင်းလဲမှုတွေအောက်မှာ
ကောင်းတဲ့အရာတွေ ဆုံးရှုံးသွားတာတွေရှိနိုင်ေ
ပိုပြီးကောင်းတဲ့အရာတွေ ပြန်ရလာတာလဲ ရှိမယ်။
သင့်အနေနဲ့ တကယ်တိုးတက်ချင်တယ်ဆိုရင် စွန့်ခွာသင့်တဲ့အရာတွေကို ရဲရဲရင့်ရင့် စွန့်ခွာချလိုက်ဖို့လိုသလို
ကိုယ်ဖြစ်ချင်တဲ့အရာတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသီးခံပြီး ကြိုးစားတတ်ဖို့လဲ လိုအပ်လာတယ်။
တစ်ဖက်ကတွေးကြည့်ရင် ခင်ဗျားအနေနဲ့ ကိုယ်မလုပ်ချင်တဲ့ မနှစ်သက်တဲ့အရာတစ်ခုကို လွှတ်ချလိုက်ခြင်းဟာ
ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာ တစ်ခုအတွက် အချိန်တို့ အတွေးအကြံတို့ ပိုမိုလမ်းဖွင့်၊ နေရာပေးနိုင်လာတာတော့ အမှန်ပဲ။
ပြောင်းလဲရမှာကို သင့်အနေနဲ့ ကြောက်လန့်နေသလား။
ကိုယ်မလုပ်ချင်တာတွေလုပ်ပြီ
ဒီအခါမျိုးမှာ ဘဝဆိုတာ ဘာလဲလို့ မေးကြည့်သင့်လာတယ်။
တကယ်တော့ ဘဝဆိုတာ ကိုယ်ဝါသနာပါရာ၊ စိတ်ဝင်စားရာကို သက်ဝင်လုပ်ဆောင်ရင်း ပျော်ရွှင်မှုနဲ့ အောင်မြင်မှုထပ်တူကျတဲ့ ဖြစ်ထွန်းခြင်းအတွက် အတိတ်ကို သင်ခန်းစာယူပြီး ပြောင်းလဲခြင်းတွေနဲ့သွေးယူ
ဘဝဆိုတာ တိုတိုလေးပါ။
ဘာကြောင့် ခင်ဗျားဘဝကို တခြားသူတွေရဲ့ အတွေးတွေနဲ့ ပုံဖော်နေမှာလဲ။
ကိုယ့်အတွင်းစိတ်ရဲ့ တောင့်တမှုနဲ့သာ ခင်ဗျားဘယ်လိုလူဆိုတာကို ပုံဖော်လိုက်စမ်းပါ။
စကားပုံတစ်ခုရှိတယ်။
ကြောက်ရွံ့မှုကိုသာ ပိုအလေးစိုက်နေမယ်ဆိုရင်
ခင်ဗျား ပိုကြောက်တတ်တဲ့လူတစ်ဦးဖြစ
သတ္တိရှိရှိ ရှေ့ဆက်နေမယ်ဆိုရင်တော့
ခင်ဗျား ပိုရဲရင့်တဲ့လူတစ်ဦး ဖြစ်လာပါလိမ့်မယ်။
- မှတ်စုကြမ်း #nayaung

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။