အိပ်မက်မျှော်စင် added 8 new photos.
ရှင် တို့ ဖတ်ဖို့
~~~~~~~
တကယ်လို့သာ ~
မိန်းကလေး တစ်ယောက်ဆီက "ရှင့် ကိုချစ်ပါတယ်" လို့
ဝန်ခံအဖြေစကား ကြားခဲ့ရပြီဆိုရင်....
သူမ ရဲ့ ဘဝတစ်ခုလုံးစာ အတွက် ရှင့် ကို ရွေးချယ် မျှော်လင့်မိသွားခဲ့လို့ပါ~
ရှင် က မချမ်းသာသော်လည်း...
ရှင် က ရုပ်မချောသော်လည်း...
ရှင် က ပညာမတတ်သော်လည်း...
ရှင် က ရာထူးဂုဏ်မကြီးသော်လည်း...
သူမ ရဲ့ ပတ်ဝန်းကျင် နှင့် ရှင့် ရဲ့ ပတ်ဝန်းကျင်
အသိုင်းအဝိုင်းတို့မှာ ....လူသိရှင်ကြား
ရှင့် လက်ကို ဂုဏ်ယူစွာ တွဲပြလိုတဲ့ ဆန္ဒ မျိုး
တကယ်ချစ်တတ်သွားတဲ့ မိန်းကလေးတိုင်းမှာရှိပါတယ်~
တကယ်လို့သာ~
သူမ က အချက်အပြုတ် နှင့် အိမ်မှုကိစ္စ တွေမှာ
ဝါသနာမပါခဲ့ရင်ဖြစ်ပါစေ~
မကျွမ်းကျင်ခဲ့ရင်ဖြစ်ပါစေ~
ရှင့် တစ်ယောက် အတွက် ကို တော့ စိုးရိမ်ပူပန်စွာ နှင့် ပြုစုလုပ်ကိုင်ပေးလိုစိတ်~
တကယ်ချစ်တတ်သွားတဲ့ ...မိန်းကလေးတိုင်းမှာ ရှိပါတယ်
သူမ ဘေးနားမှာ~
ဘယ်လောက်ပဲ ဂရုစိုက်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေပါစေ
ရှင့် ကို တကယ်ချစ်တဲ့ သူမ က
ရှင့် တစ်ယောက်ထဲရဲ့ ဂရုစိုက်မှု ကိုသာ
မျှော်လင့်နေတတ်တာပါ
တကယ်လို့သာ~
ရှင့် ဆီက ဂရုစိုက်မှုကို သာ မရခဲ့ရင်
ဘယ်သူတွေက ဘယ်လောက်ဂရုစိုက်နေပါစေ
သူမ ဝမ်းနည်းအားငယ် နေတတ်တယ်ဆိုတာ
ရှင် သတိရပေးပါ~
သူမ ဘဝ မှာ~
ဘယ်လောက်ပဲ အခက်အခဲ
စိတ်ပျက်အားငယ်စရာတွေ ကြုံတွေ့နေခဲ့ရပါစေ
သူမ ချစ်ရတဲ့ ရှင့် ရဲ့ နွေးထွေးတဲ့ အားပေးနှစ်သိမ့်မှု နဲ့အတူ အရာအားလုံးကို သူမ ရင်ဆိုင်ဖြတ်သန်း သွားနိုင်ပါလိမ့်မယ်~
တကယ်ချစ်တတ်တဲ့ မိန်းကလေးတိုင်းက
အသက်အရွယ် ကြီးတာ ငယ်တာ နှင့်မဆိုင်
ပညာအရည်အချင်း ၊ အလုပ်ရာထူးတွေနဲ့မဆိုင်
သူမ ချစ်ရတဲ့ ရှင့် အပေါ်မှာတော့ ဆိုးနွဲ့
ဗိုလ်ကျ အနိုင်ယူ ချင် တတ်ပါတယ်~
ရှင် နောက်ထပ် သိထားရမှာက~
မိန်းကလေးတိုင်းက~
တကယ် ချစ်မိသွားပြီဆိုရင်...
တစ်ယောက်ဆိုတစ်ယောက်
တဘဝလုံးစာ လေးနက်စွာ နဲ့
သစ္စာထား လက်တွဲ သွားဖို့ကိုသာမျှော်လင့်ကြပါတယ်
တကယ်လို့သာ~
မိန်းကလေး တစ်ယောက်က~ ရှင့် ကို တကယ်ချစ်မိသွားပြီဆိုရင်
ရှင် နဲ့ သူမ ရဲ့ အသိုင်းအဝိုင်း နဲ့ ဘဝ အခြေအနေ က ဘယ်လိုမှမအပ်စပ် မသင့်တော်ပဲ ဖြစ် နေပါစေ...
သူမ က ဂရုစိုက်တော့ မှာ မဟုတ်ပါဘူး...
ရှင် နဲ့ ဝေးဖို့အကြောင်းကို သူမ က ဘယ်လိုမှ တွေးတော့မှာ မဟုတ်ပါဘူး...
အခြေအနေအကြောင်းအရာ အားလုံးကို မျက်စိစုံမှိတ်ကာ ရှင့် လက် ကို တွဲခွင့်ရဖို့သာ သူမ က မျှော်လင့်နေတော့မှာပါ~
31.5.2016
PaYinn(ရတနာ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။