စကော့တလန် ပညာရေးဝန်ကြီးဌာနရဲ့ Food and Safety
စာအုပ်ထဲက မီးဖိုချောင်ထဲက လူသတ်သမားတွေဆိုတဲ့ အခန်းကို ဘာသာပြန်ပြီးတော့
အခန်းဆက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။
(၁) စဉ်းတီတုံး
စဉ်းတီတုံး ဆိုတာ မီးဖိုချောင်ထဲက မရှိမဖြစ်အသုံးပြုနေကြတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ စဉ်းတီတုံး နဲ့ အသားငါးတွေအပြင် ဟင်းသီးဟင်းရွက်တွေကို ပါ ခုတ်ထစ်ပြီးတော့ ချက်ပြုတ်ကြတာဖြစ်ပါတယ်။
စဉ်းတီတုံး သန့်ရှင်းရေးက အရေးပါတဲ့ ကိစ္စတစ်ခုလဲဖြစ်ပါတယ်။ လေ့လာချက်တွေအရ အိမ်ရှင်မ ၆၀ ရာခိုင်နှုန်းကျော်ဟာ စဉ်းတီတုံးကို ဆေးကြောဖို့ မေ့လျော့တတ်ကြပြီးတော့ ၈၀ ရာခိုင်နှုန်းကျော်ဟာ တစ်ခါ အသုံးပြုပြိးတိုင်း တစ်ခါဆေးကျောဖို့ မလုပ်ကြဘူးဆိုတာပါပဲ။ စဉ်းတီတုံးတွေကို အသားငါးတွေကို လှီးဖြတ်ပြီးတာနဲ့ သန့်စင်အောင် ဆပ်ပြာနဲ့ဆေးကြောဖို့ ဆိုတာ အိမ်ရှင်မတိုင်းသိပေမယ့် အဲလိုဆေးကျောတဲ့အတွက် လဲ နောက်ဆက်တွဲ ပြသနာတွေရှိပါသေးတယ်။
များသောအားဖြင့် စဉ်းတီတုံးကို ရေနဲ့ ဆေးကြောပြီးတဲ့အခါမှာ စဉ်းတီတုံးကို ဒီအတိုင်း ရေစက်လက်နဲ့ ထောင်ထားတတ်ကြပါတယ်။ မီးဖိုချောင်ရဲ့ အခန်းအပူချိန်ရယ် စိုထိုင်းမှုတွေရယ်ကြောင့် အဲဒီစဉ်းတီတုံးတွေမှာ ဆိုးရွားတဲ့ လူသတ်သမားတွေ ထွက်လာပါတယ်။ အဲဒါကတော့ အမဲအဖတ်လေးတွေ ပုံစံရှိတဲ့ မှိုတွေပါပဲ။
အခုခေတ်ပေါ်သုံးတဲ့ စဉ်းတီတုံးတွေဟာ သဘာဝသစ်သားတွေ မဟုတ်ပဲ ကြိတ်သားတွေ၊ သစ်ပွတွေ သုံးတဲ့အတွက်ကြောင့် မှိုအဖြစ်လွယ်စေပါတယ်။ အခုနောက်ပိုင်း ၀ါးအပြားလေးတွေနဲ့ ပြုလုပ်ထားတဲ့ စဉ်းတီတုံးတွေဆိုရင် ဆိုးရွားတဲ့ ၀ါးမှိုတက်မှုကို ဖြစ်ပေါ်စေပါတယ်။
အဲဒီမှိုလေးတွေကို အိမ်ရှင်မ တော်တော်များများက တွေ့ပေမယ့် ဆေးကြောပြီးအသုံးပြုကြပါတယ်။ ဒါပေမယ့် အဲဒီမှိုတွေဟာ စဉ်းတီတုံးရဲ့ မျက်နှာပြင်မဟုတ်ပဲ ဘေးဘက်မှာ အများကြီးကပ်ပေါက်နေကြပါတယ်။ ပြီးတော့ လှီးဖြတ်တဲ့အခါမှာ မှိုလေးတွေဟာ တုန်ခါမှုကြောင့် အမှုန်သေးသေးလေးတွေအဖြစ် လေထုထဲ ပျံ့နှံ့ပြီးတော့ စားစရာတွေနဲ့ အသက်ရှုလမ်းကြောင်းထဲ ၀င်တတ်ပါတယ်။
ဆိုးကျိုးတွေအနေနဲ့တော့ အရေပြားဓါတ်မတည့်မှုတွေကစလို့ အစာအဆိပ်သင့်တာတွေ အပါအ၀င် ကင်ဆာအမျိုးမျိုးကို ဖြစ်စေဖို့အထိ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် စဉ်းတီတုံးကို သေချာဆေးကြောပြီး၊ ခြောက်သွေ့တဲ့အ၀တ်နဲ့ ပွတ်ပြီး နေပူတဲ့ နေရာမှာ လှန်းပြီး သေခြာအခြောက်ခံပြီးတော့ အသုံးပြုသင့်ပါတယ်။ တကယ်လို့ ကိုယ့်အိမ်က စဉ်းတီတုံးတွေ မှာ မှိုတွေအများကြီးကပ်နေပြီဆိုရင်တော့ အသစ်လဲလှယ်ဖို့ စိတ်ကူးသင့်ပါတယ်။
သင်သိပါသလား ????
ယူနိုက်တက်ကင်းဒမ်းမှာ တစ်နှစ်ကို အစာအဆိပ်သင့်မှုပေါင်း ၈သိန်းခွဲခန့်ဖြစ်ပွားပြီးတော့ ၅၀ ရာခိုင်နှုန်းကျော်ဟာ စဉ်းတီတုံးကနေ တဆင့် ဖြစ်ပွားတာ ဖြစ်ပါတယ်။

Mg Sai
http://kanaung.net/post-no-4024

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။