ပျော်ရွှင်မှုဆိုတာ
*************
ခွေးခပ်ကြီးကြီး တစ်ကောင်ဟာ သူ့အမြီးသူ လိုက်ဖမ်းဆော့ကစားနေတဲ့ ခွေးငယ်လေးတစ်ကောင်ကို မေးလိုက်တယ်။
" မင်း ဘာလို့ ဒီလို ကိုယ့်အမြီးကိုကိုယ် လိုက်ဖမ်းဆော့နေတာလဲ"
ခွေးပေါက်စလေးက ပြန်ဖြေတယ်။
"ကျွန်တော် အတွေးအခေါ်တစ်ချို့ကို လေ့လာတယ်။ လောကကြီးအကြောင်းကို ရှာဖွေကြည့်တယ်။ ဒီအခါ ကျွန်တော် တွေ့လာတာက ခွေးတစ်ကောင်ရဲ့ ဘဝမှာ အလိုအပ်ဆုံးက ပျော်ရွှင်မှုပဲ။ ကျွန်တော့်ပျော်ရွှင်မှုဟာ ကျွန်တော့ အမြီးမှာရှိတယ်။ဒါကြောင့် ကျွန်တော် လိုက်ဖမ်းတယ်။ ဖမ်းမိတဲ့အခါ ကျွန်တော်ပျော်ရွှင်ရတယ်လေ"
ခွေးကြီးက ပြောတယ်။
"ကောင်လေး"
"ငါ့ရဲ့ နုပျိုတဲ့ နေရက်တွေတုန်းက ငါလဲ လောကကြီးအကြောင်း စိတ်ဝင်တစားလေ့လာဖူးခဲ့တယ်။
ငါလဲ မင်းလိုပဲ ငါ့ပျော်ရွှင်မှုဟာ အမြီးမှာရှိတယ် ထင်ပြီးလိုက်ဖမ်းခဲ့တာပဲ "
"ဒါပေမယ့် နောက်ပိုင်းငါသတိထားမိလာတယ် ။ ငါဘာလုပ်လုပ် ငါဘယ်သွားသွား ဒီအမြီးဟာ ငါနဲ့ အမြဲရှိနေတယ် ဆိုတာပဲ "
" ဒါကို ငါသဘောပေါက်သွားပြီးတဲ့နောက်မှာ ပျော်ရွှင်မှုဆိုတဲ့အရာကို သက်သက်လိုက်ဖမ်းမနေတော့ဘူး။ ဖမ်းစရာလဲ မလိုတော့ဘူးလေ"
သင်ခန်းစာ
********
ပျော်ရွှင်မှုဟာ ပြင်ပမှာ အမြဲတစေ သင်လိုက်ရှာဖွေမှ ရမယ့်အရာမဟုတ်ပါဘူး။
သင်သာ နားလည်တတ်မယ်ဆိုရင် ပျော်ရွှင်မှုဆိုတာ သင့်အတွင်းစိတ်မှာ ရှိနေတယ်။ သင်နဲ့ အတူရှိနေမယ် ဆိုတာပါပဲ။
ကိုးကား
-------
A Big Dog saw A Puppy ကိုဘာသာပြန်ဆို ဖော်ပြပါသည်။
- မှတ်စုကြမ်း #nayaung
*************
ခွေးခပ်ကြီးကြီး တစ်ကောင်ဟာ သူ့အမြီးသူ လိုက်ဖမ်းဆော့ကစားနေတဲ့ ခွေးငယ်လေးတစ်ကောင်ကို မေးလိုက်တယ်။
" မင်း ဘာလို့ ဒီလို ကိုယ့်အမြီးကိုကိုယ် လိုက်ဖမ်းဆော့နေတာလဲ"
ခွေးပေါက်စလေးက ပြန်ဖြေတယ်။
"ကျွန်တော် အတွေးအခေါ်တစ်ချို့ကို လေ့လာတယ်။ လောကကြီးအကြောင်းကို ရှာဖွေကြည့်တယ်။ ဒီအခါ ကျွန်တော် တွေ့လာတာက ခွေးတစ်ကောင်ရဲ့ ဘဝမှာ အလိုအပ်ဆုံးက ပျော်ရွှင်မှုပဲ။ ကျွန်တော့်ပျော်ရွှင်မှုဟာ ကျွန်တော့ အမြီးမှာရှိတယ်။ဒါကြောင့် ကျွန်တော် လိုက်ဖမ်းတယ်။ ဖမ်းမိတဲ့အခါ ကျွန်တော်ပျော်ရွှင်ရတယ်လေ"
ခွေးကြီးက ပြောတယ်။
"ကောင်လေး"
"ငါ့ရဲ့ နုပျိုတဲ့ နေရက်တွေတုန်းက ငါလဲ လောကကြီးအကြောင်း စိတ်ဝင်တစားလေ့လာဖူးခဲ့တယ်။
ငါလဲ မင်းလိုပဲ ငါ့ပျော်ရွှင်မှုဟာ အမြီးမှာရှိတယ် ထင်ပြီးလိုက်ဖမ်းခဲ့တာပဲ "
"ဒါပေမယ့် နောက်ပိုင်းငါသတိထားမိလာတယ်
" ဒါကို ငါသဘောပေါက်သွားပြီးတဲ့နောက
သင်ခန်းစာ
********
ပျော်ရွှင်မှုဟာ ပြင်ပမှာ အမြဲတစေ သင်လိုက်ရှာဖွေမှ ရမယ့်အရာမဟုတ်ပါဘူး။
သင်သာ နားလည်တတ်မယ်ဆိုရင် ပျော်ရွှင်မှုဆိုတာ သင့်အတွင်းစိတ်မှာ ရှိနေတယ်။ သင်နဲ့ အတူရှိနေမယ် ဆိုတာပါပဲ။
ကိုးကား
-------
A Big Dog saw A Puppy ကိုဘာသာပြန်ဆို ဖော်ပြပါသည်။
- မှတ်စုကြမ်း #nayaung

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။