စိတ်ဓာတ်ခွန်အား ပြည့်ဝသူတွေရဲ့ အပြုအမူ (၉) ခု
စိတ်ဓာတ်ကြံ့ခိုင်မှုရှိသူတွေဟာ ဘယ်နေရာမှာမဆို အောင်မြင်မှုရကြပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ ချမ်းသာသူတွေ၊ အောင်မြင်ကျော်ကြားသူတွေဆီမှာသာ မြင်ရလေ့ရှိတဲ့အရာမဟုတ်ပါဘူး။ သာမာန်လူတွေဆီမှာလည်း တွေ့မြင်ရတတ်ပါတယ်။ ဒါပေမဲ့ သာမာန်လူဖြစ်သည့်တိုင်အောင် သူ့ဘဝနဲ့သူကတော့ အဆုံးအရှုံးနဲ့ သောက နည်းပါးပြီး ပတ်ဝန်းကျင်ရဲ့ လေးစားမှုကို ရရှိသူတွေ ဖြစ်နေတာကို သတိထားကြည့်ပါ။
၁။ လိုအပ်ရင်ပြန်တိုက်ခိုက်တယ်
ကိုယ့်ပတ်ဝန်းကျင်မှာသာမက ဘယ်နေရာကိုရောက်ရောက် ရန်လိုတဲ့အပြုအမူမျိုး မလုပ်ကြပါဘူး။ ရန်စလာရင်လည်း ဂရုမစိုက်ဘဲနေကြပါတယ်။ ဒါပေမဲ့ ဖိနှိပ်အနိုင်ကျင့်ခံရတယ်လို့ ခံစားမိတာနဲ့ တုန့်ပြန်တိုက်ခိုက်ကြပါတယ် ။ တစ်နည်းအားဖြင့်တော့ ရဲရင့်ကြသူတွေပေါ့။
၂။ လွယ်လွယ်နဲ့အားရကျေနပ်သူမဟု တ်
ကိစ္စတစ်ခုခု ဆောင်ရွက်ပြီးတိုင်း ကိုယ့်အောင်မြင်မှု သေးသေးမွှားမွှားအပေါ် ကျေနပ်အားရပြီး အလွန်အကျွံအောင်ပွဲခံတာမျိုး မရှိပါဘူး။ အောင်မြင်မှုတစ်ခုကိုရဖို့အတွက် စိတ်ရှည်ပြီးဇွဲရှိကြသူတွေလ ည်း ဖြစ်ပါတယ်။
၃။ အမှားတွေကြောင့်နောက်မဆုတ်ဘူး
ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်ဆောင်ရာမှာ အမှားတွေလည်း ကြုံရပါတယ်။ ဒါပေမဲ့ နောက်ဆုတ်သွားမယ့်လူမျိုး မဟုတ်ပါဘူး။ ထပ်ခါတလဲလဲ ကြိုးစားကြသူတွေဖြစ်ပါတယ်။
၎။ စိတ်ခံစားချက်တွေ ထုတ်မပြတတ်သူ
စိတ်ဆိုးတာ၊ ဒေါသဖြစ်တာ၊ ဝမ်းနည်းတာ စတဲ့ အနုတ်လက္ခဏာပြ ခံစားချက်တွေကိုလည်း စိတ်ထဲမှာသာ သိမ်းဆည်းထားကြပါတယ်။ ဒါက စိတ်ဓာတ်ခွန်အားရှိသူတွေမှာ သာ တွေ့ရတဲ့အရာပါ။
၅။ စိန်ခေါ်မှုတွေ
ကိုယ့်ကိုကြောက်လန့်စေတဲ့အရာတွေအပေါ် ပုန်းအောင်းတိမ်းရှောင်မနေဘဲ ထိပ်တိုက်ရင်ဆိုင်ကြပါတယ်။ စိန်ခေါ်မှုတွေအတွက်လည်း သူရဲဘောကြောင်စွာ ငြင်းပယ်မနေပါဘူး။
၆။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု
ကိုယ်ဘာလုပ်ကိုလုပ်နိုင်တယ် ၊ မလုပ်နိုင်ဘူး ဆိုတာ ကောင်းကောင်းသိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိသူတွေပေါ့။
၇။ နောက်လိုက်မဟုတ်ဘူး
ဘယ်သူကမှ ကိုယ့်နောက်မှာမရှိသည့်တိုင်အောင်
ကိုယ့်ကိုယ်ကိုယ် ဦးဆောင်ပါတယ်။ သူများနောက်လိုက်လုပ်ရင်း ရပ်တည်ချက်တွေ
ဝေဝါးနေတာမျိုး မရှိပါဘူး။ ကိုယ်လုပ်ချင်တာကို ကိုယ့်ဘာသာကိုယ်
ဖြစ်အောင်လုပ်ကြတာလည်း စိတ်ဓာတ်ခွန်အားရှိသူတွေပါပဲ။
၈။ အာရုံစိုက်မှု
ကိုယ်လုပ်ခဲ့တဲ့အရာတွေအားလုံးကို အာရုံစိုက်ပြီးလုပ်ပါတယ်။ ဖြစ်ကတတ်ဆန်း လုပ်တာမျိုးကိုလည်း မနှစ်သက်သူတွေပါ။
၉။ ကိုယ့်အပေါ်ရိုင်းစိုင်းသူတွေကို ကြင်နာစွာတုံ့ပြန်တယ်
စိတ်ခွန်အား မြင့်မားတဲ့လူတွေသာ ဒီလုပ်ရပ်ကို လုပ်နိုင်ပါတယ်။ သူက အောက်တန်းကျကျ ဆဲဆိုတိုက်ခိုက်တာတွေ လုပ်လာရင် ပြန်ဆဲတာမျိုး မလုပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြားက ပေးလာတဲ့ စိတ်ဒုက္ခတွေကို လက်ခံမထားချင်လို့လေ။
Source : Huffpost
Duwun
စိတ်ဓာတ်ကြံ့ခိုင်မှုရှိသူတေ
၁။ လိုအပ်ရင်ပြန်တိုက်ခိုက်တယ်
ကိုယ့်ပတ်ဝန်းကျင်မှာသာမက ဘယ်နေရာကိုရောက်ရောက် ရန်လိုတဲ့အပြုအမူမျိုး မလုပ်ကြပါဘူး။ ရန်စလာရင်လည်း ဂရုမစိုက်ဘဲနေကြပါတယ်။ ဒါပေမဲ့ ဖိနှိပ်အနိုင်ကျင့်ခံရတယ်လိ
၂။ လွယ်လွယ်နဲ့အားရကျေနပ်သူမဟု
ကိစ္စတစ်ခုခု ဆောင်ရွက်ပြီးတိုင်း ကိုယ့်အောင်မြင်မှု သေးသေးမွှားမွှားအပေါ် ကျေနပ်အားရပြီး အလွန်အကျွံအောင်ပွဲခံတာမျို
၃။ အမှားတွေကြောင့်နောက်မဆုတ်ဘ
ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်ဆောင်ရာမှာ အမှားတွေလည်း ကြုံရပါတယ်။ ဒါပေမဲ့ နောက်ဆုတ်သွားမယ့်လူမျိုး မဟုတ်ပါဘူး။ ထပ်ခါတလဲလဲ ကြိုးစားကြသူတွေဖြစ်ပါတယ်။
၎။ စိတ်ခံစားချက်တွေ ထုတ်မပြတတ်သူ
စိတ်ဆိုးတာ၊ ဒေါသဖြစ်တာ၊ ဝမ်းနည်းတာ စတဲ့ အနုတ်လက္ခဏာပြ ခံစားချက်တွေကိုလည်း စိတ်ထဲမှာသာ သိမ်းဆည်းထားကြပါတယ်။ ဒါက စိတ်ဓာတ်ခွန်အားရှိသူတွေမှာ
၅။ စိန်ခေါ်မှုတွေ
ကိုယ့်ကိုကြောက်လန့်စေတဲ့အရ
၆။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု
ကိုယ်ဘာလုပ်ကိုလုပ်နိုင်တယ်
၇။ နောက်လိုက်မဟုတ်ဘူး
ဘယ်သူကမှ ကိုယ့်နောက်မှာမရှိသည့်တိုင
၈။ အာရုံစိုက်မှု
ကိုယ်လုပ်ခဲ့တဲ့အရာတွေအားလံ
၉။ ကိုယ့်အပေါ်ရိုင်းစိုင်းသူတေ
စိတ်ခွန်အား မြင့်မားတဲ့လူတွေသာ ဒီလုပ်ရပ်ကို လုပ်နိုင်ပါတယ်။ သူက အောက်တန်းကျကျ ဆဲဆိုတိုက်ခိုက်တာတွေ လုပ်လာရင် ပြန်ဆဲတာမျိုး မလုပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြားက ပေးလာတဲ့ စိတ်ဒုက္ခတွေကို လက်ခံမထားချင်လို့လေ။
Source : Huffpost
Duwun

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။