~ { မုန့်ဟင်းခါး သမိုင်း } ~
မုန့်ဟင်းခါး
မြန်မာ့ရိုးရာအစားအစာတစ်ခြု ဖစ်သော မုန့်ဟင်းခါးသည် အချဉ်ဖောက်ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ်(မုန့်
ဖတ်)လေးများ၊ ငါးဖြင့်အဓိကချက်လုပ်သော ဟင်းခါးရည်တို့ကို အတူတွဲဖက်စားသုံးရသည့် သွားရည်စာတစ်
မျိုးဖြစ်သည်။ မုန့်ဟင်းခါးအား မြန်မာနိုင်ငံ၏ အမျိုးသားစားဖွယ်တစ်ခုအဖြစ် အချို့က ယူဆကြသည်။
မြန်မာ
နိုင်ငံတစ်ဝန်းရှိ မြို့၊ရွာတိုင်းတွင် မုန့်ဟင်းခါးရောင်းချကြပြီး
နံနက်စာမှ နေ့လည်နေ့ခင်း အစာပြေအပြင် ညလည်စာ အဖြစ်ပါ နှစ်ခြိုက်စွာ
စားသုံးလေ့ရှိကြသည်။ ထို့ပြင် မုန့်ဟင်းခါးသည် အာဟာရအားဖြင့် ပရိုတင်း
ကာဗိုဟိုက်ဒရိတ် နှင့် ဓာတ်ဆားများပါဝင်ပြီး ချက်ပုံချက်နည်း ရိုးရှင်းလွယ်ကူသည့်အပြင် စရိတ်ပါသက်သာ
သောကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်သော အစားအစာလည်းဖြစ်သည်။
မုန့်ဟင်းခါးသမိုင်း
ရှေးမြန်မာ့သမိုင်းတစ်လျှော က်တွင်မုန့်ဟင်းခါးနှင့်ပက် သက်၍ကျောက်စာ၊ပေစာများဖြင့် မှတ်တမ်းတင်ခဲ့ခြင်း
မရှိသဖြင့် မုန့်ဟင်းခါးပေါ်ပေါက်ရာ ဇာတိနှင့် ခေတ်ကာလအား သိရှိရန် များစွာခက်ခဲလှသည်။
မုန့်ဟင်းခါး
အား အစောဆုံး အထောက်အထားဖြင့်တွေ့ရှိရသည့် နေရာမှာ ကုန်းဘောင်ခေတ်စာဆို ဦးပုည၏လင်္ကာများ
အနက်မှ တစ်ခုတွင် ဖြစ်ပြီး မုန့်ဟင်းခါး ဟု သုံးနှုန်းခဲ့သည်။ ယနေ့တိုင် အချို့ဒေသများတွင် မုန့်ဟင်းခါး အား
မုန့် မုန့်ဟင်း အစရှိသဖြင့် ခေါ်ဝေါ်လျက်ရှိဆဲဖြစ်သောကြော င့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါးပေါ်ပေါက်
ပြီးဖြစ်သည်ဟု ယူဆကြသည်။
တဖန် ပျူမြို့ဟောင်းများ တူးဖော်ရာတွင် ဆန်မှုန့်နှင့် အချဉ်ဖောက်ပြုလုပ်
သော ကိရိယာအများအပြားတူးဖော်ရရှိခဲ့သောကြောင့် ထမင်းအစားထိုး၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့် နှင့် မုန့်ဟင်းခါး ပေါ်ပေါက်နေခဲ့နိုင်ကြောင်း ကောက်ချက်ဆွဲကြသည်။
ထို့ပြင်မုန့်ဟင်းခါးသမိုင်းကိုစနစ်တကျ သုတေသနပြုရန်ကြိုးပမ်းခဲ့သော
ဒေါက်တာ ခင်မောင်ညွန့်၏အဆိုအရ မုန့်ဟင်းခါးချက်နည်းသည် ရှေးနန်းတွင်း
ဟင်းချက်နည်း မျိုးစုံစာရင်းတွင် ရှာမတွေ့ခဲ့ခြင်းကြောင့် သာမန်အရပ်သား
လူအများတို့၏ အစားအစာသာဖြစ်နိုင်ကြောင်း။
ထို့ကြောင့်ပင် မည်သူတစ်ဦးတစ်ယောက်မျှ အရေးတယူ မှတ်တမ်းမတင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။
ယေဘုယျ အသုံးပြုသောပစ္စည်းများ
မုန့်ဖတ်၊ ငါးအဖြစ် (ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ငါးသလောက်၊ ငါးရွှေ) အပြင်၊ အခြားသောငါးများလည်း အသုံးပြုလေ့ရှိသည်။ ငါးနှစ်မျိုး သို့မဟုတ် သုံးမျိုးစပ် အသုံးပြုခြင်းသည် ငါးတစ်မျိုးတည်း အသုံးပြုခြင်းထက် ပိုကောင်းသည်ဟုဆိုသည်။
ငါးရှားပါးသောဒေသများတွင် ကြက်သား၊အမဲသားတို့ကို အသုံးပြုလေ့ရှိသည်။ ဆီ၊ငံပြာရည်၊ အချိုမုန့်၊ ဆား၊ နနွင်းမှုန့်၊ ငှက်ပျောအူ၊ ဆန်လှော်မှုန့်၊ ကြက်သွန်နီ၊ဖြူ ၊ ပဲမှုန့်၊ ချင်း၊ ငရုတ်ကောင်း၊
စပါးလင် စသည်တို့ပါဝင်သည်။ အသုံးပြုသော ပစ္စည်းများမှာ ချက်လုပ်နည်းအပေါ်တွင်လည်းကောင်း ဒေသအလိုက် ရရှိနိုင်မှုအပေါ်တွင်လည်းကော င်း မူတည်၍ ကွဲပြားလေ့ရှိသည်။
တွဲဖက်စားသုံးလေ့ရှိသော ပစ္စည်းများ
အကြော်မျိုးစုံ၊ နံနံပင်၊ ရှောက်သီး၊ သံပုရာသီး၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအလှော်မှုန့်၊ ကြက်သွန်မြိတ်၊
ကြက်ဥ၊ ဘဲဥ၊ ပဲသွေး၊ ငါးသလောက်ဥ၊ ငါးအီကြာကွေး စသည်တို့ပါဝင်သည် ။
ဆရာ့ဆရာများအားလေးစားလျှက်
သူသူဟိန်း
မုန့်ဟင်းခါး
မြန်မာ့ရိုးရာအစားအစာတစ်ခြု
ဖတ်)လေးများ၊ ငါးဖြင့်အဓိကချက်လုပ်သော ဟင်းခါးရည်တို့ကို အတူတွဲဖက်စားသုံးရသည့် သွားရည်စာတစ်
မျိုးဖြစ်သည်။ မုန့်ဟင်းခါးအား မြန်မာနိုင်ငံ၏ အမျိုးသားစားဖွယ်တစ်ခုအဖြစ်
မြန်မာ
နိုင်ငံတစ်ဝန်းရှိ မြို့၊ရွာတိုင်းတွင် မုန့်ဟင်းခါးရောင်းချကြပြီး
ကာဗိုဟိုက်ဒရိတ် နှင့် ဓာတ်ဆားများပါဝင်ပြီး ချက်ပုံချက်နည်း ရိုးရှင်းလွယ်ကူသည့်အပြင် စရိတ်ပါသက်သာ
သောကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်သော အစားအစာလည်းဖြစ်သည်။
မုန့်ဟင်းခါးသမိုင်း
ရှေးမြန်မာ့သမိုင်းတစ်လျှော
မရှိသဖြင့် မုန့်ဟင်းခါးပေါ်ပေါက်ရာ ဇာတိနှင့် ခေတ်ကာလအား သိရှိရန် များစွာခက်ခဲလှသည်။
မုန့်ဟင်းခါး
အား အစောဆုံး အထောက်အထားဖြင့်တွေ့ရှိရသည်
အနက်မှ တစ်ခုတွင် ဖြစ်ပြီး မုန့်ဟင်းခါး ဟု သုံးနှုန်းခဲ့သည်။ ယနေ့တိုင် အချို့ဒေသများတွင် မုန့်ဟင်းခါး အား
မုန့် မုန့်ဟင်း အစရှိသဖြင့် ခေါ်ဝေါ်လျက်ရှိဆဲဖြစ်သောကြော
ပြီးဖြစ်သည်ဟု ယူဆကြသည်။
တဖန် ပျူမြို့ဟောင်းများ တူးဖော်ရာတွင် ဆန်မှုန့်နှင့် အချဉ်ဖောက်ပြုလုပ်
သော ကိရိယာအများအပြားတူးဖော်ရရှ
ထို့ပြင်မုန့်ဟင်းခါးသမိုင်
ထို့ကြောင့်ပင် မည်သူတစ်ဦးတစ်ယောက်မျှ အရေးတယူ မှတ်တမ်းမတင်ခဲ့ခြင်းဖြစ်နိ
ယေဘုယျ အသုံးပြုသောပစ္စည်းများ
မုန့်ဖတ်၊ ငါးအဖြစ် (ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ငါးသလောက်၊ ငါးရွှေ) အပြင်၊ အခြားသောငါးများလည်း အသုံးပြုလေ့ရှိသည်။ ငါးနှစ်မျိုး သို့မဟုတ် သုံးမျိုးစပ် အသုံးပြုခြင်းသည် ငါးတစ်မျိုးတည်း အသုံးပြုခြင်းထက် ပိုကောင်းသည်ဟုဆိုသည်။
ငါးရှားပါးသောဒေသများတွင် ကြက်သား၊အမဲသားတို့ကို အသုံးပြုလေ့ရှိသည်။ ဆီ၊ငံပြာရည်၊ အချိုမုန့်၊ ဆား၊ နနွင်းမှုန့်၊ ငှက်ပျောအူ၊ ဆန်လှော်မှုန့်၊ ကြက်သွန်နီ၊ဖြူ ၊ ပဲမှုန့်၊ ချင်း၊ ငရုတ်ကောင်း၊
စပါးလင် စသည်တို့ပါဝင်သည်။ အသုံးပြုသော ပစ္စည်းများမှာ ချက်လုပ်နည်းအပေါ်တွင်လည်းကေ
တွဲဖက်စားသုံးလေ့ရှိသော ပစ္စည်းများ
အကြော်မျိုးစုံ၊ နံနံပင်၊ ရှောက်သီး၊ သံပုရာသီး၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအလှော်မှုန့်၊ ကြက်သွန်မြိတ်၊
ကြက်ဥ၊ ဘဲဥ၊ ပဲသွေး၊ ငါးသလောက်ဥ၊ ငါးအီကြာကွေး စသည်တို့ပါဝင်သည် ။
ဆရာ့ဆရာများအားလေးစားလျှက်
သူသူဟိန်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။