Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 5, 2017

စကားနည်းနည်းပြော_များများနားထောင်ပါ။


ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos.

ကြီးပွားအောင်မြင်ရေးအကျင့် (၂၃)
#စကားနည်းနည်းပြော_များများနားထောင်ပါ
လူမှာ နား ၂ ဖက်နဲ့ ပါးစပ်တစ်ပေါက်ပဲ ပါတယ်။ ဘာဖြစ်လို့လဲ။ စဉ်းစားမိကြရဲ့လား။ တစ်ပေါက်တည်းသော ပါးစပ်နဲ့ စကားနည်းနည်းပဲ ပြောပြီး ၂ ဖက်ပါတဲ့ နားတွေနဲ့ များများ နားထောင်ဖို့ပါ။
စကားဆိုတာ များများပြောရင် အမှားများများ ပါတတ်တယ်။ နားနဲ့ များများနားထောင်လို့ အမှားမပါနိုင်ပါဘူး။ ဒါပေမဲ့ နားထောင်တဲ့စကားတွေဟာ အကျိုးရှိစေမယ့် အဓိပ္ပါယ်ရှိတဲ့စကားတွေဖြစ်ပြီး အကျိုးမရှိ တန်ဖိုးမဲ့တဲ့ စကားတွေ၊ အတင်း အဖျင်းတွေ မဖြစ်ဖို့တော့ လိုပါတယ်။


တန်ဖိုးရှိတဲ့ အကျိုးရှိမယ့် စကားတွေကို ဘယ်ကကြားနိုင်သလဲ။ အတွေ့အကြုံရင့်ကျက်တဲ့ ဆရာသမား၊ လူကြီးတွေရဲ့စကားကိုနားထောင်ခြင်း၊ Self – motivational tapes, Seminar စိတ်ဓါတ်မြှင့်တင်ရေး ဟောပြောပွဲကို တက်ရောက်နားထောင်ခြင်း၊ အဲဒီဟောပြောပွဲမှာ အသံသွင်းထားတဲ့ တိပ်ခွေ၊ စီဒီခွေစတာတွေကို နားထောင်ခြငိး စတာတွေပါ။ အဲဒီလိုနားထောင်ရင် သင့်အတွက် ဘယ်လိုအကျိုးရှိမလဲ။ ဘာတွေ အကျိုးရမလဲ။ စိတ်ဓါတ်တက်လာတယ်။ မသိသေးတဲ့ အောင်မြင်ရေးနည်းလမ်းတွေကို သိလာမယ်။
အောင်မြင်ကြီးပွားသူတွေက စကားနည်းနည်းပြောပြီး များများနားထောင်တတ်ကြတယ်။ မိမိအောက် က လူတစ်ယောက်က ပြဿနာတင်ပြရင် စကားကို သေချာနားထောင်ပြီးမှ အဆုံးအဖြတ်ပေးတယ်။ စကား တစ်ခွန်း၊ ၂ ခွန်းကိုပဲ နားထောင်ပြီး အဆုံးအဖြတ်ပေးတတ်ကြတာမဟုတ်ပါ။ သေသေချာချာ နားထောင်ပြီးမှ ဆုံးဖြတ်ချက်ချကြတာပါ။ မယုံရင် အောင်မြင်သူတွေကို လေ့လာကြည့်ပါ။
နားစွင့်ပြီး နားထောင်တတ်သူဟာအမြဲ သတိရှိနေတယ်။ သူ့ဦးနှောက်ကို အသစ်အဆန်းပညာတွေ ဖြည့် ဆည်းဖို့ အဆင့်သင့် ဖြစ်နေတယ်။ နားမထောင်တတ်သူဟာ သူ့ဦးနှောက်ထဲကို ဝင်လာမဲ့ Information သတင်းအချက်အလက်တွေကို ပိတ်ဆို့ထားလိုက်တယ်။
ဥပမာ - ၀န်ထမ်းတစ်ယောက်ဟာ သူ့သူငယ်ချင်းတွေနဲ့တွေ့ရင် “အလုပ်ကပင်ပန်းလိုက်တာ”၊ “တက်လမ်းလည်း မရှိဘူး” လို့ အမြဲညည်းညူနေတယ်။ အိမ်ရောက်တော့လည်း မိသားစုကို ဒါပဲပြောပြနေတယ်။ သူ့အတွက် ဘာအကျိုးရှိသလဲ။ သူ့အတွက် အကျိုးရှိ၊ မရှိထက် သူ့မိသားစုကိုတော့ စိတ်ဆင်းရဲစေတာ အမှန်ပါပဲ။ တကယ်တော့ အဲဒီလို ပါးစပ်ကတဖွဖွနဲ့ ညည်းညူနေခြင်းဟာ သူ့ဦးနှောက်ထဲကို အကြံသစ်၊ ဥာဏ်သစ်တွေ ၀င်မလာအောင် တားဆီးထားလိုက်တာပါ။
ခြေ ၂ ဖက်၊ လက် ၂ ဖက်စလုံး မွေးကတည်းက မပါခဲ့တဲ့ သြစတေးလျနိုင်ငံက နစ်ဘွိုင်းယစ်ချစ်နဲ့ မွေးကတည်းက လက် ၂ ဖက်စလုံး လက်မောင်းရင်းက ပြတ်နေခဲ့တဲ့ အမေရိကန်နိုင်ငံက ဂျက်စီကာကော့တို့ အကြောင်းကို လေ့လာကြည့်ပါ။ သူတို့ ၂ ယောက်စလုံးက ဒီလောက်ကံဆိုးလိုက်တာဆိုပြီး ကံကိုအပြစ်ပုံချ နေသလား။ လောကကြီးဟာ မတရားဘူးဆိုပြီး ဒေါသထွက်နေသလား။ ခြေလက်အင်္ဂါစုံအောင် မမွေးဖွားပေးခဲ့တဲ့ မိဘတွေကို နေ့စဉ် ဆဲနေသလား။ အမြဲတမ်း အော်နေ၊ ညည်းညူနေသလား။ ဒါပေမဲ့ ငယ်စဉ်ကတည်းက သူတို့ကို မိဘက နေ့စဉ်ပြောပြနေတဲ့ စိတ်ဓာတ် မကျနဲ့၊ ခြေလက်မပါပေမယ့်လည်း ခြေလက်အစုံပါသူတွေထက် သာအောင် လုပ်နိုင်တယ်။ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုပဲလိုတယ်စတဲ့ စကားတွေကို နေ့စဉ်နားထောင်ရင်း မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ကို ကမ္ဘာမှာ အောင်မြင်ကျော်ကြားသူတွေ ဖြစ်လာကြတာပါ။
ယနေ့မှစပြီး စကားကို များများပြောတာတွေကို လျှော့ပစ်လိုက်ပါ။ (အဆင်အခြင်မရှိ)။ မိမိပြောလိုက် တဲ့စကားဟာ အဓိပ္ပါယ်ရှိပြီး သူတစ်ပါးကို အကျိုးရှိပါစေ။ ဒါပေမဲ့ နား ၂ ဖက်ကို အစွမ်းကုန် အသုံးချပါ။ အကျိုးရှိစေမယ့်၊ ပညာရစေမယ့် စကားတွေကို များများ နားထောင်ပါ။
သင့်နား ၂ ဖက်ဟာ သင့်ဦးနှောက်ထဲကို သတင်းအချက်အလက်တွေ ၀င်လာမဲ့ ၀င်ပေါက် ၂ ခုပါ။ ဒါပေမဲ့ အဲဒီ ၀င်ပေါက်တွေကို အတားအဆီးမရှိ အမြဲဖွင့်မထားပါနဲ့။ အကျိုးမရှိ၊ အဓိပ္ပါယ်မဲ့တဲ့ စကားတွေ ၀င်မလာအောင် သတိနဲ့စောင့်ကြပ်ရင်း အကျိုးရှိတာတွေကိုပဲ ၀င်ခွင့်ပေးပါ။ အဲဒီလိုလုပ်ခြင်းဖြင့် သင့်ဘ၀အခြေအနေဟာ ထူးထူးခြားခြား တိုးတက် ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၀၅-၀၂-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။