မျက်နှာမငယ် စေချင်ပါ
=============
လောကမှာ ငွေမရှိရင် သူစိမ်းတွေ နှိမ်တယ်ဆိုတာထက်
ကိုယ့်မိသားစုထဲမှာတောင် မျက်နှာငယ်ရလို့ပါ။
လူ့သဘာဝက ငွေ မရှာနိုင်ရင် အလကားကောင်လို့
ပုတ်ခတ်ကြပြီး ငွေ ရှာနိုင်ပြန်တော့လည်း
မနာလို ဖြစ်ကြပြန်တယ်။
အလုပ်တစ်ခုလုပ်လို့ မအောင်မြင်ရင် အခြားသူစိမ်းပြောတာထက်
ကိုယ့်ဆွေမျိုးတွေက မေးငေါ့ အပြစ်တင်တာက
ပိုခံရခက်ပါတယ်။
ငွေ မရှာနိုင်ရင် ကိုယ့်ဆွေမျိုးတွေက လူရာမသွင်းချင်ကြသလို
ကိုယ့်ရဲ့ လက်တွဲဖော်ကတောင် ယုံကြည်မှူ လျော့ပါး
သွားတတ်တယ်။
ငွေဆိုတာ သက်မဲ့ ဆိုပေမယ့် သက်ရှိဖြစ်တဲ့
လူတွေရဲ့ အမြင်ပေတံအရ ငွေ မရှိရင် မဖြစ်ဘူး သူငယ်ချင်း။
ငွေ မရှိလို့ အနှိမ်ခံမလား....?
အောင်မြင်နေလို့ မနာလို ဖြစ်ခံမလား....?
လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ် မကွေး
— with ဦး ဦးဇင်း.=============

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။