* ကွက်လပ်လေးတော့ထားပေးပါ *
===========💜==========
လယ်သမားတွေက နွေအလွန် မိုးဦးကြမှာ
အမိုးမလုံတဲ့ တဲများကို မိုးမရွာခင်မှာ
ကြိုပြင်ကြတယ်
အလုပ်သမားများက ကိုယ်လုပ်မယ့် တနေရာကို
အလုပ်မသွားခင် အထုပ်အပိုးများနဲ့ စားနက်ရိက္ခာကို
ကြိုပြင်တတ်ကြတယ်
သူတို့အထင် သူတို့အမြင်နဲ့ သူတို့ပြင်သမျှက
သူတို့အတွက် ကျိန်းသေပေါက် သေချာတယ်
မှန်ကန်တယ်
အရွယ်မမယ်တဲ့ လူငယ်တယောက်အနေနဲ့လည်း
အချစ်ဆိုတဲ့ မာယာဝင်ကမ္ဘာထဲ မရောက်သေးခင်
ခံနိုင်ရည်ရှိဖို့တော့ ကြိုသင်ထားပါ
ကိုယ်သိပ်ချစ်ရတဲ့ လူတယောက်က ကိုယ့်အပေါ် အချစ်တွေလျော့ပြီး ဂရုစိုက်မူ့နည်းလာရင်
ဆွဲထားဖို့ စိတ်မကူးပါနဲ့
နဖားဆွေးတဲ့နွား ကိုယ်က တအားဆွဲနေလဲ
နဖားပြတ်ရုံသာရှိပါ့မယ် ကံကိုလည်းမမျှော်နဲ့
ကိုယ့်ဉာဏ်နဲ့ကိုယ် အဆင်ပြေသလိုနေလိုက်ပါ
လယ်သမားကြီးတယောက်ဟာ သူ့ကိုသူချစ်တယ်
သူချစ်တာ သူ့အတွက်မဟုတ် သူ့မိသားစု
လုံခြုံဖို့အတွက်ပါ
အလုပ်များတဲ့ အလုပ်သမားတယောက်လည်း
သူ့ကိုသူချစ်တယ် သူချစ်တာလည်း သူ့အတွက်မဟုတ်
သူ့မိသားစု ဝမ်းဝဖို့အတွက်ပါ
ကိုယ်ကိုမချစ်ချင်တော့တဲ့ လူတယောက်အတွက်
သူမပစ်ခင် ကိုယ်က ကြိုတင် ချစ်တတ်အောင်
သင်ထားဖို့လိုပါတယ်
ကိုယ့်မိသားစု ကိုယ့်အိုး ကိုယ့်အိမ်ထက်
ဘယ်သူ ဘယ်ဝါ ဘယ်ရင်ခွင်ကိုမှ ပိုအထင်မကြီးပဲ ကိုယ့်ကိုကိုယ် ပြန်ချစ်ပေးနေတာ အကောင်းဆုံးနဲ့
အမှန်ကန်ဆုံး ချစ်ချင်းတွေပါ
လူတယောက်ကို သိပ်ချစ်လွန်းလို့
အသက်တခုလုံး ပုံအပ်လို့ချစ်ခဲ့မိရင်တောင်
အသဲတခုလုံး ပုံပြီး မချစ်လိုက်ပါနဲ့ အသဲရဲ့
တထောင့် တနေရာမှာ ကွပ်လပ်လေးတော့
ထားပေးပါ
သူပစ်သွားတဲ့တနေ့ ကိုယ့်ကိုကိုယ်
ပြန်မချစ် တတ်မှာစိုးလို့ပါ...အမိ..
______________
✒လေးစားစွာဖြင့်
✏ကျွဲကျောင်းသား
Photo...credit
===========💜==========
လယ်သမားတွေက နွေအလွန် မိုးဦးကြမှာ
အမိုးမလုံတဲ့ တဲများကို မိုးမရွာခင်မှာ
ကြိုပြင်ကြတယ်
အလုပ်သမားများက ကိုယ်လုပ်မယ့် တနေရာကို
အလုပ်မသွားခင် အထုပ်အပိုးများနဲ့ စားနက်ရိက္ခာကို
ကြိုပြင်တတ်ကြတယ်
သူတို့အထင် သူတို့အမြင်နဲ့ သူတို့ပြင်သမျှက
သူတို့အတွက် ကျိန်းသေပေါက် သေချာတယ်
မှန်ကန်တယ်
အရွယ်မမယ်တဲ့ လူငယ်တယောက်အနေနဲ့လည်း
အချစ်ဆိုတဲ့ မာယာဝင်ကမ္ဘာထဲ မရောက်သေးခင်
ခံနိုင်ရည်ရှိဖို့တော့ ကြိုသင်ထားပါ
ကိုယ်သိပ်ချစ်ရတဲ့ လူတယောက်က ကိုယ့်အပေါ် အချစ်တွေလျော့ပြီး ဂရုစိုက်မူ့နည်းလာရင်
ဆွဲထားဖို့ စိတ်မကူးပါနဲ့
နဖားဆွေးတဲ့နွား ကိုယ်က တအားဆွဲနေလဲ
နဖားပြတ်ရုံသာရှိပါ့မယ် ကံကိုလည်းမမျှော်နဲ့
ကိုယ့်ဉာဏ်နဲ့ကိုယ် အဆင်ပြေသလိုနေလိုက်ပါ
လယ်သမားကြီးတယောက်ဟာ သူ့ကိုသူချစ်တယ်
သူချစ်တာ သူ့အတွက်မဟုတ် သူ့မိသားစု
လုံခြုံဖို့အတွက်ပါ
အလုပ်များတဲ့ အလုပ်သမားတယောက်လည်း
သူ့ကိုသူချစ်တယ် သူချစ်တာလည်း သူ့အတွက်မဟုတ်
သူ့မိသားစု ဝမ်းဝဖို့အတွက်ပါ
ကိုယ်ကိုမချစ်ချင်တော့တဲ့ လူတယောက်အတွက်
သူမပစ်ခင် ကိုယ်က ကြိုတင် ချစ်တတ်အောင်
သင်ထားဖို့လိုပါတယ်
ကိုယ့်မိသားစု ကိုယ့်အိုး ကိုယ့်အိမ်ထက်
ဘယ်သူ ဘယ်ဝါ ဘယ်ရင်ခွင်ကိုမှ ပိုအထင်မကြီးပဲ ကိုယ့်ကိုကိုယ် ပြန်ချစ်ပေးနေတာ အကောင်းဆုံးနဲ့
အမှန်ကန်ဆုံး ချစ်ချင်းတွေပါ
လူတယောက်ကို သိပ်ချစ်လွန်းလို့
အသက်တခုလုံး ပုံအပ်လို့ချစ်ခဲ့မိရင်တောင
အသဲတခုလုံး ပုံပြီး မချစ်လိုက်ပါနဲ့ အသဲရဲ့
တထောင့် တနေရာမှာ ကွပ်လပ်လေးတော့
ထားပေးပါ
သူပစ်သွားတဲ့တနေ့ ကိုယ့်ကိုကိုယ်
ပြန်မချစ် တတ်မှာစိုးလို့ပါ...အမိ..
______________
✒လေးစားစွာဖြင့်
✏ကျွဲကျောင်းသား
Photo...credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။