Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 11, 2017

#ပြင်းပြသော_လိုအင်ဆန္ဒ

#ပြင်းပြသော_လိုအင်ဆန္ဒ

အောင်မြင်ကြီးပွားချင်ရင် ပထမဆုံးလိုအပ်ချက်က “ပြင်းပြတဲ့ လိုအင်ဆန္ဒ” ရှိရပါမယ်။ အဲဒါကို အင်္ဂလိပ်လို Burning Desire လို့ ခေါ်ပါတယ်။ ပြင်းပြတဲ့ လိုအင်ဆန္ဒဆိုတာ လိုချင်တောင့်တတဲ့ဆန္ဒ (Wish) နဲ့ မတူပါဘူး။

Wish ဆိုတာက တစ်ခုကို လိုချင်စိတ် ပေါ်လာရင် ပါးစပ်ကသာ “လိုချင်လိုက်တာ၊ ဖြစ်ချင်လိုက်တာ” လို့သာ တဖွဖွ ပြောနေတယ်၊ အဲဒါကို ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းကို မရှာဘူး။ ရှာဖွေဖို့လည်း မစဉ်းစားဘူး။ နည်းလမ်းကို သိရင်လည်း အားထုတ်ကြိုးပမ်းခြင်း မရှိဘူး။

နောက်ပြီး Wish ဟာ စိတ်ထဲမှာ တသမတ်တည်း မရှိဘဲ မကြာခဏ ပြောင်းလဲနေတတ်တယ်။ အခု ဆရာဝန်ဖြစ်ချင်လိုက်၊ ခဏနေ ရုပ်ရှင်မင်းသား၊ တော်ကြာ အဆိုတော်ဖြစ်ချင်လိုက်နဲ့ စိတ်ကူးပေါက်သလို ပြောင်းလဲနေတတ်တယ်။ ဖြစ်အောင် လက်တွေ့မလုပ်ဘူး။ အကြမ်းအားဖြင့် ပြောရရင်တော့ လက်တွေ့ကြိုးပမ်းမှုမပါတဲ့ဆန္ဒကို Wish လို့သာ မှတ်ယူလိုက်ပါ။

ပြင်းပြတဲ့ လိုအင်ဆန္ဒရှိသူကတော့ Wish လို မဟုတ်ဘူး။ သူဖြစ်ချင်တာ၊ သူလိုချင်တာ တစ်ခုထဲကို မပြောင်းလဲပဲ တချိန်လုံး တွေးနေ မြင်နေတယ်။ စိတ်ထဲမှာလည်း အဲဒါကို ရအောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို တချိန်လုံး ရှာဖွေကြံဆနေတယ်။ ကောင်မလေးတစ်ယောက်ကို ကြိုက်ပြီး စွဲလန်းမှုကြောင့် တချိန်လုံး သူ့အကြောင်း တွေးနေတယ်။ သူ့မျက်နှာလေးကို အမြဲမြင်နေတယ်။ ဒါမျိုးကြုံဖူးကြမှပါ။ ပြင်းပြသောလိုအင်ဆန္ဒဆိုတာလဲ အဲဒီလိုမျိုးပါပဲ။

ပြင်းပြတဲ့ လိုအင်ဆန္ဒနဲ့ ကြီးပွားချမ်းသာတာ ဘယ်လိုများ ဆက်စပ်လို့လဲ။ အဲဒီဆက်စပ်မှုကို သိရအောင် ယနေ့ အကြီးအကျယ် အောင်မြင်ကျော်ကြားနေတဲ့ လူ ၂ ယောက်အကြောင်းကို ပြောပြပါမယ်။

ပထမတစ်ယောက်က ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒိုးပါ။ သူဟာ လမ်းလျှောက်တတ်စအရွယ် ကလေးဘဝကတဲက ဘောလုံးကန်တာကို အရမ်းဝါသနာပါခဲ့တယ်။ ကျောင်းတက်ချိန်၊ အိပ်ချိန်၊ စားချိန်ကလွဲရင် သူငယ်ချင်းတွေနဲ့ ဘောလုံးဆော့ကစားနေတတ်တယ်။ အသက် ၆ နှစ်သားမှာ ကမ္ဘာကျော်ကြေးစား ဘောလုံးသမားတစ်ယောက် ဖြစ်ချင်တဲ့ဆန္ဒ ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီဆန္ဒကနေ ပြင်းပြတဲ့ လိုအင်ဆန္ဒဖြစ်လာတယ်။ သူ့စိတ်ထဲမှာ ဘောလုံးကစားတာ တစ်ခုထဲပဲ ရှိနေတယ်။ မနက်စောစော အိပ်ယာထပြီး ကျောင်းမသွားခင်မှာ တစ်ယောက်ထဲ ဘောလုံးလေ့ကျင့်တယ်။ ညနေ ကျောင်းဆင်းတာနဲ့ သူငယ်ချင်းတွေနဲ့ ဘောလုံးကစားတယ်။ ညပိုင်း အိမ်ပြန်ရောက်လို့ ထမင်းစားပြီးတာနဲ့ ပြုတင်းပေါက်ကနေ ကျော်ခွဆင်းပြီး အိမ်အပြင်ဖက်က လမ်းမီးတိုင်အောက်မှာ တစ်ယောက်ထဲ ဘောလုံးထိန်းသိမ်းတာကို လေ့ကျင့်တယ်။ အဲဒီလို ပြင်းပြတဲ့ လိုအင်ဆန္ဒရှိခဲ့တဲ့ ရော်နယ်ဒိုးတစ်ယောက် အခု ဘာဖြစ်နေပြီလဲ။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အကြိမ်ကြိမ် ရခဲ့ပြီးပြီ။ တစ်လကို ဗြိတိန်ပေါင် တစ်သန်းရတဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားတစ်ယောက် ဖြစ်နေပါပြီ။

နောက်တစ်ယောက်က ကမ္ဘာကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသားကြီး ဆီလ်ဗက်စတာစတားလုံးပါ။ သူဟာ ငယ်ငယ်ကတဲက ရုပ်ရှင်မင်းသား အရမ်းဖြစ်ချင်နေခဲ့တယ်။ အဲဒီဆန္ဒပြင်းပြလွန်းလို့ ရုပ်ရှင်မင်းသား လုပ်ဖို့ ကျောင်းက ထွက်လိုက်တယ်။ စတားလုံးဟာ အမျိုးသမီးတွေ ကျလောက်တဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့် သူ့မှာ အားနည်းချက်တစ်ခု ရှိတယ်။ အဲဒါက သူ့ကို ညှပ်ဆွဲမွေးဖွားပေးတုန်းမှာ ဆရာဝန်ရဲ့ ညှပ်က သူ့ဘယ်ဘက်ပါးက အကြောတစ်ခုကို ထိသွားခဲ့တယ်။ ဒါကြောင့် သူ့ဘယ်ဘက်ပါးတခြမ်း နည်းနည်းရွဲ့သွားပြီး စကားပြောရင် သူ့အသံဟာ ဗလုံးဗထွေးနဲ့ မသဲကွဲဘူး။ သူ ရုပ်ရှင်မင်းသားလုပ်မယ်လို့ ပြောပြတော့ သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတယ်။ ပါးတခြမ်းရွဲ့နေပြီး စကားကို ပီသအောင် မပြောနိုင်သူက မင်းသားလုပ်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ သူကတော့ တချိန်လုံး ရုပ်ရှင်မင်းသား ဖြစ်ဖို့ပဲ စိတ်ကူးနေပြီး အခွင့်အလမ်းကို ရှာနေခဲ့တယ်။ အခွင့်အလမ်း ပေါ်လာမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေရင်း သူ့သရုပ်ဆောင်အမူအရာကို အပြင်းအထန် လေ့ကျင့်တယ်။ ခန္ဓကိုယ်အချိုးအစား လှပအောင် အားကစားရုံမှာ အကြာကြီးနေပြီး အပြင်းအထန် လေ့ကျင့်တယ်။ နောက်တော့ သူ ဘာဖြစ်သွားသလဲ။ သူ အလွန်ဖြစ်ချင်နေတဲ့ ဟောလီးဝုဒ်ရုပ်ရှင်မင်းသားတစ်ယောက် ဖြစ်လာခဲ့တယ်။ မထင်မရှားမင်းသား မဟုတ်ပါဘူး။ ဝင်ငွေအလွန်ကောင်းတဲ့ ကမ္ဘာကျော် စူပါမင်းသားတစ်လက် ဖြစ်လာခဲ့တာပါ။

သူတို့ နှစ်ယောက်စလုံး အောင်မြင်သွားရတဲ့ အဓိကအကြောင်းက သူတို့မှာ ဖြစ်ချင်တဲ့ ပြင်းပြတဲ့ လိုအင်ဆန္ဒရှိခဲ့ကြလို့ပါ။ နောက်ထပ်လည်း ပြင်းပြတဲ့ လိုအင်ဆန္ဒရှိလို့ အောင်မြင်ကြီးပွားသွားသူတွေ အများကြီး ရှိပါသေးတယ်။ စာရှည်မှာစိုးလို့ မရေးပြတော့ပါဘူး။ အောင်မြင်ကျော်ကြားတဲ့သူတွေအကြောင်း ရေးထားတဲ့ အထုပ္ပတိစာအုပ်တွေကို ဖတ်ကြည့်လိုက်ရင် သူတို့ဟာ ငယ်စဉ်ကတဲက အောင်မြင်ချင်တဲ့ ပြင်းပြတဲ့လိုအင်ဆန္ဒ ရှိခဲ့ကြသူတွေချည်းပဲဆိုတာကို ဖတ်ရမှာပါ။

ပြင်းပြတဲ့ လိုအင်ဆန္ဒဆိုတာ ကြီးပွားချမ်းသာအောင် တစ်ခုထဲအတွက်ပဲ လုပ်လို့ရတာ မဟုတ်ပါဘူး။ မိမိလိုချင်တဲ့ မိမိဖြစ်ချင်တဲ့ ဘယ်အရာကိုမဆို အဲဒီလိုအင်ဆန္ဒ တကယ်ရှိရင် ဖြစ်ကိုဖြစ်လာပါလိမ့်မယ်။ ဥပမာ - ဒီနှစ် ၁၀ တန်းကို ဂုဏ်ထူး ၆ ဘာသာနဲ့ အောင်ရမယ်။ ဆရာဝန် ဖြစ်ရမယ်။ အင်ဂျင်နီယာ ဖြစ်ရမယ်။ အဆိုတော် ဖြစ်ရမယ်စသဖြင့် ဖြစ်ချင်တာကို ရအောင် လုပ်ယူလို့ ရပါတယ်။ အဲဒီလောက်ထိ ပြင်းပြတဲ့ လိုအင်ဆန္ဒဟာ အစွမ်းထက်ပါတယ်။

ပြင်းပြတဲ့ လိုအင်ဆန္ဒဟာ ဘာကြောင့် အစွမ်းထက်ရတာလဲ။ အဖြေကို ရှင်းပြပါမယ်။ သင့်မှာ ပြင်းပြတဲ့ လိုအင်ဆန္ဒ တကယ်ရှိလာပြီဆိုရင် ဖြစ်ချင်တဲ့ အရာစိတ်ကူးဟာ သင့်ရဲ့ မသိစိတ်ထဲကို ရောက်သွားမယ်။ မသိစိတ်က သင့်ရဲ့ ဦးနှောက်ကို ဖြစ်နိုင်မယ့် အကြံဉာဏ် နည်းလမ်းတွေကို ထုတ်ခိုင်းလိမ့်မယ်။ ဒါဆိုရင် သင့်မှာ အကြံဉာဏ်ကောင်းတွေ ရလာမယ်။ အကြံကို အကောင်အထည်ဖေါ်ချင်တဲ့ စိတ်ခွန်အားတွေ ရလာမှာပါ။ အကောင်အထည်ဖေါ်လိုက်တော့ အောင်မြင်မှုကို မလွဲမသွေ ရတာပေါ့။

ဟုတ်ပါပြီ။ ပြင်းပြတဲ့ လိုအင်ဆန္ဒရဲ့ အစွမ်းကိုတော့ နားလည်ပါပြီ။ ဒါဆိုရင် အဲဒီပြင်းပြတဲ့ လိုအင်ဆန္ဒ ဖြစ်ပေါ်လာအောင် လုပ်ယူ ကျင့်ယူလို့ ရနိုင်ပါသလား။ ရနိုင်ပါတယ်။ လုပ်တဲ့နည်းက မခက်ပါဘူး။ ဇွဲရှိရှိနဲ့ တကယ်လုပ်ဖို့ပဲ လိုပါတယ်။ နည်းက ဒီလိုပါ။

မိမိ ဖြစ်ချင်တဲ့ လိုချင်တဲ့ အရာနဲ့ အဲဒါကို ဘယ်အချိန်မှာ ရရမယ်ဆိုတာကို စာရွက်တစ်ခုမှာ ချရေးလိုက်ပါ။ မနက်အိပ်ယာထစနဲ့ ညမအိပ်ခင် တနေ့ ၂ ခေါက် အသံထွက်ဖတ်ပါ။ ယုံယုံကြည်ကြည်နဲ့ ဖတ်ပါ။ ဒါမှသာ မိမိဖြစ်ချင်တာဟာ မသိစိတ်ထဲကို ရောက်သွားမှာပါ။ နေ့တိုင်း မပျက်မကွက် လုပ်ပါ။ ဘယ်လောက်ကြာကြာ လုပ်ရမလဲ။ အဲဒီဖြစ်ချင်တာ၊ လိုချင်တာဟာ သင့်စိတ်ထဲမှာ အချိန်ပြည့် ပေါ်နေပြီဆိုရင် ရပ်လိုက်လို့ရပါပြီ။ ဘာကြောင့်လဲဆိုတော့ သင်ဖြစ်ချင်တာကို မသိစိတ်က ကောင်းကောင်း မှတ်မိသွားပြီ။ ဒါဆိုရင် သင့်မှာ ပြင်းပြတဲ့လိုအင်ဆန္ဒ ရှိသွားပြီ။

ဒီနည်းဟာ သန်းကြွယ်သူဋ္ဌေးကြီး Napoleon Hill နပိုလီယန်ဟီးလ် ရေးသားခဲ့တဲ့ Think and Grow Rich စာအုပ်ထဲက နည်းလေးပါ။ အဲဒီစာအုပ်ဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က အမေရိကန်နိုင်ငံမှာ စတင်ထုတ်ဝေခဲ့ပြီး ယနေ့ထိ ကမ္ဘာမှာ အုပ်ရေ သန်းပေါင်းများစွာ ရောင်းနေရတဲ့ စာအုပ်ပါ။ အဲဒီစာအုပ် ဘာကြောင့် ဒီလောက်ရောင်းကောင်းရတာလဲ။ စာအုပ်ထဲက နည်းတွေကို လက်တွေ့ကျင့်သုံးပြီး အမေရိကန်နိုင်ငံမှာ မီလျံနာသူဋ္ဌေးဖြစ်သွားကြသူတွေ အမြောက်အများ ရှိခဲ့ကြလို့ပါ။ မီလျံနာသူဋ္ဌေးကြီးတွေ အတော်များများကလည်း ပြင်းပြတဲ့လိုအင်ဆန္ဒဟာ တကယ်စွမ်းအားကြီးကြောင်း ထုတ်ဖေါ်ဝန်ခံခဲ့ကြပါတယ်။

သင့်မှာ ကြီးပွားအောင်မြင်ချင်တဲ့ ပြင်းပြတဲ့ လိုအင်ဆန္ဒရှိနေပြီဆိုရင် သင် အောင်မြင်ကြီးပွားဖို့ ၅၀ ရာခိုင်နူန်း သေချာသွားပါပြီ။ ကျန်တဲ့ ၅၀ ရာခိုင်နူန်းအတွက် ဘာတွေလိုအပ်တယ်ဆိုတာကို နောက်ဆက်ရေးပေးပါမယ်။

ဗန်းမော်သိန်းဖေ
၁၁-၀၁-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။