လူမွဲတွေအကြောင်း
---------------------
အခုဖော်ပြပေးမှာကတော့ ဘဝမှာ တိုးတက်အောင်မြင်မှုရရှိအောင် ချမ်းသာပြည့်စုံအောင် မလုပ်နိုင်ခဲ့တဲ့သူတွေရဲ့ အမူအကျင့်၊ စိတ်နေသဘောထားနဲ့ လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်... ဒီအချက်တွေကို သိရှိပြင်ဆင်ပြီး ကြိုးစားလုပ်ဆောင်မယ်ဆိုရင် တိုးတက်အောင်မြင်ကြီးပွားတဲ့ ဘဝကို ရရှိပိုင်ဆိုင်နိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်... ဘယ်လိုအချက်တွေက လူမွဲတစ်ယောက်အဖြစ် တွန်းပို့နေသလဲဆိုတာကို လေ့လာကြည့်ကြရအောင်...
၁) စကားများခြင်း
လူတွေမှာ ပါးစပ်တစ်ပေါက်နဲ့ နားနှစ်ဖက်ပါပါတယ်... ဆိုလိုတဲ့သဘောကတော့ များများနားထောင်ပြီး နည်းနည်းပြောရမယ်ဆိုတာပါပဲ. .. သိစရာ မှတ်စရာ လေ့လာစရာတွေကို လေ့လာဆည်းပူးသင်ယူမှုမလုပ်ဘဲ
ကိုယ်သိသလောက်ကို အဟုတ်ထင်ပြီး စကားများနေတတ်တဲ့သူတွေဟာ လူမွဲဖြစ်မယ့်
လမ်းစပေါ် ရောက်နေတဲ့ သူတွေဖြစ်ပါတယ်... လူပြောမသန် လူသန်မပြော
ဆိုတာလေးကိုလည်း နားလည်လက်ခံထားရပါမယ်...
၂) ပျင်းရိခြင်း
ထကြွနိုးကြားခြင်း၊ ဇွဲလုံ့လဝီရိယရှိခြင်းတွေမရှိဘူးဆိုရင်တော့ ဘယ်လုပ်ငန်းမှာမှ တိုးတက်အောင်မြင်ဖို့မရှိပါ ဘူး... ကိုယ်စိုက်ပျိုးတဲ့ အရာကို ကိုယ်ပြန်လည်ရိတ်သိမ်း ရမှာဖြစ်ပါတယ်... ဘယ်အရာမှ သူ့အလိုလိုရလာတာမရှိတဲ့အတွက် ကြိုးစားလုပ်ကိုင်ဖို့လိုပါ တယ်... အချိန်နဲ့အမျှ ကြိုးစားနေမှသာ သင့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါလိမ့် မယ်... ပျင်းရိခြင်း ခြောက်ပါးကင်းဖို့အမြဲသတိပြု အားထုတ်သင့်ပါတယ်...
၃) စုဆောင်းမှု ရင်းနှီးမှုမရှိခြင်း
တစ်ချို့လူတွေက အဝတ်အစား အသုံးအဆောင်တွေဝယ်ဖို့ ငွေရှာပါလိမ့်မယ်... ဒါပေမဲ့ စာအုပ်တစ်အုပ်ဝယ်ဖို့ ဒါမှမဟုတ် သူတို့ရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံ့ဖို့အတွက်တော့
ငွေမလုံလောက်ဘူးလို့ ဆိုကြပါလိမ့်မယ်... ဒီလိုလူတွေကလည်း လူမွဲဖြစ်မယ့်
လမ်းကြောင်းပေါ် လျှောက်နေတဲ့ သူတွေဖြစ်ပါတယ်... ရလာတဲ့ ပိုက်ဆံကို
သုံးမယ်... ပြီးရင် အကြွေးထပ်ယူမယ်... အဲ့လိုနဲ့ မလောက်မငဖြစ်လာပါမယ်...
လူ့လောကကြီးမှာ ရှင်သန်ရပ်တည်တဲ့အခါမှာ ရရစားစား ဘဝမျိုးကလွတ်အောင်
စီမံနိုင်ဖို့အရေးကြီးပါတယ် ...
၎) စာမဖတ်ခြင်း
ခေါင်းဆောင်တွေဟာ စာဖတ်သမားတွေဖြစ်တယ်လို့ ဆိုကြပါတယ်... ချမ်းသာကြွယ်ဝမှုနဲ့ သက်ဆိုင်တဲ့ အရာအားလုံးဟာ စာအုပ်တွေထဲမှာ ပါရှိပြီးသားဖြစ်ပါတယ်... ဒါကြောင့် ကိုယ့်ဘဝအတွက် အထောက်အကူဖြစ်မယ့် စာအုပ်တွေကို ရှာဖတ်ဖို့လိုပါတယ်... လူမွဲတွေကိုကြည့်ရင် စာဖတ်တာကို ဝါသနာလုံးဝမပါသူတွေဖြစ်တာများပါတယ်... စည်းစိမ်ချမ်းသာကို ရှာဖွေနိုင်ဖို့ အလွယ်ကူအထိရောက်ဆုံးနည်းလမ်းတွေကို စာအုပ်တွေကနေ သူတို့ ဘယ်တော့မှ မဖော်ထုတ်နိုင်ကြပါဘူး...
၅) စည်းကမ်းမရှိခြင်း
သင့်မှာ တစ်လောကလုံးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေရှိနေတယ်ဆိုရင်တော င် သင့်ရည်မှန်းချက်အောင်မြင်ထ မြောက်မယ်လို့ အတိအကျ မဆိုနိုင်သေးပါဘူး... အောင်မြင်ဖို့အတွက်နည်းလမ်း ကတော့ စီမံချက်ချမှတ်ဖို့နဲ့ အဲ့ဒီစီမံချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ပဲ ဖြစ်ပါတယ်... ဒီလိုလုပ်ဆောင်နိုင်ဖို့အတွ က်က သင့်ကိုယ်သင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားဖို့လိုပါတယ်... လူမွဲတွေ မအောင်မမြင်ဖြစ်ရခြင်းအကြော င်းကတော့ စည်းကမ်းချက်တွေချမှတ်ထားခြ င်းမရှိတာရယ် အဲ့ဒီစည်းကမ်းအတိုင်း လိုက်မလုပ်နိုင်တာတွေက အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်... စည်းကမ်းရှိမှတိုးတက်မည်ဆို တာ တကယ်မှန်တဲ့စကားဖြစ်ပါတယ်.. . စည်းမျဉ်းစည်းကမ်းနဲ့ အောင်မြင်မှုဆိုတာ အပြန်အလှန်အမှီသဟဲပြုနေကြပါ တယ်...
၆) စွဲမြဲထက်သန်မှုမရှိခြင်း
အလုပ်တစ်ခုခုကိုအောင်မြင်ဖို့ဆိုရင် စွဲစွဲမြဲမြဲထက်ထက်သန်သန်လု ပ်ကိုင်ဖို့လိုပါတယ်... မိုက်ကယ်ဂျော်ဒန်က ဘတ်စကတ်ဘောကို စွဲစွဲမြဲမြဲကစားပါတယ်... အူစိန်ဘော့က မြန်မြန်ပြေးနိုင်အောင်အမြဲ လေ့ကျင့်ပါတယ်... ဝါရင်းဘတ်ဖန့်က ငွေများများရှာနိုင်အောင် အမြဲထက်သန်ကြံဆနေပါတယ်... ထက်သန်တဲ့စိတ်နဲ့ စွဲစွဲမြဲမြဲလုပ်ဆောင်တတ်တဲ့  ဇွဲမရှိရင် သင်ဘာမှဖြစ်မလာနိုင်ပါဘူး.. . အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို့မရပါ ဘူး... ဇွဲ လုံ့လ ဝီရိယနဲ့ ကြိုးစားမှုကို စိုက်ထုတ်မှသာ တိုးတက်ကြီးပွားပါလိမ့်မယ်. ..
၇) လူပေါင်းမှားခြင်း
လူတစ်ချို့မတိုးတက်မကြီးပွားရခြင်းအကြောင်းရင်းတစ်ချက် ကတော့
သူတို့ဟာ လူမွဲတွေဆီက အကြံဥာဏ်တွေကို ယူတတ်လို့ပါပဲ... သင်နဲ့ခင်မင်တာ
လေးငါးလလောက်မှ မကြာသေးတဲ့သူတွေဆီက ဘာလို့အကြံယူမှာလဲ...
အလကားသက်သက်ရရှိတဲ့ အကြံဥာဏ်တွေအပေါ် ဘာလို့ပုံအပ်ယုံကြည်ရမှာလဲ. .. ဆရာတင်မှားတဲ့ပြဿနာက အကန်းကို အကန်းကတွဲခေါ်နေသလိုပါပဲ... သင့်အနေနဲ့ အကြံဥာဏ်တစ်ခုခုလိုချင်တယ်ဆိုရင် သင်ရောက်ချင်တဲ့ပန်းတိုင်ကို တကယ်ရောက်နေတဲ့သူတွေ.. သင်ဖြစ်ချင်သလို တကယ်ဖြစ်နေတဲ့သူတွေဆီကသာ ရယူရပါမယ်...
၈) စံပြပုဂ္ဂိုလ်မရှိခြင်း
စံပြပုဂ္ဂိုလ်ဆိုတာက လက်ရှိသင်ကြိုးစားနေတဲ့နယ်ပ ယ်မှာ မြင့်မားတဲ့အခြေအနေတစ်ရပ်ရပ်ကို ပိုင်ဆိုင်ရောက်ရှိနေတဲ့သူမျိုးဖြစ်ပါတယ်.. သင့်ရဲ့စံပြပုဂ္ဂိုလ်ကို သင့်ရဲ့အကောင်းဆုံးပုံစံရရှိအောင် သင်ကြားပြသနေသူအဖြစ် လက်ခံယူဆထားရပါမယ်... ဥပမာ သင်က သူဌေးဖြစ်ချင်တယ်ဆိုရင် သူဌေးတစ်ယောက်ကို စံပြပုဂ္ဂိုလ်အဖြစ်ထားရပါမယ် ... ဝင်ငွေ သိန်းဂဏန်းလောက်ပဲရှိတဲ့သူတ စ်ယောက်ဟာ သင့်ကို သန်းကြွယ်သူဌေးတစ်ယောက်ဖြစ် သွားအောင်
နည်းလမ်းပြပေးနိုင်ဖို့ မသေချာပါဘူး... လူမွဲတွေဟာ သူတို့ကိုယ်သူတို့
အဟုတ်ထင်ပြီး အရာရာကိုယ်တိုင် လုပ်ချင် ကိုယ်တိုင်လေ့လာသင်ယူချင်နေ တတ်ကြပါတယ်...
တကယ့်တကယ် သိတတ်တဲ့သူတွေဆီ ဆည်းပူးသင်ယူမယ်ဆိုရင် အချိန်ကုန်လူပန်း
အများကြီး သက်သာနိုင်ပါတယ်... လွယ်တာကို ခက်အောင်မလုပ်မိဖို့
သတိပြုရပါမယ်...
၉) ဆင်ခြေဆင်လက်များခြင်း
မအောင်မြင်တဲ့သူတွေဟာ ဆင်ခြေပြီး ဆင်ခြေပေးနေတတ်ကြပါတယ်... လူမွဲတွေဟာ သူတို့မချမ်းသာရခြင်းအကြောင်းကို သောင်းပြောင်းထွေလာပြောပြပါ လိမ့်မယ်... အလုပ်အကိုင်ဘာလို့မကောင်းတာ လဲ... ဒါမှမဟုတ် သူတို့ဘဝမှာ ဘာကြောင့် အောင်မြင်မှုမရသလဲဆိုတာတွေကိုပေါ့... အဖေက အရက်စွဲနေလို့... အမေကကျန်းမာရေးမကောင်းလို့. .. မိသားစုကဆင်းရဲလို့... ကျောင်းဆက်မတက်နိုင်လို့...
ကံကြမ္မာကမျက်နှာသာမပေးလို့ စသဖြင့်ပေါ့... ဘယ်လိုပဲဆင်ခြေပေးပေး
လူမွဲတွေမွဲမြဲမွဲနေရတဲ့ အကြောင်းရင်းကတော့ သူတို့ဒီထက်ပိုမလုပ်နိုင်တော့ဘူးလို့ လက်ခံယုံကြည်သွားတာကြောင့်ပဲ ဖြစ်ပါတယ်...
၁၀) ကြီးပွားလိုစိတ်မရှိခြင်း
လူမွဲတော်တော်များများမှာ လူမွဲစိတ်ဓာတ်ဆိုတာ ရှိပါတယ်... အဲ့ဒီလို ခံယူချက်မှားပြီဆိုရင်တော့ ဘုရားတောင်ကယ်နိုင်မှာမဟုတ် ပါဘူး... အရေးကြီးဆုံးအချက်က သင်ဘာတွေကို စဉ်းစားလဲဆိုတာပါပဲ... သင့်စဉ်းစားပုံက သင့်လုပ်ဆောင်ချက်ကိုဆုံးဖြ တ်ပါတယ်...
သင့်လုပ်ဆောင်ချက်က မှန်နေဖို့ အပြုသဘောဆောင်နေဖို့ အရေးကြီးပါတယ်...
အတွေးမှာရင် အကျင့်မှားမယ်... အကျင့်မှားရင် အလုပ်လည်းမှားပါလိမ့်မယ်... ဒါကြောင့် တိုးတက်ကြီးပွားဖို့ဆိုရာမှာ မှန်ကန်တဲ့ အတွေးအမြင်ရှိဖို့လိုပါတယ်. .. လူတွေဟာ သူတို့တွေးထင်ယူဆတဲ့အတိုင်း ဖြစ်လာကြတာပါပဲ...
လေးစားစွာဖြင့် မျှဝေပါသည်
Aung Ko latt
---------------------
အခုဖော်ပြပေးမှာကတော့ ဘဝမှာ တိုးတက်အောင်မြင်မှုရရှိအောင
၁) စကားများခြင်း
လူတွေမှာ ပါးစပ်တစ်ပေါက်နဲ့ နားနှစ်ဖက်ပါပါတယ်... ဆိုလိုတဲ့သဘောကတော့ များများနားထောင်ပြီး နည်းနည်းပြောရမယ်ဆိုတာပါပဲ.
၂) ပျင်းရိခြင်း
ထကြွနိုးကြားခြင်း၊ ဇွဲလုံ့လဝီရိယရှိခြင်းတွေမရ
၃) စုဆောင်းမှု ရင်းနှီးမှုမရှိခြင်း
တစ်ချို့လူတွေက အဝတ်အစား အသုံးအဆောင်တွေဝယ်ဖို့ ငွေရှာပါလိမ့်မယ်... ဒါပေမဲ့ စာအုပ်တစ်အုပ်ဝယ်ဖို့ ဒါမှမဟုတ် သူတို့ရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံ့ဖို့အတွက
၎) စာမဖတ်ခြင်း
ခေါင်းဆောင်တွေဟာ စာဖတ်သမားတွေဖြစ်တယ်လို့ ဆိုကြပါတယ်... ချမ်းသာကြွယ်ဝမှုနဲ့ သက်ဆိုင်တဲ့ အရာအားလုံးဟာ စာအုပ်တွေထဲမှာ ပါရှိပြီးသားဖြစ်ပါတယ်... ဒါကြောင့် ကိုယ့်ဘဝအတွက် အထောက်အကူဖြစ်မယ့် စာအုပ်တွေကို ရှာဖတ်ဖို့လိုပါတယ်... လူမွဲတွေကိုကြည့်ရင် စာဖတ်တာကို ဝါသနာလုံးဝမပါသူတွေဖြစ်တာမျ
၅) စည်းကမ်းမရှိခြင်း
သင့်မှာ တစ်လောကလုံးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေရှိနေတယ်ဆိုရင်တော
၆) စွဲမြဲထက်သန်မှုမရှိခြင်း
အလုပ်တစ်ခုခုကိုအောင်မြင်ဖိ
၇) လူပေါင်းမှားခြင်း
လူတစ်ချို့မတိုးတက်မကြီးပွာ
၈) စံပြပုဂ္ဂိုလ်မရှိခြင်း
စံပြပုဂ္ဂိုလ်ဆိုတာက လက်ရှိသင်ကြိုးစားနေတဲ့နယ်ပ
၉) ဆင်ခြေဆင်လက်များခြင်း
မအောင်မြင်တဲ့သူတွေဟာ ဆင်ခြေပြီး ဆင်ခြေပေးနေတတ်ကြပါတယ်... လူမွဲတွေဟာ သူတို့မချမ်းသာရခြင်းအကြောင
၁၀) ကြီးပွားလိုစိတ်မရှိခြင်း
လူမွဲတော်တော်များများမှာ လူမွဲစိတ်ဓာတ်ဆိုတာ ရှိပါတယ်... အဲ့ဒီလို ခံယူချက်မှားပြီဆိုရင်တော့ ဘုရားတောင်ကယ်နိုင်မှာမဟုတ်
လေးစားစွာဖြင့် မျှဝေပါသည်
Aung Ko latt

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။