Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 21, 2017

"ညီမလေးအိမ်ထောင်ပြုတော့မယ်ဆိုရင်"

"ညီမလေးအိမ်ထောင်ပြုတော့မယ်ဆိုရင်"
******************************
အိမ်ထောင်ကျခြင်းဆိုတာ အမျိုးသားတွေ
အတွက်က ဘဝအစိတ်အပိုင်းလေးတစ်ခုမျှသာ ဖြစ်ပြီး
အမျိုးသမီးတွေအတွက်က ဘဝတစ်ခုလုံးပေးလိုက်ရခြင်း
ဖြစ်တယ်။ အမျိုးသားရဲ့ချစ်တယ်ဆိုတဲ့ခေါင်းစဉ်အောက်
မှာ အမျိုးသမီးကောင်းတွေအများစုဟာ ကိုယ့်ကိုမည်
ရွေ့မည်မျှ တင်တောင်းပါ ဘယ်လိုလုပ်ပေးပါဆိုတာ
(မိဘတွေကိုယ်တိုင်က ကိုယ့်သားသမီးကို ရောင်းစား
တယ်ဖြစ်မှာစိုးလို့ )သိပ်မပြောကြပါဘူး။
ဒီလိုနဲ့ပဲဘဝတစ်ခုကို စထူထောင်ကြတယ်ဆိုကြပါ
စို့။မြန်မာ့ထုံးတမ်းစဉ်လာတစ်ခုအရ ယောင်နောက်
ဆံထုံးပါဆိုသလို ထိုမိန်းခလေးတစ်ယောက်ဟာ မိဘ
မောင်နှမတွေကို စွန့်ပြီး နေရာသစ်မှာ ယောက်ျားမျက်
နှာတစ်ခုတည်းကိုကြည့်ပြီး နေထိုင်ရပါတယ်။သူမ
ပထမဆုံးကြုံတွေ့ရမှာက မိသားစုအသစ် နေရာသစ်
တစ်ခုမှာ သူမနဲ့အံဝင်ခွင်ကျဖြစ်ချင်မှ ဖြစ်ပေမယ့် သူမ
ကြိုးစားပြီးနေထိုင်ရပါတယ်။ ဥပမာအိပ်ယာပြောင်းလို့
အဆင်မပြေတာတွေ ကံကောင်းလို့ မိမိယူမယ့်အမျိုး
သားက အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့ထားပေးနိုင်ရင်
တော့ မိမိတော်စပ်ရမယ့် အမျိုးသားမိသားစုနဲ့ပြေလည်
ခြင်း မပြေလည်ခြင်းက သိပ်အဓိက မကျတော့ပါဘူး။
အကယ်၍များ မိမိဖာသာမနေရလို့ ယောက်ခမ
မိသားစုတွေနဲ့ ရောထွေးယှက်တင်နေရမယ်ဆိုရင်
ထိုမိန်းခလေးဟာ စိတ်တွေအများကြီးပြင်ဆင်ရပါတယ်
နဂိုနေထိုင်ခဲ့တဲ့ မိမိရဲ့မိသားစုမှာ ထမင်းအတူစားမယ်
ညကျရင် ရုပ်မြင်သံကြားအတူကြည့်မယ် အချို့အိမ်တွေ
ဆိုရင် မိသားစုဝင်တွေ ည၉နာရီဆိုရင် လူစုံမယ် အိမ်
တံခါးမတွေအကုန်ပိတ်မယ်။ ဘယ်လောက်ချမ်းသာနေ
နေ မိဘကကိုယ်စားမယ့်ထမင်းပန်းကန်ကိုယ်ဆေးမယ်
အစရှိသဖြင့် ထိန်းကျောင်းပေးတဲ့ မိဘရှိသလို အချို့မိ
ဘတွေက အိမ်အကူလုပ်ရမယ့်အလုပ်သူတို့ဖာသာ
လုပ်ပါစေ ကုန်သွားမယ့်အချိန်ကို ငွေရှာဖို့လုပ်မယ်။ငွေ
ရှိမှ မိသားစုတစ်စုဟာ ပျော်ရွှင်နိုင်မယ်။ ဒီလိုမိသားစု
ရှိသလို တစ်ချို့သော မိဘတွေမှာတော့ စီးပွားရှာချိန်
အိမ်အလုပ်လုပ်ချိန် လူမှုရေးအချိန် အစရှိသဖြင့် အချိန်
ကို ခွဲခြမ်းပြီး မလုပ်တတ်တာမရှိစေရဆိုတာမျိုးလည်း
ရှိပါတယ်။ နောက်ဆုံးမိဘကတော့ သားသမီးကို
ခြေမွေးမီးမလောင် လက်မွေးမီးမလောင်အောင်ထား
ပြီး သူတို့ဖာသာထားပြီး သူတို့ကိုယ်တိုင်ငွေရှာ အိမ်
အလုပ်ကို အိမ်အကူတွေနဲ့လုပ်ခိုင်း သားသမီးတွေကို
တော့ ကျောင်းတတ် (မြန်မာဇာတ်ကားထဲကလိုမျိုး:p)
ဒီလိုတွေလည်းရှိပါတယ်။ ယောက်ခမအိမ်လိုက်နေရ
မယ့် မိန်းခလေးတစ်ယောက်မှာ ယောက်ျားအကြိုက်
ပဲနေရမလို ယောက်ခမအကြိုက်ပဲ နေပေးရမလို ဝေ
ခွဲမရ မြေပဲမ ဖြစ်တတ်ကြပါတယ်။ဒါကအစပါ။.
အဲ့ဒီလို မိမိရဲ့မူရင်းမိသားစုနဲ့ တစ်အိမ်နဲ့တစ်အိမ်
ထိန်းကျောင်းပုံခြင်းမတူညီပေမယ့် အိမ်ထောင်ပြုတော့
မယ့် မိန်းမသားတစ်ယောက်ဟာ လင်ယူသားမွေးအိမ်
ရှင်မတစ်ယောက်ဖြစ်လာတော့မယ်ဆိုတာတော့
ရာနှုန်းပြည့်မိန်းမတွေအားလုံး အတူတူပါပဲ။ ယောက်ျား
က ငွေရှာတော်လို့ အိမ်အကူတစ်ပုံတစ်ပင်နဲ့ထား
လည်း အိမ်ရှင်မလုပ်မယ့် မိန်းခလေးဟာ အိမ်မှုကိစ္စ
မဖြစ်မနေကို သိထားရပါမယ်။ ဆီ၅ကျပ်သားလောက်
ထည့်ရမယ့် ဟင်းတစ်ခွက်ကို ၅၀သားလို့ပြောလည်း
မိမိမသိရင် ဥစ္စာဖြိုစားဖိုက ဆိုသလို ဒီခေတ်ကြီးမှာ
(***တွေကလွဲလို့ ) တစ်သက်စားမကုန်ဆိုတာ သိပ်
မရှိတော့ပါဘူး။ ကျွန်မတို့ငယ်စဉ်က အရမ်းချမ်းသာပြီး
အားကျခဲ့ရတဲ့ သူဌေးအချို့ (အခုကျွန်မမသေခင်မှာကို)
စားဝတ်နေရေးလုံးဝအဆင်မပြေတာတွေလည်း တွေ့
မြင်ဖူးပါတယ်။ အားလုံးက အနိစ္စတွေမလား။
ဒါကအိမ်မှုကိစ္စတစ်စိတ်တစ်ဒေသပါ။ နောက်တစ်
ခုက စီးပွားရေး။မိဘကသိပ်ချမ်းသာလို့ အမွေထည့်ပေး
လိုက်တယ် ယောက်ျားကစီးပွားရှာတော်လို့ မိမိကငွေ
မရှာရလို့ဆိုပြီး ဘာမှမလုပ်ဘဲလည်း နေလို့မရတဲ့
ခေတ်ကြီးပါ။ အောက်ခြေသိမ်းကနေငွေရှာရမယ်လို့
မဆိုလိုပါဘူး။ ယောက်ျားဦးစီးတဲ့လုပ်ငန်းမှာ ဥပမာ
ဝန်ထမ်းထိန်းသိမ်းတာတို့ လုပ်ငန်းလည်ပတ်စီးဆင်း
တာတို့ကို အနည်းနဲ့အများတော့ နားလည်အောင်လုပ်
ထားရပါမယ်။ လူဆိုတာသေမျိုးပါ။ တစ်နေ့နေ့များ
အမျိုးသားတွေ တိမ်းပါးသွားတာမျိုး သို့မဟုတ် ကျန်း
မာရေးကြောင့် အနားယူရချိန်မျိုး (တချို့ရှိပါတယ် အိမ်
ကမိန်းမကဘာမှနားမလည်တော့ အရမ်းတော်ပါတယ်
ဆိုတဲ့ အတွင်းရေးမူးမလေးနဲ့ ဖောက်လွဲဖောက်ပြန်ပြု
နေလည်း မိမိကလုပ်ငန်းသဘော နားမလည်
တော့ စီးပွားရေးထိခိုက်မှာစိုးလို့ ငြိမ်နေရတာမျိုး)
မဖြစ်ရလေအောင် မိမိကိုယ်တိုင်လုပ်ကိုင်နိုင်ဖို့ပါ။ ဒါကကံအကောင်းဆုံးသူဌေးကတော်အမျိုးသမီးတွေအတွက်ပါ။
အချို့လင်မယားတွေမှာတော့ အမျိုးသားက ကိုယ်
ပိုင်လုပ်ငန်း အမျိုးသမီးက သူများဝန်ထမ်းလုပ်ရတာ
လည်းရှိပါတယ်။ အမျိုးမျိုးပေါ့လေ။
ဒီနေရာမှာပြောချင်တာက အိမ်ထောင်ပြုတော့
မယ့် မိန်းခလေးဟာ ဘယ်လောက်ချမ်းသာနေနေ
စီးပွားရေးလုပ်ငန်းအပိုင်း ငွေကြေးအပိုင်းမှာ အနည်း
ငယ်တော့ နားလည်မှ ဖြစ်ပါလိမ့်မယ်။ (နားမလည်ရင်
ဘာဖြစ်လဲကွာမေးရင် ဟုတ်ကဲ့ နားမလည်ရင် အမျိုး
သားမရှိတော့တာတို့ တစ်ခုခုနဲ့ကြုံတွေ့လာရင် ကိုယ်
ကလည်းဘာမှမလုပ်တတ် ခလေးကတစ်ဖက် အိမ်မှု
ကိစ္စတစ်ဖက်နဲ့ ဒုက္ခရောက်မှာစိုးလို့ပါ)(ဒီနေရာမှာ
လွတ်တော်အမတ် ဒေါက်တာသက်သက်ခိုင်ရဲ့စကား
လေးတစ်ခုသဘောကျလို့ပါ။ "ကျွန်မရဲ့အဖေကဆုံးမ
စကားလေးတစ်ခွန်းရှိပါတယ်။ သူများကိုမှီခိုတယ်ဆို
တာ သစ်ကိုင်းခြောက်ကို ခိုစီးရသလိုပါပဲတဲ့ " ဘယ်အချိန်ပြုတ်ကျမလဲမသိတဲ့ သစ်ကိုင်းကိုရင်တမမနဲ့
ခိုစီးရသလိုပါ အိမ်ရှင်မတစ်ယောက်ဟာ ဘာမှမလုပ်
တတ်တဲ့အခါ။.
နောက်တစ်ခုက လာပါပြီ။ ခလေးရှိလာပါပြီ။
ကျွန်မမေမေပြောဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ခလေး
တစ်ယောက်ကြီးပြင်းသွားရင် မိခင်ဝမ်းထဲကို ကြက်ဥ
အရွယ်ပမာဏ ခလေးရဲ့မစင်ဝင်ပါတယ်တဲ့။ဒါက ပုံ
ပမာ ခိုင်းနှိုင်းတာပါ။ဒီခေတ်မှာ ဘယ်လောက်ချမ်းသာ
နေနေ ခလေးကို အိမ်အကူနဲ့ပစ်ထားလို့မရပါဘူး။
အိမ်အကူကိုအပြစ်ပြောတာမဟုတ်ပါဘူး။ဥပမာခလေး
တစ်စုံတစ်ခုဖြစ်တယ်ဆိုရင် သူတို့မှာ ချက်ချင်းကုသနိုင်
တဲ့ knowledge အားနည်းပါတယ်။ အခုခေတ်မှာ အင်
တာနက်တွေခေတ်စားချိန်မှာ မိခင်ကစိတ်ချလက်ချ
ထားသွား အိမ်အကူက ဖုန်းပွတ်နေရင် မလွယ်ပါဘူး။
ခလေးငယ်ဟာ တစ်မိနစ်အတွင်းမှာ မျိုးစုံဖြစ်နိုင်ပါတယ်
အိမ်ရှင်မတွေ အမြဲပြောတဲ့စကားတစ်ခွန်းက အိမ်အ
လုပ်က ပြီးတယ် ခလေးထိန်းတဲ့အလုပ်က ဘယ်တော့
မှ မပြီးပါဘူး။ မိမိအိပ်ပျော်နေလည်း ခလေးကမအိပ်ရင်
ပြဿ နာ( ခုခေတ်တော့ ခလေးတွေက ၂နှစ်လောက်နဲ့
ဖုန်းပွတ်နေကြတော့ ကောင်းတော့မကောင်းပေမယ့်
လူကြီးတွေ နည်း၂သက်သာတာပေါ့လေ မသက်သာ
တဲ့အပိုင်းက ပြီးရင်ပြောမယ်နော် :p )
နောက်တစ်ခုက ဒါက ခလေးငယ်စဉ်ဘဝပေါ့လေ
မိဘလက်ထပ်မှာ ဘယ်လိုပဲနေလာနေလာ မိန်းမတွေ
ရဲ့ သမိုင်းပေးတာဝန်က လူတစ်ယောက်ဖြစ်လာ
အောင် ထုဆစ်ရတဲ့ ပန်းပုပညာရှင်တွေပါ။ စိတ်ပိုင်း
ဆိုင်ရာနွေးထွေးလုံခြုံကောင်းမွန်မှု ရုပ်ပိုင်းဆိုင်ရာပြည့်
စုံစွာနဲ့ ကြီးပြင်းလာကြတဲ့ခလေးတွေဟာ ကိုယ့်ကိုယ်
ကို ယုံကြည်မှုအပြည့်ရှိပါတယ်။
ဒီနေရာမှာ အမျိုးသားနဲ့အမျိုးသမီး ကွာဟမှုဟာ
ဒီတစ်ချက်ပါပဲ။ ကျွန်မတို့ပြောနေတဲ့ လောကစကား
တစ်ခုရှိပါတယ်။ အဖေသေရင် အမေဟာ အဖေဖြစ်လို
ရတယ် အမေသေရင် အဖေဟာ အမေဖြစ်မလာပါဘူး
တဲ့။ ဆိုလိုတာက အဖေမရှိတော့ရင် အဖေရှာရတဲ့စီး
ပွားကို အမေတွေရှာနိုင်ပါတယ်။ မီးချောင်းခြုပ်လဲတာ
အိမ်သာပိုက်ပျက်တာ အမျိုးစုံပေါ့ ဒီခေတ်မိန်းမသား
တွေ အရမ်းတော်လာကြပါတယ်။ အထူးသဖြင့် မြန်မာ
ပြည်က မိန်းမသားတွေ ကျွန်မတို့ အဖိုးအဖွားခေတ်က
လို မျက်နှာငယ်လေးနဲ့ လင်သားဆီလက်ဖြန့်တောင်း
စရာမလိုတဲ့ခေတ်ဖြစ်နေပါပြီ။
နောက်တစ်ခုက အလှအပနဲ့ကျန်းမာရေးဗဟု
သုတပါ။ မင်းသမီးတစ်ယောက်ပြောသလို မိန်းမသား
တွေဟာ သေသည့်တိုင်အောင် လှနေဖို့လိုပါတယ်တဲ့။
ဆွံ့အ နားမကြားဖြစ်ပါစေ၊ဆံဖြူသွားကျိုး ဝတုတ် ရုပ်
ဆိုးနေပါစေ သားသမီးတွေက ဒီအမေပဲချစ်ကြပေမယ့်
အမျိုးသားတွေက မဟုတ်ပါဘူး (အားလုံးမဟုတ်ပါဘူး)
ဒီခေတ်မှာ အမျိုးသားကငြိမ်နေရင်တောင် သူများတွေ
က မိန်းမကမပြင်မဆင်ဘယ်တော့အထားခံရမလဲမသိ
ဆိုတဲ့ အချိုးမျိုးနဲ့ (ဟီးဆက်မပြောတော့ပါဘူး 😂😂)
အဲ့ဒီတော့ အိမ်ထောင်ပြုတော့မယ့် အမျိုးသား
တစ်ယောက်ဟာ မပြုခင်လည်း ဒီအလုပ်ပဲ ပြုပြီးလည်း
ဒီအလုပ်ပါပဲ။သူ့အတွက်က ပိုနေမြဲကျားနေမြဲပေမယ့်
မိန်းမသားတစ်ယောက်အတွက်က ကမ္ဘာတစ်ခုကနေ
အခြားကမ္ဘာတစ်ခုကို ပြောင်းလိုက်ရသလို စွန့်စားမှု
တွေ ပြုလုပ်ရတာပါ။
အချို့အမျိုးသမီးတွေ သိပ်ကံကောင်းကြတယ်။
ဖခင်စိတ်အပြည့်အဝရှိတဲ့ လင်သားတစ်ယောက်ရဲ့
ကြင်နာမှုအောက်မှာ အသက်၅၀နေနေ ၆၀နေနေ
ခလေးလေးတစ်ယောက်လိုပဲ မပူမပင်မကြောင့်မကြ
အိမ်မှုကိစ္စ ခလေးကိစ္စအကုန်ဝိုင်းကူ စီးပွားရေးဆို
လည်းပြောစရာမရှိ။ ဒီလိုမိန်းမသားမျိုးရှိပေမယ့် အချို့
မိန်းမသားတွေမှာတော့ ငွေရှာလဲကိုယ် အိမ်မှုကိစ္စ
ခလေးကိစ္စ အားလုံးကိုယ်ချည်းလုပ်နေရဒီကြားထဲလင်
သားက အရက်သောက်ရန်ရှာ ကွယ်ရာမိန်းမမကောင်းကြောင်းပြောသေးတာ။ (ဘာ
တဲ့ ငါသေသွားမင်းဒုက္ခရောက်မစိုးလို့ဆိုပြီး သူမသေ
ခင် မိန်းမကိုအနုနည်းနဲ့ စိတ်ဒဏ်ရာရ နှိပ်စက် မိန်းမ
အရင်သေအောင်)လုပ်သူတွေလည်းရှိကြပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ ယောက်ျားမကောင်းတာတွေ
ရှိသလို မိန်းမမကောင်းတာတွေလည်းရှိတာမို့ ဘယ်သူ
မပြုမိမိမှု အိမ်ထောင်ပြုတော့မယ့်မိန်းခလေးတစ်
ယောက်အဖို့ အိမ်ထောင်ဆိုတဲ့ စစ်မြေပြင်ကိုဝင်ဖို့
လက်နက်ရိက္ခာအကုန်ပြည့်စုံဖို့လိုအပ်ပါကြောင်းမဟူရာ နတ်သမီးသမီးး
(ဆရာလုပ်လိုခြင်းအလျဉ်းမရှိ မိမိဉာဏ်မှီသလောက်
စေတနာစကားသက်သက်သာဖြစ်ကြောင်း)
(အမှန်ရေးချင်တာက ဓမ္မပါ လောကစာတွေ ရေးပေးပါဆိုလို့ မဟူရာနှင့်စာမရောပါနှင့် please :p )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။