Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 21, 2017

ဂျိုကာတစ်ကောင်ရဲ့ ဒဿန

ဂျိုကာတစ်ကောင်ရဲ့ ဒဿန
--------------------

လင်းနို့လူသားမှာ အကောင်းဆုံး ဗီလိန်တစ်ယောက် ရှိတယ်။ သူကတော့ ဂျိုကာပဲ ဖြစ်တယ်။ ၁၉၄၀ ပြည့်နှစ်မှာ စတင်မွေးဖွား လာခဲ့တဲ့ ဂျိုကာ ဇာတ်ရုပ်ဟာ ကာတွန်းစာအုပ်ပေါင်း မြောက်များစွာရဲ့ မဟာဗီလိန် ဖြစ်သလို သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ ကြေးစား လူသတ်သမား လည်း ဖြစ်ပြန် တယ်။

ဂျိုကာ ဆိုတာဟာ ဗစ်တာ ဟရူဂိုရဲ့ ၁၉၂၈ ခုနှစ် ရုပ်ရှင် ဖြစ်တဲ့ "The Man who laughs" ရဲ့ ဇာတ်ဆောင် "ဂွင်းပလိန်း" ကို ပြန်လည် အသက်သွင်းထားတာ ဖြစ်တယ်။ မွေးဖွားလာခဲ့တဲ့ ဂျိုကာရဲ့ ဇာတ်ရုပ်ဟာ ရက်စက်ကြမ်းကြုတ်ပုံကနေ ကြေးစားလူသတ်သမား အဆင့်အထိ ကွဲပြားစွာ ပြန့်ထွက် နေတယ်။ ဒီနောက်ကွယ်မှာ ဇာတ်ရုပ်ကို သရုပ်ဖော်တဲ့ ကမ္ဘာ့အတော်ဆုံး ဇာတ်ညွှန်းဆရာပေါင်း များစွာဟာ ဂျိုကာ တစ်ကောင်ထဲကို အသက်သွင်း နေခဲ့တယ်။

"လူတစ်ယောက်... ကိုယ့်ကို အကြောင်းမရှိ အကြောင်းရှာ မုန်းနေရတာ သိပ်သနားဖို့ကောင်းတယ်။ သူမုန်းစရာ အကြောင်းလေး နောက်ဆိုရင် ရှာစရာ မလိုအောင် ဖန်တီးပေးလိုက်ပါ။" - ဂျိုကာ

ဂျိုကာဆိုတဲ့ ဇာတ်ကောင်ကို ရေးသားသူတွေဟာ သူတို့ ကိုယ်စီ ရှုထောင့်ကနေ ဂျိုကာ့ အကြောင်းကို အများကြီး ပြောပြကြတယ်။ ပထမဆုံး အနေနဲ့ ၁၉၅၁ ခုနှစ်က ခေါင်းစွပ်နီ ဗီလိန် ဖြစ်ခဲ့ဖူးတယ်။ သူဟာ လင်းနို့လူသားကို ရှုံးသွားတဲ့ အခါမှာ ကယ်မီကယ် ဓာတ်ပေါင်းဖို ကန်ကြီးထဲ ပြုတ်ကျရင်းနဲ့ ဂျိုကာ အနေနဲ့ မွေးဖွားလာခဲ့ခြင်း ဖြစ်တယ်။

သို့သော်လည်း ၁၉၈၆ အဲလန်မိုးရဲ့ သရုပ်ဖော်ချက် ဖြစ်တဲ့ "The Killing Joke" ထဲမှာတော့ ပိုဇာတ် နာအောင် ရေးသား ထားတာကို တွေ့နိုင်တယ်။ တစ်ကိုယ်တော် လူပြက် အဖြစ် ရပ်တည်ဖို့ အတွက် သူအလုပ် လုပ် နေတဲ့ ဓာတုဆေးထုတ်လုပ်ရေး ကုမ္ပဏီကနေ ဂျိုကာလောင်း ဟာ အလုပ် ထွက် ခဲ့ပါတယ်။ သို့သော်လည်း မအောင်မြင် ပဲ ခနခန ကျဆုံးနေချိန်အတွင်းမှာပဲ ကိုယ်ဝန်သည် မိန်းမ ဖြစ်သူဟာ သေဆုံးသွား ခဲ့ရတယ်။

သေဆုံးသွားတဲ့အခါ အကြီးအကျယ် ဆောက်တည်ရာမရပဲ ပေါက်ကရတွေ လျှောက်လုပ်၊ ဒုစရိုက် သမားတွေရဲ့ ကြိုးဆွဲရာ ကရင်းကနေ ခေါင်းစွပ်နီ ဗီလိန် ဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဒီကနေ မှ ၁၉၅၁ ခုနှစ် ဇာတ်လမ်းနဲ့ သွားပြန်ဆက်ခြင်းပေါ့။

လင်းနို့လူသားနဲ့ ဂျိုကာမှာ ထူးထူးခြားခြား တူညီမှု တစ်ခုရှိတာကတော့ သူတို့ နှစ်ယောက်စလုံး ရဲ့ ဘဝ တစ်ဆစ်ချိုးအချိန်ဟာ နာကျင်မှု တစ်ခုကနေ စတင်ခဲ့တာပဲ ဖြစ်တယ်။ ဂျိုကာ့ဘက်က ဇနီးနဲ့ မမွေးရသေးတဲ့ ရင်သွေး သေဆုံးရခြင်း ဖြစ်သလို လင်းနို့လူသားဘက်ကလည်း မိဘ နှစ်ပါးစလုံး သူ့ရှေ့တင် အသတ်ခံလိုက်ရခြင်း ဖြစ်ပါတယ်။ ဒီ အခြေအနေမှာ အဆိုးဆုံးက ၂ ယောက်စလုံး အနေ နဲ့ ဘာမှ တုံ့ပြန်မှု မလုပ်နိုင်ခဲ့ခြင်း ဖြစ်တယ်။

၁၉၈၉ ခုနှစ်နောက်ပိုင်းမှာတော့ ဂျိုကာနဲ့ လင်းနို့လူသားကို နှစ်ပိုင်းပြတ်နေတဲ့ ဘဝနှစ်ခုအဖြစ်ကနေ ကောက်ဆက်ပစ်မယ့် ဂျက်ခ်နေပီယာ ဆိုတဲ့ ကွင်းဆက်တစ်ခုကို ချပြခဲ့တယ်။ ဂျက်ခ်နေပီယာ ဆိုတာ လင်းနို့လူသားရဲ့ မိဘတွေကို သတ်သွားတဲ့ တရားခံဖြစ်ပြီးတော့ သူ့ကြောင့် လူမမယ်ကောင်လေး လင်းနို့လူသားလောင်း ဟာ လင်းနို့တွင်းထဲကို ပြုတ်ကျသွားခဲ့တယ်။

အနာဂတ်မှာ လင်းနို့လူသားဟာလည်း ဂျက်ခ်နေပီယာကို လက်စားချေတဲ့ အနေနဲ့ ဓာတုဓာတ်ပေါင်းဖို ကန်ကြီးထဲ ပစ်ချခဲ့သူ ဖြစ်ပြန်တယ်။ နှစ်ယောက်စလုံးဟာ အသီးသီး တွင်းထဲကနေ ပြန်ထွက်လာတဲ့ အခါမှာတော့ အခြေခံရပ်တည်ချက် တူညီသော ခွဲမရတဲ့ ကမ္ဘာ့ရန်ဘက်တွေ ဖြစ်သွားတယ်။ ဆိုတော့ အဲဒီအချိန်မှာ သူတို့ ၂ ယောက်စလုံးရဲ့ လောက အပေါ်အမြင်ဟာ ပြောင်းသွားခဲ့တယ်။ ရှင်သန် နေထိုင်ရေး အနှစ်သာရ ပျောက်ဆုံးသွား ခြင်းပဲ ဖြစ်တယ်။

ဖြစ်တည်မှုဝါဒ ဒဿနသမား ယန်းပေါဆတ် ရဲ့အလိုအရ "ဖြစ်တည်မှုရဲ့ အနှစ်သာရ ကင်းမဲ့ပုံကို သိခြင်းဟာ ကျွန်တော်တို့ ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ကို ကိုယ်တိုင် ဖော်ဆောင်လာစေဖို့ တွန်းအားတစ်ခု" ဖြစ်သတဲ့။ လင်းနို့လူသား ဇာတ်လမ်းရဲ့ ကမ္ဘာတစ်ခုလုံးဟာ အဲ့သည် တွန်းအားကိုပဲ ဆန့်ကျင်ဘက် ၂ ခု ခွဲလို့ လွန်ဆွဲပြီး တည်ဆောက်ထားခဲ့တယ်။

ကိုယ့်ဘဝရဲ့ ရပ်တည်ချက် အဓိပ္ပာယ် ပျောက်ဆုံးသွားခဲ့တဲ့အခါ တစ်ယောက်က လင်းနို့ဝတ်စုံကြီး ကောက်ဝတ်လို့ အဓိပ္ပာယ်ကို ပြန်ထူထောင်တယ်။ ဂျိုကာ ကတော့ အခြားတစ်ဖက် အမြင်သမား။ နေထိုင်ရေး အနှစ်သာရ ပျောက်ဆုံးခြင်း ကို ဝမ်းသာအားရ လက်ခံလိုက်တယ်။ မိစ္ဆာဉာဏ် အလင်း ပေါက်သွားစေတယ်။ ဖြစ်တည်မှု ပဓါန နတ္ထိက ဝါဒ ကို သက်ဝင်ယုံကြည်သွားခဲ့တယ်။ မှန်ခြင်း မှားခြင်း ဆိုတာတွေကို သူ မယုံကြည် တော့ဘူး။ ကိုယ်ဘယ်ဖက်မှာ ရပ်တည်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက် ဟာ ခေါင်းပန်းလှန်တဲ့ အဖြေတစ်ခုထက် မပိုတော့ဘူး။

ဒီလို နှစ်ဦးသားရဲ့ အခြေခံ တူညီတဲ့ အနှစ်သာရကင်းမဲ့ခြင်း ရပ်တည်မှုအရ ရံဖန်ရံခါမှာ လင်းနို့လူသား က ဖြစ်တည်မှု ဆိုင်ရာ ကျင့်ဝတ်တွေကို လက်ခံယူဖို့ အတွက် ဂျိုကာကို သိမ်းသွင်း တတ်သလို ဂျိုကာ ဟာလည်း ကျင့်ဝတ်တွေကို သူ့နည်းတူ လွှတ်ချဖို့ လင်းနို့လူသားကို စည်းရုံးတတ်တယ်။ တစ်ယောက် က နောက်တစ်ယောက်ကို ဘက်တော်သား ဖြစ်လာစေရေး အတွက် မြူဆွယ်တာ အထင်းသား တွေ့နိုင်တယ်။

"မင်း ငါ့လို စိတ်ရိုင်းမဝင်သရွေ့ ငါ့ကို သတ်ဖို့ မဖြစ်နိုင်ဘူး။ အေး.. ငါလဲ ငါနဲ့ အရည်အချင်းတူတဲ့ လူ တစ်ယောက် ကို သတ်ဖို့ နှမြော နေသရွေ့ မင်းမသေနိုင်ဘူး။" - ဂျိုကာ

ဂျိုကာဟာ အစွန်း နှစ်ဖက်ရဲ့ အလယ်ကလူဖြစ်တယ်။ သူဟာ စိတ္တဇဆန်ဆန်နဲ့ တကယ်ရူးနေတာ ဖြစ်ရင်ဖြစ် မဖြစ်ရင်တော့ အလွန်ကို တည်ငြိမ် သွေးအေးတဲ့ နတ္ထိကဝါဒ ဒဿနသမား တစ်ယောက် ဖြစ်တယ်။

ဆေးရုံမှာ ဗုံးထောင်တဲ့ ကိစ္စတွေ၊ သောက်သုံးရေကို အဆပ်ခတ်တဲ့ စီမံကိန်းတွေဟာ တစ်ရက်နှစ်ရက် ပေါ့ပေါ့ပါးပါးနဲ့ လုပ်နိုင်တဲ့ ကိစ္စမျိုးမဟုတ်။ သေချာ အကွက်ချစီမံ လုပ်မှသာ အထ မြောက်နိုင်တဲ့ လုပ်ကွက်တွေဖြစ်လို့ ဒီ လုပ်ရပ်တွေဟာ ဂျိုကာကို သူရူးတစ်ယောက် ဆိုတဲ့ ပုံရိပ် ကနေ ငြင်းဆန်နေတယ်။

ဒါ့ကြောင့် ဂျိုကာဆိုတာ တကယ်တော့ အလွန်တော်တဲ့ ပုံဖော် ဇာတ်ညွှန်းဆရာ တွေ စနစ်တကျ တည်ဆောက်ပုံသွင်းလိုက်တဲ့ ဖြစ်တည်မှု ပဓါန နတ္ထိကဝါဒီ သွေးအေး လူသတ်သမား တစ်ယောက်သာ ဖြစ်ပါတယ်။

"ဘာမှဆုံးရှုံးစရာ မရှိတော့တဲ့ လူတစ်ယောက်ဟာ ကြောက်စရာအကောင်းဆုံးတဲ့လား။ ရှိသမျှ အရာ အားလုံးကို တန်ဖိုးမထားတတ်တဲ့ လူကတော့ အဲဒီ ကြောက်စရာ အကောင်းဆုံး လူရဲ့ အဆိုးဆုံး အိပ်မက်ပဲ။"

- ဂျိုကာ

#kyawnge

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။