"ဒဏ်ရာရ နှလုံးသားများအတွက်
(သို့)
လောကဓံရဲ့ ရိုက်ပုတ်မှုကို ခံစားရသူများ အတွက်"
-------------------------- ----
လူတစ်ယောက်ဟာ ဘ၀မှာ
တစ်ကြိမ်တစ်ခါ ဖြစ်စေ … အကြိမ်ကြိမ်ဖြစ်စေ
ကာလတိုဖြစ်စေ … ကာလကြာရှည်ဖြစ်စေ
ဘ၀ကို ထိခိုက်နိုင်လောက်အောင် ကြီးမားတဲ့ ထိုးနှက်မှုတွေ ခံရတတ်တယ် …
တစ်ခါတစ်လေ အဲဒီအမှားက ကာယကံရှင်နဲ့ တိုက်ရိုက်ပတ်သက်တယ် …
တစ်ခါတစ်လေမှာ အဲဒီအမှားက ကာယကံရှင်နဲ့ သွယ်ဝိုက် ပတ်သက်တယ် …
တစ်ခါတစ်လေမှာ အဲဒီအမှားက ကာယကံရှင်နဲ့ လုံးဝ မပတ်သက်ဘူး …
တစ်ခါတစ်လေမှာ အဲဒီအမှားက ကာယကံရှင်နဲ့ မပတ်သက်လှပေမယ့် သူတုံ့ပြန်လိုက်မှ ပိုဆိုးသွားတာတွေ ဖြစ်တတ်တယ် …
ဘယ်လောက်ဆိုးတဲ့ အခြေအနေတွေ ဖြစ်နေ ဖြစ်နေ ကျွန်တော်တို့မှာ ရွေးချယ်နိုင်စွမ်းတွေ ရှိတယ် …
E + R = O
Event + Response = Outcome
အဖြစ်အပျက်ကို ဘယ်လို တုံ့ပြန်သလဲဆိုတာက ရလာဒ်တွေကို ဖြစ်လာစေတယ် …
အဖြစ်အပျက်က ကိုယ်ရွေးချယ်လို့ ရချင်မှ ရမယ် …
တုံ့ပြန်မှုကတော့ ကိုယ်ရွေးချယ်လို့ ရတာ သေချာတယ် …
မှားယွင်းမှုတွေကို အမှားနဲ့ တုံ့ပြန်တဲ့အခါမှာတော့ ကြီးမားတဲ့ အဆိုးဝဲဂယက်ထဲကို ကျရောက်သွားနိုင်တယ် …
John C. Maxwell က ပြောတယ် … ကံဆိုးမိုးမှောင်ကျတဲ့ အချိန်ဟာ လူတစ်ယောက်ကို သူ့ကိုယ်သူနဲ့ ပြန်မိတ်ဆက်ပေးတယ် …
အဲဒီအဖြစ်ဆိုး တစ်ရပ်ဟာ သူ့ကို နဂိုမူလထက်များစွာ အသိတရားပိုင်း၊ ပညာပိုင်း၊ ရပ်တည်မှုတွေ အကောင်းဖက်ကို ပြောင်းလဲသွားစေဖို့ အထောက်အကူ ပြုတယ် …
လူတစ်ယောက်ဟာ အခက်အခဲတစ်ခုကြုံနေတဲ့ကာလကို ဒီအတိုင်းပဲ ကျော်ဖြတ်သွားမှာလား … အဲဒီလိုကျော်ဖြတ်ရင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်သွားမလား ဆိုတာကို ဆုံးဖြတ်ရမယ် …
ကံဆိုးမိုးမှောင်ကျတဲ့အခါမျိုးမှာ လူတွေရဲ့ တုံ့ပြန်မှုက ၂ မျိုး ရှိနိုင်တယ် …
တစ်မျိုးက ငါကျမှ ဒီလို ဖြစ်ရလေခြင်း၊ လောကကြီးက မတရားလေခြင်း၊ စသဖြင့် ဟိုဟာကြောင့် ဒီဟာကြောင့်ဆိုပြီး အကြောင်းပြကာ ထောင်ချောက်မိနေတဲ့ သားကောင်တစ်ကောင်လို အော်ညည်းနေတာက လူတစ်မျိုး ...
နောက်တစ်မျိုးကကျတော့ ဒီလိုအခြေအနေဖြစ်နေတာဟာ ငါလက်ခံထားလို့ပဲ ငါလက်မခံရင် ဒီလိုအခြေအနေ ဆက်မဖြစ်နိုင်ဘူးဆိုပြီး ဘာဆင်ခြေမှ မပေးပဲ သူ့ကိုယ်သူနဲ့ ဖြစ်နေတဲ့ အခြေအနေအပေါ် တစ်ရာ ရာခိုင်နှုန်း တာဝန်ယူတယ် ...
ပထမလူမျိုးမှာ ဆင်ခြေပဲ ရှိတယ် … အဖြေမရှိဘူး … ဘယ်တော့မှ ပြေလည်မှာ မဟုတ်ဘူး … သူ့ရဲ့ အတွေးအခေါ် အဆိုးသံသရာထဲမှာ သနားစရာ သားကောင်တစ်ကောင်လိုပဲ သူပိတ်မိနေတယ် …
ဒုတိယလူမျိုးက လက်တွေ့ကျတယ် … ဆင်ခြေတွေ အပြစ်တင်မှုတွေ အစား အဆိုးတွေထဲက အကောင်းဆုံးနည်းကို ရှာတယ် … ဘ၀ကို အဓိပ္ပာယ်ရှိရှိ နေထိုင်တယ် … သားကောင် အဖြစ်မခံဘူး …
လူ့ဘ၀ဆိုတာ တန်ဖိုးရှိတယ် … အသက်ရှင်နေသရွေ့ မျှော်လင့်ချက်တွေ ရှိတယ် … အဓိပ္ပာယ်ရှိရှိ နေထိုင်ရမယ် …
ပျော်ရွှင်ဖို့ဆိုတာ သင်ဘယ်သူလဲ … သင့်မှာ ဘာရှိသလဲဆိုတာနဲ့ မဆိုင်ဘူး … သင်ဘယ်လိုတွေးလဲဆိုတာနဲ့ပဲ ဆိုင်တယ် …
သင်ကြုံနေရတဲ့ အခက်အခဲ ကံဆိုးမိုးမှောင်ကျမှုကို ကြုံနေရတာ ကမ္ဘာပေါ်မှာ သင်တစ်ယောက်တည်း မဖြစ်နိုင်ဘူး …
သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေ တော်တော်များများဟာ သူ့တို့နည်းသူတို့ဟန်နဲ့ ပြဿနာကြီးကြီးမားမားတွေကို ကြုံနေရတဲ့လူတွေချည်းပဲ …
အဆိုးတွေထဲကနေ အကောင်းဆုံးလို့ သင်စဉ်းစားမိတဲ့ နည်းလမ်းကို ရွေးချယ်ပါ …
မိသားစုကို ဂရုစိုက်ပါ …
ပတ်ဝန်းကျင်က လူတွေကို ကောင်းပါ …
တစ်ချိန်ချိန်မှာ
သင်အခက်အခဲတွေကို ကျော်နိုင်သွားလိမ့်မယ် …
တစ်ခုတော့ မှတ်ထားရမယ် …
သင်လမ်းသွားရင်း မတော်တဆ အညစ်အကြေးပုံကို နင်းမိရင် တော်တော် အခြေအနေဆိုးတယ်လို့ ယူရမယ် …
ပေနေတဲ့ အညစ်အကြေးတွေကို ပျောက်သွားချင်တယ်ဆိုရင် သင့်အနေနဲ့ အမြန်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကို ရှာပြီး ဆေးကြောပစ်ရလိမ့်မယ် …
အရေးကြီးတာက ဘာလဲဆိုတော့
အညစ်အကြေးတွေကို ဆေးကြော သန့်စင်ပြီးတဲ့ အချိန်ရောက်ရင် အညစ်အကြေးပုံကို ပြန်မမြင်ယောင်နဲ့တော့ …
အနံ့တွေ ပြန်ရမနေနဲ့တော့ …
အဲဒီအကြောင်းတွေ ပြန်မပြောနဲ့တော့ …
မကောင်းတဲ့ ခံစားချက်တွေကို ပြန်မခံစားနဲ့တော့ …
သင်လွတ်မြောက်မှု ရနေပြီ …
မကောင်းတဲ့ အဖြစ်ဆိုးကနေ အကျိုးရှိတဲ့ သင်ခန်းစာတွေသာ ယူပြီး တောက်ပတဲ့ အနာဂါတ်အသစ်တွေ သင့်မှာ ပိုင်ဆိုင်နေပြီ …
ဒီစာကို ဖတ်ပြီးရင် သင်ချစ်ခင်ရတဲ့သူတစ်ချို့ကို သတိရလိမ့်မယ် …
သူတို့ကို mention ခေါ်လိုက်ပါ …
Share ပေးလိုက်ပါ …
ပျော်စရာကောင်းပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ …
Naing Win Aung - Executive Coach
Leadership Development Master Facilitator
MBA (Northampton, UK)
Associate Certified Coach (ICF)
Certified John Maxwell Coach, Trainer & Speaker
Certified NLP Master Practitioner & Master Coach
Certified Time Line Therapy Master Practitioner
1.1.2017
#KoNaingGyiNotes
#naingwinaungexecutivecoac h
#BreakthroughCoachingMyanm ar
Photo: Kevinc.net
(သို့)
လောကဓံရဲ့ ရိုက်ပုတ်မှုကို ခံစားရသူများ အတွက်"
--------------------------
လူတစ်ယောက်ဟာ ဘ၀မှာ
တစ်ကြိမ်တစ်ခါ ဖြစ်စေ … အကြိမ်ကြိမ်ဖြစ်စေ
ကာလတိုဖြစ်စေ … ကာလကြာရှည်ဖြစ်စေ
ဘ၀ကို ထိခိုက်နိုင်လောက်အောင် ကြီးမားတဲ့ ထိုးနှက်မှုတွေ ခံရတတ်တယ် …
တစ်ခါတစ်လေ အဲဒီအမှားက ကာယကံရှင်နဲ့ တိုက်ရိုက်ပတ်သက်တယ် …
တစ်ခါတစ်လေမှာ အဲဒီအမှားက ကာယကံရှင်နဲ့ သွယ်ဝိုက် ပတ်သက်တယ် …
တစ်ခါတစ်လေမှာ အဲဒီအမှားက ကာယကံရှင်နဲ့ လုံးဝ မပတ်သက်ဘူး …
တစ်ခါတစ်လေမှာ အဲဒီအမှားက ကာယကံရှင်နဲ့ မပတ်သက်လှပေမယ့် သူတုံ့ပြန်လိုက်မှ ပိုဆိုးသွားတာတွေ ဖြစ်တတ်တယ် …
ဘယ်လောက်ဆိုးတဲ့ အခြေအနေတွေ ဖြစ်နေ ဖြစ်နေ ကျွန်တော်တို့မှာ ရွေးချယ်နိုင်စွမ်းတွေ ရှိတယ် …
E + R = O
Event + Response = Outcome
အဖြစ်အပျက်ကို ဘယ်လို တုံ့ပြန်သလဲဆိုတာက ရလာဒ်တွေကို ဖြစ်လာစေတယ် …
အဖြစ်အပျက်က ကိုယ်ရွေးချယ်လို့ ရချင်မှ ရမယ် …
တုံ့ပြန်မှုကတော့ ကိုယ်ရွေးချယ်လို့ ရတာ သေချာတယ် …
မှားယွင်းမှုတွေကို အမှားနဲ့ တုံ့ပြန်တဲ့အခါမှာတော့ ကြီးမားတဲ့ အဆိုးဝဲဂယက်ထဲကို ကျရောက်သွားနိုင်တယ် …
John C. Maxwell က ပြောတယ် … ကံဆိုးမိုးမှောင်ကျတဲ့ အချိန်ဟာ လူတစ်ယောက်ကို သူ့ကိုယ်သူနဲ့ ပြန်မိတ်ဆက်ပေးတယ် …
အဲဒီအဖြစ်ဆိုး တစ်ရပ်ဟာ သူ့ကို နဂိုမူလထက်များစွာ အသိတရားပိုင်း၊ ပညာပိုင်း၊ ရပ်တည်မှုတွေ အကောင်းဖက်ကို ပြောင်းလဲသွားစေဖို့ အထောက်အကူ ပြုတယ် …
လူတစ်ယောက်ဟာ အခက်အခဲတစ်ခုကြုံနေတဲ့ကာလကိ
ကံဆိုးမိုးမှောင်ကျတဲ့အခါမျ
တစ်မျိုးက ငါကျမှ ဒီလို ဖြစ်ရလေခြင်း၊ လောကကြီးက မတရားလေခြင်း၊ စသဖြင့် ဟိုဟာကြောင့် ဒီဟာကြောင့်ဆိုပြီး အကြောင်းပြကာ ထောင်ချောက်မိနေတဲ့ သားကောင်တစ်ကောင်လို အော်ညည်းနေတာက လူတစ်မျိုး ...
နောက်တစ်မျိုးကကျတော့ ဒီလိုအခြေအနေဖြစ်နေတာဟာ ငါလက်ခံထားလို့ပဲ ငါလက်မခံရင် ဒီလိုအခြေအနေ ဆက်မဖြစ်နိုင်ဘူးဆိုပြီး ဘာဆင်ခြေမှ မပေးပဲ သူ့ကိုယ်သူနဲ့ ဖြစ်နေတဲ့ အခြေအနေအပေါ် တစ်ရာ ရာခိုင်နှုန်း တာဝန်ယူတယ် ...
ပထမလူမျိုးမှာ ဆင်ခြေပဲ ရှိတယ် … အဖြေမရှိဘူး … ဘယ်တော့မှ ပြေလည်မှာ မဟုတ်ဘူး … သူ့ရဲ့ အတွေးအခေါ် အဆိုးသံသရာထဲမှာ သနားစရာ သားကောင်တစ်ကောင်လိုပဲ သူပိတ်မိနေတယ် …
ဒုတိယလူမျိုးက လက်တွေ့ကျတယ် … ဆင်ခြေတွေ အပြစ်တင်မှုတွေ အစား အဆိုးတွေထဲက အကောင်းဆုံးနည်းကို ရှာတယ် … ဘ၀ကို အဓိပ္ပာယ်ရှိရှိ နေထိုင်တယ် … သားကောင် အဖြစ်မခံဘူး …
လူ့ဘ၀ဆိုတာ တန်ဖိုးရှိတယ် … အသက်ရှင်နေသရွေ့ မျှော်လင့်ချက်တွေ ရှိတယ် … အဓိပ္ပာယ်ရှိရှိ နေထိုင်ရမယ် …
ပျော်ရွှင်ဖို့ဆိုတာ သင်ဘယ်သူလဲ … သင့်မှာ ဘာရှိသလဲဆိုတာနဲ့ မဆိုင်ဘူး … သင်ဘယ်လိုတွေးလဲဆိုတာနဲ့ပဲ ဆိုင်တယ် …
သင်ကြုံနေရတဲ့ အခက်အခဲ ကံဆိုးမိုးမှောင်ကျမှုကို ကြုံနေရတာ ကမ္ဘာပေါ်မှာ သင်တစ်ယောက်တည်း မဖြစ်နိုင်ဘူး …
သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေ တော်တော်များများဟာ သူ့တို့နည်းသူတို့ဟန်နဲ့ ပြဿနာကြီးကြီးမားမားတွေကို ကြုံနေရတဲ့လူတွေချည်းပဲ …
အဆိုးတွေထဲကနေ အကောင်းဆုံးလို့ သင်စဉ်းစားမိတဲ့ နည်းလမ်းကို ရွေးချယ်ပါ …
မိသားစုကို ဂရုစိုက်ပါ …
ပတ်ဝန်းကျင်က လူတွေကို ကောင်းပါ …
တစ်ချိန်ချိန်မှာ
သင်အခက်အခဲတွေကို ကျော်နိုင်သွားလိမ့်မယ် …
တစ်ခုတော့ မှတ်ထားရမယ် …
သင်လမ်းသွားရင်း မတော်တဆ အညစ်အကြေးပုံကို နင်းမိရင် တော်တော် အခြေအနေဆိုးတယ်လို့ ယူရမယ် …
ပေနေတဲ့ အညစ်အကြေးတွေကို ပျောက်သွားချင်တယ်ဆိုရင် သင့်အနေနဲ့ အမြန်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကို ရှာပြီး ဆေးကြောပစ်ရလိမ့်မယ် …
အရေးကြီးတာက ဘာလဲဆိုတော့
အညစ်အကြေးတွေကို ဆေးကြော သန့်စင်ပြီးတဲ့ အချိန်ရောက်ရင် အညစ်အကြေးပုံကို ပြန်မမြင်ယောင်နဲ့တော့ …
အနံ့တွေ ပြန်ရမနေနဲ့တော့ …
အဲဒီအကြောင်းတွေ ပြန်မပြောနဲ့တော့ …
မကောင်းတဲ့ ခံစားချက်တွေကို ပြန်မခံစားနဲ့တော့ …
သင်လွတ်မြောက်မှု ရနေပြီ …
မကောင်းတဲ့ အဖြစ်ဆိုးကနေ အကျိုးရှိတဲ့ သင်ခန်းစာတွေသာ ယူပြီး တောက်ပတဲ့ အနာဂါတ်အသစ်တွေ သင့်မှာ ပိုင်ဆိုင်နေပြီ …
ဒီစာကို ဖတ်ပြီးရင် သင်ချစ်ခင်ရတဲ့သူတစ်ချို့ကိ
သူတို့ကို mention ခေါ်လိုက်ပါ …
Share ပေးလိုက်ပါ …
ပျော်စရာကောင်းပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ …
Naing Win Aung - Executive Coach
Leadership Development Master Facilitator
MBA (Northampton, UK)
Associate Certified Coach (ICF)
Certified John Maxwell Coach, Trainer & Speaker
Certified NLP Master Practitioner & Master Coach
Certified Time Line Therapy Master Practitioner
1.1.2017
#KoNaingGyiNotes
#naingwinaungexecutivecoac
#BreakthroughCoachingMyanm
Photo: Kevinc.net

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။