ဝါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်၏ သူရ ဦးရွှေမန်းသို့ မေးမြန်းသည့် မေးခွန်း (၄) ခု
နိရဉ္စရာ
BurmaDemocracy, 2 January 2017
မြန်မာသတင်း မီဒီယာ ကောင်စီအဖွဲ့ဝင် အသက် (၈၈) နှစ် ရှိပြီ ဖြစ်တဲ့ ၀ါရင့် သတင်းစာ ဆရာကြီး ဦးအုန်းကြိုင်မှ ယခင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း၊ လက်ရှိ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို နေပြည်တော် လွှတ်တော်မှာ တွေ့ဆုံခိုက် သီးသန့် မေးမြန်းခွင့် ရခဲ့ပါတယ်။ ဦးအုန်းကြိုင်က မေးခွန်း (၄) ခုကို မေးမြန်းခဲ့ပြီး သူရ ဦးရွှေမန်းက အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။
မေးခွန်း (၁)
ဦးအုးန်ကြိုင်- ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျွတော်တို့ သတင်းမီဒီယာက သိချင်တာထက် ပြည်သူတွေ ပိုပြီးသိချင်တဲ့ မေးခွန်းလေးတွေ မေးခွင့်ပေးပါ။ ဒီနေ့ ပြည်သူတစ်ရပ်လုံး သိချင်နေတဲ့ မေးခွန်း တစ်ခု ရှိပါတယ်။ အင်္ဂလိပ်လို ပြောရရင်တော့ Aung san Su Kyi after what ? မြန်မာလို ပြောရမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်ရေးပြီးရင် ဗမာပြည် ဘာဖြစ်မလဲ ။ အဲ့ဒါ ဥက္ကဋ္ဌရဲ့ အမြင်၊ အဲဒါကို ပြည်သူ တစ်ရပ်လုံး သိချင်နေပါတယ်။
သူရ ဦးရွှေမန်း- ဟုတ်ကဲ့ခင်ဗျာ။ အဘမေးတဲ့ မေးခွန်းက ဒေါ်အောင်ဆန်းကြည် အုပ်ချုပ်ရေး ပြီးရင် မြန်မာ ဘာဖြစ်မလဲ ဆိုတာကို ကျွန်တော် သဘောပေါက်သလို ပြောရမယ်ဆိုရင် ၂၀၂၀ နောက်ပိုင်းလို့ ယူဆပါတယ်။ ဒီနေ့ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အပေါ်သစ္စာထားပြီး တော့ မေတ္တာနဲ့ အုပ်ချုပ်မယ်။ ဒီလိုအုပ်ချုပ်တဲ့အခါ တိုင်းပြည်ကောင်းအောင် ဆောင် ရွက်မယ် ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ တိုင်း ပြည် ကောင်းစားဖို့ ပြည်သူ လူထုတိုးတက်ဖို့ ဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်လည်း စွမ်းအား ရှိသလောက် ကူညီဆောင်ရွက်နေ တာဖြစ်ပါတယ်။ ကူညီဆောင်ရွက် လျှက်ရှိပါတယ်။ ၂၀၂၀ ရဲ့ အလွန် နောက်ပိုင်း အခြေအနေ ကတော့ ဒီနေ့ ဖြစ်ပေါ်တိုးတက်လာမယ့် မြန်မာ နိုင်ငံ အခြေအနေ၊ အထူးသဖြင့်တော့ မြန်မာ့နိုင်ငံရေး၊ မြန်မာ့စီးပွားရေး ၊ မြန်မာနိုင်ငံသားများရဲ့ ဘ၀ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒီအခြေအနေ အရပ်ရပ်ပေါ်မှာ မူတည်ပြီးတော့ ကျွန်တော် နိုင်ငံရဲ့လိုအပ်ချက်၊ နိုင်ငံရဲ့ တောင်းဆိုချက်ပေါ်မူတည်ပြီးေ တာ့
ကျွန်တော်တို့ နိုင်ငံအတွက် ပြည်သူအတွက်အဓိကထားစဉ်းစား ဆောင်ရွက်မှာ
ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော့် အနေနဲ့ ပြည်သူ
ပြည်သားများ အပေါ် ပြည်သူ ပြည်သားများရဲ့ မျက်နှာ၊ တိုင်းပြည်ရဲ့မျက်နှာကို
ကျွန်တော် ဘက်က ကြည့်ရှု ဆောင်ရွက်ပါမယ်။ ဘယ်လိုဘဲ ဆန္ဒတွေရှိရှိ၊ ဘယ်လိုဘဲ
စေတနာရှိရှိ ပြည်သူရဲ့ Mandate၊ ပြည်သူရဲ့ တာဝန်ပေးတဲ့ အပေါ်မှာ
မူတည်ပြီးတော့ ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ပြည်သူ့တာဝန်ပေးမှုကြီးရင် ကြီးသလို
ငယ်ရင် ငယ်သလို ဒီအပေါ်ဆောင်ရွက် မှာဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်
ပြည်သူ့ရဲ့ ဆန္ဒ၊ ပြည်သူကို လိုအပ်ချက်ကို အဓိက ထား ပြီး ဆောင်ရွက်ရမှာက
တိုင်းပြည်ချစ်တဲ့၊ ပြည်သူကို ချစ်တဲ့ လူများရဲ့ သမိုင်းပေးတာဝန်လို့
ယူဆပါတယ်။ ဒီ ကျွန်တော် ဖြေတဲ့ အပေါ်မှာ အဘလို အတွေ့အကြုံ ဥာဏ်ပညာ အမြော်
အမြင်ရှိတဲ့ ပုဂ္ဂိုလ် အနေနဲ့ နားလည်မယ် လက်ခံမယ်လို့ ကျွန်တော်
ယုံကြည်ပါတယ်။ ကျေးဇူး တင်ပါတယ်။
မေးခွန်း(၂)
ဦးအုန်းကြိုင်- နောက်မေးခွန်း တစ်ခုမေးပါရစေ။ ကျွန်တော်တို့ ပြည်သူ တစ်ရပ်လုံး စိတ် ၀င်တစား မေးချင် နေတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး အနေနဲ့ တစ်ချိန်သောအခါက တပ်မတော် ခေါင်းဆောင် တစ်ယောက်အနေနဲ့ တိုင်းပြည် တာဝန်ထမ်းဆောင် ခဲ့တယ်။ အရေးပါတဲ့ကဏ္ဍ တော်တော်များများကလဲ ထမ်းဆောင်ခဲ့တယ်ပေါ့။ ဒီနေ့ မေးချင်တဲ့ မေးခွန်း တစ်ခုက ကျွန်တော်တို့ တိုင်းပြည်နိုင်ငံရေး အခြေအနေအရ နောက်ကြောင်းပြန် လှည့်စရာ အခြေအနေမျိုးရော ရှိပါသလား။
သူရဦးရွှေမန်း- တပ်မတော် ထဲမှာလည်း ကျွန်တော် နှစ်ပေါင်း (၄၀) ကျော် တာဝန် ထမ်း ဆောင် ခဲ့ပါတယ်။ နိုင်ငံတော် ကာကွယ်ရေး လုံခြုံရေး တာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။ နိုင် ငံတော်ရဲ့ စီးပွားရေ၊ လူမှုရေး အုပ်ချုပ်ရေးမှာလည်း ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ခုနက မေးခွန်းနဲ့ပတ်သက်လို့ နောက်ကြောင်းပြန် လှည့်သွားမလား ဆိုတဲ့ မေးခွန်းကို ဖြေရ မယ်ဆို ရရင်တော့ နောက်ကြောင်းပြန် လှည့်စရာတော့ မရှိပါဘူး။ ရှေ့ကို တိုးပြီးသာ တပ်မ တော် အနေနဲ့ နိုင်ငံကောင်းစားရေး၊ တစ်နည်းအားဖြင့် ပြောရမယ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော် အနေနဲ့ သူ့ အခန်း ကဏ္ဍ ကနေ သူ ပါဝင်ဆောင်ရွက် သွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ခင်ဗျား။
မေးခွန်း(၃)
ဦးအုန်းကြိုင်- နောက်မေးခွန်း တစ်ခုက ဒီနေ့ ဥက္ကဋ္ဌကြီး ဆောင်ရွက်နေရတဲ့ ကော်မရှင် လုပ်ငန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးမှာ ကျေညက်ပါသလား၊ အဖု အထစ်များ ရှိပါသလား။ အဲ့ဒါလေး နည်းနည်း ဖြေကြားပေးပါ။
သူရ ဦးရွှေမန်း- ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်ဆက်ဆံရေးက ပြေပြစ် ချော မွေ့မှု ရှိပါတယ်။ လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည်ရောက်တဲ့ အချိန်
တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်
နားလည်မှုတွေပိုရှိလာပါတယ်။ ထိုနည်းတူစွာပဲ တစ်ယောက်ရဲ့ ယုံကြည်မှု၊
ခံစားမှုတွေကိုလဲ မျှဝေခံစားနိုင်တဲ့ အနေအထား ရှိပါတယ်။ ပြော မယ်ဆိုရင်
ကျွန်တော်တို့ နှစ်ယောက် Understanding ရှိပါတယ်။ ကျွန်တော်တို့ နှစ်ယောက်
တစ်ယောက်ကို တစ်ယောက် (Sympathy) လည်း ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်
ကောင်းမွန်တဲ့ ဆက်ဆံရေးလဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့
ဆက်ဆံရေးဟာ ကောင်းမွန် ဆဲပါဘဲ။ ကောင်းမွန်ဆဲ ဖြစ်သလို ဒီထက်ပို၍
ကောင်းအောင် နေခြင်းဟာ ကျွန် တော်တို့ နိုင်ငံနဲ့ ကျွန်တော်တို့ ပြည်သူ
အတွက် များစွာ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
မေးခွန်း (၄)
ဦးအုန်းကြိုင်- ကျွန်တော် နောက်တစ်ခု မေးချင်တာက နောက်ဆုံး မေးခွန်းဖြစ်ပါတယ်။ အနာဂါတ် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အလားအလာဟာ အကောင်းနဲ့ အဆိုး ဘယ်ဘက်ကို တိမ်းညွတ် သွားမလဲ။ နောက်ဆုံးမေးပါရစေ။
သူရ ဦးရွှေမန်း- ဟုတ်ကဲ့ခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ချောမွေ့စွာ ဆောင်ရွက် နိုင်ခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာ ဤကဲ့သို့ ဆောင်ရွက်နိုင်ခြင်း မရှိဘူး ဆိုတာလည်း အားလုံး သိပါတယ်။ ဒါကြောင့်မို့ ဒီအခြေအနေ ကောင်းတွေကို ကျွန်တော် တို့ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ ဆက်လက် ထိန်းသိမ်းဖို့လည်း ကျွန်တော်တို့မှာ တာဝန် ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီအခြေအနေ ကောင်းတွေကို ဆက်လက် ထိန်းသိမ်း သွားကြမယ်။ သတိ၊ ဥာဏ်ပညာနဲ့ ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ရှေးအလားအလာ ဟာ ဒီထက်ပိုပြီး ကောင်းမွန်းလာမှာ ဖြစ်တယ်လို့ ကျွန်တော်အယူအဆကို ဖြေကြားပါရစေ။
(ကျေးဇူးတင်ပါတယ်)
နိရဉ္စရာ၊
ဒီဇင်ဘာ ၃၀ ၂၀၁၆
(မှတ်ချက်- ဤ အမေးအဖြေမှာ ၀ါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်၏ မေတ္တာ ရပ်ခံချက် အရ နိရဉ္စရာ သတင်းဌာနမှ အသံဖမ်းယူ မှတ်တမ်းတင် ထားခဲ့ခြင်း ဖြစ်ပြီး ဟံသာဝတီ ဦးအုန်းကြိုင်၏ ခွင့်ပြုချက် အရ အများပြည်သူများ သိအောင် တင်ပြပေးလိုက်ပါ သည်။)
December 30, 2016
နိရဉ္စရာ မှကူးယူဖော်ပြပါသည်။#BurmaDemocracy
နိရဉ္စရာ
BurmaDemocracy, 2 January 2017
မြန်မာသတင်း မီဒီယာ ကောင်စီအဖွဲ့ဝင် အသက် (၈၈) နှစ် ရှိပြီ ဖြစ်တဲ့ ၀ါရင့် သတင်းစာ ဆရာကြီး ဦးအုန်းကြိုင်မှ ယခင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း၊ လက်ရှိ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို နေပြည်တော် လွှတ်တော်မှာ တွေ့ဆုံခိုက် သီးသန့် မေးမြန်းခွင့် ရခဲ့ပါတယ်။ ဦးအုန်းကြိုင်က မေးခွန်း (၄) ခုကို မေးမြန်းခဲ့ပြီး သူရ ဦးရွှေမန်းက အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။
မေးခွန်း (၁)
ဦးအုးန်ကြိုင်- ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျွတော်တို့ သတင်းမီဒီယာက သိချင်တာထက် ပြည်သူတွေ ပိုပြီးသိချင်တဲ့ မေးခွန်းလေးတွေ မေးခွင့်ပေးပါ။ ဒီနေ့ ပြည်သူတစ်ရပ်လုံး သိချင်နေတဲ့ မေးခွန်း တစ်ခု ရှိပါတယ်။ အင်္ဂလိပ်လို ပြောရရင်တော့ Aung san Su Kyi after what ? မြန်မာလို ပြောရမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်ရေးပြီးရင် ဗမာပြည် ဘာဖြစ်မလဲ ။ အဲ့ဒါ ဥက္ကဋ္ဌရဲ့ အမြင်၊ အဲဒါကို ပြည်သူ တစ်ရပ်လုံး သိချင်နေပါတယ်။
သူရ ဦးရွှေမန်း- ဟုတ်ကဲ့ခင်ဗျာ။ အဘမေးတဲ့ မေးခွန်းက ဒေါ်အောင်ဆန်းကြည် အုပ်ချုပ်ရေး ပြီးရင် မြန်မာ ဘာဖြစ်မလဲ ဆိုတာကို ကျွန်တော် သဘောပေါက်သလို ပြောရမယ်ဆိုရင် ၂၀၂၀ နောက်ပိုင်းလို့ ယူဆပါတယ်။ ဒီနေ့ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အပေါ်သစ္စာထားပြီး တော့ မေတ္တာနဲ့ အုပ်ချုပ်မယ်။ ဒီလိုအုပ်ချုပ်တဲ့အခါ တိုင်းပြည်ကောင်းအောင် ဆောင် ရွက်မယ် ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ တိုင်း ပြည် ကောင်းစားဖို့ ပြည်သူ လူထုတိုးတက်ဖို့ ဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်လည်း စွမ်းအား ရှိသလောက် ကူညီဆောင်ရွက်နေ တာဖြစ်ပါတယ်။ ကူညီဆောင်ရွက် လျှက်ရှိပါတယ်။ ၂၀၂၀ ရဲ့ အလွန် နောက်ပိုင်း အခြေအနေ ကတော့ ဒီနေ့ ဖြစ်ပေါ်တိုးတက်လာမယ့် မြန်မာ နိုင်ငံ အခြေအနေ၊ အထူးသဖြင့်တော့ မြန်မာ့နိုင်ငံရေး၊ မြန်မာ့စီးပွားရေး ၊ မြန်မာနိုင်ငံသားများရဲ့ ဘ၀ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒီအခြေအနေ အရပ်ရပ်ပေါ်မှာ မူတည်ပြီးတော့ ကျွန်တော် နိုင်ငံရဲ့လိုအပ်ချက်၊ နိုင်ငံရဲ့ တောင်းဆိုချက်ပေါ်မူတည်ပြီးေ
မေးခွန်း(၂)
ဦးအုန်းကြိုင်- နောက်မေးခွန်း တစ်ခုမေးပါရစေ။ ကျွန်တော်တို့ ပြည်သူ တစ်ရပ်လုံး စိတ် ၀င်တစား မေးချင် နေတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး အနေနဲ့ တစ်ချိန်သောအခါက တပ်မတော် ခေါင်းဆောင် တစ်ယောက်အနေနဲ့ တိုင်းပြည် တာဝန်ထမ်းဆောင် ခဲ့တယ်။ အရေးပါတဲ့ကဏ္ဍ တော်တော်များများကလဲ ထမ်းဆောင်ခဲ့တယ်ပေါ့။ ဒီနေ့ မေးချင်တဲ့ မေးခွန်း တစ်ခုက ကျွန်တော်တို့ တိုင်းပြည်နိုင်ငံရေး အခြေအနေအရ နောက်ကြောင်းပြန် လှည့်စရာ အခြေအနေမျိုးရော ရှိပါသလား။
သူရဦးရွှေမန်း- တပ်မတော် ထဲမှာလည်း ကျွန်တော် နှစ်ပေါင်း (၄၀) ကျော် တာဝန် ထမ်း ဆောင် ခဲ့ပါတယ်။ နိုင်ငံတော် ကာကွယ်ရေး လုံခြုံရေး တာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။ နိုင် ငံတော်ရဲ့ စီးပွားရေ၊ လူမှုရေး အုပ်ချုပ်ရေးမှာလည်း ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ခုနက မေးခွန်းနဲ့ပတ်သက်လို့ နောက်ကြောင်းပြန် လှည့်သွားမလား ဆိုတဲ့ မေးခွန်းကို ဖြေရ မယ်ဆို ရရင်တော့ နောက်ကြောင်းပြန် လှည့်စရာတော့ မရှိပါဘူး။ ရှေ့ကို တိုးပြီးသာ တပ်မ တော် အနေနဲ့ နိုင်ငံကောင်းစားရေး၊ တစ်နည်းအားဖြင့် ပြောရမယ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော် အနေနဲ့ သူ့ အခန်း ကဏ္ဍ ကနေ သူ ပါဝင်ဆောင်ရွက် သွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ခင်ဗျား။
မေးခွန်း(၃)
ဦးအုန်းကြိုင်- နောက်မေးခွန်း တစ်ခုက ဒီနေ့ ဥက္ကဋ္ဌကြီး ဆောင်ရွက်နေရတဲ့ ကော်မရှင် လုပ်ငန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးမှာ ကျေညက်ပါသလား၊ အဖု အထစ်များ ရှိပါသလား။ အဲ့ဒါလေး နည်းနည်း ဖြေကြားပေးပါ။
သူရ ဦးရွှေမန်း- ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်ဆက်ဆံရေးက ပြေပြစ် ချော မွေ့မှု ရှိပါတယ်။ လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည်ရောက်တဲ့
မေးခွန်း (၄)
ဦးအုန်းကြိုင်- ကျွန်တော် နောက်တစ်ခု မေးချင်တာက နောက်ဆုံး မေးခွန်းဖြစ်ပါတယ်။ အနာဂါတ် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အလားအလာဟာ အကောင်းနဲ့ အဆိုး ဘယ်ဘက်ကို တိမ်းညွတ် သွားမလဲ။ နောက်ဆုံးမေးပါရစေ။
သူရ ဦးရွှေမန်း- ဟုတ်ကဲ့ခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ချောမွေ့စွာ ဆောင်ရွက် နိုင်ခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာ ဤကဲ့သို့ ဆောင်ရွက်နိုင်ခြင်း မရှိဘူး ဆိုတာလည်း အားလုံး သိပါတယ်။ ဒါကြောင့်မို့ ဒီအခြေအနေ ကောင်းတွေကို ကျွန်တော် တို့ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ ဆက်လက် ထိန်းသိမ်းဖို့လည်း ကျွန်တော်တို့မှာ တာဝန် ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီအခြေအနေ ကောင်းတွေကို ဆက်လက် ထိန်းသိမ်း သွားကြမယ်။ သတိ၊ ဥာဏ်ပညာနဲ့ ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ရှေးအလားအလာ ဟာ ဒီထက်ပိုပြီး ကောင်းမွန်းလာမှာ ဖြစ်တယ်လို့ ကျွန်တော်အယူအဆကို ဖြေကြားပါရစေ။
(ကျေးဇူးတင်ပါတယ်)
နိရဉ္စရာ၊
ဒီဇင်ဘာ ၃၀ ၂၀၁၆
(မှတ်ချက်- ဤ အမေးအဖြေမှာ ၀ါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်၏ မေတ္တာ ရပ်ခံချက် အရ နိရဉ္စရာ သတင်းဌာနမှ အသံဖမ်းယူ မှတ်တမ်းတင် ထားခဲ့ခြင်း ဖြစ်ပြီး ဟံသာဝတီ ဦးအုန်းကြိုင်၏ ခွင့်ပြုချက် အရ အများပြည်သူများ သိအောင် တင်ပြပေးလိုက်ပါ သည်။)
December 30, 2016
နိရဉ္စရာ မှကူးယူဖော်ပြပါသည်။#BurmaDemocracy
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။