Gcc Preschool added 14 new photos.
' ဘီယာ,အအေးဘူးလက်ကိုင်ကွင်းလေး တွေအကြောင်း '....
ကျွန်မက သိချင်တဲ့အကြောင်းအရာကို တိတိကျကျသိရမှကျေနပ်သူပါ။ အရင်ကကြား ဖူးပေမယ့်..fbမှာ မူကြိုကအစ်မတစ်ယောက် လက်ကိုင်ကွင်း လေးတွေအလှူခံပြီးစုထားတဲ့ အကြောင်းတွေ့လို့မေးလိုက်မိပါတယ်။ ခြေတု လက်တုအတွက်ပါတဲ့။ ပရဟိတဆို..၀ါသနာပါသူ မို့ လှူလို့ရတဲ့နေရာကိုစုံစမ်းပြီး...ကျွန်မလည်းအ လှူခံခဲ့ပါတယ်။မနေ့ က ကလေး လေးတွေရသမျှစုပြီး ဦးကျော်သူကို လာလှူတဲ့ မြင်ကွင်းလေးမြင်လိုက်ရတော့..ကြည်နူးမိပါတယ်။သူ့ရဲ့အသုံးဝင်ပုံ,အသုံးပြုပုံ တွေကိုလူတွေ.. တိတိကျကျသိရရင်ပိုလို့..တက်ကြွစိတ်ဝင်စား လာကြမှာပဲလို့တွေးမိပြီး..ရသမျှရှာခဲ့ပါတယ်။ web တစ်ခုမှာ..ဒီ..pull-ring လို့ခေါ်တဲ့ကွင်းလေး တွေကိုခြေတုလက်တု လုပ်လို့မရတာသေချာ ကြောင်း, စီးပွားရေးသမားတွေက..recycled လုပ်ဖို့ ပြန်ဝယ်တာကြောင့်..ကောလဟာလတွေ လွှင့်တာဖြစ်ကြောင်း,ဒါနဲ့ပတ်သက်လို့..အကြီးစားcharity တစ်ခု( Mac Donal )ရဲ့လုပ်ငန်းစဉ် ဟာလည်းအလကားဖြစ်ကြောင်း..ရေးသားထား တာတွေ့ရတော့..ဇဝေဇ၀ါဖြစ်သွားပါတယ်။
ငါလုပ်တဲ့ဟာတွေ အလကားဖြစ်သွားပြီလားပေါ့။ အဲ့ဒါနဲ့ website တော်တော် များများရှာကြည့်တော့မှ သူ့ရဲ့အကျိုးပြုပုံကို သာဓကနဲ့တကွသိလိုက်ရပါတော့တယ်။
::: အဲ့ဒီကွင်းလေးတွေကို aluminium နဲ့ပြုလုပ်ထားပါတယ်။
::: အရည်ကျိုဖို့အလွယ်ဆုံး..သတ္တုအမျိုးအစား
ဖြစ်ပြီး ကွင်း၂၅၀၀ ကို (1kg)ရှိပြီး ခြေတု လက်တု တွေရဲ့ကွေးနိုင်ဆန့်နိုင်တဲ့ အဆစ်နေရာ တွေမှာထည့် သွင်းပြုလုပ်ကာ.. 1kgကို ခြေလက် တု ၇ခုစာ joint တွေရရှိပါတယ်။
::: လူ အပြင် တိရစ္ဆာန်လေးတွေအတွက်ခြေ လက်တု အဖြစ်ပါသုံးပါတယ်။
::: အနောက်နိုင်ငံတွေမှာ..ကလေးတွေအတွက် ပေါ့ပါးတဲ့ wheelchair လုပ်တဲ့နေရာမှာလဲသုံးပါ တယ်။ပေါ့တာမို့..ချိုင်းထောက်လည်းလုပ်ကြပါတယ်။ plastic,ရာဘာတို့ထက်ချွေးစားသက်သာ ပါတယ်တဲ့။
::: ကွင်းတွေကိုပြန်ရောင်းပြီး အခြားပရဟိတ လုပ်ငန်း funds အတွက်သုံးပါတယ်။
::: recycle လုပ်ရတာက ထုတ်လုပ်တာထက် ငွေကြေး,စွမ်းအင် ,အချိန်ကုန်သက်သာလို့ .. အရင်းအမြစ်တွေဆုံးရှုံးခြင်းမှလည်းကာကွယ် ပေးပါတယ်။
နိုင်ငံတော်တော်များများမှာ...မူလတန်းကစလို့.. အဖွဲ့စည်းလေးတွေစုပြီး..လှူတန်း,လှုံ့ဆော်, အသိပညာပေးခြင်းတွေလုပ်ဆောင်နေကြပါ တယ်။ ပရဟိတ ဆိုတာ..အသက်အရွယ်,အချိန်အခါ,နေရာမရွေး လုပ်လို့ရတာမို့...ကလေးလေးတွေကိုပါ အသိပညာပေးလှုံ့ဆော်ရင်း..လူကြီးဖြစ်တဲ့ ကျွန်မတို့တွေပါ...တက်ကြွစွာပါဝင်ကြရင်မကောင်းဘူးလား? ရွှေထည်တွေအပြိုင်ဝတ်ပြီး... ကိုယ့်အလှူကို တစ်နပ်စာလာစားကြမယ့်သူ တွေမျက်နှာကို ကြည့်ပြီးပြုံးနေရမှာထက်...
ကျွန်မတို့ကြောင့်..မသန်စွမ်းဘ၀ ကနေ.. မသန်ပေမယ့်စွမ်းတဲ့သူတွေ ဖြစ်သွားမှာကို.. ကြည့်ရင်း ပြုံးနေမယ့်အပြုံးလေးက ပိုလို့မလှဘူး လား?
ဒါဆိုဒီ ကွင်းလေးတွေစုဆောင်းဖို့ တိကျတဲ့ အဖြေသိရပြီဆိုတော့...မသိသေးတဲ့,သိချင်နေမယ့် သူတွေကိုမျှဝေကြရအောင်ပါ။ ကမ္ဘာမှာ မြန်မာ ကအလှူဆုံးနိုင်ငံအဖြစ် ၂နှစ်ဆက်တိုက် သတ်မှတ်ခံထားရတာမို့...ဂုဏ်ယူရင်း..လှုပ်ရှားလိုက်ကြရအောင်။ပုံတွေအကုန်လုံးက Google ကပါ။အဲ့ဒီမှာ..နိုင်ငံခြား website တစ်ခုက မြန်မာကလေးလေး တွေရဲ့ ပုံကို တွေ့လိုက်ရတော့...ကျွန်မရင်ထဲမှာ...၀မ်းနည်းမိတယ်။ ကျန်တဲ့သူများလည်း ကျွန်မလိုပဲခံစားရ မယ်လို့ထင်ပါတယ်။
Photo crd#
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။