နည်းလမ်းဟောင်းတွေကို ပစ်ချနိုင်ပြီဖြစ်တဲ့
ယနေ့ဒစ်ဂျစ်တယ်ဈေးကွက်ရှာေ ဖွချဲ့ထွင်ရေး
++++++++++++++++++++++++++ ++++
ရေးသူ - စည်သူ
"စိတ်ကူးသစ်တွေနဲ့တက်လာရတာက လွယ်ပါတယ်။ အခက်ခဲဆုံးအပိုင်း ကတော့ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကအလုပ်ဖြစ်ခဲ့တဲ့ အလေ့အထ အဟောင်းတွေကို စွန့်ပစ်နိုင်ဖို့ပါ။ ဒါတွေက သိပ်မကြာခင်ဟောင်းသွားတော့ မှာဗျ"။
Roger von Oech
အထက်ပါစကားကိုဆိုလာသူကတော့ ကျော်ကြားတဲ့အမေရိကန်စာရေးဆ ရာ၊ စကားပြောသူနဲ့ဖန်တီးမှုရှိတဲ့ အရုပ်တွေကို တီထွင် ဆန်းသစ်သူ Roger von Oech ပါ။
ယနေ့ခေတ်ဟာ တီထွင်ဆန်းသစ်ခြင်းခေတ်ဖြစ် ပါတယ်။
တီထွင်ဖန်တီးနိုင်စွမ်း နဲ့စိတ်ကူးသစ်တွေကို ပိုမိုကောင်းမွန်တဲ့နည်း
လမ်းနဲ့ ပေါင်းစပ်နိုင်ဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ ယခုဆောင်းပါးမှာတော့
တီထွင်ဖန်တီးမှုနယ်ပယ်အားလုံး မှာပါဝင်နိုင်ပေမဲ့ အဓိက အားဖြင့် အွန်လိုင်းမားကက်တင်းနဲ့ပတ် သက်တဲ့နယ် ပယ်မှာပါဝင်တဲ့အမှန်တရားတွေ ပါ။ ပြောကြစတမ်းဆိုရင် ယနေ့ဟာ လူမှုကွန် ရက် မီဒီယာတွေအရမ်းကိုတိုးတက်ဖြ စ်ထွန်းနေတဲ့ခေတ်ပါ။ ဒီလိုတိုးတက်ဖြစ် ထွန်းလာမှုဟာ ဘယ်လောက်တောင်ကြီးမားသလဲဆို ရင် ဈေးကွက်ရှာဖွေချဲ့ ထွင်ရေးဆရာကြီးတွေတောင်မှသူ တို့ရေရှည်အလုပ်ဖြစ်လာခဲ့တဲ့ အပေါ်သက်သေပြပြီးဖြစ်တဲ့အလေ့ အထ အဟောင်းတွေနဲ့ နည်းလမ်းအဟောင်းတွေကို ပြန် ပြီးစဉ်းစားခဲ့ရတဲ့အထိကြုံသ လို လက်တန်းအပြောင်းအလဲတွေ ပြုလုပ်လာရတဲ့ အထိ ရှိခဲ့ပါတယ်။
၁၉၈၀ မှ ၂၀၁၆ နောက်ပိုင်းအထိ ပြောင်းလဲလာတဲ့ဈေးကွက်ရှာေ ဖွချဲ့
ထွင်ရေးနည်းလမ်းများ
-------------------------- -------------------------- --------------------
ဈေးကွက်ရှာဖွေချဲ့ထွင်ရေးသ ဘောတရားတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေ အတွင်း အခြေခံအားဖြင့်အတူတူပဲဖြစ်ေ နခဲ့တာပါ။
လူသားတွေရဲ့ စိတ်ပညာ သဘောတရားကို အသုံးပြုကစားပြီး မှတ်မိလွယ်တဲ့၊
ဒါမှမဟုတ် စိတ်ထဲမှာစွဲ ထင်သွားစေမယ့် အမှတ်တံဆိပ်တွေဖန်တီးမယ်။
ဈေးဝယ်သူတွေကို မိမိရောင်း ချလိုတဲ့ ကုန်ပစ္စည်းတွေဝယ်ချင်လာအောင် ၀ယ်ဖို့လိုအပ်တယ်ဆိုတဲ့တိုက် တွန်းနှိုးဆော်ချက်တွေဖန်တီး ပြီး တွန်းအားပေးမယ်ဆိုတဲ့ သဘောတရားမျိုးတွေ ပါ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ နှစ်တွေကြာလာတာနဲ့အမျှ လူသားအများစုရဲ့စိတ်နှလုံးကို ချိတ်ဆက်နိုင်မယ့်ကြော်ငြာချိတ်ပုံစံလမ်း ကြောင်းတွေကတော့ပြောင်းလဲလို့လာခဲ့ပါပြီ။ ၁၉၈၀ နောက်ပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေတုန်းက ဆိုရင် တီဗီကြည့်ရှု ခြင်းဟာ မိသားစုတွေအတူတကွအပန်းဖြေတဲ့ လုပ်ရပ်တစ်ခု ပါပဲ။ အများအားဖြင့် အိမ်တိုင်းအိမ်တိုင်းမှာ မိသားစုတိုင်းလိုလိုဟာ အစုလိုက် တီဗီကြည့်တဲ့အလေ့အထရှိတယ်လို့ ဆိုလိုပါတယ်။ လူအများစုတီဗီကြည့်လေ့ရှိ တဲ့အချိန်၊ ဒါမှမဟုတ် အကောင်းဆုံးတီဗီအစီအစဉ်ကြည့် ရှုနေတဲ့အချိန်မှာ ကြားဖြတ်ပြသလေ့ရှိတဲ့ကြော်ြ ငာဟာရောင်းအားအကောင်းဆုံးကု န်ပစ္စည်းရဲ့ ကြော်ငြာဖြစ်လေ့ရှိပါတယ်။ ၂၀၀၀ ပြည့်နှစ်ရဲ့ပထမဆယ်စုနှစ်တွေကို
ကျော်လွန် ခဲ့ပြီးတဲ့နောက်မှာတော့ အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါပြီ။
ဒီအပြောင်း အလဲအပေါ်ကျေးဇူး တင်ရမယ်ဆိုရင်တော့ ဒစ်ဂျစ်တယ်မီဒီယာတွေနဲ့
လူမှုကွန် ရက်တွေရဲ့ကြောက်ခမန်းလိလိတိုးတက်ဖြစ်ထွန်းလာမှုအပေါ်ကို အထူးကျေးဇူး တင်ရမှာပဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ မိသားစုတစ်စုရဲ့မိသားစုဝင်တိုင်း ဟာ ကွဲပြားခြားနားတဲ့ Mobile Devices တွေဆီကနေ တစ်ကိုယ်ရေသုံးတီဗီ ကိုယ်စီပိုင်ဆိုင်ထားခဲ့ကြ ပီးဖြစ်နေပါပြီ။
မိသားစုဝင်တွေအားလုံးဟာ အခန်းတစ် ခန်းထဲမှာစုပြီး ထိုင်ကောင်းထိုင်
နေကြလိမ့်မယ်၊ ဒါပေမဲ့ ကြည့်ရှုနေကြတဲ့ဖန် သားပြင်တွေကတော့
တစ်ယောက်တစ်လုံးနဲ့ကွဲပြားလို့နေပါပြီ။ မိသားစုဝင် တစ်ယောက်စီဟာ ကိုယ့်အကြိုက်ကိုယ်လိုက်ပြီး ဒစ်ဂျစ်တယ်ရုပ်သံအစီအစဉ်၊ ဒါမှမဟုတ် မဂ္ဂဇင်းတွေကိုလစဉ်ကြေးပေးသွ င်းကြည့်ရှုလာကြသလိုကိုယ်နှစ် သက်တဲ့ YouTube Channel တွေကိုလည်း ကိုယ့်ဘာသာရွေးချယ်ကြည့်ရှု လာကြပါတယ်။ ဒါ့ပြင် ကိုယ်နှစ်သက်တဲ့အပေါ်မူတည်ပြီး ကိုယ်နှစ်သက်တဲ့လူ မှုကွန်ရက်တွေကို အသုံးပြုခြင်းတွေလည်းရှိလြာ ကပါပြီ။ ပြောရမယ်ဆိုရင် နည်း ပညာအသစ်ဟာ လူတစ်ဦးချင်းစီရဲ့တစ်ကိုယ် ရေကျေနပ်ဝမ်းမြောက်ခြင်း ရဲ့တောင်းဆိုမှုတွေကို နားလည်သဘောပေါက်တယ်ဆိုတာပါပဲ။ အဆုံးစွန် တစ်ကိုယ်ရေသီးသန့်ဆန်ခြင်းနဲ့ မိမိစိတ်ကြိုက်အထူးပြုလုပ်ေ ပးထားခြင်းတွေကို ရရှိနေကြသူတွေရဲ့ဈေးကွက်ကို ဘယ်လိုထိုးဖောက်မလဲဆိုတဲ့မေးခွန်းဟာ ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေချဲ့ထွင်ရေးအတွက်အရေးကြီးတဲ့ေ မးခွန်းတစ်ခု ပဲဖြစ်ပါတယ်။
မှတ်ကျောက်တင်ပြီးနည်းလမ်းများကိုအောင်မြင်မှုရရှိစေဖို့ 
အရောင်တင်ခြင်းနဲ့ မွမ်းမံခြင်း
-------------------------- -------------------------- ---------
ဒစ်ဂျစ်တယ်မီဒီယာသမားတွေဟာ တီထွင်ဆန်းသစ်ထားတဲ့၊ ဆွဲဆောင်နိုင်စွမ်း ရှိတဲ့၊ ဖမ်းစားနိုင်စွမ်းရှိတဲ့အချ က်အလက်တွေ ပါဝင်တဲ့တိုက်ရိုက်အီးမေးလ် တွေ ကိုအသုံးပြုခြင်းဖြင့် နှစ်ပေါင်းများစွာရှင်သန်ခဲ့ ကြပါတယ်။ အီးမေးနဲ့ဈေးကွက် ရှာဖွေချဲ့ထွင်ခြင်းဟာ ကိုယ့် ကုန်ပစ္စည်းရဲ့ပရိသတ်တွေနဲ့ဆ က်သွယ်ရာမှာ အကောင်းဆုံးလမ်းကြောင်းအဖြစ်တည်ရှိနေဆဲဖြစ်ပေမဲ့လည်းမြ န်ဆန်လှတဲ့နည်းပညာသစ်တွေရဲ့ ရှေ့ဆောင်မှုနဲ့အတူစားသုံးသူ တွေရဲ့စိတ်ဝင်စားမှုကိုရရှိနိုင်ရုံမျှမက အချိန်ကာလတစ်ခုအတွင်း ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ကိုရရှိစေ မယ်လို့ အာမခံချက်ပေးထားနိုင်တဲ့လမ်းကြောင်းတွေလည်းရှိလာခဲ့ပြါ ပီ။ ဈေး ကွက်ချဲ့ထွင်ရေးသမားတွေဟာ မိမိတို့ရဲ့အမှတ် တံဆိပ်ကုန်ပစ္စည်း ပရိ သတ်တွေကိုဝယ်ယူစားသုံးသူတွေ အဖြစ်ဆက်သွယ်ပြောင်းလဲလာစေဖို့အတွက် နေ့စဉ်နေ့တိုင်းစိတ်ကူးအသစ် တွေကို ပြန်လည်ဆန်းသစ်ကြရလေ့ရှိကြပါတယ်။ အချိန်အားဖြင့် အများဆုံးလွန်ခဲ့တဲ့နှစ်နှစ်က စိတ်ကူးစိတ်သန်းတွေ ဆိုရင် ဒီနေ့မှာဆွဲဆောင်မှုရှိနေစေဖို့အတွက် အရောင်တင်ခြင်းနဲ့မွမ်းမံခြ င်း လုပ်ငန်းကို လုပ်ကိုလုပ်ပေးရတော့မှာပါပဲ ။ ကျွမ်းကျင်မှုအသစ်တွေ၊ နည်းပညာ အသစ်တွေ နဲ့အလိုအလျောက်ဖြစ်စေတဲ့ပစ္စ ည်းကိရိယာတွေကို ဒစ်ဂျစ်တယ် မီဒီယာလော ကပိုမိုအကျိုးဖြစ်ထွန်းစေဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု လာကြပါပြီ။ ဈေး ကွက်ရှာဖွေချဲ့ထွင်ရေးဆရာကြီးတွေဟာ အရင်ကအလုပ်ဖြစ်ခဲ့တဲ့နည်း လမ်းဟောင်းတွေကိုပစ်ချထားခဲ့ ကြပြီး နည်းဗျူဟာအသစ်တွေနဲ့ ဈေးကွက်ကြီး တစ်ခုလုံးကို ဖမ်းစားနိုင်စေဖို့စီမံကိန်းတွေချလာကြတာတွေ့ကြရပါတယ်။
ခေတ်သစ်ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေချဲ့ထွင်ရေး
အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ
-------------------------- ------------------------
တကယ်လို့ စာဖတ်သူဟာ အွန်လိုင်းဈေးကွက်ရှာဖွေချဲ့ထွင်ရေးရပ်ဝန်းမှာ အချိန်နည်းနည်းနေခဲ့ဖူးရင်ေ တာ့
SEO (Search Engine Optimization) နည်းပညာတွေ၊ စာလုံးရွေးခြယ်ပုံတွေ၊
သဘာဝဘာသာစကား (ကွန်ပျူတာ ဘာသာစကား၊ ဒါမှမဟုတ် စက်ကိရိယာတွေအတွက်
တီထွင်ထားတဲ့ဘာသာ စကားတွေမဟုတ်တဲ့) အပေါ်အာရုံစိုက်ပုံတွေ၊
ချိတ်တွေကိုတည်ဆောက်ပုံတွေ၊ အသုံးပြုတဲ့ Device တွေ၊ ဒါမှမဟုတ် နည်းပညာတွေနဲ့လျော်ညီ သင့်မြတ်အောင်ဆောင်ရွက်ပုံေ တွ၊ ခေတ်နဲ့လျော်ညီအောင်ပြုပြင် ပြောင်းလဲပေးရပုံတွေ၊ ပစ်မှတ်ပြန်လည်သတ်မှတ်ပုံတွေ၊
Google ရဲ့ AdWords တွေ၊ Webmaster Tools တွေနဲ့ တခြား Online Digital
Marketing ရဲ့ဗဟိုချက် သဏ္ဍာန်ကိုပုံဖော်ပေးတဲ့ ကိရိယာတန်ဆာပလာတွေအကြောင်းကို နည်း နည်းတော့ တီးခေါက်မိမှာပါ။ ဒစ်ဂျစ် တယ်ဈေးကွက်ရှာဖွေချဲ့ထွင်ေ ရးရပ်ဝန်း မှာတော့ နည်းဗျူဟာအားလုံးနဲ့လိုအပ်တဲ့ကိရိယာတန်ဆာပလာအားလုံးရဲ့ အသုံးပြုပုံတွေဟာ အမြဲလိုခပ်မြန်မြန်ကြီးပြော င်းလဲလို့နေပါတယ်။
အခုဆိုရင် ပိုပြီးကောင်းလာတဲ့ Google ဟာ Online Digital Marketing သမားတွေ
သုံးလေ့သုံးထရှိတဲ့ SEO ဆိုင်ရာနည်းလမ်း ဟောင်းတွေကိုရှာဖွေဖော်ထုတ် ပြီး ပြစ်ဒဏ်ပေးတဲ့ပုံစံတွေ လုပ်ဆောင်နေပါပြီ။
လျင်မြန်လှတဲ့ နည်းပညာပြောင်းလဲမှုတွေဟာ ဒစ်ဂျစ်တယ်ခေတ်ဈေးကွက် ရှာဖွေဖော်ထုတ်ရေးမန်နေဂျာေ တွအတွက်တော့
တကယ့်ကိုကြီးမားတဲ့ ခေါင်းခဲ စရာကိစ္စတွေပါပဲ။ သူတို့ရဲ့အလုပ်ရှင်တွေ၊
ဒါမှမဟုတ် ဖောက်သည်တွေ အတွက် အကောင်းဆုံးရလဒ်ရ ရှိစေဖို့နဲ့ယုံကြည်လက်ခံစေ ဖို့အတွက် ဒစ်ဂျစ် တယ်ခေတ်ဈေးကွက်ရှာဖွေဖော်ထုတ်ရေးမန်နေဂျာတွေဟာပြင်းပြ င်းထန်ထန်အလုပ်ကြိုးစားလုပ် ကိုင်ရသလို နည်းပညာအသစ်တွေ၊ ပြဿနာဖြေရှင်းနည်း အသစ်တွေနဲ့ရင်းနှီးသလောက်အေ ကာင်းဆုံးပြန်လည်ရရှိခြင်း ROI (Return on Investment) ဖြစ်စေဖို့အတွက် လိုအပ်တဲ့နည်းဗျူဟာအပြောင်း အလဲတွေကို အချိန်ပြည့်လေ့လာနေကြရပါတယ် ။ ပြိုင်ဆိုင် မှုမြင့်မားတဲ့ ဒစ်ဂျစ်တယ်ဈေးကွက် ရှာဖွေဖော်ထုတ်ရေးကွင်းကြီး ထဲမှာ ရှင်သန်နေနိုင်ဖို့အတွက်ကတော့ ဒစ်ဂျစ် တယ်ဈေးကွက်ရှာဖွေ ဖော်ထုတ်ရေးပညာရှင်တွေဟာ သူတို့ရဲ့ကျွမ်းကျင်မှုတွေ ကို အမြဲတမ်းသွေးနေဖို့လိုအပ်လှ ပါတယ်။
အောက်ဖော်ပြပါအချက်ငါးချက်က တော့ဖြင့် ဈေးကွက်ရှာဖွေဖော်ထုတ်ရေးဆ ရာသမားတွေက ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေဖော် ထုတ်ရေးအတွက် မရှိမဖြစ် စည်းမျဉ်းတွေဖြစ်တယ်လို့ဆို ကြပါတယ်။
၁။ အပြောင်းအလဲတွေကို ပွေ့ဖက်ပြောင်းလဲပြင်ခြင်း
-------------------------- -------------------------- ----
SEO တွေနဲ့ပတ်သက်ရင်တော့ အရင်အချိန်တုန်းကဆိုရင် နည်းပညာဗဟု သုတအများကြီးမလိုအပ်ခဲ့ပေမဲ့  ဒီနေ့အချိန်မှာတော့ ပိုမိုကောင်းမွန်တဲ့ ဒစ်ဂျစ် တယ်ချိတ်များတည်ဆောက်နိုင်ဖို့အတွက်ပါဝင်တဲ့ မာတိကာတွေဖန်တီး တည်ဆောက်ခြင်းနဲ့ ဈေးကွက်ရှာဖွေ ဖော်ထုတ်ရေးလုပ်ငန်းတွေအပြင် လူမှု ကွန်ရက်မီဒီယာတွေအပေါ်မှာ စီမံခန့်ခွဲမှုပြုလုပ်နိုင်ဖို့အတွက် SEO နည်းပညာ ပိုင်းကိုခြုံငုံပြီး နားလည်ထားရမှာပါ။ ကွဲပြားတဲ့ကြော်ငြာအစီအစဉ်ေ တွကို ကြိုး စားကြည့်ဖို့လိုအပ်မှာဖြစ်ြ ပီး လူမှုကွန်ရက်နဲ့ပတ်သက်ပြီး လမ်းကြောင်းတိုင်း ကိုအသုံးပြုနိုင်အောင်ဆောင် ရွက်ရမှာဖြစ်ပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့ထုတ် ကုန်အတွက် အများဆုံးဆွဲဆောင်အားနဲ့ မြင်သာမှုကိုရရှိနိုင်မှာပါ။
၂။ ရှာဖွေခြင်းနဲ့ ဖော်ထုတ်ခြင်း
-------------------------- ------
ခေတ်သစ်ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေဖော်ထုတ်ရေးသမားတွေဟာ လျှို့ဝှက် ဆန်းကြယ်မှုတွေကိုသဲလွန်စတွေ အများကြီးဆီကနေ စုပေါင်းပြီးအဖြေထုတ် ရတဲ့ စုံစမ်းစစ်ဆေးသူတွေနဲ့အလားသ ဏ္ဌာန်သွားတူနေပါတယ်။ ကိုယ့်ကုန် ပစ္စည်းအမှတ်တံဆိပ်ကိုဈေး ကွက်ထဲမှာ သိမ်းသွင်းဆွဲဆောင်နိုင်စွမ်းရှိဖို့ အတွက်ရှာဖွေခြင်း၊ သင်ယူခြင်းနဲ့ဖြစ်နိုင်ခြေရှိတဲ့ သဲလွန်စအပိုင်းအစတွေကို ဆက်စပ် အဖြေ ရှာခြင်းတွေကို ပြင်းပြတဲ့သိလိုစိတ်တွေနဲ့ေ ဆာင်ရွက်သင့်တာ ကတော့ ဒစ်ဂျစ်တယ်ခေတ်ဈေးကွက်ရှာေ ဖွဖော်ထုတ်ရေးသမားတွေရဲ့တာဝ န်ြ ဖစ်နေပါပြီ။ ဒစ်ဂျစ်တယ်ကုန်ပစ္စည်း စည်းရုံးလှုံ့ဆော်ပွဲတွေအတွက် ကြော်ငြာပြု လုပ်ရာမှာလည်း အခြားပြိုင်ဘက်တွေထက် အသာရနိုင်ဖို့အမြင်သစ်တွေပေါင်း ထည့်နိုင်ဖို့လိုအပ်လှပါတယ် ။ ဥပမာအားဖြင့် ကုန်ပစ္စည်းရောင်းချသူတစ်ဦး ဟာ အမျိုးသမီးအ၀တ် အစားတွေကိုရောင်းချမယ်ဆိုရင် ကိုယ်ရောင်းချမယ့်အ၀တ် အထည်ရဲ့ ပြီးပြည့်စုံတဲ့ပုံစံကို တိတိကျကျဖော်ပြပေးနိုင်စွမ်းဟာ စိတ်ဝင်စား သူတွေပိုများလာနိုင်စေတဲ့အြ ပင် ရင်းနှီးမြှုပ်နှံမှုအရကြည့် ရင်လည်း အရမ်းကြီး များမနေတာကိုတွေ့ကြရမှာပါ။
၃။ ဗဟုသုတအပေါ်မှာ ပြင်းပြတဲ့ဆန္ဒရှိခြင်း
-------------------------- -------------------
ဒစ်ဂျစ်တယ်ခေတ် ဈေးကွက်ရှာဖွေဖော်ထုတ်ရေးသ မားကောင်းတွေဟာ အမြဲ တမ်းသင်ယူဖို့ဆာလောင်နေကြသူ တွေပါ။ ကိုယ် သင်ယူမိတဲ့အသစ်တွေကို လည်း ကိုယ့်ရဲ့နယ်ပယ်မှာ ကျွမ်းကျွမ်းကျင်ကျင်အသုံြး ပုရင်း ပြိုင်ဘက်တွေ ထက် အသာစီးရအောင် အားထုတ်လေ့ရှိကြပါတယ်။ အမှန်တကယ် တမ်းတော့ သင်ယူခြင်းဆိုတာဟာ ပြင်းပြတဲ့စိတ်ဆန္ဒရှိခြင်းအ ပေါ်ကိုသာ တည် မီနေတတ်ပါတယ်။ ဆန္ဒပြင်းပြမှုရှိလေ သင်ယူနိုင်စွမ်းပိုမိုမျာြး ပားလေပေါ့။ ဒစ်ဂျစ်တယ်ခေတ်ဈေးကွက်ရှာေ ဖွဖော်ထုတ်ရေးနယ်ပယ်ဟာ ကစား ကွက်တွေပြည့်နေတဲ့ကွင်းပြင် ကြီးတစ်ခုနဲ့ အလားသဏ္ဌာန်တူပြီး ကိုယ်ရရှိထား တဲ့ဗဟုသုတတွေကို အချိုးအစားကျကျအသုံးပြုနိုင်မယ်ဆိုရင် မကြုံစဖူးထူးခြား တဲ့ အောင်မြင်မှုတွေရရှိလာနိုင်ပါတယ်။ တကယ်လို့ဈေးကွက်ရှာဖွေဖော် ထုတ်ရေးဟာ ကိုယ့်ရဲ့စိတ်ဆန္ဒဆိုရင် ဈေးကွက်ရှာဖွေဖော်ထုတ်ရေးနဲ့သက် ဆိုင်တဲ့ ဗဟုသုတတွေအတွက် အမျိုးမျိုးသောလူမှုကွန်ရက်ေ ဈးကွက်ရှာဖွေဖော် ထုတ်ရေးတွေ၊ အွန်လိုင်း လမ်းကြောင်းတွေနဲ့ပတ်သက်တဲ့ နည်းပညာတွေသာ
မက နည်းလမ်းဟောင်းကြီးဖြစ်တဲ့ စာရွက်စာတမ်းဈေးကွက် ရှာဖွေဖော်
ထုတ်ရေးပညာတွေကိုပါ လေ့လာထားသင့်ပါတယ်။ အသစ်အဆန်းဆိုတာ တချို့အချိန်တွေမှာ
အဟောင်းကိုပေါင်းထည့်ထားခြင်းပဲမဟုတ်ပါလား။
၎။ အချက်အလက်တွေကိုပိုင်းခြားစိတ်ဖြာခြင်းနဲ့
ပြုပြင်ပြောင်းလဲလွယ်တဲ့ ဈေးကွက်ရှာဖွေချဲ့ထွင်ခြင်း
-------------------------- -------------------------- -
အခုခေတ်ဟာ လူတစ်ဦးချင်းစီအတွက် စိတ်ကြိုက်ရွေးချယ်ခွင့်ရှိ နေတဲ့ခေတ်ဖြစ် ပါတယ်။ ကြီးမားများပြားလှတဲ့အချက်အ လက်တွေနဲ့ တခြားနည်းပညာဆိုင်ရာ လက်နက်ကိရိယာတွေဟာ အသုံးတည့်အောင်အသုံးပြုမယ်ဆိုရင် ၀ယ်သူတွေ ရဲ့အမူအကျင့်တွေ၊ ၀ယ်ယူခြင်းဆိုင်ရာဓလေ့တွေကို တိတိကျကျသိအောင်အကူ အညီပေးနိုင်စွမ်းရှိပါတယ်။ လူတစ်ဦးချင်းစီအလိုက် ဘယ်သူဟာ ဘယ်လို ပစ္စည်းအမျိုးအစားမျိုးကြိုက်တယ်၊ ဘယ်သူဟာ ဘယ်လိုပစ္စည်းတွေလိုအပ်နေပြီ စတဲ့အသေးစိတ်အချက်အလက်တွေကို ရယူနိုင်စွမ်းရှိနေပြီး လိုက်ဖက်တဲ့ ကုန် ပစ္စည်းကို လိုအပ်နေတဲ့သူဆီရောက်အောင် ပြုလုပ်နိုင်စွမ်းရှိနေပါပြီ။ ဥပမာ အနေနဲ့ နာမည်ကျော်လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ဖေ့စ်ဘွတ်ခ်ဆိုရင် ကိုယ်ရဲ့ အကြောင်းကိုကိုယ့်ထက်ပိုပြီးတောင်သိနိုင်စွမ်းရှိတယ်လို့ပြောစမတ်ပြုလောက်တဲ့ အထိ ဘီလီယံချီတဲ့လူတွေဆီက အချက်အလက်အသေးစိတ်တွေကို မှတ်တမ်းပြုထားနိုင်စွမ်းရှိနေတာပါ။ နေရာဒေသ၊ ၀ယ်ယူတဲ့အချိန်၊ Google ရဲ့ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းနဲ့ တခြားနည်းပညာတွေကိုအသုံးပြု ပြီး လက်ရှိခေတ်ရေ စီးကြောင်းကိုလိုက်ပြီး ကိုယ့်ရဲ့ထုတ်ကုန်ကိုလိုချင်သူတွေဆီ တိုက်ရိုက်ကြော်ြ ငာနိုင်လောက်အောင် နည်းပညာကအစွမ်းထက်လို့နေပြါ ပီ။ အဓိကအချက် ကတော့ ကိုယ်နဲ့ကိုက်ညီတဲ့အချက်အလက်တွေကိုရရှိအောင် ဘယ်လိုလုပ် ရမယ်ဆိုတဲ့နည်းပညာဆိုင်ရာအသုံးဝင်မှုတွေကိုသိရှိဖို့လို အပ်ပြီး ရရှိလာတဲ့ အချက် အလက်တွေအပေါ်တည်မီပြီး ဈေးကွက်ကိုချုပ်ကိုင်နိုင် မယ့်ဗျူဟာတွေကို ဖန်တီးချမှတ်အကောင်အထည်ဖော် ရမှာပါ။ အချက်အလက်ဆိုတာ ဒစ်ဂျစ် တယ်ခေတ်ရဲ့မရှိမဖြစ်ရင်းမြစ်တစ်ခုပါပဲ။
၅။ ဖန်တီးခြင်းနဲ့ လက်တန်းဆောင်ရွက်ခြင်း
-------------------------- -------------------
ဖောက်ထွက်တွေးခြင်းဆိုတာဟာ ဖန်တီးခြင်းနဲ့ပြဿနာတွေရဲ့အ ဖြေတွေကို အကြိမ်တိုင်းအကြိမ်တိုင်းဖျ က်ဆီးခြင်းလို့ အဓိပ္ပာယ်မရပါဘူး။ ဖန်တီးမှုရှိ စွာတွေးတောခြင်းနဲ့အတူ ပြဿနာတွေကိုဖြေရှင်းဖို့ချဥ်းကပ်ခြင်းဟာ အမြင် သစ်တွေကိုဖြစ်စေပြီး အတွေးအမြင်သစ်တွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့လက် တန်းဆောင်ရွက်ချက်တွေကိုဖြစ်ပေါ်စေပါတယ်။
ကိုယ်ကိုယ်တိုင်ကတော့ ကျွမ်း ကျင်မှုပြည့်ဝနေဖို့ ပထမလိုအပ်ပါတယ်။ ဒီနေ့
ဒစ်ဂျစ်တယ်ခေတ်မှာသာမက ဘယ်ခေတ်မှာမဆို ဈေးကွက်ရှာဖွေဖော်ထုတ်ရေးန ည်းလမ်းတွေအရ ချဉ်းကပ် မယ်ဆိုရင် နည်းလမ်းကတစ်ခုထက်မကရှိနေရမှာပါ။ အချက်အလက်တွေကို စုဆောင်းတွက်ချက်ပြီးပြီဆို ရင်ရရှိတဲ့ရလဒ် အပေါ်မူတည်ပြီး ကိုယ့်ရဲ့ထုတ်ကုန် ပစ္စည်းကို ကွဲပြားခြားနားတဲ့အဖွဲ့အစည်းနှစ်ခုထက်ပိုအောင် ရှာဖွေပစ်မှတ်ထား စည်းရုံးလှုံ့ဆော် ကြော်ငြာမှုတွေလုပ်သင့်ပါတယ် ။ နောက်ထပ်တစ်ချက်ကတော့ ဒစ်ဂျစ်တယ်ကမ္ဘာမှာ ကျော်ကြားမှုရရှိနိုင်ဖို့အတွက်ပါ။ ဒီလိုကျော်ဇောမှုဟာ လည်း ဈေးကွက်ရှာဖွေချဲ့ထွင်ရေးမှာ အရေးပါလှပါတယ်။ အွန်လိုင်းမှာ ကောင်း သတင်းနဲ့နာမည်ကျော်နေဖို့ဆိုတာဖန်တီးမှုတွေနဲ့ လက်တန်းဆောင်ရွက်မှုတွေ လိုအပ်လှတာတွေ့ရပါတယ်။ တချို့ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေချဲ့ထွင်ရေး သမားတွေဟာ အင်တာနက်မှာ၊ လူမှုကွန်ရက်တွေမှာ၊ ဒစ်ဂျစ်တယ်နယ်ပယ်မှာ နာမည်ကောင်းနဲ့ကျော်ကြားဖို့ အတွက်လည်း ပစ်မှတ်ထားဆောင်ရွက်လာတာ ကို ဒီဘက်ခေတ်မှာ တွေ့တွေ့လာကြရပါပြီ။
နောက်ဆုံးဥပေဒသတစ်ခုကတော့ 'ဆီလျော်မှုရှိစွာ ရှင်သန်နိုင်ခြင်း' ပါ။ ဆီလျော်မှုရှိအောင်ကြိုးစာြး ကသူတွေဟာ လိုက်ဖက်ညီအောင်ဆောင်ရွက်နိုင် စွမ်းရှိကြသလို နယ်ပယ်မျိုးစုံမှာ ရှင်သန်နိုင်အောင်လည်းနေနို င်ကြတဲ့သူမျိုးတွေ ပါ။ ခေတ်နဲ့လျော်ညီတဲ့နည်းပညာတွေကိုသင်ယူမယ်၊ လက်တွေ့ဆီလျော်မှု ရှိအောင် အသုံးချနိုင်မယ်ဆိုရင်တော့ အနည်းဆုံးတော့ကိုယ့်ရဲ့နယ်ပ ယ်ထဲမှာ ရှင်သန်နိုင်ကြမှာပါပဲ။ ကိုယ်ရဲ့နယ်ပယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်စွမ်းရှိဖို့  ကတော့ ကိုယ့်ရဲ့ဖန်တီးနိုင်မှုအမြော်အမြင်အပေါ်သာမူတည်နေပါတော့ တယ်။
Ref : Why Digital Marketing NOW is all about letting go of old Pracices! By Rajiv Kumar, iamwire.com
#MyanmarB2BManagementMagaz ine
ယနေ့ဒစ်ဂျစ်တယ်ဈေးကွက်ရှာေ
++++++++++++++++++++++++++
ရေးသူ - စည်သူ
"စိတ်ကူးသစ်တွေနဲ့တက်လာရတာက
Roger von Oech
အထက်ပါစကားကိုဆိုလာသူကတော့ ကျော်ကြားတဲ့အမေရိကန်စာရေးဆ
ယနေ့ခေတ်ဟာ တီထွင်ဆန်းသစ်ခြင်းခေတ်ဖြစ်
၁၉၈၀ မှ ၂၀၁၆ နောက်ပိုင်းအထိ ပြောင်းလဲလာတဲ့ဈေးကွက်ရှာေ
ထွင်ရေးနည်းလမ်းများ
--------------------------
ဈေးကွက်ရှာဖွေချဲ့ထွင်ရေးသ
ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ နှစ်တွေကြာလာတာနဲ့အမျှ လူသားအများစုရဲ့စိတ်နှလုံးက
မှတ်ကျောက်တင်ပြီးနည်းလမ်းမ
အရောင်တင်ခြင်းနဲ့ မွမ်းမံခြင်း
--------------------------
ဒစ်ဂျစ်တယ်မီဒီယာသမားတွေဟာ တီထွင်ဆန်းသစ်ထားတဲ့၊ ဆွဲဆောင်နိုင်စွမ်း ရှိတဲ့၊ ဖမ်းစားနိုင်စွမ်းရှိတဲ့အချ
ခေတ်သစ်ဒစ်ဂျစ်တယ်ဈေးကွက်ရ
အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ
--------------------------
တကယ်လို့ စာဖတ်သူဟာ အွန်လိုင်းဈေးကွက်ရှာဖွေချ
လျင်မြန်လှတဲ့ နည်းပညာပြောင်းလဲမှုတွေဟာ ဒစ်ဂျစ်တယ်ခေတ်ဈေးကွက် ရှာဖွေဖော်ထုတ်ရေးမန်နေဂျာေ
အောက်ဖော်ပြပါအချက်ငါးချက်က
၁။ အပြောင်းအလဲတွေကို ပွေ့ဖက်ပြောင်းလဲပြင်ခြင်း
--------------------------
SEO တွေနဲ့ပတ်သက်ရင်တော့ အရင်အချိန်တုန်းကဆိုရင် နည်းပညာဗဟု သုတအများကြီးမလိုအပ်ခဲ့ပေမဲ
၂။ ရှာဖွေခြင်းနဲ့ ဖော်ထုတ်ခြင်း
--------------------------
ခေတ်သစ်ဒစ်ဂျစ်တယ်ဈေးကွက်ရ
၃။ ဗဟုသုတအပေါ်မှာ ပြင်းပြတဲ့ဆန္ဒရှိခြင်း
--------------------------
ဒစ်ဂျစ်တယ်ခေတ် ဈေးကွက်ရှာဖွေဖော်ထုတ်ရေးသ
၎။ အချက်အလက်တွေကိုပိုင်းခြားစ
ပြုပြင်ပြောင်းလဲလွယ်တဲ့ ဈေးကွက်ရှာဖွေချဲ့ထွင်ခြင်
--------------------------
အခုခေတ်ဟာ လူတစ်ဦးချင်းစီအတွက် စိတ်ကြိုက်ရွေးချယ်ခွင့်ရှိ
၅။ ဖန်တီးခြင်းနဲ့ လက်တန်းဆောင်ရွက်ခြင်း
--------------------------
ဖောက်ထွက်တွေးခြင်းဆိုတာဟာ ဖန်တီးခြင်းနဲ့ပြဿနာတွေရဲ့အ
နောက်ဆုံးဥပေဒသတစ်ခုကတော့ 'ဆီလျော်မှုရှိစွာ ရှင်သန်နိုင်ခြင်း' ပါ။ ဆီလျော်မှုရှိအောင်ကြိုးစာြး
Ref : Why Digital Marketing NOW is all about letting go of old Pracices! By Rajiv Kumar, iamwire.com
#MyanmarB2BManagementMagaz
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။