သားဖတ်ဖို့...
========
သား.. အဖေတစ်ယောက်က သားတစ်ယောက်ကို ဘယ်လောက်ထိချစ်နိုင်လဲ သားသိလား...
သား သိတာထက် ဖေဖေကပိုချစ်တယ်သား...
အဲဒါကြောင့် ဖေဖေအမြဲသတိထားတယ်...
ဖေဖေ့အတ္တနဲ့ သားအပေါ်မှာ အရောင်မဆိုးဘူးသား...
သား အသိဉာဏ်တွေနိုးထအောင် ဖေဖေမေးခွန်းတွေမေးမယ်သား.. . ဖေဖေမှန်တယ်လို့ ထင်နေတဲ့ အဖြေတွေနဲ့ သားကိုမှိုင်းမသွင်းဘူး...
သားဟာ သားပါ... ဖေဖေအသေးစားလေး မဟုတ်ဘူးသား... သားကောင်းဖို့သာ ဖေဖေပြောင်းလဲပစ်မယ်... ဖေဖေ့လိုဖြစ်ဖို့ ဖေဖေမဖြစ်ခဲ့တာတွေဖြစ်ဖို့ သားမပြောင်းလဲနဲ့သား...
သားမှာအားနည်းချက်ရှိရင် ဖေဖေအားဖြည့်ပေးမယ်... ဒါပေမယ့် သားရဲ့ အားသာချက်တွေဟာ သားရဲ့အရည်အချင်းသက်သက်ပါသား...
သားဟာ ငှက်ဆိုရင် မြင့်မြင့်ကို ပျံလိုက်ပါ...
သားဟာ ငါးဆိုရင် ခပ်နက်နက်အထိသာ ကူးလိုက်ပါ... သားဘာဆိုတာ သားသိအောင်သာ ဖေဖေကူညီပေးပါရစေ.. သားဘဝကို ဖေဖေမရွေးချယ်ပေးဘူးသား...
ဖေဖေဟာ သားရဲ့အပင်မှာ အမြစ်ပဲ ဖြစ်ချင်ပါတယ်... သားသီးချင်တဲ့ အသီးသီးပါ... သားပွင့်ချင်တဲ့ အပွင့်ပွင့်ပါ...
သားဘဝအတွက်ဖေဖေပါ ဖေဖေ့ဘဝအတွက်သားမဟုတ်ဘူးဆို တာ သားအမြဲနားလည်ပါ...
ဖေဖေ
Credit to Original Uploader
U Win Naing Zaw's Page မှ။
========
သား.. အဖေတစ်ယောက်က သားတစ်ယောက်ကို ဘယ်လောက်ထိချစ်နိုင်လဲ သားသိလား...
သား သိတာထက် ဖေဖေကပိုချစ်တယ်သား...
အဲဒါကြောင့် ဖေဖေအမြဲသတိထားတယ်...
ဖေဖေ့အတ္တနဲ့ သားအပေါ်မှာ အရောင်မဆိုးဘူးသား...
သား အသိဉာဏ်တွေနိုးထအောင် ဖေဖေမေးခွန်းတွေမေးမယ်သား..
သားဟာ သားပါ... ဖေဖေအသေးစားလေး မဟုတ်ဘူးသား... သားကောင်းဖို့သာ ဖေဖေပြောင်းလဲပစ်မယ်... ဖေဖေ့လိုဖြစ်ဖို့ ဖေဖေမဖြစ်ခဲ့တာတွေဖြစ်ဖို့ သားမပြောင်းလဲနဲ့သား...
သားမှာအားနည်းချက်ရှိရင် ဖေဖေအားဖြည့်ပေးမယ်... ဒါပေမယ့် သားရဲ့ အားသာချက်တွေဟာ သားရဲ့အရည်အချင်းသက်သက်ပါသာ
သားဟာ ငှက်ဆိုရင် မြင့်မြင့်ကို ပျံလိုက်ပါ...
သားဟာ ငါးဆိုရင် ခပ်နက်နက်အထိသာ ကူးလိုက်ပါ... သားဘာဆိုတာ သားသိအောင်သာ ဖေဖေကူညီပေးပါရစေ.. သားဘဝကို ဖေဖေမရွေးချယ်ပေးဘူးသား...
ဖေဖေဟာ သားရဲ့အပင်မှာ အမြစ်ပဲ ဖြစ်ချင်ပါတယ်... သားသီးချင်တဲ့ အသီးသီးပါ... သားပွင့်ချင်တဲ့ အပွင့်ပွင့်ပါ...
သားဘဝအတွက်ဖေဖေပါ ဖေဖေ့ဘဝအတွက်သားမဟုတ်ဘူးဆို
ဖေဖေ
Credit to Original Uploader
U Win Naing Zaw's Page မှ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။